G20 ထိပ်သီးအစည်းအဝေးအား ဆန့်ကျင်သပိတ်မှောက်မှုကို ဆက်လက်လုပ်ဆောင်မည်ဟု အမေရိကန်အစိုးရပြော

680

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄
အမေရိကန်အစိုးရအနေဖြင့် ယခုသီတင်းပတ်အတွင်း တောင်အာဖရိကနိုင်ငံတွင် ကျင်းပမည့် G20 ထိပ်သီး အစည်းအဝေးအား ဆန့်ကျင့်သပိတ် မှောက်မှုကို အဆုံးသတ်လိုက်ပြီဆိုသော ပြောဆိုချက်များကို ငြင်းဆန်ပယ်ချ လိုက်ကြောင်းသိရသည်။
တောင်အာဖရိကသမ္မတက အမေရိကန်နိုင်ငံသည် G20 ထိပ်သီးအစည်းအဝေးကို အပြောင်း အလဲလုပ်ဆောင် ဖွယ်ရှိနေသည်ဟု စိတ်ထားပြောင်း လဲသွားခဲ့ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် အမေရိ ကန်အစိုးရ ဘက်က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
ဂျိုနသန်ဘတ်မြို့တွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို အမေရိကန်သံအမတ်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည် ဖြစ်သော်လည်း လာမည့်နှစ်တွင် အမေရိကန်နိုင်ငံက G20 အဖွဲ့၏အလှည့်ကျ ဥက္ကဌတာဝန်ကို လွှဲပြောင်း ရယူရန်အတွက် တက်ရောက်ခြင်းမျိုးဖြစ်ကြောင်း သိ ရသည်။
အမေရိကန်အစိုးရက ‘တောင်အာဖရိက နိုင်ငံမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးရဲ့ တရားဝင် ဆွေးနွေး ပွဲများကို အမေရိကန်အစိုးရတာဝန် ရှိသူများပါဝင်မှာမဟုတ်ဘူး၊ တောင်အာဖရိကသမ္မတဟာ အမေရိကန်နိုင်ငံကို ဆန့်ကျင့်တဲ့ ပြောဆိုမှုများ ပြောဆိုမှုများကြောင့် အမေရိကန်အစိုးရဟာ တောင်အာဖရိကနိုင်ငံမှာကျင်းပမယ့် G20 အစည်းအဝေးကို တက်ရောက်ဖို့ ဆန့်ကျင့်လိုက်တာဖြစ်ပါတယ်’ဟုပြောသည်။
တောင်အာဖရိကနိုင်ငံတွင် အစိုးရအဖွဲ့က လူနည်းစုဖြစ်သော လူဖြူများကို ဖိနှိပ်အနိုင်ကျင့်မှု များရှိနေသည့် အတွက် တောင်အာဖရိကနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် G20 ထိပ်သီး အစည်းအဝေးကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောသည်။
တောင်အာဖရိကနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများတက်ရောက်မည်မဟုတ်သလို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင့် တက်ရောက်မည် မဟုတ်ဘဲ ဝန် ကြီးချုပ်သာ တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
G20 ထိပ္သီးအစည္းအေဝးအား ဆန႔္က်င္သပိတ္ေမွာက္မႈကို ဆက္လက္လုပ္ေဆာင္မည္ဟု အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၄
အေမရိကန္အစိုးရအေနျဖင့္ ယခုသီတင္းပတ္အတြင္း ေတာင္အာဖရိကႏိုင္ငံတြင္ က်င္းပမည့္ G20 ထိပ္သီး အစည္းအေဝးအား ဆန႔္က်င့္သပိတ္ ေမွာက္မႈကို အဆုံးသတ္လိုက္ၿပီဆိုေသာ ေျပာဆိုခ်က္မ်ားကို ျငင္းဆန္ပယ္ခ် လိုက္ေၾကာင္းသိရသည္။
ေတာင္အာဖရိကသမၼတက အေမရိကန္ႏိုင္ငံသည္ G20 ထိပ္သီးအစည္းအေဝးကို အေျပာင္း အလဲလုပ္ေဆာင္ ဖြယ္ရွိေနသည္ဟု စိတ္ထားေျပာင္း လဲသြားခဲ့ေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းတြင္ ထုတ္ေဖာ္ေျပာဆိုလိုက္ၿပီးေနာက္ အေမရိ ကန္အစိုးရ ဘက္က တုံ႔ျပန္လိုက္ျခင္းျဖစ္သည္။
ဂ်ိဳနသန္ဘတ္ၿမိဳ႕တြင္ က်င္းပမည့္ G20 ထိပ္သီးအစည္းအေဝးကို အေမရိကန္သံအမတ္ႀကီး ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ တက္ေရာက္မည္ ျဖစ္ေသာ္လည္း လာမည့္ႏွစ္တြင္ အေမရိကန္ႏိုင္ငံက G20 အဖြဲ႕၏အလွည့္က် ဥကၠဌတာဝန္ကို လႊဲေျပာင္း ရယူရန္အတြက္ တက္ေရာက္ျခင္းမ်ိဳးျဖစ္ေၾကာင္း သိ ရသည္။
အေမရိကန္အစိုးရက ‘ေတာင္အာဖရိက ႏိုင္ငံမွာက်င္းပမယ့္ G20 ထိပ္သီးအစည္းအေဝးရဲ႕ တရားဝင္ ေဆြးေႏြး ပြဲမ်ားကို အေမရိကန္အစိုးရတာဝန္ ရွိသူမ်ားပါဝင္မွာမဟုတ္ဘူး၊ ေတာင္အာဖရိကသမၼတဟာ အေမရိကန္ႏိုင္ငံကို ဆန႔္က်င့္တဲ့ ေျပာဆိုမႈမ်ား ေျပာဆိုမႈမ်ားေၾကာင့္ အေမရိကန္အစိုးရဟာ ေတာင္အာဖရိကႏိုင္ငံမွာက်င္းပမယ့္ G20 အစည္းအေဝးကို တက္ေရာက္ဖို႔ ဆန႔္က်င့္လိုက္တာျဖစ္ပါတယ္’ဟုေျပာသည္။
ေတာင္အာဖရိကႏိုင္ငံတြင္ အစိုးရအဖြဲ႕က လူနည္းစုျဖစ္ေသာ လူျဖဴမ်ားကို ဖိႏွိပ္အႏိုင္က်င့္မႈ မ်ားရွိေနသည့္ အတြက္ ေတာင္အာဖရိကႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပမည့္ G20 ထိပ္သီး အစည္းအေဝးကို သပိတ္ေမွာက္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္အစိုးရက ေျပာသည္။
ေတာင္အာဖရိကႏိုင္ငံကအိမ္ရွင္အျဖစ္လက္ခံက်င္းပမည့္ G20 ထိပ္သီးအစည္းအေဝးကို အေမရိကန္သမၼတ အပါအဝင္ အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားတက္ေရာက္မည္မဟုတ္သလို တ႐ုတ္ႏိုင္ငံ သမၼတ ရွီက်င့္ဖ်င့္ တက္ေရာက္မည္ မဟုတ္ဘဲ ဝန္ ႀကီးခ်ဳပ္သာ တက္ေရာက္မည္ျဖစ္ေၾကာင္းသိရသည္။