ဒွန်းဘက်စ်ဒေသမှ ယူကရိန်းတပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းရန် ရုရှားသမ္မတ သတိပေး

333

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၇
ယူကရိန်းတပ်ဖွဲ့များအနေဖြင့် ယူကရိန်းနိုင်ငံအရှေ့ဘက်ပိုင်းရှိဒွန်းဘက်စ်ဒေသမှ ပြန်လည် ရုပ်သိမ်းပေးရ မည်ဖြစ်ပြီး ရုပ်သိမ်းမှုမရှိဘူးဆိုလျှင် ဒွန်းဘက်စ်ဒေသကို တိုက်ခိုက်သွားမည်ဖြစ်သကဲ့သို့ ယူကရိန်းစစ်ပွဲအဆုံးသတ် ရေးနှင့်ပတ်သက်ပြီး ကတိများကိုလည်း ငြင်းဆန်ပယ်ချမည်ဖြစ်ကြောင်း ရုရှား သမ္မတပူတင်က သတိပေးပြောဆိုလိုက်သည်။
ရုရှားစစ်တပ်က ဒွန်းဘက်စ်ဒေသရှိ ပိုင်နက်နယ်မြေ (၈၅)ရာခိုင်နှုန်းကို သိမ်းပိုက်ထားနိုင် ချိန်တွင် သမ္မတ ပူတင်က ယင်းကဲ့သို့ သတိပေးပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။ ရုရှားသမ္မတက ‘ရုရှားစစ်တပ်ဟာ ဒွန်းဘက်စ်ဒေသကို လွတ်မြောက် အောင်လုပ်ဆောင်မယ်။ ယူကရိန်းစစ် သားတွေဟာ ဒွန်းဘက်စ်ဒေသမှာတပ်စွဲထားမှုကနေ ပြန်လည် ဆုတ်ခွာပေးရမယ်’ဟုပြောသည်။ ရုရှားနှင့် ယူကရိန်း နိုင်ငံကြားဖြစ်ပွားလျက်ရှိနေသည့်စစ်ပွဲကို အဆုံးသတ်ရန် ကြားဝင် စေ့စပ်နေသည့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ်နှင့် ရုရှားသမ္မတတို့တွေ့ဆုံဆွေးနွေးပြီး နောက် ရက်ပိုင်း အကြာတွင် ရုရှားသမ္မတက ယင်းကဲ့သို့ သတိပေးပြော ဆိုခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏အထူးကိုယ်စားလှယ်ဖြစ်သူ စတီဗီဝစ်အော့ဖ်သည် ရုရှားသမ္မတနှင့် တွေ့ဆုံကာ အမေရိကန်အစိုးရ၏ ငြိမ်းချမ်းရေးအစီအစဉ်များကိုဆွေးနွေးခဲ့ရာ ရုရှား သမ္မတဘက်က ယုံကြည်မှုပြသခဲ့ ကြောင်းပြောဆို ထားသည်။ သို့သော်လည်း ရုရှားသမ္မတသည် အမေရိကန်အစိုးရ၏ ငြိမ်းချမ်းရေးအဆိုပြုကမ်း လှမ်းချက် များတွင်ပါဝင်သောအချို့အချက်များကို လိုလားလက် ခံခြင်းမရှိကြောင်း သတင်းများလည်းထွက်ပေါ်နေ သည်။
ရုရှားသမ္မတက ‘ဒါကြောင့် ကျွန်တော်တို့ အချက်တိုင်းကို ပြန်လည်သုံးသပ်ခဲ့ရတာပါ၊ အဲဒါကြောင့် အချိန် အရမ်းကြာခဲ့ရတာပါ။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ ဒါကိုဆွေးနွေးနိုင်တယ်လို့ပြောခဲ့ပေ မယ့် တချို့အချက်ကိုတော့ သဘောမတူနိုင်ပါဘူး’ဟု ပြောသည်။ ရုရှားသမ္မတသည် အမေရိကန်အစိုးရ အဆိုပြုကမ်းလှမ်းခဲ့သော ငြိမ်းချမ်းရေး ကမ်းလှမ်း ချက်များထဲမှအချို့အချက်ကို သဘောမတူဘူးဟု ပြောဆိုထားသော်လည်း အတိအကျပြောဆိုခဲ့ခြင်း မျိုးမရှိ ကြောင်းသိရသည်။
လက်ရှိအချိန်တွင် ရုရှားစစ်တပ်သိမ်းပိုက်ထားသည့် ယူကရိန်းပိုင်နက်များ၏ကံကြမ္မာနှင့် ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်စသည့် အချက်များက အငြင်းပွားဖွယ်ရာဖြစ်နေကြောင်းသိရသည်။ ရုရှားသည် (၂၀၂၂)ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ပွဲဖြစ်လာခဲ့ရာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သမ္မတအဖြစ်တာဝန် ယူပြီးနောက်ပိုင်းတည်းက စစ်ပွဲအဆုံးသတ်နိုင်ရန် ကြားဝင်စေ့စပ်ကြိုးပမ်းလျက်ရှိနေသည်။

Zawgyi Version:
ဒြန္းဘက္စ္ေဒသမွ ယူကရိန္းတပ္ဖြဲ႕ဝင္မ်ား ျပန္လည္႐ုပ္သိမ္းရန္ ႐ုရွားသမၼတ သတိေပး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၇
ယူကရိန္းတပ္ဖြဲ႕မ်ားအေနျဖင့္ ယူကရိန္းႏိုင္ငံအေရွ႕ဘက္ပိုင္းရွိဒြန္းဘက္စ္ေဒသမွ ျပန္လည္ ႐ုပ္သိမ္းေပးရ မည္ျဖစ္ၿပီး ႐ုပ္သိမ္းမႈမရွိဘူးဆိုလွ်င္ ဒြန္းဘက္စ္ေဒသကို တိုက္ခိုက္သြားမည္ျဖစ္သကဲ့သို႔ ယူကရိန္းစစ္ပြဲအဆုံးသတ္ ေရးႏွင့္ပတ္သက္ၿပီး ကတိမ်ားကိုလည္း ျငင္းဆန္ပယ္ခ်မည္ျဖစ္ေၾကာင္း ႐ုရွား သမၼတပူတင္က သတိေပးေျပာဆိုလိုက္ သည္။
႐ုရွားစစ္တပ္က ဒြန္းဘက္စ္ေဒသရွိ ပိုင္နက္နယ္ေျမ (၈၅)ရာခိုင္ႏႈန္းကို သိမ္းပိုက္ထားႏိုင္ ခ်ိန္တြင္ သမၼတ ပူတင္က ယင္းကဲ့သို႔ သတိေပးေျပာဆိုလိုက္ျခင္းလည္းျဖစ္သည္။ ႐ုရွားသမၼတက ‘႐ုရွားစစ္တပ္ဟာ ဒြန္းဘက္စ္ေဒသကို လြတ္ေျမာက္ ေအာင္လုပ္ေဆာင္မယ္။ ယူကရိန္းစစ္ သားေတြဟာ ဒြန္းဘက္စ္ေဒသမွာတပ္စြဲထားမႈကေန ျပန္လည္ ဆုတ္ခြာေပးရမယ္’ဟုေျပာသည္။ ႐ုရွားႏွင့္ ယူကရိန္း ႏိုင္ငံၾကားျဖစ္ပြားလ်က္ရွိေနသည့္စစ္ပြဲကို အဆုံးသတ္ရန္ ၾကားဝင္ ေစ့စပ္ေနသည့္ အေမရိကန္ သမၼတေဒၚနယ္ထရမ့္၏ အထူးကိုယ္စားလွယ္ႏွင့္ ႐ုရွားသမၼတတို႔ေတြ႕ဆုံေဆြးေႏြးၿပီး ေနာက္ ရက္ပိုင္း အၾကာတြင္ ႐ုရွားသမၼတက ယင္းကဲ့သို႔ သတိေပးေျပာ ဆိုခဲ့ျခင္းျဖစ္သည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၎၏အထူးကိုယ္စားလွယ္ျဖစ္သူ စတီဗီဝစ္ေအာ့ဖ္သည္ ႐ုရွားသမၼတႏွင့္ ေတြ႕ဆုံကာ အေမရိကန္အစိုးရ၏ ၿငိမ္းခ်မ္းေရးအစီအစဥ္မ်ားကိုေဆြးေႏြးခဲ့ရာ ႐ုရွား သမၼတဘက္က ယုံၾကည္မႈျပသခဲ့ ေၾကာင္းေျပာဆို ထားသည္။ သို႔ေသာ္လည္း ႐ုရွားသမၼတသည္ အေမရိကန္အစိုးရ၏ ၿငိမ္းခ်မ္းေရးအဆိုျပဳကမ္း လွမ္းခ်က္ မ်ားတြင္ပါဝင္ေသာအခ်ိဳ႕အခ်က္မ်ားကို လိုလားလက္ ခံျခင္းမရွိေၾကာင္း သတင္းမ်ားလည္းထြက္ေပၚေန သည္။
႐ုရွားသမၼတက ‘ဒါေၾကာင့္ ကြၽန္ေတာ္တို႔ အခ်က္တိုင္းကို ျပန္လည္သုံးသပ္ခဲ့ရတာပါ၊ အဲဒါေၾကာင့္ အခ်ိန္ အရမ္းၾကာခဲ့ရတာပါ။ တစ္ခါတစ္ရံမွာ ကြၽန္ေတာ္တို႔ ဒါကိုေဆြးေႏြးႏိုင္တယ္လို႔ေျပာခဲ့ေပ မယ့္ တခ်ိဳ႕အခ်က္ကိုေတာ့ သေဘာမတူႏိုင္ပါဘူး’ဟု ေျပာသည္။ ႐ုရွားသမၼတသည္ အေမရိကန္အစိုးရ အဆိုျပဳကမ္းလွမ္းခဲ့ေသာ ၿငိမ္းခ်မ္းေရး ကမ္းလွမ္း ခ်က္မ်ားထဲမွအခ်ိဳ႕အခ်က္ကို သေဘာမတူဘူးဟု ေျပာဆိုထားေသာ္လည္း အတိအက်ေျပာဆိုခဲ့ျခင္း မ်ိဳးမရွိ ေၾကာင္းသိရသည္။
လက္ရွိအခ်ိန္တြင္ ႐ုရွားစစ္တပ္သိမ္းပိုက္ထားသည့္ ယူကရိန္းပိုင္နက္မ်ား၏ကံၾကမၼာႏွင့္ ယူကရိန္းအတြက္ လုံၿခဳံေရးအာမခံခ်က္စသည့္ အခ်က္မ်ားက အျငင္းပြားဖြယ္ရာျဖစ္ေနေၾကာင္းသိရသည္။ ႐ုရွားသည္ (၂၀၂၂)ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ ယူကရိန္းကို စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ စစ္ပြဲျဖစ္လာခဲ့ရာ အေမရိကန္သမၼတေဒၚနယ္ထရမ့္က သမၼတအျဖစ္တာဝန္ ယူၿပီးေနာက္ပိုင္းတည္းက စစ္ပြဲအဆုံးသတ္ႏိုင္ရန္ ၾကားဝင္ေစ့စပ္ႀကိဳးပမ္းလ်က္ရွိေနသည္။