ပလတ်စတစ်ဆာဂျရီ အကြိမ်(၄၀ဝ)ခန့်လုပ်ဆောင်ခဲ့သည့် တောင်ကိုရီးယားအမျိုးသမီး

71

Pika (NP News) - နိုဝင်ဘာ ၁၁
တောင်ကိုရီးယားအမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့်(၁၅)နှစ်အတွင်း အလှအပဆိုင်ရာခွဲစိတ်မှု ပေါင်း (၄၀ဝ)ခန့်လုပ်ဆောင်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၁၀ဝဝဝ) ခန့် ကုန်ကျခဲ့ကြောင်း ထုတ် ဖော်ပြောဆိုခဲ့ပြီးနောက် ဆိုရှယ်မီဒီယာပေါ်တွင် လူပြောများလာခဲ့ကြောင်း သိရသည်။
Gil Lee-won ဆိုသည့်အမျိုးသမီးက ၎င်းသည် (၂၀၁၀)ပြည့်နှစ်မှစတင်ကာ ပလတ်စတစ် ဆာဂျရီကို စတင်လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းတွင် ဆက်တိုက်ဆိုသလို ပလတ်စတစ်ဆာဂျရီလုပ်ဆောင် ခဲ့ကြောင်း ဖျော်ဖြေရေးရှိုးပွဲတစ်ခုဖြစ်သည့် “It’s Okay to Be a Martian” တွင် ထုတ်ဖော်ပြောဆိုခဲ့ သည်။ ကောလိပ်စာမေးပွဲအတွက်ကြိုးစားနေသည့်အချိန်တွင် ၎င်း၏ခန္ဓာကိုယ်က ဝိတ်တက်လာခဲ့ပြီး ဝသည့် ခန္ဓာကိုယ်ကို လူများက လှောင်ပြောင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပလတ်စတစ်ဆာဂျရီလုပ်ရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Gil Lee-won က ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် ၎င်း၏ချစ်သူဟောင်းတစ်ဦးကလည်း ၎င်း၏ရုပ်ရည်ကို ဝေဖန်မှုများလုပ်ဆောင်ခဲ့ခြင်း ကြောင့် ပလတ်စတစ်ဆာဂျရီလုပ်ရန် စိတ်ပိုင်းဖြတ်မှုများမှာ ပိုမိုသေချာလာခဲ့ခြင်းဖြစ်ကြောင်း Gil Lee-won ကပြောကြားခဲ့သည်။ အစောပိုင်းတွင် ခွဲစိတ်မှုအနည်းငယ်သာလုပ်ဆောင်ရန် ရည်ရွယ်ထားခဲ့သော် လည်းနောက်ပိုင်းတွင် ပိုမိုလှပလာရန်အတွက် အခြားခွဲစိတ်မှုများကို ထပ်မံလုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း Gil Lee-won ကပြောဆိုခဲ့သည်။ Gil Lee-won က “အသက် (၂၇) နှစ်ကနေ (၃၀) နှစ် အတွင်း ချိန်းတွေ့ခဲ့တဲ့ ကျွန်မရဲ့ရည်းစားက ရုပ်ရည်နဲ့ပတ်သက်ပြီး အဆက်မပြတ်ဝေဖန်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပျက်စီးလာခဲ့ပါတယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကိုယ် လုံးဝ ပြောင်း လဲဖို့ စိတ်ပိုင်းဖြတ်လိုက်တာပါ။ ပလတ်စတစ် ဆာဂျရီလုပ်ခဲ့မိလို့လည်း ကျွန်မ နောင်တမရပါဘူး။ လက် ရှိ ကျွန်မရဲ့ပုံပန်းသဏ္ဌာန်အပေါ် လုံးဝကို ယုံကြည်မှုရှိနေပါပြီ” ဟုပြောဆိုခဲ့သည်။ Gil Lee-won သည် ပြီးခဲ့သည့်(၁၅)နှစ်အတွင်း နဖူးအဆီအစား ထိုးခြင်း၊ နားရွက်ပုံသွင်းခြင်း၊ မျက်ခွံနှစ်ထပ်ခွဲစိတ်ခြင်း၊ မျက် လုံးပြုပြင်ခြင်း၊ နှာခေါင်းခွဲစိတ်ခြင်း၊ နှာခေါင်းနှင့် အပေါ်နှုတ်ခမ်းကြားခွဲစိတ်ခြင်း၊ မေးစေ့နှင့် မျက်နှာပုံ သွင်းခြင်း၊ ပါးချိုင့်ခွဲစိတ်ခြင်း၊ နှုတ်ခမ်းခွဲစိတ်ခြင်း၊ ပခုံးခွဲစိတ်ခြင်း၊ လည်ပင်းအရေးကြောင်းများခွဲစိတ် ခြင်း၊ ညှပ်ရိုးခွဲစိတ်ခြင်း၊ တင်ပါးဆုံခွဲစိတ်ခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးအဆီစုပ်ခြင်း ပြုပြင်ခွဲစိတ်မှု၊ သွေး ကြောထဲသို့ ပင်မဆဲလ်ထိုးသွင်းခြင်းနှင့် အရေပြားကုသမှုအမျိုးမျိုးကိုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ပလတ္စတစ္ဆာဂ်ရီ အႀကိမ္(၄၀ဝ)ခန႔္လုပ္ေဆာင္ခဲ့သည့္ ေတာင္ကိုရီးယားအမ်ိဳးသမီး
Pika (NP News) - ႏိုဝင္ဘာ ၁၁
ေတာင္ကိုရီးယားအမ်ိဳးသမီးတစ္ဦးသည္ ၿပီးခဲ့သည့္(၁၅)ႏွစ္အတြင္း အလွအပဆိုင္ရာခြဲစိတ္မႈ ေပါင္း (၄၀ဝ)ခန႔္လုပ္ေဆာင္ခဲ့ၿပီး စုစုေပါင္း အေမရိကန္ေဒၚလာ (၂၁၀ဝဝဝ) ခန႔္ ကုန္က်ခဲ့ေၾကာင္း ထုတ္ ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ဆိုရွယ္မီဒီယာေပၚတြင္ လူေျပာမ်ားလာခဲ့ေၾကာင္း သိရသည္။
Gil Lee-won ဆိုသည့္အမ်ိဳးသမီးက ၎သည္ (၂၀၁၀)ျပည့္ႏွစ္မွစတင္ကာ ပလတ္စတစ္ ဆာဂ်ရီကို စတင္လုပ္ေဆာင္ခဲ့ၿပီးေနာက္ပိုင္းတြင္ ဆက္တိုက္ဆိုသလို ပလတ္စတစ္ဆာဂ်ရီလုပ္ေဆာင္ ခဲ့ေၾကာင္း ေဖ်ာ္ေျဖေရးရႈိးပြဲတစ္ခုျဖစ္သည့္ “It’s Okay to Be a Martian” တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့ သည္။ ေကာလိပ္စာေမးပြဲအတြက္ႀကိဳးစားေနသည့္အခ်ိန္တြင္ ၎၏ခႏၶာကိုယ္က ဝိတ္တက္လာခဲ့ၿပီး ဝသည့္ ခႏၶာကိုယ္ကို လူမ်ားက ေလွာင္ေျပာင္ခဲ့ျခင္းေၾကာင့္ ယခုကဲ့သို႔ ပလတ္စတစ္ဆာဂ်ရီလုပ္ရန္ ဆုံး ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း Gil Lee-won က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ထို႔ျပင္ ၎၏ခ်စ္သူေဟာင္းတစ္ဦးကလည္း ၎၏႐ုပ္ရည္ကို ေဝဖန္မႈမ်ားလုပ္ေဆာင္ခဲ့ျခင္း ေၾကာင့္ ပလတ္စတစ္ဆာဂ်ရီလုပ္ရန္ စိတ္ပိုင္းျဖတ္မႈမ်ားမွာ ပိုမိုေသခ်ာလာခဲ့ျခင္းျဖစ္ေၾကာင္း Gil Lee-won ကေျပာၾကားခဲ့သည္။ အေစာပိုင္းတြင္ ခြဲစိတ္မႈအနည္းငယ္သာလုပ္ေဆာင္ရန္ ရည္႐ြယ္ထားခဲ့ေသာ္ လည္းေနာက္ပိုင္းတြင္ ပိုမိုလွပလာရန္အတြက္ အျခားခြဲစိတ္မႈမ်ားကို ထပ္မံလုပ္ေဆာင္ရန္ဆုံးျဖတ္ခဲ့ ျခင္းျဖစ္ေၾကာင္း Gil Lee-won ကေျပာဆိုခဲ့သည္။ Gil Lee-won က “အသက္ (၂၇) ႏွစ္ကေန (၃၀) ႏွစ္ အတြင္း ခ်ိန္းေတြ႕ခဲ့တဲ့ ကြၽန္မရဲ႕ရည္းစားက ႐ုပ္ရည္နဲ႔ပတ္သက္ၿပီး အဆက္မျပတ္ေဝဖန္ခဲ့တာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေတြပ်က္စီးလာခဲ့ပါတယ္။ အဲဒါေၾကာင့္မို႔လို႔ ကိုယ့္ကိုယ္ကိုယ္ လုံးဝ ေျပာင္း လဲဖို႔ စိတ္ပိုင္းျဖတ္လိုက္တာပါ။ ပလတ္စတစ္ ဆာဂ်ရီလုပ္ခဲ့မိလို႔လည္း ကြၽန္မ ေနာင္တမရပါဘူး။ လက္ ရွိ ကြၽန္မရဲ႕ပုံပန္းသဏၭာန္အေပၚ လုံးဝကို ယုံၾကည္မႈရွိေနပါၿပီ” ဟုေျပာဆိုခဲ့သည္။ Gil Lee-won သည္ ၿပီးခဲ့သည့္(၁၅)ႏွစ္အတြင္း နဖူးအဆီအစား ထိုးျခင္း၊ နား႐ြက္ပုံသြင္းျခင္း၊ မ်က္ခြံႏွစ္ထပ္ခြဲစိတ္ျခင္း၊ မ်က္ လုံးျပဳျပင္ျခင္း၊ ႏွာေခါင္းခြဲစိတ္ျခင္း၊ ႏွာေခါင္းႏွင့္ အေပၚႏႈတ္ခမ္းၾကားခြဲစိတ္ျခင္း၊ ေမးေစ့ႏွင့္ မ်က္ႏွာပုံ သြင္းျခင္း၊ ပါးခ်ိဳင့္ခြဲစိတ္ျခင္း၊ ႏႈတ္ခမ္းခြဲစိတ္ျခင္း၊ ပခုံးခြဲစိတ္ျခင္း၊ လည္ပင္းအေရးေၾကာင္းမ်ားခြဲစိတ္ ျခင္း၊ ညႇပ္႐ိုးခြဲစိတ္ျခင္း၊ တင္ပါးဆုံခြဲစိတ္ျခင္း၊ ခႏၶာကိုယ္တစ္ခုလုံးအဆီစုပ္ျခင္း ျပဳျပင္ခြဲစိတ္မႈ၊ ေသြး ေၾကာထဲသို႔ ပင္မဆဲလ္ထိုးသြင္းျခင္းႏွင့္ အေရျပားကုသမႈအမ်ိဳးမ်ိဳးကိုလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။