တိုင်းရင်းသားကျေးရွာတွင် ရေလွှာလျှောစီး၊ Zip Line အပါအဝင် လုပ်ငန်း (၂၂) မျိုးအတွက် အငှားချရန် ချိပ်ပိတ်တင်ဒါခေါ်ယူ

 140

စိမ့်စမ်းရေ (NP News) - ဖေဖော်ဝါရီ ၆
ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်း၊ သန်လျင်တံတားအနီးရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ရေလွှာလျှောစီး၊ Zip Line အပါအဝင် လုပ်ငန်း (၂၂) မျိုးအတွက် (၁)နှစ်စာ အငှားချထား ဆောင်ရွက်နိုင်ရန် ချိပ်ပိတ်တင်ဒါ ဈေးပြိုင်စနစ်ဖြင့် ခေါ်ယူထားကြောင်း သိရသည်။
တင်ဒါခေါ်ယူသည့် လုပ်ငန်းများတွင် စက်ဘီးငှားရမ်းခြင်းလုပ်ငန်း၊ သန့်စင်ခန်းများ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဘဲလှေ၊ မြင်းလှည်း၊ ဓာတ်ပုံရိုက်ကူးခြင်း၊ ရေလွှာလျှောစီး၊ အရုပ်ကောက်စက်၊ စက်လှေငှားရမ်းခြင်း၊ ရေကူးကန်၊ Zip Line လုပ်ငန်းများ၊ ဖူဆယ်အားကစားကွင်းအတွက် မြေငှားရမ်းခြင်းလုပ်ငန်းတို့ ပါဝင်ကြောင်း သိရသည်။
ချိပ်ပိတ်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ရုံးတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို တာဝန်ခံအရာရှိများထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
တင်ဒါအရောင်းပိတ်မည့်ရက်မှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ (၂) ရက်ဖြစ်ပြီး မတ်လ (၅) ရက်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အစည်းအဝေးခန်းမ၌ တင်ဒါဖွင့်လှစ်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
တိုင္းရင္းသားေက်း႐ြာတြင္ ေရလႊာေလွ်ာစီး၊ Zip Line အပါအဝင္ လုပ္ငန္း (၂၂) မ်ိဳးအတြက္ အငွားခ်ရန္ ခ်ိပ္ပိတ္တင္ဒါေခၚယူ
စိမ့္စမ္းေရ (NP News) - ေဖေဖာ္ဝါရီ ၆
ရန္ကုန္ၿမိဳ႕၊ သာေကတၿမိဳ႕နယ္၊ ရႈခင္းသာလမ္း၊ သန္လ်င္တံတားအနီးရွိ ျပည္ေထာင္စုတိုင္းရင္းသားေက်း႐ြာတြင္ ေရလႊာေလွ်ာစီး၊ Zip Line အပါအဝင္ လုပ္ငန္း (၂၂) မ်ိဳးအတြက္ (၁)ႏွစ္စာ အငွားခ်ထား ေဆာင္႐ြက္ႏိုင္ရန္ ခ်ိပ္ပိတ္တင္ဒါ ေဈးၿပိဳင္စနစ္ျဖင့္ ေခၚယူထားေၾကာင္း သိရသည္။
တင္ဒါေခၚယူသည့္ လုပ္ငန္းမ်ားတြင္ စက္ဘီးငွားရမ္းျခင္းလုပ္ငန္း၊ သန႔္စင္ခန္းမ်ား၊ လက္ဖက္ရည္ဆိုင္၊ စားေသာက္ဆိုင္၊ ဘဲေလွ၊ ျမင္းလွည္း၊ ဓာတ္ပုံ႐ိုက္ကူးျခင္း၊ ေရလႊာေလွ်ာစီး၊ အ႐ုပ္ေကာက္စက္၊ စက္ေလွငွားရမ္းျခင္း၊ ေရကူးကန္၊ Zip Line လုပ္ငန္းမ်ား၊ ဖူဆယ္အားကစားကြင္းအတြက္ ေျမငွားရမ္းျခင္းလုပ္ငန္းတို႔ ပါဝင္ေၾကာင္း သိရသည္။
ခ်ိပ္ပိတ္တင္ဒါပုံစံႏွင့္ စည္းကမ္းခ်က္မ်ားကို ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္၊ ျပည္ေထာင္စုတိုင္းရင္းသားေက်း႐ြာ(ရန္ကုန္) ႐ုံးတြင္ ႐ုံးခ်ိန္အတြင္း ဝယ္ယူႏိုင္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို တာဝန္ခံအရာရွိမ်ားထံ ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း သိရသည္။
တင္ဒါအေရာင္းပိတ္မည့္ရက္မွာ ၂၀၂၆ ခုႏွစ္ ေဖေဖာ္ဝါရီ (၂) ရက္ျဖစ္ၿပီး မတ္လ (၅) ရက္တြင္ ျပည္ေထာင္စုတိုင္းရင္းသားေက်း႐ြာ(ရန္ကုန္) အစည္းအေဝးခန္းမ၌ တင္ဒါဖြင့္လွစ္ပြဲကို က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.