ပြည်ထောင်စုအဆင့်ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ အများစု ပါတီဆိုင်းဘုတ်အပြည့် မထောင်နိုင်သေး

 310

သန့်ဇင် (NP News)-နိုဝင်ဘာ ၂၄
ပြည်ထောင်စုအဆင့်ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအများစု မဲဆွယ်စည်းရုံးရေးကာလ ထက်ဝက်ကျိုးတော့မည်ဖြစ်သော်လည်း ပါတီဆိုင်းဘုတ်အပြည့်မထောင်နိုင်သေးကြောင်း နိုင်ငံရေး ပါတီများထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
လာမည့်ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ (၂၈) ရက်တွင် စတင်ကျင်းပမည်ဖြစ်သ ဖြင့် မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း (၆၀) အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များအနေဖြင့် သက်ဆိုင်ရာမြို့နယ်များတွင် ပါတီဆိုင်းဘုတ်များထောင်ခြင်းနှင့် ပန်းဖလက်များ ဝေခြင်း စသော မဲဆွယ်စည်းရုံးခြင်းများလုပ်ဆောင်နိုင်ကြောင်း သိရသည်။
သို့သော် ပြည်ထောင်စုအဆင့်ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနက်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ပြည်သူ့ရှေ့ဆောင် ပါတီတို့သာ ပါတီဆိုင်းဘုတ်များ ထောင်ထားသည် ကိုတွေ့ရှိရပြီး ကျန်ပါတီအများစုမှာ လက်ရှိအချိန်အထိ ပါတီဆိုင်းဘုတ်ထောင်ခြင်းလုပ်ငန်းများကို အပြီးပြတ် မလုပ်ဆောင်နေသေးကြောင်း သိရသည်။
“ဆိုင်းဘုတ်တွေက ကျွန်တော်တို့ လုပ်ဖို့ စနေပါပြီ။ နိုဝင်ဘာလကုန်ပိုင်းလောက်ဆိုရင် ကျွန် တော်တို့စပြီး ထောင်မှာပါ။ ရန်ကုန်တိုင်းက တစ်တိုင်းလုံးထောင်မှာပါ။ အခက်အခဲမရှိပါဘူး။ ထုတ်ပြန် ထားတဲ့ဥပဒေနဲ့အညီပဲလုပ်မှာပါ။ အဲဒီတော့ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်တဲ့ကာလမှာ ဥပဒေနဲ့အညီ ဖြစ်အောင်လို့ဆိုပြီး ဆိုင်းဘုတ်တွေလုပ်နေတာဖြစ်ပါတယ်။ နိုဝင်ဘာလကုန်ပိုင်းလောက်ဆိုရင် စပြီး စိုက်တော့မှာပဲ” တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အများစုတွင် လက်ရှိဆိုင်းဘုတ်များထောင်နေဆဲ ဖြစ်ပြီး ဒီဇင်ဘာလတွင် အပြီးသတ်မည်ဖြစ်ကြောင်းလည်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်းက ဆိုသည်။
“မင်္ဂလာတောင်ညွှန့်နဲ့ တာမွေပေါ့နော်။ ပြီးရင် ဘိုကုန်းမီးပွိုင့်နားက KBZ နားမှာလည်း ထောင် ထားတယ်။ မြောက်ဒဂုံမှာလည်း ထောင်တယ်။ တောင်ဒဂုံမှာလည်းထောင်တယ်။ နောက်ရက်ကျရင် လှိုင်သာယာတို့မှာထောင်မယ်။ နည်းနည်းလေးစောနေသေးလို့ပါ။ အပြည့်ထောင်မှာပါ။ ပန်းဖလက် လည်း အကုန်လုံးဝေမှာပါ။ စောပါသေးတယ်။ နောက်ရက်တွေကျရင်လည်း ပဲခူးမှာထောင်ကြမယ်။ ဒီဇင်ဘာလမှာအပြီးလုပ်မယ်။ အခုနိုဝင်ဘာလပဲရှိသေးတယ်ဆိုတော့ အချိန်လေး နည်းနည်းလေးစောင့် လိုက်ဦးမယ်လေ”ဟု ဦးစိုင်းအိုက်ပေါင်းကပြောသည်။
အလားတူ ပါတီဆိုင်းဘုတ်များထောင်ခြင်းကို ရန်ကုန်အပါအဝင်မြို့နယ်အချို့တွင် လုပ်ဆောင် နေလျက်ရှိပြီး နိုဝင်ဘာလအကုန်တွင် အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ပါတီမှ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးက ဆိုသည်။
“ကျွန်တော်တို့ ပြည်သူ့ပါတီက တင်ထားပါပြီဗျ။ မြို့ထဲဘက်မှာဆိုရင် ပုဇွန်တောင်၊ ဒေါပုံ၊ ရန် ကင်း၊ ဗဟန်း၊ မင်္ဂလာဒုံ၊ တိုက်ကြီး၊ မှော်ဘီ အဲဒီဘက်တွေမှာတော်တော်များများတင်ထားပါပြီ။ ဒီဘက် တွေမှာလည်း ဆက်တိုက်တင်ပါမယ်။ ကျွန်တော်တို့ပြည်သူ့ပါတီဟာ ဒီလကုန်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်အားလုံးကို အပြီးတင်မှာပါ။ နိုဝင်ဘာလကုန်မှာ ကျွန်တော်တို့ ဆိုင်းဘုတ်တွေအားလုံး မြို့နယ် တိုင်းကို ရောက်ပါမယ်”ဟု ဦးလှဌေးက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်လောင်း တစ်ဦးစီ အတွက်ငွေကျပ်သိန်း (၃၀ဝ) နှင့် တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းတစ်ဦးစီအတွက် ငွေကျပ် သိန်း (၅၀ဝ) အထိလည်းကောင်း အသုံးစရိတ် တိုးမြှင့်သတ်မှတ်ပေးထားသော်လည်း ကိုယ်စားလှယ် လောင်းအများစုမှာ သတ်မှတ်ချက်ပြည့်မီအောင် မသုံးစွဲနိုင်ကြောင်း သိရသည်။
လာမည့်ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ (၅၇) ပါတီရှိ ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနှင့် တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီတို့သည် ပြည်ထောင်စုအဆင့်ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများဖြစ်သည်။

Zawgyi Version:
ျပည္ေထာင္စုအဆင့္ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီ အမ်ားစု ပါတီဆိုင္းဘုတ္အျပည့္ မေထာင္ႏိုင္ေသး
သန႔္ဇင္ (NP News)-ႏိုဝင္ဘာ ၂၄
ျပည္ေထာင္စုအဆင့္ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီအမ်ားစု မဲဆြယ္စည္း႐ုံးေရးကာလ ထက္ဝက္က်ိဳးေတာ့မည္ျဖစ္ေသာ္လည္း ပါတီဆိုင္းဘုတ္အျပည့္မေထာင္ႏိုင္ေသးေၾကာင္း ႏိုင္ငံေရး ပါတီမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
လာမည့္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ဒီဇင္ဘာ (၂၈) ရက္တြင္ စတင္က်င္းပမည္ျဖစ္သ ျဖင့္ မဲဆြယ္စည္း႐ုံးေရးကာလ ရက္ေပါင္း (၆၀) အတြင္း ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္း မ်ားအေနျဖင့္ သက္ဆိုင္ရာၿမိဳ႕နယ္မ်ားတြင္ ပါတီဆိုင္းဘုတ္မ်ားေထာင္ျခင္းႏွင့္ ပန္းဖလက္မ်ား ေဝျခင္း စေသာ မဲဆြယ္စည္း႐ုံးျခင္းမ်ားလုပ္ေဆာင္ႏိုင္ေၾကာင္း သိရသည္။
သို႔ေသာ္ ျပည္ေထာင္စုအဆင့္ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီမ်ားအနက္ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီႏွင့္ ျပည္သူ႔ေရွ႕ေဆာင္ ပါတီတို႔သာ ပါတီဆိုင္းဘုတ္မ်ား ေထာင္ထားသည္ ကိုေတြ႕ရွိရၿပီး က်န္ပါတီအမ်ားစုမွာ လက္ရွိအခ်ိန္အထိ ပါတီဆိုင္းဘုတ္ေထာင္ျခင္းလုပ္ငန္းမ်ားကို အၿပီးျပတ္ မလုပ္ေဆာင္ေနေသးေၾကာင္း သိရသည္။
“ဆိုင္းဘုတ္ေတြက ကြၽန္ေတာ္တို႔ လုပ္ဖို႔ စေနပါၿပီ။ ႏိုဝင္ဘာလကုန္ပိုင္းေလာက္ဆိုရင္ ကြၽန္ ေတာ္တို႔စၿပီး ေထာင္မွာပါ။ ရန္ကုန္တိုင္းက တစ္တိုင္းလုံးေထာင္မွာပါ။ အခက္အခဲမရွိပါဘူး။ ထုတ္ျပန္ ထားတဲ့ဥပေဒနဲ႔အညီပဲလုပ္မွာပါ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ႀကိဳတင္ျပင္ဆင္တဲ့ကာလမွာ ဥပေဒနဲ႔အညီ ျဖစ္ေအာင္လို႔ဆိုၿပီး ဆိုင္းဘုတ္ေတြလုပ္ေနတာျဖစ္ပါတယ္။ ႏိုဝင္ဘာလကုန္ပိုင္းေလာက္ဆိုရင္ စၿပီး စိုက္ေတာ့မွာပဲ” တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးပါတီမွ ရန္ကုန္တိုင္းေဒသႀကီးဥကၠ႒ ဦးခ်စ္ခိုင္က ေျပာသည္။
ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၿမိဳ႕နယ္အမ်ားစုတြင္ လက္ရွိဆိုင္းဘုတ္မ်ားေထာင္ေနဆဲ ျဖစ္ၿပီး ဒီဇင္ဘာလတြင္ အၿပီးသတ္မည္ျဖစ္ေၾကာင္းလည္း ရွမ္းႏွင့္ တိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ ပါတီ (က်ားျဖဴပါတီ) ဥကၠ႒ဦးစိုင္းအိုက္ေပါင္းက ဆိုသည္။
“မဂၤလာေတာင္ၫႊန႔္နဲ႔ တာေမြေပါ့ေနာ္။ ၿပီးရင္ ဘိုကုန္းမီးပြိဳင့္နားက KBZ နားမွာလည္း ေထာင္ ထားတယ္။ ေျမာက္ဒဂုံမွာလည္း ေထာင္တယ္။ ေတာင္ဒဂုံမွာလည္းေထာင္တယ္။ ေနာက္ရက္က်ရင္ လႈိင္သာယာတို႔မွာေထာင္မယ္။ နည္းနည္းေလးေစာေနေသးလို႔ပါ။ အျပည့္ေထာင္မွာပါ။ ပန္းဖလက္ လည္း အကုန္လုံးေဝမွာပါ။ ေစာပါေသးတယ္။ ေနာက္ရက္ေတြက်ရင္လည္း ပဲခူးမွာေထာင္ၾကမယ္။ ဒီဇင္ဘာလမွာအၿပီးလုပ္မယ္။ အခုႏိုဝင္ဘာလပဲရွိေသးတယ္ဆိုေတာ့ အခ်ိန္ေလး နည္းနည္းေလးေစာင့္ လိုက္ဦးမယ္ေလ”ဟု ဦးစိုင္းအိုက္ေပါင္းကေျပာသည္။
အလားတူ ပါတီဆိုင္းဘုတ္မ်ားေထာင္ျခင္းကို ရန္ကုန္အပါအဝင္ၿမိဳ႕နယ္အခ်ိဳ႕တြင္ လုပ္ေဆာင္ ေနလ်က္ရွိၿပီး ႏိုဝင္ဘာလအကုန္တြင္ အၿပီးသတ္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ျပည္သူ႔ပါတီမွ ရန္ကုန္တိုင္းေဒသႀကီးဥကၠ႒ ဦးလွေဌးက ဆိုသည္။
“ကြၽန္ေတာ္တို႔ ျပည္သူ႔ပါတီက တင္ထားပါၿပီဗ်။ ၿမိဳ႕ထဲဘက္မွာဆိုရင္ ပုဇြန္ေတာင္၊ ေဒါပုံ၊ ရန္ ကင္း၊ ဗဟန္း၊ မဂၤလာဒုံ၊ တိုက္ႀကီး၊ ေမွာ္ဘီ အဲဒီဘက္ေတြမွာေတာ္ေတာ္မ်ားမ်ားတင္ထားပါၿပီ။ ဒီဘက္ ေတြမွာလည္း ဆက္တိုက္တင္ပါမယ္။ ကြၽန္ေတာ္တို႔ျပည္သူ႔ပါတီဟာ ဒီလကုန္မွာ တစ္ႏိုင္ငံလုံးမွာရွိတဲ့ ၿမိဳ႕နယ္အားလုံးကို အၿပီးတင္မွာပါ။ ႏိုဝင္ဘာလကုန္မွာ ကြၽန္ေတာ္တို႔ ဆိုင္းဘုတ္ေတြအားလုံး ၿမိဳ႕နယ္ တိုင္းကို ေရာက္ပါမယ္”ဟု ဦးလွေဌးက ေျပာသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) အေနျဖင့္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ ေတာ္ႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စား လွယ္ေလာင္း တစ္ဦးစီ အတြက္ေငြက်ပ္သိန္း (၃၀ဝ) ႏွင့္ တိုင္းရင္းသားေရးရာ ကိုယ္စားလွယ္ေလာင္းတစ္ဦးစီအတြက္ ေငြက်ပ္ သိန္း (၅၀ဝ) အထိလည္းေကာင္း အသုံးစရိတ္ တိုးျမႇင့္သတ္မွတ္ေပးထားေသာ္လည္း ကိုယ္စားလွယ္ ေလာင္းအမ်ားစုမွာ သတ္မွတ္ခ်က္ျပည့္မီေအာင္ မသုံးစြဲႏိုင္ေၾကာင္း သိရသည္။
လာမည့္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီ (၅၇) ပါတီရွိ ၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ၊ ရွမ္းႏွင့္တိုင္းရင္းသားမ်ား ဒီမို ကရက္တစ္ပါတီ၊ ျပည္သူ႔ပါတီ၊ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးပါတီႏွင့္ ေတာင္သူလယ္သမား ဖြံ႕ၿဖိဳး တိုးတက္ေရးပါတီတို႔သည္ ျပည္ေထာင္စုအဆင့္ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီမ်ားျဖစ္သည္။

Related news

© 2021. All rights reserved.