အစ္စရေးရဲ့ Arrow 3 ဒုံးကျည်စနစ်ကို ဂျာမနီ လက်ခံရရှိ

 831

Pika (NP News) - ဒီဇင်ဘာ ၆

ဂျာမနီနိုင်ငံ ဘာလင်မြို့အနီးက လေတပ်အခြေစိုက်စခန်းတစ်ခုမှာလုပ်ဆောင်ခဲ့တဲ့ ပွဲတစ်ခုအတွင်း ပဲ့ထိန်းဒုံးကျည် ဖျက်ဒုံးကျည်စနစ် Arrow 3 ကို အစ္စရေးက ဂျာမနီစစ်တပ်ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ရုရှားက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့စစ်ပွဲဖြစ်ပွားလာနိုင်ခြေမြင့်တက်လာတာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာပဲ အဲဒီလွှဲပြောင်းမှုထွက်ပေါ်လာတာဖြစ်ပါတယ်။ အစ္စရေးနဲ့ဂျာမနီတို့ဟာ အမေရိကန်ဒေါ်လာ (၄ ဒသမ ၂) ဘီလျံတန်ဖိုးရှိ နှစ်နိုင်ငံကြား သမိုင်းတစ်လျှောက် အကြီးဆုံးကာကွယ်ရေးပို့ကုန်သဘောတူညီချက်ကို လွန်ခဲ့တဲ့(၂)နှစ်လောက်တုန်းက လက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်း သိရပါတယ်။
အဲဒီသဘောတူညီချက်ဟာ အခြားနိုင်ငံတစ်ခုရဲ့အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုတွေကို လွတ်လပ်စွာသုံးစွဲခွင့် ရရှိပေးမယ့်သဘောတူညီချက်တစ်ခုဖြစ်တယ်လို့လည်း အစ္စရေးအစိုးရက ဖော်ပြပြောဆိုခဲ့ပါတယ်။ Arrow-3 ဒုံးကျည်စနစ်ဟာ အမြင့်(၁၀၀)ကီလိုမီတာနဲ့ အကွာအဝေး(၂၄၀၀)ကီလိုမီတာအတွင်း လည်ပတ်နိုင်စွမ်းရှိပြီး ကမ္ဘာ့ လေထုအပြင်ဘက်မှာရှိတဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားဖို့ ဒီဇိုင်းထုတ်ထားတဲ့စနစ်တစ်ခုဖြစ်တယ် လို့ လည်း သိရပါတယ်။

Zawgyi Version:
အစၥေရးရဲ႕ Arrow 3 ဒုံးက်ည္စနစ္ကို ဂ်ာမနီ လက္ခံရရွိ
Pika (NP News) - ဒီဇင္ဘာ ၆
ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕အနီးက ေလတပ္အေျခစိုက္စခန္းတစ္ခုမွာလုပ္ေဆာင္ခဲ့တဲ့ ပြဲတစ္ခုအတြင္း ပဲ့ထိန္းဒုံးက်ည္ ဖ်က္ဒုံးက်ည္စနစ္ Arrow 3 ကို အစၥေရးက ဂ်ာမနီစစ္တပ္ကို လႊဲေျပာင္းေပးအပ္ခဲ့တယ္လို႔ သိရပါတယ္။
႐ုရွားက ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔စစ္ပြဲျဖစ္ပြားလာႏိုင္ေျချမင့္တက္လာတာနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြ ျမင့္တက္ေနခ်ိန္မွာပဲ အဲဒီလႊဲေျပာင္းမႈထြက္ေပၚလာတာျဖစ္ပါတယ္။ အစၥေရးနဲ႔ဂ်ာမနီတို႔ဟာ အေမရိကန္ေဒၚလာ (၄ ဒသမ ၂) ဘီလ်ံတန္ဖိုးရွိ ႏွစ္ႏိုင္ငံၾကား သမိုင္းတစ္ေလွ်ာက္ အႀကီးဆုံးကာကြယ္ေရးပို႔ကုန္သေဘာတူညီခ်က္ကို လြန္ခဲ့တဲ့(၂)ႏွစ္ေလာက္တုန္းက လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
အဲဒီသေဘာတူညီခ်က္ဟာ အျခားႏိုင္ငံတစ္ခုရဲ႕အဆင့္ျမင့္စစ္ဘက္ဆိုင္ရာ ပိုင္ဆိုင္မႈေတြကို လြတ္လပ္စြာသုံးစြဲခြင့္ ရရွိေပးမယ့္သေဘာတူညီခ်က္တစ္ခုျဖစ္တယ္လို႔လည္း အစၥေရးအစိုးရက ေဖာ္ျပေျပာဆိုခဲ့ပါတယ္။ Arrow-3 ဒုံးက်ည္စနစ္ဟာ အျမင့္(၁၀၀)ကီလိုမီတာနဲ႔ အကြာအေဝး(၂၄၀၀)ကီလိုမီတာအတြင္း လည္ပတ္ႏိုင္စြမ္းရွိၿပီး ကမာၻ႔ ေလထုအျပင္ဘက္မွာရွိတဲ့ ပဲ့ထိန္းဒုံးက်ည္ေတြကို ၾကားျဖတ္ဟန႔္တားဖို႔ ဒီဇိုင္းထုတ္ထားတဲ့စနစ္တစ္ခုျဖစ္တယ္ လို႔ လည္း သိရပါတယ္။

Related news

© 2021. All rights reserved.