အစ္စရေးတပ်ဖွဲ့တွေ အပြည့်အဝမရုတ်သိမ်းသရွေ့ ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်က ပြီးမြောက်မှာ မဟုတ်ဘူးလို့ ကာတာဝန်ကြီးချုပ်ဝေဖန်

154

Pika (NP News) - ဒီဇင်ဘာ ၈
ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးတပ်ဖွဲ့တွေ အပြည့်အဝရုတ်သိမ်းတာမျိုး မရှိသရွေ့ ဂါဇာအပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက်က အောင်မြင်လိမ့်မှာမဟုတ်ဘူးလို့ ကာတာဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ကာတာဝန်ကြီးချုပ် Sheikh Mohammed bin Abdulrahman Al Thani က “အခုကျွန်တော်တို့ဟာ အရေးကြီးတဲ့ အခိုက်အတန့််မှာ ရှိနေပါတယ်။ ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးတပ်ဖွဲ့တွေ အပြည့်အဝ မဆုတ်ခွာသရွေ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်က ပြီးမြောက်နိုင်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ကာတာနိုင်ငံဟာ အမေရိကန်၊ အီဂျစ်နိုင်ငံတို့နဲ့အတူ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိအောင် ကူညီပေးခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အစ္စရေးနဲ့ဟားမက်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေကိုရပ်တန့်စေဖို့ အကောင်းဆုံးကြိုးပမ်းပေးခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ လက်ရှိအချိန်အထိ စတင်ရတာမျိုးမရှိသေးတဲ့အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဲ့ဒုတိယအဆင့်အရ အစ္စရေးဟာ ဂါဇာ ကမ်းမြောင်ဒေသတွင်းမှာရှိတဲ့ ၎င်းရဲ့ထိန်းချုပ်ရာနေရာတွေအားလုံးကနေ တပ်ဖွဲ့ဝင်တွေအားလုံးကို ရုတ်သိမ်း ပေးရမှာဖြစ်ပြီး နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့တွေကို ဂါဇာတစ်ဝှမ်းမှာ ဖြန့်ကျက်ချထားဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အစၥေရးတပ္ဖြဲ႕ေတြ အျပည့္အဝမ႐ုတ္သိမ္းသေ႐ြ႕ ဂါဇာအပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္က ၿပီးေျမာက္မွာ မဟုတ္ဘူးလို႔ ကာတာဝန္ႀကီးခ်ဳပ္ေဝဖန္
Pika (NP News) - ဒီဇင္ဘာ ၈
ဂါဇာကမ္းေျမာင္ေဒသကေန အစၥေရးတပ္ဖြဲ႕ေတြ အျပည့္အဝ႐ုတ္သိမ္းတာမ်ိဳး မရွိသေ႐ြ႕ ဂါဇာအပစ္အခတ္ရပ္စဲ ေရးသေဘာတူညီခ်က္က ေအာင္ျမင္လိမ့္မွာမဟုတ္ဘူးလို႔ ကာတာဝန္ႀကီးခ်ဳပ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ကာတာဝန္ႀကီးခ်ဳပ္ Sheikh Mohammed bin Abdulrahman Al Thani က “အခုကြၽန္ေတာ္တို႔ဟာ အေရးႀကီးတဲ့ အခိုက္အတန္႔္မွာ ရွိေနပါတယ္။ ဂါဇာကမ္းေျမာင္ေဒသကေန အစၥေရးတပ္ဖြဲ႕ေတြ အျပည့္အဝ မဆုတ္ခြာသေ႐ြ႕ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္က ၿပီးေျမာက္ႏိုင္မွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ကာတာႏိုင္ငံဟာ အေမရိကန္၊ အီဂ်စ္ႏိုင္ငံတို႔နဲ႔အတူ ဂါဇာကမ္းေျမာင္ေဒသမွာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ရရွိေအာင္ ကူညီေပးခဲ့တဲ့ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး အစၥေရးနဲ႔ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား တိုက္ပြဲေတြကိုရပ္တန႔္ေစဖို႔ အေကာင္းဆုံးႀကိဳးပမ္းေပးခဲ့တဲ့ ႏိုင္ငံလည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိ စတင္ရတာမ်ိဳးမရွိေသးတဲ့အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရဲ႕ဒုတိယအဆင့္အရ အစၥေရးဟာ ဂါဇာ ကမ္းေျမာင္ေဒသတြင္းမွာရွိတဲ့ ၎ရဲ႕ထိန္းခ်ဳပ္ရာေနရာေတြအားလုံးကေန တပ္ဖြဲ႕ဝင္ေတြအားလုံးကို ႐ုတ္သိမ္း ေပးရမွာျဖစ္ၿပီး ႏိုင္ငံတကာတည္ၿငိမ္ေရးတပ္ဖြဲ႕ေတြကို ဂါဇာတစ္ဝွမ္းမွာ ျဖန႔္က်က္ခ်ထားဖို႔ လိုအပ္တယ္လို႔လည္း သိရပါတယ္။