ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံရသူများနှင့် အကျဉ်းကျခံနေရသူများကို ပယ်ဖျက်ပေးခြင်း၊ လွတ်ငြိမ်းချမ်းသာပေးခြင်းများ ပြုလုပ်မည်

423

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၆
ရွေးကောက်ပွဲမဲပေးနိုင်ရေအတွက် ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံရသူများနှင့် အကျဉ်းကျခံနေရသူများကို ပယ်ဖျက်ပေးခြင်း လွတ်ငြိမ်းချမ်းသာပေးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(နိုဝင်ဘာ ၂၆) ရက် ည ၇ နာရီ ၁၅ မိနစ်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ထုတ်ပြန်မည့်အခြေအနေနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောကြားရာတွင် “ဒီနေ့မှာတော့ ကျွန်တော်တို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအနေနဲ့ မကြာမီမှာကျင်းပတော့မဲ့ ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်ပြည်သူအားလုံး လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင် ရေးအတွက် ရာဇသက်ကြီးပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခံထားတဲ့လူတွေ။ အဲဒီ ၅၀၅ (က) နဲ့ တရားစွဲဆိုခံရပြီး ထွက်ပြေးတိမ်းရှောင် နေတဲ့အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မှ ၅၁၂ နဲ့ တရားစွဲဆိုခံထားတဲ့လူတွေကို ကြားနာနေဆဲအမှုများကိုပိတ်သိမ်းပြီး တရားခံများကို အမှုမှ လွတ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ နဲ့အညီ ထုတ်ပြန်သွားဖို့ရှိပါတယ်။ ဒီနေ့ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြစ်ပါတယ်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်မှာလည်း ရာဇသက်ကြီးပုဒ်မ ၅၀၅ ( က) အရ ပြစ်မှုထင်ရှားခံရပြီး အကျဉ်ထောင်၊ အချုပ်ထောင်၊ အကျည်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို ခံဝန်နဲ့ ပြစ်ဒဏ်များအပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးမှာဖြစ်ပါတယ်။ ဒါကို ဒီနေ့မှာပဲ မကြာမီထုတ်ပြန်ဖို့ရှိမှာ ဖြစ်ကြောင်း သတင်းပေးလိုပါတယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

Zawgyi Version:
ပုဒ္မ ၅၀၅-က ျဖင့္ တရားစြဲဆိုခံရသူမ်ားႏွင့္ အက်ဥ္းက်ခံေနရသူမ်ားကို ပယ္ဖ်က္ေပးျခင္း၊ လြတ္ၿငိမ္းခ်မ္းသာေပးျခင္းမ်ား ျပဳလုပ္မည္
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၆
ေ႐ြးေကာက္ပြဲမဲေပးႏိုင္ေရအတြက္ ပုဒ္မ ၅၀၅(က)ျဖင့္ တရားစြဲဆိုခံရသူမ်ားႏွင့္ အက်ဥ္းက်ခံေနရသူမ်ားကို ပယ္ဖ်က္ေပးျခင္း လြတ္ၿငိမ္းခ်မ္းသာေပးျခင္းမ်ား ျပဳလုပ္မည္ျဖစ္ေၾကာင္း သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔(ႏိုဝင္ဘာ ၂၆) ရက္ ည ၇ နာရီ ၁၅ မိနစ္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။
ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္အမိန႔္ထုတ္ျပန္မည့္အေျခအေနႏွင့္ပတ္သက္၍ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းမွ ေျပာၾကားရာတြင္ “ဒီေန႔မွာေတာ့ ကြၽန္ေတာ္တို႔ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီအေနနဲ႔ မၾကာမီမွာက်င္းပေတာ့မဲ့ ပါတီစုံဒီမို ကေရစီအေထြေထြ ေ႐ြးေကာက္ပြဲမွာ ဆႏၵမဲေပးပိုင္ခြင့္ရွိတဲ့ မဲဆႏၵရွင္ျပည္သူအားလုံး လြတ္လပ္မွ်တစြာ ဆႏၵမဲေပးႏိုင္ ေရးအတြက္ ရာဇသက္ႀကီးပုဒ္မ ၅၀၅ (က)နဲ႔ တရားစြဲဆိုခံထားတဲ့လူေတြ။ အဲဒီ ၅၀၅ (က) နဲ႔ တရားစြဲဆိုခံရၿပီး ထြက္ေျပးတိမ္းေရွာင္ ေနတဲ့အတြက္ ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မွ ၅၁၂ နဲ႔ တရားစြဲဆိုခံထားတဲ့လူေတြကို ၾကားနာေနဆဲအမႈမ်ားကိုပိတ္သိမ္းၿပီး တရားခံမ်ားကို အမႈမွ လြတ္ဖို႔အတြက္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၂၇ နဲ႔အညီ ထုတ္ျပန္သြားဖို႔ရွိပါတယ္။ ဒီေန႔ထုတ္ျပန္သြားမွာျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္အမိန႔္ျဖစ္ပါတယ္။ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္အမိန႔္မွာလည္း ရာဇသက္ႀကီးပုဒ္မ ၅၀၅ ( က) အရ ျပစ္မႈထင္ရွားခံရၿပီး အက်ဥ္ေထာင္၊ အခ်ဳပ္ေထာင္၊ အက်ည္းစခန္းအသီးသီးမွာ ျပစ္ဒဏ္က်ခံေနရတဲ့ အက်ဥ္းသား၊ အက်ဥ္းသူေတြကို ခံဝန္နဲ႔ ျပစ္ဒဏ္မ်ားအေပၚေလွ်ာ့ေပါ့ၿပီး ျပစ္ဒဏ္မွ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳေပးမွာျဖစ္ပါတယ္။ ဒါကို ဒီေန႔မွာပဲ မၾကာမီထုတ္ျပန္ဖို႔ရွိမွာ ျဖစ္ေၾကာင္း သတင္းေပးလိုပါတယ္” ဟု ေျပာၾကားခဲ့ျခင္းျဖစ္သည္။