အာဖဂန်နစ္စတန်နဲ့ဆွေးနွေးပွဲတွေလုပ်ဆောင်နေချိန်မှာပဲ နယ်စပ်တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့တယ်လို့ ပါကစ္စတန်စစ်ဘက်ပြော

141

Pika (NP News) - အောက်တိုဘာ ၂၈
အာဖဂန်နစ္စတန်နယ်စပ်အနီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း ပါကစ္စတန်စစ်သား(၅)ဦးနဲ့ စစ်သွေးကြွအဖွဲ့ဝင် (၂၅)ဦး သေဆုံးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံကြားတင်းမာမှုတွေကို လျှော့ချဖို့အတွက် အာဖဂန်နစ္စတန် နဲ့ ပါကစ္စတန်တို့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေကြား တွေ့ဆုံမှုတွေ လုပ်ဆောင်နေချိန်မှာပဲ ယခုလိုသတင်းတွေ ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။
စစ်သွေးကြွအဖွဲ့တွေဟာ အာဖဂန်နစ္စတန်နိုင်ငံကနေတစ်ဆင့် ပါကစ္စတန်နိုင်ငံ Kurram နဲ့ North Waziristan ခရိုင်တွေဆီကို ဖြတ်သန်းဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ စစ်သွေးကြွအဖွဲ့တွေက ပါကစ္စတန်ဘက်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးပမ်းမှုတွေဟာ နှစ်နိုင်ငံကြား လုပ်ဆောင်လျက်ရှိတဲ့ အကြမ်းဖက်မှုပြဿနာတွေကို ဖြေရှင်းဖို့ရည်ရွယ်ချက်တွေအပေါ် သံသယတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ ပါကစ္စတန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်ဘက်က ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို အာဖဂန်နစ္စတန်အစိုးရ ပြောရေးဆိုခွင့်ရှိသူနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့ လည်း သိရပါတယ်။ အစ္စတန်ဘူလ်မြို့မှာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေကြား လုပ်ဆောင်ခဲ့တဲ့ဆွေးနွေးပွဲဟာ (၂၀၂၁)ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အဖွဲ့ အာဏာရလာချိန်ကနေ စတင်ပြီး ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်အစိုးရတို့ကြား အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့လုပ်ဆောင်ခဲ့တဲ့ နောက်ဆုံးအကြိမ်ကြိုးပမ်းမှုတစ်ခုလည်းဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အာဖဂန္နစၥတန္နဲ႔ေဆြးေႏြးပြဲေတြလုပ္ေဆာင္ေနခ်ိန္မွာပဲ နယ္စပ္တိုက္ပြဲေတြ ထပ္မံျဖစ္ပြားခဲ့တယ္လို႔ ပါကစၥတန္စစ္ဘက္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၂၈
အာဖဂန္နစၥတန္နယ္စပ္အနီးမွာျဖစ္ပြားခဲ့တဲ့တိုက္ပြဲေတြအတြင္း ပါကစၥတန္စစ္သား(၅)ဦးနဲ႔ စစ္ေသြးႂကြအဖြဲ႕ဝင္ (၂၅)ဦး ေသဆုံးခဲ့တယ္လို႔ ပါကစၥတန္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔အတြက္ အာဖဂန္နစၥတန္ နဲ႔ ပါကစၥတန္တို႔ရဲ႕ကိုယ္စားလွယ္အဖြဲ႕ေတြၾကား ေတြ႕ဆုံမႈေတြ လုပ္ေဆာင္ေနခ်ိန္မွာပဲ ယခုလိုသတင္းေတြ ထပ္မံထြက္ေပၚလာတာျဖစ္ပါတယ္။
စစ္ေသြးႂကြအဖြဲ႕ေတြဟာ အာဖဂန္နစၥတန္ႏိုင္ငံကေနတစ္ဆင့္ ပါကစၥတန္ႏိုင္ငံ Kurram နဲ႔ North Waziristan ခ႐ိုင္ေတြဆီကို ျဖတ္သန္းဝင္ေရာက္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္တယ္လို႔ ပါကစၥတန္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ စစ္ေသြးႂကြအဖြဲ႕ေတြက ပါကစၥတန္ဘက္ကို ထိုးေဖာက္ဝင္ေရာက္ဖို႔ ႀကိဳးပမ္းမႈေတြဟာ ႏွစ္ႏိုင္ငံၾကား လုပ္ေဆာင္လ်က္ရွိတဲ့ အၾကမ္းဖက္မႈျပႆနာေတြကို ေျဖရွင္းဖို႔ရည္႐ြယ္ခ်က္ေတြအေပၚ သံသယေတြကို ျဖစ္ေပၚေစခဲ့တယ္လို႔ ပါကစၥတန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ပါကစၥတန္ဘက္က ေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ေတာင္းဆိုမႈေတြကို အာဖဂန္နစၥတန္အစိုးရ ေျပာေရးဆိုခြင့္ရွိသူနဲ႔ ကာကြယ္ေရးဝန္ႀကီးဌာနတို႔က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔ လည္း သိရပါတယ္။ အစၥတန္ဘူလ္ၿမိဳ႕မွာ အာဖဂန္နစၥတန္နဲ႔ ပါကစၥတန္တို႔ရဲ႕ကိုယ္စားလွယ္အဖြဲ႕ေတြၾကား လုပ္ေဆာင္ခဲ့တဲ့ေဆြးေႏြးပြဲဟာ (၂၀၂၁)ခုႏွစ္မွာ အာဖဂန္နစၥတန္ႏိုင္ငံမွာ တာလီဘန္အဖြဲ႕ အာဏာရလာခ်ိန္ကေန စတင္ၿပီး ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္အစိုးရတို႔ၾကား အၾကမ္းဖက္မႈေတြကို ကာကြယ္ဖို႔လုပ္ေဆာင္ခဲ့တဲ့ ေနာက္ဆုံးအႀကိမ္ႀကိဳးပမ္းမႈတစ္ခုလည္းျဖစ္တယ္လို႔လည္း သိရပါတယ္။