ဆော့ဖ်ဝဲလ်ချွတ်ယွင်းမှုကြောင့် Airbus မှ A320 လေယာဉ် (၆,၀၀၀) ခန့်ကို ချက်ချင်း ပြန်လည်သိမ်းယူခဲ့ရာ လေကြောင်းခရီးစဉ်များ နှောင့်နှေး

318

ALynn (NP News) - နိုဝင်ဘာ ၂၉
နိုဝင်ဘာလ (၂၉) ရက်၊ သောကြာနေ့တွင် Airbus မှ ၎င်းတို့၏ A320 အမျိုးအစား လေယာဉ် (၆,၀၀၀) ကို ချက်ချင်းပြုပြင်ရန်နှင့် ပြန်လည်သိမ်းဆည်းရန် အမိန့်ထုတ်ပြန်ခဲ့ရာ ကမ္ဘာအနှံ့ရှိ လေကြောင်းလိုင်းများသည် ယခုအခါ လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခြင်းနှင့် နှောင့်နှေးခြင်းများ ဖြစ်ပေါ်စေခဲ့သည်။
ဥရောပသမဂ္ဂ လေကြောင်းဘေးအန္တရာယ် ကာကွယ်ရေးအေဂျင်စီ (EASA) က သောကြာနေ့ညတွင် ဤညွှန်ကြားချက်ကို “ကြိုတင်ကာကွယ်သည့် လုပ်ဆောင်ချက်” အဖြစ် ထုတ်ပြန်ခဲ့ပြီး “ထိပ်တန်းဘေးကင်းလုံခြုံရေး” အတွက် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေးအဖွဲ့ (FAA) ကလည်း Airbus လေယာဉ်အချို့အတွက် အရေးပေါ်သတိပေးချက်ထုတ်ပြန်ခဲ့ပြီး လေယာဉ်များအား သတ်မှတ်ထားသော ဆော့ဖ်ဝဲလ်ကို အစားထိုးရန် (သို့) ပြုပြင်ရန် လိုအပ်ကြောင်း ဖော်ပြခဲ့သည်။
ယင်းပြုပြင်မှုသည် အဓိကအားဖြင့် ယခင် ဆော့ဖ်ဝဲလ်သို့ ပြန်ပြောင်းခြင်း ဖြစ်ပြီး အတော်လေး ရိုးရှင်းသော်လည်း လေယာဉ်များ ပြန်လည်ပျံသန်းခြင်း မပြုမီ ဆောင်ရွက်ရမည် ဖြစ်သည်။
ယခု ပြဿနာသည် Airbus ၏ (၅၅) နှစ် သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး ပြန်လည်သိမ်းဆည်းမှုများထဲမှ တစ်ခု ဖြစ်ပုံရသည်။
A320 လေယာဉ်သည် Boeing 737 ကို ကျော်လွန်ကာ အရောင်းရဆုံး မော်ဒယ် ဖြစ်လာပြီး သီတင်းပတ်အနည်းငယ် အကြာတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Airbus က ထုတ်ပြန်ခဲ့သောကြေညာချက်၌ အောက်တိုဘာလအတွင်းက A320 အမျိုးအစား လေယာဉ်တစ်စင်း ချို့ယွင်းမှု ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၎င်းဖြစ်စဉ်အတွင်း ပြင်းထန်ဆိုလာရောင်ခြည် ဖြာထွက်မှုကြောင့် လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေးစနစ်များ ကောင်းမွန်စွာ လည်ပတ်နိုင်ရန် အရေးပါသည့် ဒေတာများကို ပျက်စီးစေနိုင်ကြောင်း တွေ့ရသည်။
၎င်းဖြစ်စဉ်မှာ အောက်တိုဘာလ (၃၀) ရက်က မက္ကဆီကိုနိုင်ငံ၊ ကန်ကွန် (Cancún) မှ နယူးဂျာစီပြည်နယ်၊ နီဝပ် (Newark) သို့ ပျံသန်းသည့် JetBlue လေကြောင်းလိုင်း၏ ခရီးစဉ် တစ်ခုအတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ခရီးစဉ်တွင် လေယာဉ်သည် ရုတ်တရက် အမြင့်မှ ထိုးဆင်းသွားပြီးနောက် ခရီးသည် အများအပြား ထိခိုက်ဒဏ်ရာရခဲ့သည်။ JetBlue မှ ယင်းကိစ္စနှင့် ပတ်သက်၍ ချက်ချင်းမှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပေ။
အောက်တိုဘာလ ဖြစ်စဉ်အပြီးတွင် အနည်းဆုံး ၁၅ ဦး ဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရကာ၊ လေယာဉ်အား ဖလော်ရီဒါပြည်နယ်၊ တမ်ပါသို့ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရသည်။

Zawgyi Version:
ေဆာ့ဖ္ဝဲလ္ခြၽတ္ယြင္းမႈေၾကာင့္ Airbus မွ A320 ေလယာဥ္ (၆,၀၀၀) ခန႔္ကို ခ်က္ခ်င္း ျပန္လည္သိမ္းယူခဲ့ရာ ေလေၾကာင္းခရီးစဥ္မ်ား ေႏွာင့္ေႏွး
ALynn (NP News) - ႏိုဝင္ဘာ ၂၉
ႏိုဝင္ဘာလ (၂၉) ရက္၊ ေသာၾကာေန႔တြင္ Airbus မွ ၎တို႔၏ A320 အမ်ိဳးအစား ေလယာဥ္ (၆,၀၀၀) ကို ခ်က္ခ်င္းျပဳျပင္ရန္ႏွင့္ ျပန္လည္သိမ္းဆည္းရန္ အမိန႔္ထုတ္ျပန္ခဲ့ရာ ကမာၻအႏွံ႔ရွိ ေလေၾကာင္းလိုင္းမ်ားသည္ ယခုအခါ ေလေၾကာင္းခရီးစဥ္မ်ား ဖ်က္သိမ္းျခင္းႏွင့္ ေႏွာင့္ေႏွးျခင္းမ်ား ျဖစ္ေပၚေစခဲ့သည္။
ဥေရာပသမဂၢ ေလေၾကာင္းေဘးအႏၲရာယ္ ကာကြယ္ေရးေအဂ်င္စီ (EASA) က ေသာၾကာေန႔ညတြင္ ဤၫႊန္ၾကားခ်က္ကို “ႀကိဳတင္ကာကြယ္သည့္ လုပ္ေဆာင္ခ်က္” အျဖစ္ ထုတ္ျပန္ခဲ့ၿပီး “ထိပ္တန္းေဘးကင္းလုံၿခဳံေရး” အတြက္ ျဖစ္ေၾကာင္း ထပ္ေလာင္းေျပာၾကားခဲ့သည္။
အေမရိကန္ျပည္ေထာင္စု ဖက္ဒရယ္ေလေၾကာင္း စီမံခန႔္ခြဲေရးအဖြဲ႕ (FAA) ကလည္း Airbus ေလယာဥ္အခ်ိဳ႕အတြက္ အေရးေပၚသတိေပးခ်က္ထုတ္ျပန္ခဲ့ၿပီး ေလယာဥ္မ်ားအား သတ္မွတ္ထားေသာ ေဆာ့ဖ္ဝဲလ္ကို အစားထိုးရန္ (သို႔) ျပဳျပင္ရန္ လိုအပ္ေၾကာင္း ေဖာ္ျပခဲ့သည္။
ယင္းျပဳျပင္မႈသည္ အဓိကအားျဖင့္ ယခင္ ေဆာ့ဖ္ဝဲလ္သို႔ ျပန္ေျပာင္းျခင္း ျဖစ္ၿပီး အေတာ္ေလး ႐ိုးရွင္းေသာ္လည္း ေလယာဥ္မ်ား ျပန္လည္ပ်ံသန္းျခင္း မျပဳမီ ေဆာင္႐ြက္ရမည္ ျဖစ္သည္။
ယခု ျပႆနာသည္ Airbus ၏ (၅၅) ႏွစ္ သမိုင္းတစ္ေလွ်ာက္တြင္ အႀကီးမားဆုံး ျပန္လည္သိမ္းဆည္းမႈမ်ားထဲမွ တစ္ခု ျဖစ္ပုံရသည္။
A320 ေလယာဥ္သည္ Boeing 737 ကို ေက်ာ္လြန္ကာ အေရာင္းရဆုံး ေမာ္ဒယ္ ျဖစ္လာၿပီး သီတင္းပတ္အနည္းငယ္ အၾကာတြင္ ယခုကဲ့သို႔ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
Airbus က ထုတ္ျပန္ခဲ့ေသာေၾကညာခ်က္၌ ေအာက္တိုဘာလအတြင္းက A320 အမ်ိဳးအစား ေလယာဥ္တစ္စင္း ခ်ိဳ႕ယြင္းမႈ ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ေၾကာင္း ေဖာ္ျပခဲ့သည္။ ၎ျဖစ္စဥ္အတြင္း ျပင္းထန္ဆိုလာေရာင္ျခည္ ျဖာထြက္မႈေၾကာင့္ ေလယာဥ္ပ်ံသန္းမႈ ထိန္းခ်ဳပ္ေရးစနစ္မ်ား ေကာင္းမြန္စြာ လည္ပတ္ႏိုင္ရန္ အေရးပါသည့္ ေဒတာမ်ားကို ပ်က္စီးေစႏိုင္ေၾကာင္း ေတြ႕ရသည္။
၎ျဖစ္စဥ္မွာ ေအာက္တိုဘာလ (၃၀) ရက္က မကၠဆီကိုႏိုင္ငံ၊ ကန္ကြန္ (Cancún) မွ နယူးဂ်ာစီျပည္နယ္၊ နီဝပ္ (Newark) သို႔ ပ်ံသန္းသည့္ JetBlue ေလေၾကာင္းလိုင္း၏ ခရီးစဥ္ တစ္ခုအတြင္းျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ ခရီးစဥ္တြင္ ေလယာဥ္သည္ ႐ုတ္တရက္ အျမင့္မွ ထိုးဆင္းသြားၿပီးေနာက္ ခရီးသည္ အမ်ားအျပား ထိခိုက္ဒဏ္ရာရခဲ့သည္။ JetBlue မွ ယင္းကိစၥႏွင့္ ပတ္သက္၍ ခ်က္ခ်င္းမွတ္ခ်က္တစ္စုံတစ္ရာ မေပးခဲ့ေပ။
ေအာက္တိုဘာလ ျဖစ္စဥ္အၿပီးတြင္ အနည္းဆုံး ၁၅ ဦး ဒဏ္ရာရရွိၿပီး ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ရကာ၊ ေလယာဥ္အား ဖေလာ္ရီဒါျပည္နယ္၊ တမ္ပါသို႔ လမ္းေၾကာင္းေျပာင္း ဆင္းသက္ခဲ့ရသည္။