ဥရောပက စစ်ပွဲကို လိုလားရင် တိုက်ခိုက်ပေးဖို့ အဆင်သင့်ရှိတယ်လို့ ရုရှားသမ္မတ သတိပေး

289

Pika (NP News) - ဒီဇင်ဘာ ၄
ဥရောပအင်အားကြီးနိုင်ငံတွေက ရုရှားနဲ့စစ်ပွဲဖြစ်ပွားဖို့ စတင်ခဲ့မယ်ဆိုရင် ရုရှားဘက်က တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ အဆင့်သင့်ရှိနေတယ်လို့ ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရုရှားနဲ့စစ်ပွဲဖြစ်ပွားခဲ့မယ်ဆိုရင် ဥရောပအင်အားကြီးနိုင်ငံတွေဟာ ထင်မှတ်ထားတာမျိုးမရှိတဲ့ ရှုံးနိမ့်မှုကို ကြုံတွေ့ရလိမ့်မှာဖြစ်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်ကို ညှိနှိုင်းဖို့ လူတောင်ကျန်တော့မှာ မဟုတ်ဘူးလို့ ပူတင်က သတိပေးပြောဆိုခဲ့ပါတယ်။
ရုရှားကသာ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အနိုင်ရရှိခဲ့မယ်ဆိုရင် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုကို တိုက်ခိုက်လာနိုင်ဖွယ်ရှိတယ်လို့ ယူကရိန်းနဲ့ ဥရောပအင်အားကြီးနိုင်ငံတွေက အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့ပေမယ့်လည်း ပူတင်ကတော့ အဲဒီစွပ်စွဲပြောဆိုချက်တွေကို အကြိမ်ကြိမ်ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ပူတင်က "ဥရောပက ကျွန်တော်တို့နဲ့ စစ်ပွဲတစ်ခုကို စတင်နေချင်ကြပါတယ်။ ဥရောပက ကျွန်တော်တို့နဲ့သာ စစ်ပွဲဖြစ်ပွားဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ဥရောပတစ်ခုလုံး လျင်လျင်မြန်မြန်ပဲ အဆုံးသတ်သွားတာကို ကြုံတွေ့ရပါလိ့မ်မယ်။ စစ်ပွဲဖြစ်ပွားခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ဥရောပမှာ လူတောင် မကျန်စေရဘူးဆိုတာကို ကျွန်တော်အာမခံပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဥေရာပက စစ္ပြဲကို လိုလားရင္ တိုက္ခိုက္ေပးဖို႔ အဆင္သင့္ရွိတယ္လို႔ ႐ုရွားသမၼတ သတိေပး
Pika (NP News) - ဒီဇင္ဘာ ၄
ဥေရာပအင္အားႀကီးႏိုင္ငံေတြက ႐ုရွားနဲ႔စစ္ပြဲျဖစ္ပြားဖို႔ စတင္ခဲ့မယ္ဆိုရင္ ႐ုရွားဘက္က တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔ အဆင့္သင့္ရွိေနတယ္လို႔ ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
႐ုရွားနဲ႔စစ္ပြဲျဖစ္ပြားခဲ့မယ္ဆိုရင္ ဥေရာပအင္အားႀကီးႏိုင္ငံေတြဟာ ထင္မွတ္ထားတာမ်ိဳးမရွိတဲ့ ရႈံးနိမ့္မႈကို ႀကဳံေတြ႕ရလိမ့္မွာျဖစ္ၿပီး ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ညႇိႏႈိင္းဖို႔ လူေတာင္က်န္ေတာ့မွာ မဟုတ္ဘူးလို႔ ပူတင္က သတိေပးေျပာဆိုခဲ့ပါတယ္။
႐ုရွားကသာ ယူကရိန္းနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို အႏိုင္ရရွိခဲ့မယ္ဆိုရင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံတစ္ခုကို တိုက္ခိုက္လာႏိုင္ဖြယ္ရွိတယ္လို႔ ယူကရိန္းနဲ႔ ဥေရာပအင္အားႀကီးႏိုင္ငံေတြက အႀကိမ္ႀကိမ္သတိေပးေျပာဆိုခဲ့ေပမယ့္လည္း ပူတင္ကေတာ့ အဲဒီစြပ္စြဲေျပာဆိုခ်က္ေတြကို အႀကိမ္ႀကိမ္ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။
ပူတင္က "ဥေရာပက ကြၽန္ေတာ္တို႔နဲ႔ စစ္ပြဲတစ္ခုကို စတင္ေနခ်င္ၾကပါတယ္။ ဥေရာပက ကြၽန္ေတာ္တို႔နဲ႔သာ စစ္ပြဲျဖစ္ပြားဖို႔ ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ ဥေရာပတစ္ခုလုံး လ်င္လ်င္ျမန္ျမန္ပဲ အဆုံးသတ္သြားတာကို ႀကဳံေတြ႕ရပါလိ့မ္မယ္။ စစ္ပြဲျဖစ္ပြားခဲ့မယ္ဆိုရင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ဥေရာပမွာ လူေတာင္ မက်န္ေစရဘူးဆိုတာကို ကြၽန္ေတာ္အာမခံပါတယ္” လို႔ ေျပာခဲ့ပါတယ္။