ကလေးမြို့တွင်းသို့ Suicide Drone ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

267

Pearl (NP News) - အောက်တိုဘာ ၂ဝ
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့တွင်းသို့ Suicide Drone ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ (အောက်တိုဘာ ၁၉ ရက်)၊ နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် Suicide Drone တစ်စင်းကို ကလေးမြို့၏ အနောက်တောင်ဘက် မီတာ ၈၀၀၀ ခန့်အကွာ နဂါးဗွက်ကျေးရွာအနီးမှ လွှတ်တင်၍ စစ်ရေးပစ်မှတ်မဟုတ်ဘဲ ကလေးမြို့အတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုမကြောင့် ပင်လုံရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် ဦးထန်ရှန်းခိုင် (၃၄) နှစ် နှင့် ဒေါ်ပန်ကီး (၅၀) နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ၎င်းတို့အား ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများအား အကြမ်းဖက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေမှုတို့ကို ဒေသခံပြည်သူများက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
ကေလးၿမိဳ႕တြင္းသို႔ Suicide Drone ျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အရပ္သားျပည္သူ ၂ ဦး ထိခိုက္ဒဏ္ရာရရွိ
Pearl (NP News) - ေအာက္တိုဘာ ၂ဝ
စစ္ကိုင္းတိုင္းေဒသႀကီး ၊ ကေလးၿမိဳ႕တြင္းသို႔ Suicide Drone ျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အရပ္သားျပည္သူ ၂ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယမန္ေန႔ (ေအာက္တိုဘာ ၁၉ ရက္)၊ နံနက္ ၁၁ နာရီ မိနစ္ ၃၀ ခန႔္တြင္ Suicide Drone တစ္စင္းကို ကေလးၿမိဳ႕၏ အေနာက္ေတာင္ဘက္ မီတာ ၈၀၀၀ ခန႔္အကြာ နဂါးဗြက္ေက်း႐ြာအနီးမွ လႊတ္တင္၍ စစ္ေရးပစ္မွတ္မဟုတ္ဘဲ ကေလးၿမိဳ႕အတြင္းသို႔ ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္တိုက္ခိုက္မႈမေၾကာင့္ ပင္လုံရပ္ကြက္အတြင္းသို႔ က်ေရာက္ေပါက္ကြဲခဲ့ၿပီး အဆိုပါ ေပါက္ကြဲမႈေၾကာင့္ ဦးထန္ရွန္းခိုင္ (၃၄) ႏွစ္ ႏွင့္ ေဒၚပန္ကီး (၅၀) ႏွစ္တို႔တြင္ ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ၎တို႔အား ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသမႈခံယူေစလ်က္ရွိေၾကာင္း သိရွိရသည္။
ထိုသို႔ စစ္ေရးပစ္မွတ္မဟုတ္သည့္ ေနရာမ်ားအား အၾကမ္းဖက္တိုက္ခိုက္ျခင္းမ်ား လုပ္ေဆာင္ေနမႈတို႔ကို ေဒသခံျပည္သူမ်ားက ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်လ်က္ရွိေၾကာင္းႏွင့္ အဆိုပါ ေနရာတစ္ဝိုက္အား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။