မြေရှားသတ္တုသန့်စင်စက်ရုံတစ်ခုတည်ဆောက်ရန် အမေရိကန်နှင့်ဆော်ဒီတို့ လက်မှတ်ရေးထိုး

 86

Pika (NP News) - နိုဝင်ဘာ ၂၄

ဆော်ဒီအာရေးဗျနိုင်ငံတွင် မြေရှားသတ္တုသန့်စင်စက်ရုံတစ်ခုတည်ဆောက်ရန်အတွက် ရှားပါးသတ္တုကုမ္ပဏီ MP Materials သည် အမေရိကန်စစ်တပ်၊ ဆော်ဒီအာရေးဗျ၏ အဓိက သတ္တုတွင်းကုမ္ပဏီတို့နှင့် ပူးပေါင်းမှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ အဆိုပါလှုပ်ရှားမှုသည် ကမ္ဘာလုံးဆိုင်ရာအရေးပါသော သတ္တုထောက်ပံ့ရေး ကွင်းဆက်ကို ကွဲပြားမှုများရှိစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ဆော်ဒီအာရေးဗျသတ္တုတူးဖော်ရေးကုမ္ပဏီ(Maaden) နှင့် အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်တို့သည် အမေရိ ကန်နှင့်ဆော်ဒီအာရေးဗျတို့၏ ထုတ်လုပ်ရေးနှင့်ကာကွယ်ရေးကဏ္ဍများကိုထောက်ပံ့ရန်အတွက် ဆော်ဒီအာရေးဗျနှင့် ကမ္ဘာတစ်ဝန်းရှိ အခြားဒေသများမှ ရှားပါးမြေထွက်သတ္တုပစ္စည်းများကို စီမံဆောင်ရွက်ရန် ပူးတွဲလုပ်ငန်းတစ်ခုကို ဖန်တီးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။ ဆော်ဒီအာရေးဗျ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆော်လ်မန်သည် အ မေရိကန်နိုင်ငံကိုသွားရောက်လည်ပတ်စဉ်အချိန်အတွင်း အရေးပါသော သတ္တုတွင်းထောက်ပံ့ရေးကွင်း ဆက်များကို ကွဲပြားစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းလာစေရန် အရေးကြီးသောသတ္တု မူဘောင်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။
MP Materials ကုမ္ပဏီက ‘ဆော်ဒီအာ ရေးဗျမှာ ရှားပါးသတ္တုသန့်စင်စက်ရုံတစ်ခုတည် ဆောက်ဖို့ ပူးတွဲလုပ်ငန်း တစ်ခုဖွဲ့စည်းတာဟာ ကမ္ဘာလုံးဆိုင်ရာ ရှားပါးသတ္တုထောက်ပံ့ရေးကွင်းဆက်ကို ပြန်လည်ဟန်ချက်ညီစေဖို့ အဓိကခြေ လှမ်းတစ်ခုဖြစ်ပြီး အမေရိကန်စီးပွားရေး၊ အမျိုးသားလုံခြုံရေးစီးပွား ရေးတွေနဲ့ကိုက်ညီပါတယ်’ဟုပြောဆိုခဲ့သည်။ အဆို ပါပူးတွဲလုပ်ငန်းသည် ရှားပါးသတ္တုပစ္စည်းများအတွက် တည်ငြိမ်ပြီး လုံခြုံသော ထောက်ပံ့ရေးကွင်းဆက်ကို မြှင့်တင်ရန် အတွက် ဆော်ဒီအာရေးဗျ၏ ယှဉ်ပြိုင်နိုင် သောစွမ်းအင်အခြေခံ၊ ကမ္ဘာ့အဆင့်မီ အခြေခံအ ဆောက်အအုံ၊ မဟာဗျူဟာ မြောက်တည်နေရာနှင့် အသုံးမချရသေးသော ရှားပါးသတ္တုအရင်းအမြစ်များကို အသုံးချသွားမည်ဖြစ်ကြောင်း MP Mat­erials ကုမ္ပဏီက ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version:
ေျမရွားသတၱဳသန႔္စင္စက္႐ုံတစ္ခုတည္ေဆာက္ရန္ အေမရိကန္ႏွင့္ေဆာ္ဒီတို႔ လက္မွတ္ေရးထိုး
Pika (NP News) - ႏိုဝင္ဘာ ၂၄

ေဆာ္ဒီအာေရးဗ်ႏိုင္ငံတြင္ ေျမရွားသတၱဳသန႔္စင္စက္႐ုံတစ္ခုတည္ေဆာက္ရန္အတြက္ ရွားပါးသတၱဳကုမၸဏီ MP Materials သည္ အေမရိကန္စစ္တပ္၊ ေဆာ္ဒီအာေရးဗ်၏ အဓိက သတၱဳတြင္းကုမၸဏီတို႔ႏွင့္ ပူးေပါင္းမႈမ်ား ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။ အဆိုပါလႈပ္ရွားမႈသည္ ကမာၻလုံးဆိုင္ရာအေရးပါေသာ သတၱဳေထာက္ပံ့ေရး ကြင္းဆက္ကို ကြဲျပားမႈမ်ားရွိေစရန္ ရည္႐ြယ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
ေဆာ္ဒီအာေရးဗ်သတၱဳတူးေဖာ္ေရးကုမၸဏီ(Maaden) ႏွင့္ အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္တို႔သည္ အေမရိ ကန္ႏွင့္ေဆာ္ဒီအာေရးဗ်တို႔၏ ထုတ္လုပ္ေရးႏွင့္ကာကြယ္ေရးက႑မ်ားကိုေထာက္ပံ့ရန္အတြက္ ေဆာ္ဒီအာေရးဗ်ႏွင့္ ကမာၻတစ္ဝန္းရွိ အျခားေဒသမ်ားမွ ရွားပါးေျမထြက္သတၱဳပစၥည္းမ်ားကို စီမံေဆာင္႐ြက္ရန္ ပူးတြဲလုပ္ငန္းတစ္ခုကို ဖန္တီးသြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။ ေဆာ္ဒီအာေရးဗ် အိမ္ေရွ႕မင္းသား မိုဟာမက္ဘင္ေဆာ္လ္မန္သည္ အ ေမရိကန္ႏိုင္ငံကိုသြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း အေရးပါေသာ သတၱဳတြင္းေထာက္ပံ့ေရးကြင္း ဆက္မ်ားကို ကြဲျပားေစရန္ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုနက္ရႈိင္းလာေစရန္ အေရးႀကီးေသာသတၱဳ မူေဘာင္တစ္ခုကို လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္းသိရသည္။
MP Materials ကုမၸဏီက ‘ေဆာ္ဒီအာ ေရးဗ်မွာ ရွားပါးသတၱဳသန႔္စင္စက္႐ုံတစ္ခုတည္ ေဆာက္ဖို႔ ပူးတြဲလုပ္ငန္း တစ္ခုဖြဲ႕စည္းတာဟာ ကမာၻလုံးဆိုင္ရာ ရွားပါးသတၱဳေထာက္ပံ့ေရးကြင္းဆက္ကို ျပန္လည္ဟန္ခ်က္ညီေစဖို႔ အဓိကေျခ လွမ္းတစ္ခုျဖစ္ၿပီး အေမရိကန္စီးပြားေရး၊ အမ်ိဳးသားလုံၿခဳံေရးစီးပြား ေရးေတြနဲ႔ကိုက္ညီပါတယ္’ဟုေျပာဆိုခဲ့သည္။ အဆို ပါပူးတြဲလုပ္ငန္းသည္ ရွားပါးသတၱဳပစၥည္းမ်ားအတြက္ တည္ၿငိမ္ၿပီး လုံၿခဳံေသာ ေထာက္ပံ့ေရးကြင္းဆက္ကို ျမႇင့္တင္ရန္ အတြက္ ေဆာ္ဒီအာေရးဗ်၏ ယွဥ္ၿပိဳင္ႏိုင္ ေသာစြမ္းအင္အေျခခံ၊ ကမာၻ႔အဆင့္မီ အေျခခံအ ေဆာက္အအုံ၊ မဟာဗ်ဴဟာ ေျမာက္တည္ေနရာႏွင့္ အသုံးမခ်ရေသးေသာ ရွားပါးသတၱဳအရင္းအျမစ္မ်ားကို အသုံးခ်သြားမည္ျဖစ္ေၾကာင္း MP Mat­erials ကုမၸဏီက ထုတ္ျပန္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.