လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ပါက ကျားဖြူပါတီသည် နံပတ် (၂) အဆင့် ဖြစ်လိမ့်မည်ဟု ဦးစိုင်းအိုက်ပေါင်းခန့်မှန်း

339

သန့်ဇင်(NP News)-ဒီဇင်ဘာ ၈
လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ပါက ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ) သည် နံပါတ်(၂) အဆင့် ဖြစ်မည်ဟု ယင်း ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ယနေ့(ဒီဇင်ဘာ ၈ရက်) နံနက်ပိုင်းက ခန့်မှန်း ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ Sky Star Hotelတွင်ပြုလုပ်သော ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၏ ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် လူထုတွေ့ဆုံပွဲအခမ်းအနားတွင် ဦးစိုင်းအိုက်ပေါင်းက အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်အမြဲတမ်းပြောတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဆိုလို့ရှိရင် ကျွန်တော်တို့ကျားဖြူက အနည်းဆုံး နံပါတ် (၂) ယူမယ်။ ဒုတိယအများဆုံးနိုင်မယ့်ပါတီဖြစ်လိမ့်မယ်လို့ ကျွန်တော်အမြဲတမ်းပြောတယ်။ အဲဒီတော့ ကျွန်တော်တို့က ကျားဖြူပါတီက သမိုင်းကြောင်းကောင်းတယ်။ ကျွန်တော်တို့မှ ဘာအပြစ်အနာအဆာမရှိဘူး။ ကျွန်တော်တို့က ပြည်သူအကျိုးပဲကျွန်တော်လုပ်ချင် တယ်လေ။ အဲဒီတော့ ကျွန်တော်တို့က (၂၀၁၀) ရွေးကောက်ပွဲမှာ (၅၈) ယောက်နိုင်ပြီးတော့ ဘယ်လိုနေရာတွေရခဲ့လဲဆိုရင် ဝန်ကြီး(၆) ယောက်ရတယ်။ ပြည်နယ်ဝန်ကြီး ကချင်မှာ (၂)ယောက်။ ရှမ်းမှာ (၂)ယောက်။ မန္တလေးမှာ (၁) ယောက်။ ပြည်ထောင်စုအဆင့်မှာ နေပြည် တော်မှာ ဒုဝန်ကြီးတစ်ဦးပေါ့။ အားလုံးပေါင်း (၆)ဦးရတယ်”ဟု ဦးစိုင်းအိုက်ပေါင်းက ပြောသည်။
ထို့ပြင် လာမည့်ရွေကောက်ပွဲတွင် ကျားဖြူပါတီအနေဖြင့် ပြိုင်ဘက်မရှိပဲ မိတ်ဖက်သဘောမျိုးဖြင့်သာ လက်တွဲသွားမည်ဖြစ်ကြောင်း ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။
“ကျွန်တော်တို့မှာ ပြိုင်ဘက်မရှိဘူး။ မိတ်ဖက်သဘောမျိုးပဲ။ အားလုံးလက်တွဲပြီးတော့ ကြိုးစားရမှာပေါ့။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ဟာ ကြိုးစားရမှာပဲ။ ကျွန်တော်တို့ပြောထားပြီးသား။ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဆိုရင် ကျွန်တော်တို့ကျား ဖြူက နံပါတ် (၂)ဖြစ်မှာ။ နံပါတ်(၁)ကတော့ သူများပေးလိုက်ပါ”ဟု ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

Zawgyi Version:
လာမည့္ေ႐ြးေကာက္ပြဲသည္ လြတ္လပ္၍တရားမွ်တသည့္ေ႐ြးေကာက္ပြဲျဖစ္ပါက က်ားျဖဴပါတီသည္ နံပတ္ (၂) အဆင့္ ျဖစ္လိမ့္မည္ဟု ဦးစိုင္းအိုက္ေပါင္းခန႔္မွန္း
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၈
လာမည့္ေ႐ြးေကာက္ပြဲသည္ လြတ္လပ္၍တရားမွ်တသည့္ေ႐ြးေကာက္ပြဲျဖစ္ပါက ရွမ္းႏွင့္တိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ(က်ားျဖဴ) သည္ နံပါတ္(၂) အဆင့္ ျဖစ္မည္ဟု ယင္း ပါတီ ဥကၠ႒ ဦးစိုင္းအိုက္ေပါင္းက ယေန႔(ဒီဇင္ဘာ ၈ရက္) နံနက္ပိုင္းက ခန႔္မွန္း ေျပာၾကားခဲ့သည္။
ရန္ကုန္ၿမိဳ႕ရွိ Sky Star Hotelတြင္ျပဳလုပ္ေသာ ရွမ္းႏွင့္တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ(က်ားျဖဴပါတီ)၏ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးႏွင့္ လူထုေတြ႕ဆုံပြဲအခမ္းအနားတြင္ ဦးစိုင္းအိုက္ေပါင္းက အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္အၿမဲတမ္းေျပာတယ္။ လြတ္လပ္ၿပီးတရားမွ်တတဲ့ေ႐ြးေကာက္ပြဲဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔က်ားျဖဴက အနည္းဆုံး နံပါတ္ (၂) ယူမယ္။ ဒုတိယအမ်ားဆုံးႏိုင္မယ့္ပါတီျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္အၿမဲတမ္းေျပာတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က က်ားျဖဴပါတီက သမိုင္းေၾကာင္းေကာင္းတယ္။ ကြၽန္ေတာ္တို႔မွ ဘာအျပစ္အနာအဆာမရွိဘူး။ ကြၽန္ေတာ္တို႔က ျပည္သူအက်ိဳးပဲကြၽန္ေတာ္လုပ္ခ်င္ တယ္ေလ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က (၂၀၁၀) ေ႐ြးေကာက္ပြဲမွာ (၅၈) ေယာက္ႏိုင္ၿပီးေတာ့ ဘယ္လိုေနရာေတြရခဲ့လဲဆိုရင္ ဝန္ႀကီး(၆) ေယာက္ရတယ္။ ျပည္နယ္ဝန္ႀကီး ကခ်င္မွာ (၂)ေယာက္။ ရွမ္းမွာ (၂)ေယာက္။ မႏၲေလးမွာ (၁) ေယာက္။ ျပည္ေထာင္စုအဆင့္မွာ ေနျပည္ ေတာ္မွာ ဒုဝန္ႀကီးတစ္ဦးေပါ့။ အားလုံးေပါင္း (၆)ဦးရတယ္”ဟု ဦးစိုင္းအိုက္ေပါင္းက ေျပာသည္။
ထို႔ျပင္ လာမည့္ေ႐ြေကာက္ပြဲတြင္ က်ားျဖဴပါတီအေနျဖင့္ ၿပိဳင္ဘက္မရွိပဲ မိတ္ဖက္သေဘာမ်ိဳးျဖင့္သာ လက္တြဲသြားမည္ျဖစ္ေၾကာင္း ဦးစိုင္းအိုက္ေပါင္းက ဆိုသည္။
“ကြၽန္ေတာ္တို႔မွာ ၿပိဳင္ဘက္မရွိဘူး။ မိတ္ဖက္သေဘာမ်ိဳးပဲ။ အားလုံးလက္တြဲၿပီးေတာ့ ႀကိဳးစားရမွာေပါ့။ ကြၽန္ေတာ္တို႔ကလည္း ကြၽန္ေတာ္တို႔ဟာ ႀကိဳးစားရမွာပဲ။ ကြၽန္ေတာ္တို႔ေျပာထားၿပီးသား။ လြတ္လပ္ၿပီးတရားမွ်တတဲ့ေ႐ြးေကာက္ပြဲဆိုရင္ ကြၽန္ေတာ္တို႔က်ား ျဖဴက နံပါတ္ (၂)ျဖစ္မွာ။ နံပါတ္(၁)ကေတာ့ သူမ်ားေပးလိုက္ပါ”ဟု ဦးစိုင္းအိုက္ေပါင္းက ေျပာသည္။