ပြည်သူများကို မည်သည့်လက်နက်ကိုင်အဖွဲ့ကမှ ငဲ့ညှာထောက်ထားခြင်း မရှိဟုဆို

 1691

သန့်ဇင် (NP News) - ဒီဇင်ဘာ ၉

မြန်မာပြည်သူများကို မည်သည့်လက်နက်ကိုင်အဖွဲ့ကမှ ငဲ့ညှာထောက်ထားခြင်းမရှိကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဝါရင့်နိုင်ငံရေးသမားတစ်ဦးက NP News သို့ ပြောသည်။
လက်ရှိ နိုင်ငံအတွင်း တိုက်ပွဲများဖော်ဆောင်နေသော လက်နက်ကိုင်အဖွဲ့များသည် ပြည်သူများ၏ အကျိုးအတွက် နဖူးတိုက်ဒူးတိုက် ဆွေးနွေးသင့်ကြောင်း ၎င်းကဆိုသည်။
“နောက်ပြည်သူပြည်သားတွေကို ဘယ်လက်နက်ကိုင်အဖွဲ့ကမှ ငဲ့ညှာထောက်ထားခြင်းမရှိဘူး။ ပြည်သူပြည်သား တွေအတွက်ဆိုရင် ဒီထက်ပိုကောင်းတဲ့ နည်းလမ်းကို စဉ်းစားရမှာလေ။ Stakeholder တွေထွက်လာခဲ့လေ။ Stakeholder ထွက်လာပြီး ပြည်သူတွေ အကျိုးအတွက် နဖူးတိုက်ဒူးတိုက်ဆွေးနွေးမယ်လေ။ ပြည်သူပြည်သား တွေကို မငဲ့လို့ ပြည်သူပြည်သားတွေကို နင်းချေပြီးတော့မှ အရင်က ဘာမှအသုံးမကျတဲ့ကောင်တွေက အခုမှ ကား ထစီးလိုက် ပိုက်ဆံတွေအများကြီးသုံးလိုက်ဖြစ်သွားပြီ”ဟု အထက်ပါ ဝါရင့် နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
ထို့ပြင် မည်သည့်တိုင်းရင်းသားမဆို တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်သော ခေါင်းဆောင်ဖြစ်နိုင်ပါက သမ္မတလုပ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
“တကယ့်တကယ် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်တဲ့ခေါင်းဆောင်ကောင်းပေါ့။ ဘယ်တိုင်းရင်းသားဖြစ်ဖြစ် ကျွန်တော်တို့က ကြိုဆိုပြီးသား။ ကြိုက်တဲ့တိုင်းရင်းသား သမ္မတတက်လုပ်။ ကာကွယ်ရေးဦးစီးချုပ်တက်လုပ်။ဘာမှမဖြစ်ဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မလွှမ်းခြုံပဲနဲ့ ညစ်ပတ်တဲ့ကောက်ကျစ်တဲ့ အတွေးနဲ့အကျိုးစီးပွားလောက်ကိုပဲ ကိုယ့်အဖွဲ့အစည်းကိုအသုံးပြုပြီးတော့ အာဏာနဲ့ သူများကိုအနိုင်ကျင့်ဖို့ နှိပ်စက်ဖို့အတွက်လုပ် တဲ့ဟာမျိုးကတော့ ဒါမျိုးကတော့ ဘာပဲဖြစ်ဖြစ် ယုံကြည်နိုင်စရာအကြောင်းမရှိဘူး”ဟု ၎င်းက ပြောသည်။
ထို့ကြောင့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၊ မည်သည့်အစိုးရမဆို ပြည်သူ့ကောင်းကျိုးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင် မည်ဆိုပါက ကြိုဆိုကြောင်းလည်း ၎င်းက ဆိုသည်။
“ဘယ်လက်နက်ကိုင်အဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဘယ်အစိုးရပဲဖြစ်ဖြစ်တက်လာခဲ့ရင် ပြည်သူပြည်သားတွေ ကောင်းကျိုး အတွက်ပေါ့နော်။ တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင်ကြိုဆိုတယ်။ ဘယ်သူပဲတက်တက်လေ။ နောက်တစ်ခုက ကျွန်တော် တို့ကိုနေရာပေးလည်း ကျွန်တော်တို့က တက်လုပ်ချင်တာမဟုတ်ဘူး။ အဲဒီလိုမျိုးနေရာလိုချင်တာလည်း မဟုတ်ဘူး”ဟု ၎င်းကပြောသည်။
လက်ရှိတွင် လက်နက်ကိုင်အဖွဲ့အစည်းများသည် အခွင့်အရေးနှင့် ကိုယ်ကျိုးစီးပွားအတွက် လက်နက်ကိုင်ယဉ်ကျေးမှုအား အသုံးချကာ ငွေရှာရန်ကြိုးစားနေကြကြောင်း ၎င်းကပြောသည်။
“အခုမြင်ကြည့်လိုက်တော့ အားလုံးက နေရာယူတယ်။ နေရာယူပြီးတော့ အခွင့်အရေးယူတယ်။ ကိုယ့်ရဲ့အကျိုးစီးပွားကို လက်ကြော တင်းအောင်လုပ်မစားချင်ဘူး။ ပြောရရင်လက်နက်ကိုင်တဲ့ ယဉ်ကျေးမှုကိုအသုံးချပြီးတော့ ပိုက်ဆံရှာချင်တယ်။ ဒါပဲ။ လက်နက်ကိုင်စီး ပွားရေးဖြစ်သွားတာ။ အဲဒါကြောင့် လက်နက်ကိုင်မှ သူတို့မှာအဆင့်အတန်းတစ်ခုရှိသွားမယ်လို့ သူတို့ထင်နေတယ်။ လက်နက်ကိုင်မှ စီးပွားရေးလုပ်ရတာလွယ်မယ်ပေါ့။ အဲဒီတော့ သမရိုးကျစီးပွားရေးလုပ်တဲ့လူတွေ သမာအာဇီဝကျကျလုပ်စားတဲ့လူတွေရဲ့ဟာကို လက်နက်နဲ့အနိုင်ကျင့်ပြီးတော့ယူတယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version:
ျပည္သူမ်ားကို မည္သည့္လက္နက္ကိုင္အဖြဲ႕ကမွ ငဲ့ညႇာေထာက္ထားျခင္း မရွိဟုဆို
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၉
ျမန္မာျပည္သူမ်ားကို မည္သည့္လက္နက္ကိုင္အဖြဲ႕ကမွ ငဲ့ညႇာေထာက္ထားျခင္းမရွိေၾကာင္း ႏိုင္ငံေရးေလ့လာ သုံးသပ္သူ ဝါရင့္ႏိုင္ငံေရးသမားတစ္ဦးက NP News သို႔ ေျပာသည္။
လက္ရွိ ႏိုင္ငံအတြင္း တိုက္ပြဲမ်ားေဖာ္ေဆာင္ေနေသာ လက္နက္ကိုင္အဖြဲ႕မ်ားသည္ ျပည္သူမ်ား၏ အက်ိဳးအတြက္ နဖူးတိုက္ဒူးတိုက္ ေဆြးေႏြးသင့္ေၾကာင္း ၎ကဆိုသည္။
“ေနာက္ျပည္သူျပည္သားေတြကို ဘယ္လက္နက္ကိုင္အဖြဲ႕ကမွ ငဲ့ညႇာေထာက္ထားျခင္းမရွိဘူး။ ျပည္သူျပည္သား ေတြအတြက္ဆိုရင္ ဒီထက္ပိုေကာင္းတဲ့ နည္းလမ္းကို စဥ္းစားရမွာေလ။ Stakeholder ေတြထြက္လာခဲ့ေလ။ Stakeholder ထြက္လာၿပီး ျပည္သူေတြ အက်ိဳးအတြက္ နဖူးတိုက္ဒူးတိုက္ေဆြးေႏြးမယ္ေလ။ ျပည္သူျပည္သား ေတြကို မငဲ့လို႔ ျပည္သူျပည္သားေတြကို နင္းေခ်ၿပီးေတာ့မွ အရင္က ဘာမွအသုံးမက်တဲ့ေကာင္ေတြက အခုမွ ကား ထစီးလိုက္ ပိုက္ဆံေတြအမ်ားႀကီးသုံးလိုက္ျဖစ္သြားၿပီ”ဟု အထက္ပါ ဝါရင့္ ႏိုင္ငံေရးသမားတစ္ဦးက ေျပာသည္။
ထို႔ျပင္ မည္သည့္တိုင္းရင္းသားမဆို တစ္ႏိုင္ငံလုံးလႊမ္းၿခဳံႏိုင္ေသာ ေခါင္းေဆာင္ျဖစ္ႏိုင္ပါက သမၼတလုပ္ႏိုင္ေၾကာင္းလည္း ၎က ဆိုသည္။
“တကယ့္တကယ္ တစ္ႏိုင္ငံလုံးလႊမ္းၿခဳံႏိုင္တဲ့ေခါင္းေဆာင္ေကာင္းေပါ့။ ဘယ္တိုင္းရင္းသားျဖစ္ျဖစ္ ကြၽန္ေတာ္တို႔က ႀကိဳဆိုၿပီးသား။ ႀကိဳက္တဲ့တိုင္းရင္းသား သမၼတတက္လုပ္။ ကာကြယ္ေရးဦးစီးခ်ဳပ္တက္လုပ္။ဘာမွမျဖစ္ဘူး။ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ မလႊမ္းၿခဳံပဲနဲ႔ ညစ္ပတ္တဲ့ေကာက္က်စ္တဲ့ အေတြးနဲ႔အက်ိဳးစီးပြားေလာက္ကိုပဲ ကိုယ့္အဖြဲ႕အစည္းကိုအသုံးျပဳၿပီးေတာ့ အာဏာနဲ႔ သူမ်ားကိုအႏိုင္က်င့္ဖို႔ ႏွိပ္စက္ဖို႔အတြက္လုပ္ တဲ့ဟာမ်ိဳးကေတာ့ ဒါမ်ိဳးကေတာ့ ဘာပဲျဖစ္ျဖစ္ ယုံၾကည္ႏိုင္စရာအေၾကာင္းမရွိဘူး”ဟု ၎က ေျပာသည္။
ထို႔ေၾကာင့္ မည္သည့္လက္နက္ကိုင္အဖြဲ႕အစည္း၊ မည္သည့္အစိုးရမဆို ျပည္သူ႔ေကာင္းက်ိဳးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လုပ္ကိုင္ မည္ဆိုပါက ႀကိဳဆိုေၾကာင္းလည္း ၎က ဆိုသည္။
“ဘယ္လက္နက္ကိုင္အဲျဖစ္ျဖစ္ ဘယ္အဖြဲ႕အစည္းပဲျဖစ္ျဖစ္ ဘယ္အစိုးရပဲျဖစ္ျဖစ္တက္လာခဲ့ရင္ ျပည္သူျပည္သားေတြ ေကာင္းက်ိဳး အတြက္ေပါ့ေနာ္။ တိုင္းျပည္ရဲ႕ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ဆိုရင္ႀကိဳဆိုတယ္။ ဘယ္သူပဲတက္တက္ေလ။ ေနာက္တစ္ခုက ကြၽန္ေတာ္ တို႔ကိုေနရာေပးလည္း ကြၽန္ေတာ္တို႔က တက္လုပ္ခ်င္တာမဟုတ္ဘူး။ အဲဒီလိုမ်ိဳးေနရာလိုခ်င္တာလည္း မဟုတ္ဘူး”ဟု ၎ကေျပာသည္။
လက္ရွိတြင္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားသည္ အခြင့္အေရးႏွင့္ ကိုယ္က်ိဳးစီးပြားအတြက္ လက္နက္ကိုင္ယဥ္ေက်းမႈအား အသုံးခ်ကာ ေငြရွာရန္ႀကိဳးစားေနၾကေၾကာင္း ၎ကေျပာသည္။
“အခုျမင္ၾကည့္လိုက္ေတာ့ အားလုံးက ေနရာယူတယ္။ ေနရာယူၿပီးေတာ့ အခြင့္အေရးယူတယ္။ ကိုယ့္ရဲ႕အက်ိဳးစီးပြားကို လက္ေၾကာ တင္းေအာင္လုပ္မစားခ်င္ဘူး။ ေျပာရရင္လက္နက္ကိုင္တဲ့ ယဥ္ေက်းမႈကိုအသုံးခ်ၿပီးေတာ့ ပိုက္ဆံရွာခ်င္တယ္။ ဒါပဲ။ လက္နက္ကိုင္စီး ပြားေရးျဖစ္သြားတာ။ အဲဒါေၾကာင့္ လက္နက္ကိုင္မွ သူတို႔မွာအဆင့္အတန္းတစ္ခုရွိသြားမယ္လို႔ သူတို႔ထင္ေနတယ္။ လက္နက္ကိုင္မွ စီးပြားေရးလုပ္ရတာလြယ္မယ္ေပါ့။ အဲဒီေတာ့ သမ႐ိုးက်စီးပြားေရးလုပ္တဲ့လူေတြ သမာအာဇီဝက်က်လုပ္စားတဲ့လူေတြရဲ႕ဟာကို လက္နက္နဲ႔အႏိုင္က်င့္ၿပီးေတာ့ယူတယ္” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.