ကော့သောင်းဆိပ်ကမ်းအနီးတွင် အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းဆိပ်ကမ်းသစ် တည်ဆောက်မည်

585

NP News - နိုဝင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းဆိပ်ကမ်းအနီးတွင် အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်း ဆိပ်ကမ်းသစ်တစ်ခု တည်ဆောက်ရန် စီစဉ်နေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (MPA) မှ သိရသည်။
ကော့သောင်းဆိပ်ကမ်း၊ တော်ဝင်သံကူကွန်ကရစ် ဆိပ်ခံတံတား၏ တောင်ဘက်ကပ်လျက် မြေနေရာတွင် တည်ဆောက်နိုင်ရေးအတွက် တိုင်းတာခြင်း၊ လေ့လာဆန်းစစ်ခြင်းနှင့် ပုံစံဒီဇိုင်းများ ရေးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု သိရသည်။
ထို့ကြောင့် အတွေ့အကြုံရှိပြီး စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့် တင်ဒါတင်သွင်းကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် က ဖိတ်ခေါ်ထားသည်။
တင်ဒါပုံစံကို အမှတ်-(၁၀)၊ ပန်းဆိုးတန်းလမ်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်တွင် ယခုလ (၂၀) ရက်မှ (၂၈)ရက်အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ (၅) ရက်တွင် တင်ဒါဖွင့်လှစ်သွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်များကို မြို့ပြအင်ဂျင်နီယာဌာနထံ မေးမြန်းစုံစမ်းနိုင်ကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ သိရသည်။
လက်ရှိအချိန်တွင် ထိုင်း-မြန်မာ ရေကြောင်းကုန်သွယ်မှုအတွက် ရနောင်း-ကော့သောင်း-ရနောင်း ရေလမ်းကြောင်းကတစ်ဆင့် သွင်းကုန်လိုင်စင်များ ဦးစားပေး ခွင့်ပြုနေခြင်းကြောင့် ကော့သောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာကမ်းရိုးတန်းဆိပ်ကမ်းသစ်တစ်ခု တည်ဆောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
မူလရှိပြီးဖြစ်သည့် တော်ဝင်သံကူကွန်ကရစ် ဆိပ်ခံတံတားကိုလည်း ကရိန်းများ အသုံးပြုကာ ကုန်တင်သင်္ဘောတွေ ပိုမိုလက်ခံနိုင်အောင် အကြီးစားပြင်ဆင်မှုများပြုလုပ်ထားကြောင်း သိရသည်။

Zawgyi Version:
ေကာ့ေသာင္းဆိပ္ကမ္းအနီးတြင္ အျပည္ျပည္ဆိုင္ရာ ကမ္း႐ိုးတန္းဆိပ္ကမ္းသစ္ တည္ေဆာက္မည္
NP News - ႏိုဝင္ဘာ ၂၂
တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းဆိပ္ကမ္းအနီးတြင္ အျပည္ျပည္ဆိုင္ရာ ကမ္း႐ိုးတန္း ဆိပ္ကမ္းသစ္တစ္ခု တည္ေဆာက္ရန္ စီစဥ္ေနေၾကာင္း ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္ (MPA) မွ သိရသည္။
ေကာ့ေသာင္းဆိပ္ကမ္း၊ ေတာ္ဝင္သံကူကြန္ကရစ္ ဆိပ္ခံတံတား၏ ေတာင္ဘက္ကပ္လ်က္ ေျမေနရာတြင္ တည္ေဆာက္ႏိုင္ေရးအတြက္ တိုင္းတာျခင္း၊ ေလ့လာဆန္းစစ္ျခင္းႏွင့္ ပုံစံဒီဇိုင္းမ်ား ေရးဆြဲျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္သြားမည္ဟု သိရသည္။
ထို႔ေၾကာင့္ အေတြ႕အႀကဳံရွိၿပီး စိတ္ပါဝင္စားသည့္ ကုမၸဏီမ်ားအေနျဖင့္ တင္ဒါတင္သြင္းၾကရန္ ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္ က ဖိတ္ေခၚထားသည္။
တင္ဒါပုံစံကို အမွတ္-(၁၀)၊ ပန္းဆိုးတန္းလမ္း၊ ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္႐ုံးခ်ဳပ္တြင္ ယခုလ (၂၀) ရက္မွ (၂၈)ရက္အထိ ႐ုံးခ်ိန္အတြင္း ဝယ္ယူႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။
ဒီဇင္ဘာလ (၅) ရက္တြင္ တင္ဒါဖြင့္လွစ္သြားမွာျဖစ္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို ၿမိဳ႕ျပအင္ဂ်င္နီယာဌာနထံ ေမးျမန္းစုံစမ္းႏိုင္ေၾကာင္း တင္ဒါလက္ခံေရးႏွင့္ စိစစ္ေရးေကာ္မတီမွ သိရသည္။
လက္ရွိအခ်ိန္တြင္ ထိုင္း-ျမန္မာ ေရေၾကာင္းကုန္သြယ္မႈအတြက္ ရေနာင္း-ေကာ့ေသာင္း-ရေနာင္း ေရလမ္းေၾကာင္းကတစ္ဆင့္ သြင္းကုန္လိုင္စင္မ်ား ဦးစားေပး ခြင့္ျပဳေနျခင္းေၾကာင့္ ေကာ့ေသာင္းၿမိဳ႕တြင္ အျပည္ျပည္ဆိုင္ရာကမ္း႐ိုးတန္းဆိပ္ကမ္းသစ္တစ္ခု တည္ေဆာက္ရန္ ျပင္ဆင္ေနျခင္း ျဖစ္သည္။
မူလရွိၿပီးျဖစ္သည့္ ေတာ္ဝင္သံကူကြန္ကရစ္ ဆိပ္ခံတံတားကိုလည္း ကရိန္းမ်ား အသုံးျပဳကာ ကုန္တင္သေဘၤာေတြ ပိုမိုလက္ခံႏိုင္ေအာင္ အႀကီးစားျပင္ဆင္မႈမ်ားျပဳလုပ္ထားေၾကာင္း သိရသည္။