အလေးချိန်(၄၈)ပေါင်ရှိသည့် တီရှပ်(၁၃၇)ထည် ဝတ်ဆင်ကာ မာရသွန်အပြေးပြိုင်ခဲ့သည့် အမေရိကန် အမျိုးသား

229

Pika (NP News) - ဒီဇင်ဘာ ၈
အမေရိကန်နိုင်ငံ အိုင်ဒါဟိုပြည်နယ်ရှိ အမျိုးသားတစ်ဦးသည် စုစုပေါင်းအလေးချိန်(၄၈)ပေါင် ရှိ သည့် တီရှပ်(၁၃၇)ထည်ကို ဝတ်ဆင်ကာ မာရသွန်အပြေးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် မာရသွန် ပြိုင်ပွဲတွင် တီရှပ်အများဆုံးကာ ဝတ်ဆင်ကာ ပြေးသူအဖြစ် ဂင်းနစ်စံချိန်ကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း သိရသည်။
ဂင်းနစ်စံချိန်များစွာကို စံချိန်တင်ထားသည့် ဒေးဗစ်ရပ်ရှ်ဆိုသည့်အမျိုးသားသည် (၂၀၁၉)ခုနှစ် တွင် တီရှပ်(၁၁၁)ထည်ကိုဝတ်ဆင်ကာ မာရသွန်အပြေးပြိုင်ပွဲတွင် ဝင်ပြေးခဲ့ပြီးနောက် မာရသွန် ပြိုင်ပွဲ တွင် တီရှပ်အများဆုံးဝတ်ဆင်ကာ ပြေးသူအဖြစ် ဂင်းနစ်စံချိန်ကိုတင်ခဲ့ကြောင်းသိရသည်။ သို့သော် လည်း နှစ်အနည်းငယ်အကြာတွင် အမျိုးသားတစ်ဦးသည် တီရှပ်(၁၂၇)ကိုဝတ်ဆင်ကာ မာရသွန် အပြေး ပြိုင်ပွဲကို ဝင်ပြေးခဲ့ပြီးနောက် ဒေးဗစ် ရပ်ရှ်သည် ၎င်း၏စံချိန်ကို ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အဆိုပါ အချိန်မှစတင်ပြီး ၎င်း၏စံချိန်ကို ပြန်လည်ရယူရန်အတွက် အဝတ်ထူထူများနှင့် အလေး ချိန်များသောကျောပိုးအိတ်များကိုဝတ်ဆင်ကာ လေ့ကျင့်မှုများကို ပြန်လည်စတင်ခဲ့ကြောင်း ဒေးဗစ် ရပ်ရှ်က ပြောကြားခဲ့သည်။ ထို့နောက် ဒေးဗစ်ရပ်ရှ်သည် တီရှပ်(၁၃၇)ထည်ကို ဝတ်ဆင်ကာ မာရသွန် အပြေပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ကြောင်းသိရသည်။ ဒေးဗစ်ရပ်ရှ်က “နှစ်ပေါင်းများစွာကြာအောင် ကြိုးစားပြီးတဲ့နောက်မှာတော့ ကျွန်တော်ရဲ့စံချိန်ကို ပြန်လည်ရယူနိုင်ခဲ့ပါပြီ။ ဒီလိုမျိုးအောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့လို့လည်း တကယ်ကို ဝမ်းသာမိပါတယ်” ဟုပြောခဲ့သည်။

Zawgyi Version:
Pika (NP News) - ဒီဇင်ဘာ ၈