ရှေ့တန်းစစ်မြေမျက်နှာပြင်တစ်လျှောက် အပစ်အခတ်ရပ်စဲဖို့ ယူကရိန်းသမ္မတ တောင်းဆို

119

Pika (NP News) - အောက်တိုဘာ ၂ဝ
ရုရှားနဲ့ဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မြေမျက်နှာပြင်တစ်လျှောက်မှာ အပစ်အခတ်ရပ်စဲဖို့ ယူကရိန်းသမ္မတဇီလန်စကီးက တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ ရှေ့တန်းစစ်မြေမျက်နှာပြင်တစ်လျှောက် အပစ်အခတ်ရပ်စဲဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ဇီလန်စကီးက ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
ဇီလန်စကီးက “ရှေ့တန်းစစ်မြေမျက်နှာပြင်မှာ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေက မှန်ကန်ပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီအပစ်အခတ်ရပ်စဲမှုဟာ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် နောက်ထပ်ခြေလှမ်းတွေကို လှမ်းနိုင်စေလိမ့်မယ်လို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ဇီလန်စကီးက “ဟုတ်ပါတယ်။ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲဖို့ လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတပူတင်နဲ့ဖုန်းခေါ်ဆိုမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ဇီလန်စကီးကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် သတ်ဖြတ်နေတာတွေကို ရပ်တန့်ဖို့နဲ့ သဘောတူညီချက် တစ်ခုကိုပြုလုပ်ဖို့ ဇီလန်စကီးနဲ့ ပူတင်တို့ကို တိုက်တွန်းခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။
ဒေါ်နယ်ထရမ့်က “ဒီစစ်ပွဲအတွင်း သေဆုံးခဲ့မှုတွေက လုံလောက်ပြီလို့ထင်ပါတယ်။ ရုရှားနဲ့ ယူကရိန်းတို့ဟာ အပစ်အခတ်ရပ်စဲဖို့ အချိန်တန်ပါပြီ။ နောက်ထပ်သေဆုံးမှုတွေ၊တိုက်ပွဲတွေ မရှိစေရအောင် လုပ်ကြရအောင်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္တစ္ေလွ်ာက္ အပစ္အခတ္ရပ္စဲဖို႔ ယူကရိန္းသမၼတ ေတာင္းဆို
Pika (NP News) - ေအာက္တိုဘာ ၂ဝ
႐ုရွားနဲ႔ျဖစ္ပြားေနတဲ့ ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္တစ္ေလွ်ာက္မွာ အပစ္အခတ္ရပ္စဲဖို႔ ယူကရိန္းသမၼတ ဇီလန္စကီးက ေတာင္းဆိုလိုက္တယ္လို႔ သိရပါတယ္။ ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္တစ္ေလွ်ာက္ အပစ္အခတ္ရပ္စဲ ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ဇီလန္စကီးက ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့ တာပဲျဖစ္ပါတယ္။
ဇီလန္စကီးက “ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္မွာ အပစ္အခတ္ရပ္စဲဖို႔ ေတာင္းဆိုပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕ ေျပာဆို ခ်က္ေတြက မွန္ကန္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ အဲဒီအပစ္အခတ္ရပ္စဲမႈဟာ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ အတြက္ ေနာက္ထပ္ေျခလွမ္းေတြကို လွမ္းႏိုင္ေစလိမ့္မယ္လို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးက “ဟုတ္ပါတယ္။ ႏွစ္ဖက္စလုံးက အပစ္အခတ္ရပ္စဲဖို႔ လိုအပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ ႐ုရွားသမၼတပူတင္နဲ႔ဖုန္းေခၚဆိုမႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ဇီလန္စကီးကို အိမ္ျဖဴေတာ္မွာ လက္ခံေတြ႕ဆုံခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ သတ္ျဖတ္ေနတာေတြကို ရပ္တန႔္ဖို႔နဲ႔ သေဘာတူညီခ်က္ တစ္ခုကိုျပဳလုပ္ဖို႔ ဇီလန္စကီးနဲ႔ ပူတင္တို႔ကို တိုက္တြန္းခဲ့တယ္လို႔ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။
ေဒၚနယ္ထရမ့္က “ဒီစစ္ပြဲအတြင္း ေသဆုံးခဲ့မႈေတြက လုံေလာက္ၿပီလို႔ထင္ပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းတို႔ဟာ အပစ္အခတ္ရပ္စဲဖို႔ အခ်ိန္တန္ပါၿပီ။ ေနာက္ထပ္ေသဆုံးမႈေတြ၊တိုက္ပြဲေတြ မရွိေစရေအာင္ လုပ္ၾကရေအာင္” လို႔ ေျပာခဲ့ပါတယ္။