ပဋိပက္ခဖြစ်ပွားမှုများကြောင့် မြန်မာနိုင်ငံရှိ ဆင်အကောင်ရေပမာဏ ကျဆင်းလာနိုင်ဟုဆို

140

သက်ပိုင်(NP News) - နိုဝင်ဘာလ ၂၆
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသောပဋိပက္ခများကြောင့် နိုင်ငံအတွင်းရှိ ဆင်ကောင်ရေ ပမာဏ ကျဆင်းလာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူများက NP News သို့ သုံးသပ်ပြောဆိုကြသည်။
လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ ကြောင့် ယခင်ကဆောင်ရွက်နေသည့် ထိန်းသိမ်းရေး လုပ်ငန်းများကို မလုပ်ဆောင်နိုင်တော့ခြင်း၊ နယ်မြေ မငြိမ်သက်မှုကို အခွင့်ကောင်းယူကာ အမဲလိုက်မှုများ ရှိနေနိုင်ခြင်းနှင့် ပဋိပက္ခများကြောင့် ဆင်များ၏ စား ကျက်မြေများ လျော့ပါးလာနိုင်ခြင်းတို့ကြောင့် မြန် မာနိုင်ငံရှိ ဆင်အကောင်ရေမှာ ပမာဏများစွာ ကျ ဆင်းလာနိုင်ကြောင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ကိုင်နေသူတစ်ဦးက ထောက်ပြ ပြောဆိုသည်။
" ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံမှာ ဆင် အကောင်ရေ နှစ်ထောင်လောက်ပဲ ကျန်တော့တဲ့အတွက် ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ဖို့အတွက် အရင် ကတည်းက အသိပညာပေးတာတွေ ဆက်တိုက် လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ (၂၀၂၁) နောက်ပိုင်းကစပြီး ဒီအထဲက နေရာတော်တော်များများကို ဘာထိန်းသိမ်း ရေးမှ မလုပ်နိုင်တော့ဘူး။ တချို့နေရာတွေဆိုရင် လည်း ပဋိပက္ခဖြစ်တဲ့နေရာတွေ ဖြစ်ကုန်တယ်။ ဒီ တော့ သေချာတာတစ်ခုကတော့ ထိန်းသိမ်းရေးလုပ် နေတဲ့အချိန်မှာတောင် ဆင်မုဆိုးတွေရှိနေရင် အခု ကာလမှာ ပိုဆိုးလာဖို့ပဲရှိတယ်။ နောက်ပြီး ဒီပဋိပက္ခ တွေကြောင့် ဆင်တွေရဲ့ စားကျက်မြေတွေဟာလည်း ပိုလျော့လာဖို့ပဲရှိတယ်။ ဒါတွေကို အမြန်ဆုံးပြန်ပြီး ထိန်းသိမ်းဖို့လိုနေပါပြီ" ဟု တောရိုင်းတိရစ္ဆာန် ထိန်း သိမ်းစောင့်ရှောက်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ယခင်က ဆင်ကို အစွယ်ရယူလိုမှုဖြင့် သတ်ဖြတ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဆင် အရေခွံကိုပါ မှောင်ခိုဈေးကွက်အတွင်း ရောင်း ဝယ်မှုများရှိလာသည့်အတွက် ဆင်အရေခွံရယူလို မှုဖြင့်ပါ အမဲလိုက်သတ်ဖြတ်မှုများ ရှိလာနေကြောင်း၊ (၁၉၄၁) ခုနှစ်က မြန်မာနိုင်ငံတွင်တောဆင်ရိုင်း အ ကောင်ရေ တစ်သောင်းကျော်အထိရှိခဲ့သော်လည်း (၂၀၁၈)ခုနှစ်တွင်ကောက်ယူထားသော စစ်တမ်း များ အရ အကောင်ရေ (၂၀ဝဝ) ခန့် သာရှိတော့ကြောင်းနှင့် စစ်တမ်းများအရနှစ်ပတ်လျှင် ဆင်တစ်ကောင်နှုန်းဖြင့် အသတ်ခံနေရကြောင်း ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ကိုင်နေသူများက ဆိုသည်။
မြန်မာနိုင်ငံတွင် ဆင်တစ်ကောင်၏ ပျမ်းမျှ သက်တမ်းနှစ်ပေါင်း(၆၀)ခန့်ရှိပြီး ကိုယ်ဝန်ဆောင် မည်ဆိုပါက (၂၂)လ အချိန်ကြာမြင့်ကြောင်းနှင့် ဆင် မတစ်ကောင်သည် သက်တမ်းတစ်လျှောက်လုံးတွင် အများဆုံး (၆)ကြိမ်အထိသာ ကိုယ်ဝန်ဆောင်နိုင်ကာ ဆင်တစ်ကောင်သည် တစ်နေ့လျှင်အနည်းဆုံး ဘော လုံးကွင်း (၉)ကွင်းစာခန့်အထိ လှည့်လည်သွားလာ တတ်ကြကြောင်း ဝါရင့်တိရစ္ဆာန်ဆရာဝန်တစ်ဦးကဆိုသည်။
" ဆင်တွေအတွက် စားကျက်မြေတွေအများကြီးလိုအပ်တယ်။ သူတို့လေးတွေက အင်မတန် မှသိတတ်တဲ့မျိုးစိတ်တွေ၊ သူတို့ရဲ့စားကျက်မြေကို လည်း ချဲ့တတ်ကြတယ်။ အဲဒီလိုချဲ့တဲ့အချိန်မှာ လူ တွေနဲ့တွေ့ရင် ဆင်နဲ့လူ ပဋိပက္ခဖြစ်ကြတော့တာပဲ။ ဆင်တစ်ကောင်ဖြစ်လာဖို့အတွက် အနည်းဆုံးအ ရွယ်ရောက်တဲ့ဆင်မဖြစ်လာဖို့အချိန်နဲ့ ကိုယ်ဝန် ဆောင်ချိန်ပေါင်းလိုက်ရင် နှစ်ဆယ်နဲ့ချီပြီးကြာတယ်။ ဒါပေမဲ့ လူတွေကြောင့် သူတို့လေးတွေဟာ တဖြည်း ဖြည်း နည်းပါးနေကြရပြီ" ဟု အဆိုပါ တိရစ္ဆာန် ဆရာဝန်က ထောက်ပြပြောဆိုသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး ဆင်ဘေး တောအဖြစ် ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် ဂွမြို့ နယ်တို့အတွင်းတွင် (၄၃၃၈၄၃ ဒသမ ၂) ဧက (၆၇၇ ဒသမ ၈၈ စတုရန်းမိုင်) ကျယ်ဝန်းသည့် ရခိုင် ရိုးမ ဆင်ဘေးမဲ့တောကို (၂၀ဝ၂) ခုနှစ် ဖေဖော်ဝါရီ (၅) ရက်က စတင်အတည်ပြု ပြဋ္ဌာန်းခဲ့သော်လည်း လက်ရှိတွင် ပဋိပက္ခများကြောင့် ထိန်းသိမ်းစောင့် ရှောက်သူ ကင်းမဲ့လျက်ရှိနေကြောင်း သိရသည်။

Zawgyi Version:
ပဋိပကၡျဖစ္ပြားမႈမ်ားေၾကာင့္ ျမန္မာႏိုင္ငံရွိ ဆင္အေကာင္ေရပမာဏ က်ဆင္းလာႏိုင္ဟုဆို
သက္ပိုင္(NP News) - ႏိုဝင္ဘာလ ၂၆
ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ပြားေနေသာပဋိပကၡမ်ားေၾကာင့္ ႏိုင္ငံအတြင္းရွိ ဆင္ေကာင္ေရ ပမာဏ က်ဆင္းလာႏိုင္ေၾကာင္း သဘာဝပတ္ဝန္းက်င္အေရးတက္ႂကြလႈပ္ရွားသူမ်ားက NP News သို႔ သုံးသပ္ေျပာဆိုၾကသည္။
လက္ရွိျဖစ္ပြားေနေသာ ပဋိပကၡမ်ား ေၾကာင့္ ယခင္ကေဆာင္႐ြက္ေနသည့္ ထိန္းသိမ္းေရး လုပ္ငန္းမ်ားကို မလုပ္ေဆာင္ႏိုင္ေတာ့ျခင္း၊ နယ္ေျမ မၿငိမ္သက္မႈကို အခြင့္ေကာင္းယူကာ အမဲလိုက္မႈမ်ား ရွိေနႏိုင္ျခင္းႏွင့္ ပဋိပကၡမ်ားေၾကာင့္ ဆင္မ်ား၏ စား က်က္ေျမမ်ား ေလ်ာ့ပါးလာႏိုင္ျခင္းတို႔ေၾကာင့္ ျမန္ မာႏိုင္ငံရွိ ဆင္အေကာင္ေရမွာ ပမာဏမ်ားစြာ က် ဆင္းလာႏိုင္ေၾကာင္း ေတာ႐ိုင္းတိရစာၦန္ ထိန္းသိမ္း ေစာင့္ေရွာက္ေရး လုပ္ကိုင္ေနသူတစ္ဦးက ေထာက္ျပ ေျပာဆိုသည္။
" ကြၽန္မတို႔အေနနဲ႔ ျမန္မာႏိုင္ငံမွာ ဆင္ အေကာင္ေရ ႏွစ္ေထာင္ေလာက္ပဲ က်န္ေတာ့တဲ့အတြက္ ထိန္းသိမ္းေရးလုပ္ငန္းေတြလုပ္ဖို႔အတြက္ အရင္ ကတည္းက အသိပညာေပးတာေတြ ဆက္တိုက္ လုပ္ခဲ့ၾကတယ္။ ဒါေပမဲ့ (၂၀၂၁) ေနာက္ပိုင္းကစၿပီး ဒီအထဲက ေနရာေတာ္ေတာ္မ်ားမ်ားကို ဘာထိန္းသိမ္း ေရးမွ မလုပ္ႏိုင္ေတာ့ဘူး။ တခ်ိဳ႕ေနရာေတြဆိုရင္ လည္း ပဋိပကၡျဖစ္တဲ့ေနရာေတြ ျဖစ္ကုန္တယ္။ ဒီ ေတာ့ ေသခ်ာတာတစ္ခုကေတာ့ ထိန္းသိမ္းေရးလုပ္ ေနတဲ့အခ်ိန္မွာေတာင္ ဆင္မုဆိုးေတြရွိေနရင္ အခု ကာလမွာ ပိုဆိုးလာဖို႔ပဲရွိတယ္။ ေနာက္ၿပီး ဒီပဋိပကၡ ေတြေၾကာင့္ ဆင္ေတြရဲ႕ စားက်က္ေျမေတြဟာလည္း ပိုေလ်ာ့လာဖို႔ပဲရွိတယ္။ ဒါေတြကို အျမန္ဆုံးျပန္ၿပီး ထိန္းသိမ္းဖို႔လိုေနပါၿပီ" ဟု ေတာ႐ိုင္းတိရစာၦန္ ထိန္း သိမ္းေစာင့္ေရွာက္ေရးလုပ္ကိုင္ေနသူတစ္ဦးက ေျပာသည္။
ယခင္က ဆင္ကို အစြယ္ရယူလိုမႈျဖင့္ သတ္ျဖတ္ခဲ့ၾကေသာ္လည္း ေနာက္ပိုင္းတြင္ ဆင္ အေရခြံကိုပါ ေမွာင္ခိုေဈးကြက္အတြင္း ေရာင္း ဝယ္မႈမ်ားရွိလာသည့္အတြက္ ဆင္အေရခြံရယူလို မႈျဖင့္ပါ အမဲလိုက္သတ္ျဖတ္မႈမ်ား ရွိလာေနေၾကာင္း၊ (၁၉၄၁) ခုႏွစ္က ျမန္မာႏိုင္ငံတြင္ေတာဆင္႐ိုင္း အ ေကာင္ေရ တစ္ေသာင္းေက်ာ္အထိရွိခဲ့ေသာ္လည္း (၂၀၁၈)ခုႏွစ္တြင္ေကာက္ယူထားေသာ စစ္တမ္း မ်ား အရ အေကာင္ေရ (၂၀ဝဝ) ခန႔္ သာရွိေတာ့ေၾကာင္းႏွင့္ စစ္တမ္းမ်ားအရႏွစ္ပတ္လွ်င္ ဆင္တစ္ေကာင္ႏႈန္းျဖင့္ အသတ္ခံေနရေၾကာင္း ထိန္းသိမ္းေစာင့္ေရွာက္ေရး လုပ္ကိုင္ေနသူမ်ားက ဆိုသည္။
ျမန္မာႏိုင္ငံတြင္ ဆင္တစ္ေကာင္၏ ပ်မ္းမွ် သက္တမ္းႏွစ္ေပါင္း(၆၀)ခန႔္ရွိၿပီး ကိုယ္ဝန္ေဆာင္ မည္ဆိုပါက (၂၂)လ အခ်ိန္ၾကာျမင့္ေၾကာင္းႏွင့္ ဆင္ မတစ္ေကာင္သည္ သက္တမ္းတစ္ေလွ်ာက္လုံးတြင္ အမ်ားဆုံး (၆)ႀကိမ္အထိသာ ကိုယ္ဝန္ေဆာင္ႏိုင္ကာ ဆင္တစ္ေကာင္သည္ တစ္ေန႔လွ်င္အနည္းဆုံး ေဘာ လုံးကြင္း (၉)ကြင္းစာခန႔္အထိ လွည့္လည္သြားလာ တတ္ၾကေၾကာင္း ဝါရင့္တိရစာၦန္ဆရာဝန္တစ္ဦးကဆိုသည္။
" ဆင္ေတြအတြက္ စားက်က္ေျမေတြအမ်ားႀကီးလိုအပ္တယ္။ သူတို႔ေလးေတြက အင္မတန္ မွသိတတ္တဲ့မ်ိဳးစိတ္ေတြ၊ သူတို႔ရဲ႕စားက်က္ေျမကို လည္း ခ်ဲ႕တတ္ၾကတယ္။ အဲဒီလိုခ်ဲ႕တဲ့အခ်ိန္မွာ လူ ေတြနဲ႔ေတြ႕ရင္ ဆင္နဲ႔လူ ပဋိပကၡျဖစ္ၾကေတာ့တာပဲ။ ဆင္တစ္ေကာင္ျဖစ္လာဖို႔အတြက္ အနည္းဆုံးအ ႐ြယ္ေရာက္တဲ့ဆင္မျဖစ္လာဖို႔အခ်ိန္နဲ႔ ကိုယ္ဝန္ ေဆာင္ခ်ိန္ေပါင္းလိုက္ရင္ ႏွစ္ဆယ္နဲ႔ခ်ီၿပီးၾကာတယ္။ ဒါေပမဲ့ လူေတြေၾကာင့္ သူတို႔ေလးေတြဟာ တျဖည္း ျဖည္း နည္းပါးေနၾကရၿပီ" ဟု အဆိုပါ တိရစာၦန္ ဆရာဝန္က ေထာက္ျပေျပာဆိုသည္။
ျမန္မာႏိုင္ငံတြင္ ပထမဆုံး ဆင္ေဘး ေတာအျဖစ္ ရခိုင္ျပည္နယ္ သံတြဲၿမိဳ႕နယ္ႏွင့္ ဂြၿမိဳ႕ နယ္တို႔အတြင္းတြင္ (၄၃၃၈၄၃ ဒသမ ၂) ဧက (၆၇၇ ဒသမ ၈၈ စတုရန္းမိုင္) က်ယ္ဝန္းသည့္ ရခိုင္ ႐ိုးမ ဆင္ေဘးမဲ့ေတာကို (၂၀ဝ၂) ခုႏွစ္ ေဖေဖာ္ဝါရီ (၅) ရက္က စတင္အတည္ျပဳ ျပ႒ာန္းခဲ့ေသာ္လည္း လက္ရွိတြင္ ပဋိပကၡမ်ားေၾကာင့္ ထိန္းသိမ္းေစာင့္ ေရွာက္သူ ကင္းမဲ့လ်က္ရွိေနေၾကာင္း သိရသည္။