Waterbomb ဖျော်ဖြေမှုမှာ မေ့လဲသွားလို့ တောင်းပန်လိုက်ရတဲ့ HyunA

 395

ရောင်နီ (NP News) - နိုဝင်ဘာ ၁၁

တောင်ကိုရီးယား POP ဘုရင်မ HyunA ဟာ တရုတ်နိုင်ငံ မကာအိုမှာ ပြုလုပ်တဲ့ Waterbomb မှာ စင်မြင့် ပေါ်မှာ ဖျော်ဖြေနေရင်း လဲကျသတိလစ်သွားခဲ့တာကြောင့် သူမရဲ့ Instagram မှာ ပရိသတ်တွေအတွက် တောင်းပန်ကြောင်း စာလွှာမျှဝေခဲ့ပါတယ်။
HyunA ဟာ နိုဝင်ဘာ ၉ ရက်က တရုတ်နိုင်ငံ၊ မကာအိုမှာကျင်းပတဲ့ Waterbomb မှာ သူမရဲ့ နာမည်ကြီး သီချင်း "Bubble Pop!" ကို ဖျော်ဖြေနေစဉ် ရုတ်တရက် မေ့လဲသွားခဲ့တာကြောင့် လုံခြုံရေးအစောင့်တစ်ယောက်က သူမကို စင်မြင့်ပေါ်ကနေ ချီပြီး ခေါ်ထုတ်သွားခဲ့ရပါတယ်။ အဲဒီဗီဒီယိုဟာလည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး လူအများရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ဒီအတွက် သူမက "လုံလောက်တဲ့ ပရော်ဖက်ရှင်နယ်ဆန်မှု" မရှိတဲ့အတွက် တောင်းပန်ခဲ့ပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာကို မှတ်မိတာတောင် မရှိသလောက်ပါပဲလို့ ဝန်ခံခဲ့ပါတယ်။ ဒါအပြင် ပရိသတ်တွေကို သူမ အဆင်ပြေကြောင်းနဲ့ သူမရဲ့ကျန်းမာရေးကို ပိုကောင်းအောင် ဂရုစိုက်ပြီး ရှေ့ဆက်ပြီး ပိုအား ရှိဖို့ အစွမ်းကုန်ကြိုးစားမယ်လို့ ကတိပေးခဲ့ပါတယ်။ ဖျော်ဖြေပွဲကိုငွေပေးချေပြီး တက်ရောက်ရတာဖြစ်တဲ့အတွက် သူမရဲ့အဖြစ်အပျက်ဟာ ပရိသတ်တွေကို စိတ်ပျက်စေခဲ့တယ်လို့ ဆိုကာ အကြိမ်ကြိမ် တောင်းပန်ခဲ့ပါတယ်။
HyunA ဟာ ၂ဝ၂၄ ခုနှစ် အောက်တိုဘာမှာ ခင်ပွန်းဖြစ်သူ ယောင်းဂျန်ဟျောင့်နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ခင်ပွန်းဖြစ်သူ ယောင်းဂျန်ဟျောင့်ဟာ ဆေးမှု၊ လိင်ပိုင်းဆိုင်ရာအမြက်ထုတ်မှုတွေ ပြုလုပ်နေတဲ့ "Burning Sun Gate" ဂိုဏ်း အဖွဲ့ဝင်ဟောင်းအဖြစ် လူသိများတာကြောင့် သူတို့နှစ်ယောက် လက်ထပ် သတင်းအတွက် ပြစ်တင်ရှုံ့ချမှုတွေ ရှိခဲ့ပါတယ်။

Zawgyi Version:
Waterbomb ေဖ်ာ္ေျဖမႈမွာ ေမ့လဲသြားလို႔ ေတာင္းပန္လိုက္ရတဲ့ HyunA
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၁
ေတာင္ကိုရီးယား POP ဘုရင္မ HyunA ဟာ တ႐ုတ္ႏိုင္ငံ မကာအိုမွာ ျပဳလုပ္တဲ့ Waterbomb မွာ စင္ျမင့္ ေပၚမွာ ေဖ်ာ္ေျဖေနရင္း လဲက်သတိလစ္သြားခဲ့တာေၾကာင့္ သူမရဲ႕ Instagram မွာ ပရိသတ္ေတြအတြက္ ေတာင္းပန္ေၾကာင္း စာလႊာမွ်ေဝခဲ့ပါတယ္။
HyunA ဟာ ႏိုဝင္ဘာ ၉ ရက္က တ႐ုတ္ႏိုင္ငံ၊ မကာအိုမွာက်င္းပတဲ့ Waterbomb မွာ သူမရဲ႕ နာမည္ႀကီး သီခ်င္း "Bubble Pop!" ကို ေဖ်ာ္ေျဖေနစဥ္ ႐ုတ္တရက္ ေမ့လဲသြားခဲ့တာေၾကာင့္ လုံၿခဳံေရးအေစာင့္တစ္ေယာက္က သူမကို စင္ျမင့္ေပၚကေန ခ်ီၿပီး ေခၚထုတ္သြားခဲ့ရပါတယ္။ အဲဒီဗီဒီယိုဟာလည္း အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီး လူအမ်ားရဲ႕ အာ႐ုံစိုက္မႈကို ရရွိခဲ့ပါတယ္။ ဒီအတြက္ သူမက "လုံေလာက္တဲ့ ပေရာ္ဖက္ရွင္နယ္ဆန္မႈ" မရွိတဲ့အတြက္ ေတာင္းပန္ခဲ့ၿပီး ဘာေတြျဖစ္ခဲ့လဲဆိုတာကို မွတ္မိတာေတာင္ မရွိသေလာက္ပါပဲလို႔ ဝန္ခံခဲ့ပါတယ္။ ဒါအျပင္ ပရိသတ္ေတြကို သူမ အဆင္ေျပေၾကာင္းနဲ႔ သူမရဲ႕က်န္းမာေရးကို ပိုေကာင္းေအာင္ ဂ႐ုစိုက္ၿပီး ေရွ႕ဆက္ၿပီး ပိုအား ရွိဖို႔ အစြမ္းကုန္ႀကိဳးစားမယ္လို႔ ကတိေပးခဲ့ပါတယ္။ ေဖ်ာ္ေျဖပြဲကိုေငြေပးေခ်ၿပီး တက္ေရာက္ရတာျဖစ္တဲ့အတြက္ သူမရဲ႕အျဖစ္အပ်က္ဟာ ပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့တယ္လို႔ ဆိုကာ အႀကိမ္ႀကိမ္ ေတာင္းပန္ခဲ့ပါတယ္။
HyunA ဟာ ၂ဝ၂၄ ခုႏွစ္ ေအာက္တိုဘာမွာ ခင္ပြန္းျဖစ္သူ ေယာင္းဂ်န္ေဟ်ာင့္နဲ႔ လက္ထပ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ခင္ပြန္းျဖစ္သူ ေယာင္းဂ်န္ေဟ်ာင့္ဟာ ေဆးမႈ၊ လိင္ပိုင္းဆိုင္ရာအျမက္ထုတ္မႈေတြ ျပဳလုပ္ေနတဲ့ "Burning Sun Gate" ဂိုဏ္း အဖြဲ႕ဝင္ေဟာင္းအျဖစ္ လူသိမ်ားတာေၾကာင့္ သူတို႔ႏွစ္ေယာက္ လက္ထပ္ သတင္းအတြက္ ျပစ္တင္ရႈံ႕ခ်မႈေတြ ရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.