သတင်းမှားများဖြင့် တိုက်ခိုက်ခံနေရသည့် အပေါ် USDP ၏ ကိုယ်စားလှယ်လောင်း ဦးသက်ပုံ က ဖေ့စ်ဘွတ်ခ် တွင် ပြန်လည် ရှင်းလင်း

 864

သုတကျော် (NP News) - နိုဝင်ဘာ ၂၄
သတင်းမှားများဖြင့် တိုက်ခိုက်ခံနေရသည့် အပေါ် USDP ၏ ကိုယ်စားလှယ်လောင်း ဦးသက်ပုံ က ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက် တွင် ပြန်လည် ရှင်းလင်းရေးသားထားသည်ကို တွေ့မြင်ရသည်။
ဦးသက်ပုံ သည် ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကာ တပ်မတော်မှ အငြိမ်းစားယူပြီးနောက် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကို ကိုယ်စားပြုကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် အရွေးချယ်ခံမည် ဖြစ်သည်။
ဦးသက်ပုံ နှင့် ပတ်သက်၍ ပြည်ပရောက် မီဒီယာများတွင် သတင်းမှား ဖော်ပြခဲ့ကြကြောင်း ပုံနှင့် တကွ ရှင်းလင်းခဲ့ခြင်း ဖြစ်ပြီး ၂၀၂၅ အထွေထွေရွေးကောက်ပွဲကြီး မဲဆွယ်ကာလမှာ ကိုယ်စားလှယ်လောင်းများ မပြောသော စကားများကို တကယ် ပြောသယောင် လုပ်ကြံ ဖန်တီးရေးသားခြင်းများ ရှိသည်ဟု ပုံနှင့် တကွ ရှင်းလင်းပြောကြားထားသည်။
ယင်း သတင်းမှားများ ထဲတွင် “မဲဆွယ်ပွဲ အတွက် ဂျက်ဖာပုံး စက်ရုံမှ ဝန်ထမ်းများကို ဆင့်ခေါ်သည် ဆိုသော သတင်း”၊ “မဲနိုင်လျှင် တစ်ရာဖိုး ကားသုံးစီး ရမည်ဟု မဲဆွယ်” သည် ဆိုသော သတင်း စသည်ဖြင့် ဦးသက်ပုံ နှင့် ပတ်သက်၍ ရေးသားဖော်ပြခဲ့သော သတင်းမှားများကို ရှင်းလင်းထားခြင်း ဖြစ်သည်။
“၂၀၂၅ အထွေထွေရွေးကောက်ပွဲကြီး မဲဆွယ်ကာလမှာ ကိုယ်စားလှယ်လောင်းများ “မပြောသော စကားများကို တကယ် ပြောသယောင် လုပ်ကြံ ဖန်တီးရေးသားနေခြင်း”၊ “ဂျင်းသတင်းလိမ်များ ဖန်တီးနေခြင်း” စသည့် “နိုင်ငံရေးအောက်လုံး” များကို အချို့သော ကျင့်ဝတ်ပျက် မီဒီယာများ တွင်တွင်ကျယ်ကျယ် ဆက်တိုက်ရေးသားလုပ်ဆောင်နေတာ တွေ့မြင်ရပါတယ်။ ထို ကျင့်ဝတ်ပျက် မီဒီယာ အစုအဖွဲ့များဟာ ကိုယ်စားလှယ်လောင်း တစ်ဦး တစ်ယောက်ချင်းဆီ Target ထား၊ Highlight လုပ်၊ သတင်းအမှားများဖြင့် “နိုင်ငံရေး အောက်လုံးထိုး” တိုက်ခိုက်နေကြတာ ဘာလို့ပါလဲ၊ ရှင်းရှင်းလေးပါ သူတို့ ကြောက်နေကြလို့ပါ” ဟု ဖော်ပြထားသည်။
ရွေးကောက်ပွဲ အောင်မြင်မည်ကို ကြောက်ကြောင်း၊ အွန်လိုင်းပေါ်တွင် ဆက်တိုက်လိမ်လည် ရေးသား၊ တိုက်ခိုက်ခံနေရသော ကိုယ်စားလှယ်လောင်းများ က မြေပြင်တွင် ပြည်သူနှင့် ထိတွေ့ပြီး အခြေအနေကောင်းမည်ကို ကြောက်ကြောင်းလည်း ရေးသားထားသည်။
“အွန်လိုင်းပေါ်က သူတို့ဆက်တိုက် လိမ်လည် ရေးသားနေတဲ့ သတင်းလိမ်တွေကို မြေပြင်က ပြည်သူတွေ မယုံကြည်ကြတော့မှာ သူတို့ ကြောက်ပါတယ်။ ရွေးကောက်ပွဲအလွန် ပြည်သူရွေးချယ် တင်မြှောက်လိုက်သော အစိုးရအသစ်၊ လွှတ်တော် အသစ်များဟာ မြန်မာပြည်ကြီး အေးချမ်း၊သာယာ၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမှာကို သူတို့အလွန်ကြောက်ပါတယ်။ ထိုအချက်များကြောင့် ကျင့်ဝတ်ပျက် အစုအဖွဲ့၊ ပုဂ္ဂိုလ်များဟာ ယခုကဲ့သို့ ယုတ်ညံ့တဲ့ အလုပ်တွေ လုပ်ဆောင်နေကြခြင်း ဖြစ်ပါတယ်” စသည်ဖြင့် ရေးသားထားသည်။

Zawgyi Version:
သတင္းမွားမ်ားျဖင့္ တိုက္ခိုက္ခံေနရသည့္ အေပၚ USDP ၏ ကိုယ္စားလွယ္ေလာင္း ဦးသက္ပုံ က ေဖ့စ္ဘြတ္ခ္ တြင္ ျပန္လည္ ရွင္းလင္း
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၄
သတင္းမွားမ်ားျဖင့္ တိုက္ခိုက္ခံေနရသည့္ အေပၚ USDP ၏ ကိုယ္စားလွယ္ေလာင္း ဦးသက္ပုံ က ၎၏ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္ တြင္ ျပန္လည္ ရွင္းလင္းေရးသားထားသည္ကို ေတြ႕ျမင္ရသည္။
ဦးသက္ပုံ သည္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး အဆင့္အထိ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္ကာ တပ္မေတာ္မွ အၿငိမ္းစားယူၿပီးေနာက္ ျပည္ေထာင္စု ႀကံ့ခိုင္ေရး ႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီ (USDP) ကို ကိုယ္စားျပဳကာ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း အျဖစ္ ဝင္ေရာက္ အေ႐ြးခ်ယ္ခံမည္ ျဖစ္သည္။
ဦးသက္ပုံ ႏွင့္ ပတ္သက္၍ ျပည္ပေရာက္ မီဒီယာမ်ားတြင္ သတင္းမွား ေဖာ္ျပခဲ့ၾကေၾကာင္း ပုံႏွင့္ တကြ ရွင္းလင္းခဲ့ျခင္း ျဖစ္ၿပီး ၂၀၂၅ အေထြေထြေ႐ြးေကာက္ပြဲႀကီး မဲဆြယ္ကာလမွာ ကိုယ္စားလွယ္ေလာင္းမ်ား မေျပာေသာ စကားမ်ားကို တကယ္ ေျပာသေယာင္ လုပ္ႀကံ ဖန္တီးေရးသားျခင္းမ်ား ရွိသည္ဟု ပုံႏွင့္ တကြ ရွင္းလင္းေျပာၾကားထားသည္။
ယင္း သတင္းမွားမ်ား ထဲတြင္ “မဲဆြယ္ပြဲ အတြက္ ဂ်က္ဖာပုံး စက္႐ုံမွ ဝန္ထမ္းမ်ားကို ဆင့္ေခၚသည္ ဆိုေသာ သတင္း”၊ “မဲႏိုင္လွ်င္ တစ္ရာဖိုး ကားသုံးစီး ရမည္ဟု မဲဆြယ္” သည္ ဆိုေသာ သတင္း စသည္ျဖင့္ ဦးသက္ပုံ ႏွင့္ ပတ္သက္၍ ေရးသားေဖာ္ျပခဲ့ေသာ သတင္းမွားမ်ားကို ရွင္းလင္းထားျခင္း ျဖစ္သည္။
“၂၀၂၅ အေထြေထြေ႐ြးေကာက္ပြဲႀကီး မဲဆြယ္ကာလမွာ ကိုယ္စားလွယ္ေလာင္းမ်ား “မေျပာေသာ စကားမ်ားကို တကယ္ ေျပာသေယာင္ လုပ္ႀကံ ဖန္တီးေရးသားေနျခင္း”၊ “ဂ်င္းသတင္းလိမ္မ်ား ဖန္တီးေနျခင္း” စသည့္ “ႏိုင္ငံေရးေအာက္လုံး” မ်ားကို အခ်ိဳ႕ေသာ က်င့္ဝတ္ပ်က္ မီဒီယာမ်ား တြင္တြင္က်ယ္က်ယ္ ဆက္တိုက္ေရးသားလုပ္ေဆာင္ေနတာ ေတြ႕ျမင္ရပါတယ္။ ထို က်င့္ဝတ္ပ်က္ မီဒီယာ အစုအဖြဲ႕မ်ားဟာ ကိုယ္စားလွယ္ေလာင္း တစ္ဦး တစ္ေယာက္ခ်င္းဆီ Target ထား၊ Highlight လုပ္၊ သတင္းအမွားမ်ားျဖင့္ “ႏိုင္ငံေရး ေအာက္လုံးထိုး” တိုက္ခိုက္ေနၾကတာ ဘာလို႔ပါလဲ၊ ရွင္းရွင္းေလးပါ သူတို႔ ေၾကာက္ေနၾကလို႔ပါ” ဟု ေဖာ္ျပထားသည္။
ေ႐ြးေကာက္ပြဲ ေအာင္ျမင္မည္ကို ေၾကာက္ေၾကာင္း၊ အြန္လိုင္းေပၚတြင္ ဆက္တိုက္လိမ္လည္ ေရးသား၊ တိုက္ခိုက္ခံေနရေသာ ကိုယ္စားလွယ္ေလာင္းမ်ား က ေျမျပင္တြင္ ျပည္သူႏွင့္ ထိေတြ႕ၿပီး အေျခအေနေကာင္းမည္ကို ေၾကာက္ေၾကာင္းလည္း ေရးသားထားသည္။
“အြန္လိုင္းေပၚက သူတို႔ဆက္တိုက္ လိမ္လည္ ေရးသားေနတဲ့ သတင္းလိမ္ေတြကို ေျမျပင္က ျပည္သူေတြ မယုံၾကည္ၾကေတာ့မွာ သူတို႔ ေၾကာက္ပါတယ္။ ေ႐ြးေကာက္ပြဲအလြန္ ျပည္သူေ႐ြးခ်ယ္ တင္ေျမႇာက္လိုက္ေသာ အစိုးရအသစ္၊ လႊတ္ေတာ္ အသစ္မ်ားဟာ ျမန္မာျပည္ႀကီး ေအးခ်မ္း၊သာယာ၊ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္သြားမွာကို သူတို႔အလြန္ေၾကာက္ပါတယ္။ ထိုအခ်က္မ်ားေၾကာင့္ က်င့္ဝတ္ပ်က္ အစုအဖြဲ႕၊ ပုဂၢိဳလ္မ်ားဟာ ယခုကဲ့သို႔ ယုတ္ညံ့တဲ့ အလုပ္ေတြ လုပ္ေဆာင္ေနၾကျခင္း ျဖစ္ပါတယ္” စသည္ျဖင့္ ေရးသားထားသည္။

Related news

© 2021. All rights reserved.