နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဘရာဇီးသမ္မတဟောင်းဂျိုင်ယာဘိုဆိုနာရိုကို ရဲတပ်ဖွဲ့ဖမ်းဆီးထိန်းသိမ်း

174

Pika (NP News)-နိုဝင်ဘာ ၂၄
ဘရာဇီးနိုင်ငံမြို့တော် Brasiliaမှာ နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ ဘရာဇီးသမ္မတဟောင်း ဂျိုင်ယာဘိုဆိုနာရိုကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ၎င်းရဲ့ရှေ့နေက အတည်ပြုပြောကြားခဲ့ပါတယ်။ဂျိုင်ယာဘိုဆိုနာရိုဟာ (၂၀၂၂)ခုနှစ် သမ္မတရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ဖို့ ကြိုးပမ်းမှုနဲ့ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပြီးနောက် ဘရာဇီးတရားရုံးချုပ်က ၎င်းကိုပြီးခဲ့တဲ့စက်တင်ဘာလမှာ ထောင်ဒဏ်(၂၇)နှစ် ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။အသက်(၇၀)နှစ်ရှိပြီဖြစ်တဲ့ ဂျိုင်ယာဘိုဆိုနာရိုက ဘာအမှားမှမလုပ်ခဲ့ကြောင်း ငြင်းဆိုခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ဩဂုတ်လအစောပိုင်းတည်းက နေအိမ်အကျယ်ချုပ်ချခံခဲ့ရပြီး စီရင်ချက်ကို အယူခံဝင်လျက်ရှိတယ်လို့လည်း သိရပါတယ်။ဂျိုင်ယာဘိုဆိုနာရိုကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းရတဲ့ အကြောင်းအရင်းတွေကို ၎င်းရဲ့ရှေ့နေဖြစ်သူ Celso Vilardiက ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။ဂျိုင်ယာဘိုဆိုနာရိုကို ဖမ်းဆီးထိန်းသိမ်းမှုဟာ ၎င်းကိုထောက်ခံသူတွေက ၎င်းရဲ့နေအိမ်အနီးမှာ ဆုတောင်းပွဲတစ်ခု မကျင်းပခင် ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။တက်ကြွလှုပ်ရှားသူတွေက ဂျိုင်ယာဘိုဆိုနာရိုရဲ့ နေအိမ်အကျယ်ချုပ်ကို စောင့်ကြည့်နေတဲ့ ရဲတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အန္တရာယ်တွေကိုကိုးကားပြီး ဘရာဇီးတရားရုံးချုပ်တရားသူကြီး Alexandre de Moraesက ၎င်းကိုဖမ်းဆီးထိန်းသိမ်းဖို့ အမိန့်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ေနအိမ္အက်ယ္ခ်ဳပ္က်ေနတဲ့ ဘရာဇီးသမၼတေဟာင္းဂ်ိဳင္ယာဘိုဆိုနာ႐ိုကို ရဲတပ္ဖြဲ႕ဖမ္းဆီးထိန္းသိမ္း
Pika (NP News)-ႏိုဝင္ဘာ ၂၄
ဘရာဇီးႏိုင္ငံၿမိဳ႕ေတာ္ Brasiliaမွာ ေနအိမ္အက်ယ္ခ်ဳပ္ခ်ခံထားရတဲ့ ဘရာဇီးသမၼတေဟာင္း ဂ်ိဳင္ယာဘိုဆိုနာ႐ိုကို ရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းခဲ့တယ္လို႔ ၎ရဲ႕ေရွ႕ေနက အတည္ျပဳေျပာၾကားခဲ့ပါတယ္။ဂ်ိဳင္ယာဘိုဆိုနာ႐ိုဟာ (၂၀၂၂)ခုႏွစ္ သမၼတေ႐ြးေကာက္ပြဲရလဒ္ေတြကို ပယ္ဖ်က္ဖို႔ ႀကိဳးပမ္းမႈနဲ႔ အျပစ္ရွိေၾကာင္းေတြ႕ရွိခဲ့ၿပီးေနာက္ ဘရာဇီးတရား႐ုံးခ်ဳပ္က ၎ကိုၿပီးခဲ့တဲ့စက္တင္ဘာလမွာ ေထာင္ဒဏ္(၂၇)ႏွစ္ ခ်မွတ္ခဲ့တယ္လို႔လည္း သိရပါတယ္။အသက္(၇၀)ႏွစ္ရွိၿပီျဖစ္တဲ့ ဂ်ိဳင္ယာဘိုဆိုနာ႐ိုက ဘာအမွားမွမလုပ္ခဲ့ေၾကာင္း ျငင္းဆိုခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ဩဂုတ္လအေစာပိုင္းတည္းက ေနအိမ္အက်ယ္ခ်ဳပ္ခ်ခံခဲ့ရၿပီး စီရင္ခ်က္ကို အယူခံဝင္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။ဂ်ိဳင္ယာဘိုဆိုနာ႐ိုကို ရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းရတဲ့ အေၾကာင္းအရင္းေတြကို ၎ရဲ႕ေရွ႕ေနျဖစ္သူ Celso Vilardiက ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ဂ်ိဳင္ယာဘိုဆိုနာ႐ိုကို ဖမ္းဆီးထိန္းသိမ္းမႈဟာ ၎ကိုေထာက္ခံသူေတြက ၎ရဲ႕ေနအိမ္အနီးမွာ ဆုေတာင္းပြဲတစ္ခု မက်င္းပခင္ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။တက္ႂကြလႈပ္ရွားသူေတြက ဂ်ိဳင္ယာဘိုဆိုနာ႐ိုရဲ႕ ေနအိမ္အက်ယ္ခ်ဳပ္ကို ေစာင့္ၾကည့္ေနတဲ့ ရဲေတြကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္တဲ့ အႏၲရာယ္ေတြကိုကိုးကားၿပီး ဘရာဇီးတရား႐ုံးခ်ဳပ္တရားသူႀကီး Alexandre de Moraesက ၎ကိုဖမ္းဆီးထိန္းသိမ္းဖို႔ အမိန႔္ေပးခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။