တောင်အာဖရိကနိုင်ငံက တည်းခိုခန်းတစ်ခုမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် လူ(၁၁)ဦး သေဆုံး

 363

Pika (NP News) - ဒီဇင်ဘာ ၇

တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့က တည်းခိုခန်းတစ်ခုကို သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အသက်(၃)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ(၁၁)ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ လူပေါင်း(၆၃)သန်းရှိတဲ့‌ တောင်အာဖရိကနိုင်ငံကို ထိတ်လန့် တုန်လှုပ်စေခဲ့တဲ့အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး နောက်ဆုံးအကြိမ်ထွက်ပေါ်လာတဲ့ အစုလိုက် အပြုံလိုက် ပစ်ခတ်မှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
ရဲတပ်ဖွဲ့က “ဒီဖြစ်ရပ်အတွင်း စုစုပေါင်းလူ(၂၅)ဦး သေနတ်နဲ့ပစ်ခံခဲ့ရပါတယ်။လူ(၁၀)ဦးက အခင်းဖြစ်ပွားရာနေရာ မှာ ချက်ချင်းသေဆုံးခဲ့ပြီး အခြားလူ(၁)ဦးကတော့ ဆေးရုံမှာ ဆေးကုသမှုတွေ ခံယူနေစဉ်အချိန်အတွင်း သေဆုံးသွားခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိထားတဲ့အခြားလူ(၁၄)ဦးကိုလည်း ဆေးရုံကို ချက်ချင်းပို့ဆောင်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။ သေနတ်ကိုင်ဆောင်ထားတဲ့အမျိုးသားသုံးဦးဟာ တည်းခိုခန်းထဲကိုဝင်ရောက်ပြီး အရက်သောက်နေတဲ့ အမျိုးသား အဖွဲ့တစ်ဖွဲ့ကိုပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အသက်(၁၂)နှစ်နဲ့ (၁၆)နှစ်အရွယ်လူငယ်နှစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေတာင္အာဖရိကႏိုင္ငံက တည္းခိုခန္းတစ္ခုမွာ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ၿပီး ကေလးငယ္တစ္ဦး အပါအဝင္ လူ(၁၁)ဦး ေသဆုံး
Pika (NP News) - ဒီဇင္ဘာ ၇
ေတာင္အာဖရိကႏိုင္ငံ ပရီတိုးရီးယားၿမိဳ႕က တည္းခိုခန္းတစ္ခုကို ေသနတ္သမားေတြက ဝင္ေရာက္ပစ္ခတ္မႈေတြ လုပ္ေဆာင္ခဲ့တာေၾကာင့္ အသက္(၃)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး အပါအဝင္ လူ(၁၁)ဦး ေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈဟာ လူေပါင္း(၆၃)သန္းရွိတဲ့‌ ေတာင္အာဖရိကႏိုင္ငံကို ထိတ္လန႔္ တုန္လႈပ္ေစခဲ့တဲ့အစုလိုက္အၿပဳံလိုက္ပစ္ခတ္မႈေတြနဲ႔ပတ္သက္ၿပီး ေနာက္ဆုံးအႀကိမ္ထြက္ေပၚလာတဲ့ အစုလိုက္ အၿပဳံလိုက္ ပစ္ခတ္မႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။
ရဲတပ္ဖြဲ႕က “ဒီျဖစ္ရပ္အတြင္း စုစုေပါင္းလူ(၂၅)ဦး ေသနတ္နဲ႔ပစ္ခံခဲ့ရပါတယ္။လူ(၁၀)ဦးက အခင္းျဖစ္ပြားရာေနရာ မွာ ခ်က္ခ်င္းေသဆုံးခဲ့ၿပီး အျခားလူ(၁)ဦးကေတာ့ ေဆး႐ုံမွာ ေဆးကုသမႈေတြ ခံယူေနစဥ္အခ်ိန္အတြင္း ေသဆုံးသြားခဲ့ပါတယ္။
ထိခိုက္ဒဏ္ရာရရွိထားတဲ့အျခားလူ(၁၄)ဦးကိုလည္း ေဆး႐ုံကို ခ်က္ခ်င္းပို႔ေဆာင္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ေသနတ္ကိုင္ေဆာင္ထားတဲ့အမ်ိဳးသားသုံးဦးဟာ တည္းခိုခန္းထဲကိုဝင္ေရာက္ၿပီး အရက္ေသာက္ေနတဲ့ အမ်ိဳးသား အဖြဲ႕တစ္ဖြဲ႕ကိုပစ္ခတ္မႈေတြလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲဒီတိုက္ခိုက္မႈအတြင္း အသက္(၁၂)ႏွစ္နဲ႔ (၁၆)ႏွစ္အ႐ြယ္လူငယ္ႏွစ္ဦးလည္း ေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.