အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ထက် ပိုကြီးသည့် အိန္ဒိယနိုင်ငံမှ Surat Diamond Bourse စိန်ရောင်း ဝယ်ရေးစင်တာ

406

Pika (NP News) - နိုဝင်ဘာ ၂၆
အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင်ရှိသည့် Surat Diamond Bourse စိန်ရောင်းဝယ်ရေးစင် တာသည် တစ်ခုနှင့်တစ်ခုချိတ်ဆက်ထားသည့် ထောင့် မှန်စတုဂံပုံစံအဆောက်အအုံ(၉)ခုဖြင့် ဖွဲ့စည်း ထားသော ကြီးမားသည့်အဆောက်အအုံတစ်ခုဖြစ်သည်။ နှစ်ပေါင်း(၈၀)လောက်အထိ အမေရိကန် စစ် ဌာနချုပ် ပင်တဂွန်သည် ကမ္ဘာ့အကြီးဆုံးအဆောက်အအုံအဖြစ် ရပ်တည်ခဲ့သော်လည်း မကြာသေးမီက ဖွင့်လှစ်ခဲ့သော Surat Diamond Bourse စိန်ရောင်းဝယ်ရေးစင်တာသည် ပင်တဂွန်စစ်ဌာနချုပ်၏ စုစု ပေါင်း ဧရိယာအကျယ်အဝန်း (၆၆၇၃၆၂၄) စတုရန်းပေကို ကျော်တက်သွားကာ ကမ္ဘာ့အကြီးဆုံး အ ဆောက်အအုံဖြစ်လာခဲ့ကြောင်းသိရသည်။ Surat Diamond Bourse စိန်ရောင်းဝယ်ရေးစင်တာ၏ စုစု ပေါင်းဧရိယာအကျယ်အဝန်းမှာ ပင်တဂွန်စစ်ဌာန ချုပ်၏ စုစုပေါင်းဧရိယာအကျယ်အဝန်းထက် (၅၅၀ ဝဝ) စတုရန်းပေ ပိုများကြောင်းသိရသည်။ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ဆူရတ်မြို့ ဆင်ခြေဖုံး ရပ် ကွက်ရှိ မြေဧကပေါင်း(၃၅)ဧကကျော်တွင် တည် ဆောက်ထားသည့် အထပ်ပေါင်း(၁၅)ထပ်ပါသော အဆောက်အအုံများတွင် ရုံးခန်းနေရာနှင့် အလုပ်ရုံပေါင်း(၄၇၀ဝ) ကျော်ပါရှိပြီး အဆောက်အအုံ (၉)ခု အကြားသွားလာရလွယ်ကူစေသည့် ဓာတ်လှေကား ကြီး(၁၃၁)ခုလည်း ပါရှိကြောင်းသိရသည်။
အိန္ဒိယဗိသုကာကုမ္ပဏီ Morphogenesis ၏ ပူးတွဲတည်ထောင်သူ Sonali Rastogi က “အထင် ကရဖြစ်စေမယ့် တစ်ခုခုကို ဖန်တီးဖို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအ ဆောက်အအုံဟာ ဗိသုကာ ပညာတစ်ခုဆိုတာထက် ပတ်ဝန်းကျင်နဲ့ ရေရှည်တည်တံ့တဲ့ ဒီဇိုင်းအပေါ်ကို အခြေခံထားပါတယ်” ဟု ပြောဆိုခဲ့သည်။ ကြီးမားသည့်ဖွဲ့စည်းပုံများနှင့်အတူ Surat Diamond Bourse စိန်ရောင်းဝယ်ရေး စင် တာသည် နိုင်ငံတကာစိန်နှင့် လက်ဝတ်ရတနာကုန်သွယ်မှုများအတွက် ကမ္ဘာ့အကြီးဆုံးနှင့် အဆင့် အမြင့်ဆုံးအချက်အချာ နေရာတစ်ခုဖြစ်လာမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္ထက္ ပိုႀကီးသည့္ အိႏၵိယႏိုင္ငံမွ Surat Diamond Bourse စိန္ေရာင္း ဝယ္ေရးစင္တာ
Pika (NP News) - ႏိုဝင္ဘာ ၂၆
အိႏၵိယႏိုင္ငံ ဂူဂ်ာရတ္ျပည္နယ္တြင္ရွိသည့္ Surat Diamond Bourse စိန္ေရာင္းဝယ္ေရးစင္ တာသည္ တစ္ခုႏွင့္တစ္ခုခ်ိတ္ဆက္ထားသည့္ ေထာင့္ မွန္စတုဂံပုံစံအေဆာက္အအုံ(၉)ခုျဖင့္ ဖြဲ႕စည္း ထားေသာ ႀကီးမားသည့္အေဆာက္အအုံတစ္ခုျဖစ္သည္။ ႏွစ္ေပါင္း(၈၀)ေလာက္အထိ အေမရိကန္ စစ္ ဌာနခ်ဳပ္ ပင္တဂြန္သည္ ကမာၻ႔အႀကီးဆုံးအေဆာက္အအုံအျဖစ္ ရပ္တည္ခဲ့ေသာ္လည္း မၾကာေသးမီက ဖြင့္လွစ္ခဲ့ေသာ Surat Diamond Bourse စိန္ေရာင္းဝယ္ေရးစင္တာသည္ ပင္တဂြန္စစ္ဌာနခ်ဳပ္၏ စုစု ေပါင္း ဧရိယာအက်ယ္အဝန္း (၆၆၇၃၆၂၄) စတုရန္းေပကို ေက်ာ္တက္သြားကာ ကမာၻ႔အႀကီးဆုံး အ ေဆာက္အအုံျဖစ္လာခဲ့ေၾကာင္းသိရသည္။ Surat Diamond Bourse စိန္ေရာင္းဝယ္ေရးစင္တာ၏ စုစု ေပါင္းဧရိယာအက်ယ္အဝန္းမွာ ပင္တဂြန္စစ္ဌာန ခ်ဳပ္၏ စုစုေပါင္းဧရိယာအက်ယ္အဝန္းထက္ (၅၅၀ ဝဝ) စတုရန္းေပ ပိုမ်ားေၾကာင္းသိရသည္။ အိႏၵိယႏိုင္ငံ ဂူဂ်ာရတ္ျပည္နယ္ ဆူရတ္ၿမိဳ႕ ဆင္ေျခဖုံး ရပ္ ကြက္ရွိ ေျမဧကေပါင္း(၃၅)ဧကေက်ာ္တြင္ တည္ ေဆာက္ထားသည့္ အထပ္ေပါင္း(၁၅)ထပ္ပါေသာ အေဆာက္အအုံမ်ားတြင္ ႐ုံးခန္းေနရာႏွင့္ အလုပ္႐ုံေပါင္း(၄၇၀ဝ) ေက်ာ္ပါရွိၿပီး အေဆာက္အအုံ (၉)ခု အၾကားသြားလာရလြယ္ကူေစသည့္ ဓာတ္ေလွကား ႀကီး(၁၃၁)ခုလည္း ပါရွိေၾကာင္းသိရသည္။
အိႏၵိယဗိသုကာကုမၸဏီ Morphogenesis ၏ ပူးတြဲတည္ေထာင္သူ Sonali Rastogi က “အထင္ ကရျဖစ္ေစမယ့္ တစ္ခုခုကို ဖန္တီးဖို႔ ကြၽန္ေတာ္တို႔ဆုံးျဖတ္ခဲ့ပါတယ္။ ဒီအ ေဆာက္အအုံဟာ ဗိသုကာ ပညာတစ္ခုဆိုတာထက္ ပတ္ဝန္းက်င္နဲ႔ ေရရွည္တည္တံ့တဲ့ ဒီဇိုင္းအေပၚကို အေျခခံထားပါတယ္” ဟု ေျပာဆိုခဲ့သည္။ ႀကီးမားသည့္ဖြဲ႕စည္းပုံမ်ားႏွင့္အတူ Surat Diamond Bourse စိန္ေရာင္းဝယ္ေရး စင္ တာသည္ ႏိုင္ငံတကာစိန္ႏွင့္ လက္ဝတ္ရတနာကုန္သြယ္မႈမ်ားအတြက္ ကမာၻ႔အႀကီးဆုံးႏွင့္ အဆင့္ အျမင့္ဆုံးအခ်က္အခ်ာ ေနရာတစ္ခုျဖစ္လာမည္ျဖစ္ေၾကာင္းလည္း သိရသည္။