ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနိုင်ငံကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်၊ နှစ်နိုင်ငံကြား တစ်ကျော့ပြန်တိုက်ပွဲများဖြစ်လာ

751

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၈
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား ဖြစ်ပွားလျက်ရှိနေတဲ့နယ်စပ်ဒေသအငြင်းပွားမှုများကြောင့် ဒီဇင်ဘာ ၈ ရက်မှာ တစ်ကျော့ပြန်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အငြင်းပွားနေတဲ့နယ်စပ်ဒေသမှာတိုက်ပွဲများ ပြန်လည်ဖြစ်လာအောင် ရန်စမှုများ ရှိနေတယ်လို့ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား အပြန်အလှန်စွပ်စွဲမှုများရှိနေခဲ့ပါတယ်။ ထိုင်းစစ်တပ်က ၎င်းတို့ဟာ အငြင်းပွားနေတဲ့ နယ်စပ်ဒေသတစ်လျှောက်ကို လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ထိုင်းစစ်တပ် က ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များဟာ ဒီဇင်ဘာ ၇ ရက်က ဆီဆာကက်ဒေသရှိ ထိုင်းနိုင်ငံသားများကို ပစ်ခတ် တိုက်ခိုက်မှုများရှိခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံကြား တိုက်ပွဲများဖြစ်လာခဲ့ခြင်းကြောင့် နယ်စပ်ဒေသမှာ နေထိုင်နေသူ အများအပြားဟာ နေရပ်စွန့်ခွာထွက်ပြေးခြင်းများရှိနေတယ်လို့ သိရပါတယ်။ ထိုင်းစစ်သားများနဲ့ ကမ္ဘောဒီးယားစစ်သားများဟာ အငြင်းပွားနေတဲ့နယ်စပ်ဒေသမှာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်လာခဲ့ပြီးနောက် ထိုင်းစစ်သားတစ်ဦး သေဆုံးခဲ့တာနဲ့ပတ်သက်ပြီးထိုင်းလေတပ်ရဲ့တိုက်လေယာဉ်များက ကမ္ဘောဒီးယားစစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဆူဗာရီက ''ကမ္ဘောဒီးယားစစ်သားများဟာ ထိုင်းဘက်ခြမ်းကို လက်နက်ငယ် များ၊ ရော့ကဒ်တွေ နဲ့ပစ်ခတ်ခဲ့တယ်။ထိုင်းစစ်သားတွေကလည်း စည်းကမ်းများအတိုင်း လက်နက်ငယ်များနဲ့ ရော့ကဒ်များ နဲ့ ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့တယ်။ နောက်ပိုင်းမှာ ကမ္ဘောဒီးယားစစ်သားများရဲ့ လက်နက်ကြီးများ နဲ့ပစ်ခတ်မှုကို ချေမှုန်းနိုင်အောင် နယ်စပ်ဒေသရှိ ကမ္ဘောဒီးယားစစ်အခြေစိုက်စခန်းများကို လေကြောင်းက တိုက်ခိုက်ခဲ့တယ်'' လို့ ပြောပါတယ်။
ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ထိုင်းစစ်သားများဟာ အငြင်းပွားနေ တဲ့နယ်စပ်ဒေသရှိ ကမ္ဘောဒီးယားစစ်သားများကို စတင်တိုက်ခိုက်ခဲ့ပြီး ကမ္ဘောဒီးယားဘက်က လက်တုံ့ပြန်တာမျိုး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာ နယ်စပ်ဒေသပိုင်နက်အငြင်းပွားမှုများကြောင့် ဇူလိုင်လအတွင်းမှာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ (၅)ရက်ကြာဖြစ်ပွားခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အပစ်ခတ်ရပ်စဲဖို့ တိုက်တွန်းမှုများအရ ယာယီအပစ်ခတ်ရပ်စဲဖို့ သဘောတူညီခဲ့ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ဟာ မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေး အတွင်း အမေရိကန်သမ္မတ ရှေ့မှောက်မှာ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု စာချုပ်လက်မှတ်ရေးထိုးခဲ့ပေမယ့် အပြန်အလှန်စွပ်စွဲမှုများ ဆက်လက်ရှိနေခဲ့ပြီး ဒီဇင်ဘာ (၈)ရက်မှာ နှစ်နိုင်ငံကြားအပြန်အလှန်စွပ်စွဲမှုများ၊ တိုက်ခိုက်မှုများ တစ်ကျော့ပြန်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား အပစ်ခတ်ရပ်စဲရေး ရယူနိုင်အောင်ကြိုးပမ်းရာမှာ ပါဝင်ခဲ့တဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့ကို သည်းခံချုပ်တည်းဖို့ တိုက်တွန်းတောင်းဆိုထားတယ်လို့ သိရပါတယ်။

Zawgyi Version:
ထိုင္းစစ္တပ္က ကေမာၻဒီးယားႏိုင္ငံကို ေလေၾကာင္းက ဗုံးႀကဲတိုက္ခိုက္၊ ႏွစ္ႏိုင္ငံၾကား တစ္ေက်ာ့ျပန္တိုက္ပြဲမ်ား ျဖစ္လာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၈
ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကား ျဖစ္ပြားလ်က္ရွိေနတဲ့နယ္စပ္ေဒသအျငင္းပြားမႈမ်ားေၾကာင့္ ဒီဇင္ဘာ ၈ ရက္မွာ တစ္ေက်ာ့ျပန္တိုက္ခိုက္မႈမ်ား ျပန္လည္ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။
အျငင္းပြားေနတဲ့နယ္စပ္ေဒသမွာတိုက္ပြဲမ်ား ျပန္လည္ျဖစ္လာေအာင္ ရန္စမႈမ်ား ရွိေနတယ္လို႔ ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကား အျပန္အလွန္စြပ္စြဲမႈမ်ားရွိေနခဲ့ပါတယ္။ ထိုင္းစစ္တပ္က ၎တို႔ဟာ အျငင္းပြားေနတဲ့ နယ္စပ္ေဒသတစ္ေလွ်ာက္ကို ေလေၾကာင္းက တိုက္ခိုက္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ ထိုင္းစစ္တပ္ က ကေမာၻဒီးယားတပ္ဖြဲ႕ဝင္မ်ားဟာ ဒီဇင္ဘာ ၇ ရက္က ဆီဆာကက္ေဒသရွိ ထိုင္းႏိုင္ငံသားမ်ားကို ပစ္ခတ္ တိုက္ခိုက္မႈမ်ားရွိခဲ့တယ္လို႔ စြပ္စြဲထားပါတယ္။
ထိုင္းနဲ႔ကေမာၻဒီးယားႏိုင္ငံၾကား တိုက္ပြဲမ်ားျဖစ္လာခဲ့ျခင္းေၾကာင့္ နယ္စပ္ေဒသမွာ ေနထိုင္ေနသူ အမ်ားအျပားဟာ ေနရပ္စြန႔္ခြာထြက္ေျပးျခင္းမ်ားရွိေနတယ္လို႔ သိရပါတယ္။ ထိုင္းစစ္သားမ်ားနဲ႔ ကေမာၻဒီးယားစစ္သားမ်ားဟာ အျငင္းပြားေနတဲ့နယ္စပ္ေဒသမွာ အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ ထိုင္းစစ္သားတစ္ဦး ေသဆုံးခဲ့တာနဲ႔ပတ္သက္ၿပီးထိုင္းေလတပ္ရဲ႕တိုက္ေလယာဥ္မ်ားက ကေမာၻဒီးယားစစ္အေျခစိုက္စခန္းမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တယ္လို႔ ထိုင္းစစ္တပ္ ေျပာေရးဆိုခြင့္ရွိသူက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ထိုင္းစစ္တပ္ ေျပာေရးဆိုခြင့္ရွိသူ ဆူဗာရီက ''ကေမာၻဒီးယားစစ္သားမ်ားဟာ ထိုင္းဘက္ျခမ္းကို လက္နက္ငယ္ မ်ား၊ ေရာ့ကဒ္ေတြ နဲ႔ပစ္ခတ္ခဲ့တယ္။ထိုင္းစစ္သားေတြကလည္း စည္းကမ္းမ်ားအတိုင္း လက္နက္ငယ္မ်ားနဲ႔ ေရာ့ကဒ္မ်ား နဲ႔ ျပန္လည္တုံ႔ျပန္တိုက္ခိုက္ခဲ့တယ္။ ေနာက္ပိုင္းမွာ ကေမာၻဒီးယားစစ္သားမ်ားရဲ႕ လက္နက္ႀကီးမ်ား နဲ႔ပစ္ခတ္မႈကို ေခ်မႈန္းႏိုင္ေအာင္ နယ္စပ္ေဒသရွိ ကေမာၻဒီးယားစစ္အေျခစိုက္စခန္းမ်ားကို ေလေၾကာင္းက တိုက္ခိုက္ခဲ့တယ္'' လို႔ ေျပာပါတယ္။
ကေမာၻဒီးယားကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကလည္း ထိုင္းစစ္သားမ်ားဟာ အျငင္းပြားေန တဲ့နယ္စပ္ေဒသရွိ ကေမာၻဒီးယားစစ္သားမ်ားကို စတင္တိုက္ခိုက္ခဲ့ၿပီး ကေမာၻဒီးယားဘက္က လက္တုံ႔ျပန္တာမ်ိဳး မလုပ္ခဲ့ဘူးလို႔ ေျပာပါတယ္။
ထိုင္းနဲ႔ကေမာၻဒီးယားတို႔ဟာ နယ္စပ္ေဒသပိုင္နက္အျငင္းပြားမႈမ်ားေၾကာင့္ ဇူလိုင္လအတြင္းမွာ အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈမ်ား (၅)ရက္ၾကာျဖစ္ပြားခဲ့ၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕အပစ္ခတ္ရပ္စဲဖို႔ တိုက္တြန္းမႈမ်ားအရ ယာယီအပစ္ခတ္ရပ္စဲဖို႔ သေဘာတူညီခဲ့ပါတယ္။ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္မာနက္နဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္တို႔ဟာ မေလးရွားႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပတဲ့ အာဆီယံထိပ္သီးအစည္းအေဝး အတြင္း အေမရိကန္သမၼတ ေရွ႕ေမွာက္မွာ အပစ္ခတ္ရပ္စဲေရးသေဘာတူညီမႈ စာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ေပမယ့္ အျပန္အလွန္စြပ္စြဲမႈမ်ား ဆက္လက္ရွိေနခဲ့ၿပီး ဒီဇင္ဘာ (၈)ရက္မွာ ႏွစ္ႏိုင္ငံၾကားအျပန္အလွန္စြပ္စြဲမႈမ်ား၊ တိုက္ခိုက္မႈမ်ား တစ္ေက်ာ့ျပန္ျဖစ္လာခဲ့တာျဖစ္ပါတယ္။ ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကား အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ေအာင္ႀကိဳးပမ္းရာမွာ ပါဝင္ခဲ့တဲ့ မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္ကေတာ့ ထိုင္းနဲ႔ ကေမာၻဒီးယား ႏိုင္ငံတို႔ကို သည္းခံခ်ဳပ္တည္းဖို႔ တိုက္တြန္းေတာင္းဆိုထားတယ္လို႔ သိရပါတယ္။