ယူကရိန်းက ပစ်လွှတ်လိုက်တဲ့ ဒရုန်းအစင်းရေ(၂၀၀)နီးပါးကို အောင်မြင်စွာပစ်ချနိုင်ခဲ့တယ်လို့ ရုရှားသတင်းထုတ်ပြန်

174

Pika (NP News) - အောက်တိုဘာ ၂၈
ယူကရိန်းတပ်ဖွဲ့တွေက ရုရှားနိုင်ငံဆီကို ပစ်လွှတ်လိုက်တဲ့ဒရုန်းအစင်းရေ(၁၉၃)စင်းကို ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်တွေက အောင်မြင်စွာပစ်ချနိုင်ခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။ ယူကရိန်းက ပစ်လွှတ်လိုက်တဲ့ဒရုန်းအစင်းရေ(၁၉၃)စင်းအနက် (၃၄)စင်းဟာ မော်စကိုမြို့ကို ပစ်မှတ်ထား ခဲ့တာဖြစ်ပြီး အခြား(၄၇)စင်းက Bryansk ဒေသကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရုရှားအာဏာပိုင် တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ကျန်ရှိနေတဲ့ အခြားဒရုန်းတွေက ရုရှားနိုင်ငံ အနောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာရှိတဲ့ ဒေသ(၁၁)ခုကို ပစ်မှတ်ထားခဲ့ တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ယူကရိန်းဘက်က ပစ်လွှတ်လိုက်တဲ့ ဒရုန်း တစ်စင်းဟာ Bryansk ဒေသမှာရှိတဲ့ မီနီဘတ်စ်တစ်စီးကို ထိမှန်ခဲ့ပြီး ယာဉ်မောင်းသေဆုံးကာ အခြားလူ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်အုပ်ချုပ်ရေးမှူး Alexander Bogomaz က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
မော်စကိုမြို့ကိုပစ်မှတ်ထားခဲ့တဲ့ဒရုန်းတွေကိုတော့ အချိန်(၆)နာရီအတွင်း အောင်မြင်စွာပစ်ချနိုင်ခဲ့တယ်လို့ မြို့တော်ဝန် Sergei Sobyanin က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ရုရှားအနောက်ပိုင်းနဲ့ တောင်ပိုင်းမှာရှိတဲ့ ဒေသ(၁၁)ခုကို ပစ်မှတ်ထားခဲ့တဲ့ယူကရိန်းဒရုန်းတွေကို ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားအစိုးရတာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းကပစ္လႊတ္လိုက္တဲ့ ဒ႐ုန္းအစင္းေရ(၂၀၀)နီးပါးကို ေအာင္ျမင္စြာပစ္ခ်ႏိုင္ခဲ့တယ္လို႔ ႐ုရွားသတင္းထုတ္ျပန္
Pika (NP News) - ေအာက္တိုဘာ ၂၈
ယူကရိန္းတပ္ဖြဲ႕ေတြက ႐ုရွားႏိုင္ငံဆီကို ပစ္လႊတ္လိုက္တဲ့ဒ႐ုန္းအစင္းေရ(၁၉၃)စင္းကို ႐ုရွားေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ေတြက ေအာင္ျမင္စြာပစ္ခ်ႏိုင္ခဲ့တယ္လို႔ ႐ုရွားအာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။ ယူကရိန္းက ပစ္လႊတ္လိုက္တဲ့ဒ႐ုန္းအစင္းေရ(၁၉၃)စင္းအနက္ (၃၄)စင္းဟာ ေမာ္စကိုၿမိဳ႕ကို ပစ္မွတ္ထား ခဲ့တာျဖစ္ၿပီး အျခား(၄၇)စင္းက Bryansk ေဒသကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ ႐ုရွားအာဏာပိုင္ ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
က်န္ရွိေနတဲ့ အျခားဒ႐ုန္းေတြက ႐ုရွားႏိုင္ငံ အေနာက္ပိုင္းနဲ႔ေတာင္ပိုင္းတို႔မွာရွိတဲ့ ေဒသ(၁၁)ခုကို ပစ္မွတ္ထားခဲ့ တာျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းဘက္က ပစ္လႊတ္လိုက္တဲ့ ဒ႐ုန္း တစ္စင္းဟာ Bryansk ေဒသမွာရွိတဲ့ မီနီဘတ္စ္တစ္စီးကို ထိမွန္ခဲ့ၿပီး ယာဥ္ေမာင္းေသဆုံးကာ အျခားလူ(၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသဆိုင္အုပ္ခ်ဳပ္ေရးမႉး Alexander Bogomaz က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေမာ္စကိုၿမိဳ႕ကိုပစ္မွတ္ထားခဲ့တဲ့ဒ႐ုန္းေတြကိုေတာ့ အခ်ိန္(၆)နာရီအတြင္း ေအာင္ျမင္စြာပစ္ခ်ႏိုင္ခဲ့တယ္လို႔ ၿမိဳ႕ေတာ္ဝန္ Sergei Sobyanin က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားအေနာက္ပိုင္းနဲ႔ ေတာင္ပိုင္းမွာရွိတဲ့ ေဒသ(၁၁)ခုကို ပစ္မွတ္ထားခဲ့တဲ့ယူကရိန္းဒ႐ုန္းေတြကို ႐ုရွားရဲ႕ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို ေအာင္ျမင္စြာ ပစ္ခ်ႏိုင္ခဲ့တယ္လို႔ ႐ုရွားအစိုးရတာဝန္ရွိသူတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။