တတိယအကြိမ်မြောက် ဒုံးကျည်ကာကွယ်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ရုရှားနဲ့တရုတ်တို့ ပြုလုပ်

351

Pika (NP News) - ဒီဇင်ဘာ ၉
ဒီဇင်ဘာလအစောပိုင်းမှာ တရုတ်နဲ့ရုရှားတို့ဟာ ရုရှားပိုင်နက်အတွင်းမှာ တတိယအကြိမ်မြောက် ဒုံးကျည် ကာကွယ်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ဘယ်နိုင်ငံကိုမှ ပစ်မှတ်ထားတာမျိုးမဟုတ်ကြောင်းနဲ့လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံတကာအခြေအနေတွေမှန်သမျှကို တုံ့ပြန်တာမျိုးမဟုတ်ဘူးလို့လည်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း ရုရှားနဲ့တရုတ်တို့ဟာ ဒုံးကျည်ကာကွယ်ရေးနဲ့မဟာဗျူဟာမြောက်တည်ငြိမ်မှုဆိုင်ရာ ဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့ကြသလို ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း အမြောက်နဲ့ရေငုပ်သင်္ဘောတိုက်ဖျက် ရေး စစ်ရေးလေ့ကျင့်မှုတွေကို ဂျပန်ပင်လယ်ပြင်မှာ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ (၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလမတိုင်ခင်မှာ ရုရှားနဲ့တရုတ်တို့ဟာ အကန့်အသတ်မရှိတဲ့မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်နိုင်ငံစလုံးရဲ့ တပ်ဖွဲ့တွေကြားမှာ ညှိနှိုင်းဆောင်ရွက်မှုတွေကို လေ့ကျင့်ဖို့အတွက် ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေလုပ်ဆောင်ဖို့ ကတိပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် နျူကလီးယားလက်နက်စမ်းသပ်မှုတွေကို ချက်ချင်းပြန်လည်စတင်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပင်တဂွန်စစ်ဌာနချုပ်ကို အမိန့်ပေးခဲ့တာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ရုရှားနဲ့တရုတ် နှစ်နိုင်ငံစလုံးက ဖော်ပြခဲ့ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
တတိယအႀကိမ္ေျမာက္ ဒုံးက်ည္ကာကြယ္ေရး ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို ႐ုရွားနဲ႔တ႐ုတ္တို႔ ျပဳလုပ္
Pika (NP News) - ဒီဇင္ဘာ ၉
ဒီဇင္ဘာလအေစာပိုင္းမွာ တ႐ုတ္နဲ႔႐ုရွားတို႔ဟာ ႐ုရွားပိုင္နက္အတြင္းမွာ တတိယအႀကိမ္ေျမာက္ ဒုံးက်ည္ ကာကြယ္ေရး ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။
အဲဒီစစ္ေရးေလ့က်င့္မႈေတြဟာ ဘယ္ႏိုင္ငံကိုမွ ပစ္မွတ္ထားတာမ်ိဳးမဟုတ္ေၾကာင္းနဲ႔လက္ရွိျဖစ္ပြားေနတဲ့ ႏိုင္ငံတကာအေျခအေနေတြမွန္သမွ်ကို တုံ႔ျပန္တာမ်ိဳးမဟုတ္ဘူးလို႔လည္း တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့လတုန္းကလည္း ႐ုရွားနဲ႔တ႐ုတ္တို႔ဟာ ဒုံးက်ည္ကာကြယ္ေရးနဲ႔မဟာဗ်ဴဟာေျမာက္တည္ၿငိမ္မႈဆိုင္ရာ ေဆြးေႏြးမႈေတြကို လုပ္ေဆာင္ခဲ့ၾကသလို ၿပီးခဲ့တဲ့ ဩဂုတ္လတုန္းကလည္း အေျမာက္နဲ႔ေရငုပ္သေဘၤာတိုက္ဖ်က္ ေရး စစ္ေရးေလ့က်င့္မႈေတြကို ဂ်ပန္ပင္လယ္ျပင္မွာ လုပ္ေဆာင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခဲ့တဲ့ (၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလမတိုင္ခင္မွာ ႐ုရွားနဲ႔တ႐ုတ္တို႔ဟာ အကန႔္အသတ္မရွိတဲ့မဟာဗ်ဴဟာေျမာက္မိတ္ဖက္ဆက္ဆံေရးကို လက္မွတ္ေရးထိုးခဲ့ၾကၿပီး ႏွစ္ႏိုင္ငံစလုံးရဲ႕ တပ္ဖြဲ႕ေတြၾကားမွာ ညႇိႏႈိင္းေဆာင္႐ြက္မႈေတြကို ေလ့က်င့္ဖို႔အတြက္ ပုံမွန္စစ္ေရးေလ့က်င့္မႈေတြလုပ္ေဆာင္ဖို႔ ကတိျပဳခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ န်ဴကလီးယားလက္နက္စမ္းသပ္မႈေတြကို ခ်က္ခ်င္းျပန္လည္စတင္ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ပင္တဂြန္စစ္ဌာနခ်ဳပ္ကို အမိန႔္ေပးခဲ့တာနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြကို ႐ုရွားနဲ႔တ႐ုတ္ ႏွစ္ႏိုင္ငံစလုံးက ေဖာ္ျပခဲ့ၾကတယ္လို႔လည္း သိရပါတယ္။