ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုဖော်ဆောင်ရန် ရည်မှန်းချက်ချင်းတူပါက PDF များ လက်နက်ချဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား

 10425

ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ ၃

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုဖော်ဆောင်ရန် ရည်မှန်းချက်ချင်းတူပါက PDF တွေ အပါအဝင် လက်နက်ကိုင်တွေလက်နက်ချဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဒီဇင်ဘာ ၃ ရက် ဒီနေ့ မနက်ပိုင်းမှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာပြုလုပ်သည့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဥ် (၆၇) သင်တန်းဆင်းပွဲတွင် ယခုလိုထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်နက်ကိုင်လမ်းစဥ်တွေနဲ့ဖြေရှင်းဖို့ကြိုးပမ်းမှုဟာ နှစ်ပေါင်း (၇ဝ) ကျော်ကြာသည်အထိ
မည်သည့်ရလဒ်မှ ထွက်မလာသည်ကို သင်ခန်းစာယူဖို့လိုကြောင်း၊ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာ လက်နက်ကိုင်လမ်းစဥ်ကြောင့်ဖြစ်တယ်ဆိုတာ အမှန်အတိုင်းရှုမြင်ဖို့ အချိန်ကျနေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ဖော်ဆောင်ဖို့ ရည်မှန်းချက်တူကြရင် ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြဖို့ ကြိုဆိုဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း ထည့်သွင်း ပြောကြားထားခြင်းဖြစ်သည်။
ထို့ပြင် တဖက်မှာလည်း နိုင်ငံရေးဖြစ်စဥ်အကြောင်းတရားများကို လက်ညှိုးထိုးပြီး NCA မှာ လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာ ရှိထားပြီးသား ကတိကဝတ်တွေကို ချိုးဖောက်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို သွေးဖယ်မှုပြုလုပ်ခဲ့ကြကြောင်း ပြောကြားသွားခဲ့သည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုဖော်ဆောင်ရန် ရည်မှန်းချက်ချင်းတူပါက PDF များ လက်နက်ချဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား

ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာ ၃

ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကိုေဖာ္ေဆာင္ရန္ ရည္မွန္းခ်က္ခ်င္းတူပါက PDF ေတြ အပါအဝင္ လက္နက္ကိုင္ေတြလက္နက္ခ်ဖို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားလိုက္သည္။

ဒီဇင္ဘာ ၃ ရက္ ဒီေန႔ မနက္ပိုင္းမွာ မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕မွာျပဳလုပ္သည့္ စစ္တကၠသိုလ္ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္ (၆၇) သင္တန္းဆင္းပြဲတြင္ ယခုလိုထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
လက္နက္ကိုင္လမ္းစဥ္ေတြနဲ႔ေျဖရွင္းဖို႔ႀကိဳးပမ္းမႈဟာ ႏွစ္ေပါင္း (၇ဝ) ေက်ာ္ၾကာသည္အထိ
မည္သည့္ရလဒ္မွ ထြက္မလာသည္ကို သင္ခန္းစာယူဖို႔လိုေၾကာင္း၊ ဒီမိုကေရစီေနာက္ျပန္ဆြဲျခင္းဟာ လက္နက္ကိုင္လမ္းစဥ္ေၾကာင့္ျဖစ္တယ္ဆိုတာ အမွန္အတိုင္းရႈျမင္ဖို႔ အခ်ိန္က်ေနၿပီျဖစ္ေၾကာင္း၊ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စုတည္ေဆာက္ေရးကို ေဖာ္ေဆာင္ဖို႔ ရည္မွန္းခ်က္တူၾကရင္ ျပည္ေထာင္စုအက်ိဳးကိုေရွးရႈၿပီး PDF အပါအဝင္ လက္နက္ကိုင္အဖြဲ႕ေတြအေနနဲ႔ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာၾကဖို႔ ႀကိဳဆိုဖိတ္ေခၚထားၿပီးျဖစ္ေၾကာင္း ထည့္သြင္း ေျပာၾကားထားျခင္းျဖစ္သည္။
ထို႔ျပင္ တဖက္မွာလည္း ႏိုင္ငံေရးျဖစ္စဥ္အေၾကာင္းတရားမ်ားကို လက္ညႇိဳးထိုးၿပီး NCA မွာ လက္မွတ္ေရးထိုးခဲ့ၾကသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ဟာ ရွိထားၿပီးသား ကတိကဝတ္ေတြကို ခ်ိဳးေဖာက္ၿပီး ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းကို ေသြးဖယ္မႈျပဳလုပ္ခဲ့ၾကေၾကာင္း ေျပာၾကားသြားခဲ့သည္။

Related news

© 2021. All rights reserved.