ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ရဲ့ဒုတိယအဆင့်ကို မကြာခင်အချိန်အတွင်း စတင်ဖို့ မျှော်လင့်ထားတယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော

241

Pika (NP News) - ဒီဇင်ဘာ ၉
အမေရိကန်ပံ့ပိုးပေးထားတဲ့ ဂါဇာအတွက် ငြိမ်းချမ်းရေးအစီအစဉ်ရဲ့ ဒုတိယအဆင့်ကို မကြာခင်အချိန်အတွင်း စတင်ဖို့ မျှော်လင့်ထားတယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင်ယခုလ အတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့လည်း တွေ့ဆုံမှုတွေ လုပ်ဆောင်သွားမယ်လို့ နေတန်ရာဟုက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ(၁ဝ)ရက်မှာ စတင်အသက်ဝင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟာ (၂ဝ၂၃) ခုနှစ် အောက်တိုဘာလ(၇)ရက်မှာ စတင်ခဲ့တဲ့ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေကို ရပ်တန့် စေခဲ့တယ်လို့လည်း သိရပါတယ်။ အောက်တိုဘာလ(၁၀)ရက်မှာ စတင်အသက်ဝင်ခဲ့တဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ၎င်းတို့ဖမ်းဆီးထိန်းသိမ်းထားတဲ့ အစ္စရေးဓါးစာခံတွေကို ပြန်လွှတ်ပေးဖို့ ကတိပြုခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးရဲအရာရှိတစ်ဦးရဲ့ရုပ်အလာင်းကလွဲပြီး ကျန်တဲ့ဓါးစာခံတွေ အားလုံးကို ပြန်လွှတ်ပေးပြီပြီဖြစ်တယ်လို့လည်း သိရပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဲ့ ဒုတိယ အဆင့်မှာ ဟားမက်လက်နက်ကိုင်အဖွဲ့ကို လက်နက်ဖျက်သိမ်းဖို့၊ အကူးအပြောင်းအာဏာပိုင်အဖွဲ့တစ်ခု တည်ထောင်ဖို့ နဲ့ ဂါဇာမှာ နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့တစ်ခု ဖြန့်ကျက်ချထားဖို့ အစီအစဉ်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဂါဇာၿငိမ္းခ်မ္းေရးအစီအစဥ္ရဲ႕ဒုတိယအဆင့္ကို မၾကာခင္အခ်ိန္အတြင္း စတင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၉
အေမရိကန္ပံ့ပိုးေပးထားတဲ့ ဂါဇာအတြက္ ၿငိမ္းခ်မ္းေရးအစီအစဥ္ရဲ႕ ဒုတိယအဆင့္ကို မၾကာခင္အခ်ိန္အတြင္း စတင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ယခုလ အတြင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔လည္း ေတြ႕ဆုံမႈေတြ လုပ္ေဆာင္သြားမယ္လို႔ ေနတန္ရာဟုက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ေအာက္တိုဘာလ(၁ဝ)ရက္မွာ စတင္အသက္ဝင္ခဲ့တဲ့ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ဟာ (၂ဝ၂၃) ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္မွာ စတင္ခဲ့တဲ့ အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား တိုက္ပြဲေတြကို ရပ္တန႔္ ေစခဲ့တယ္လို႔လည္း သိရပါတယ္။ ေအာက္တိုဘာလ(၁၀)ရက္မွာ စတင္အသက္ဝင္ခဲ့တဲ့အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္အရ ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ ၎တို႔ဖမ္းဆီးထိန္းသိမ္းထားတဲ့ အစၥေရးဓါးစာခံေတြကို ျပန္လႊတ္ေပးဖို႔ ကတိျပဳခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးရဲအရာရွိတစ္ဦးရဲ႕႐ုပ္အလာင္းကလြဲၿပီး က်န္တဲ့ဓါးစာခံေတြ အားလုံးကို ျပန္လႊတ္ေပးၿပီၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရဲ႕ ဒုတိယ အဆင့္မွာ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို လက္နက္ဖ်က္သိမ္းဖို႔၊ အကူးအေျပာင္းအာဏာပိုင္အဖြဲ႕တစ္ခု တည္ေထာင္ဖို႔ နဲ႔ ဂါဇာမွာ ႏိုင္ငံတကာတည္ၿငိမ္ေရးတပ္ဖြဲ႕တစ္ခု ျဖန႔္က်က္ခ်ထားဖို႔ အစီအစဥ္ေတြ ပါဝင္တယ္လို႔လည္း သိရပါတယ္။