ငြိမ်းချမ်းရေးအစီအစဉ်မှာ ပါဝင်ဆောင်ရွက်တာမျိုးမရှိတဲ့ ယူကရိန်းသမ္မတကို အနည်းငယ်စိတ်ပျက်မိတယ်လို့ ဒေါ်နယ်ထရမ့်ပြော

 495

Pika (NP News) - ဒီဇင်ဘာ ၉

ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့ အစီအစဉ်မှာ ပါဝင်ဆောင်ရွက်တာမျိုးမရှိတဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ပတ်သက်ပြီး အနည်းငယ်စိတ်ပျက်မိတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “ကျွန်တော် ရုရှားသမ္မတပူတင်၊ ယူကရိန်းသမ္မတဇီလန်စကီးတို့နဲ့ စကားပြောဆိုခဲ့ပါတယ်။ ဇီလန်စကီးက ငြိမ်းချမ်းရေးအဆိုပြုချက်ကို မဖတ်ရသေးတာနဲ့ပတ်သက်ပြီး ကျွန်တော် နည်းနည်းစိတ်ပျက်မိပါ တယ်” လို့ ပြောခဲ့ပါတယ်။
ဇီလန်စကီး အပါအဝင် အမေရိကန်နဲ့ ယူကရိန်းအရာရှိတို့ကြား ဆွေးနွေးပွဲတွေဟာ သိသာထင်ရှားတဲ့ရလဒ်တွေ မရှိဘဲ အဆုံးသတ်သွားခဲ့ပေမယ့်လည်း စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရဖို့အတွက် နောက်ထပ်ဆွေးနွေးပွဲတွေကို လုပ်ဆောင်သွားမယ်လို့ ဇီလန်စကီးက ကတိပြုခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်အထူးသံတမန် စတိဗ်ဝစ်အော့ဖ်နဲ့ ဂျဲကူရှနာတို့ဟာ ယူကရိန်းစစ်ပွဲကိုအဆုံးသတ်မယ့် အမေရိကန်ရဲ့အစီအစဉ်ကို ဆွေးနွေးဖို့ အတွက် ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်နဲ့ယူကရိန်းတို့ရဲ့ အရာရှိတွေကြား တွေ့ဆုံမှုထွက်ပေါ်လာတာဖြစ်ပါတယ်။
စစ်မှန်တဲ့တိုးတက်မှုတွေက ရုရှားရဲ့စစ်ပွဲကို အဆုံးသတ်ဖို့ လိုလားချက်အပေါ်မှာ မူတည်တယ်ဆိုတာကို အမေရိကန် နဲ့ ယူကရိန်းတို့က သဘောတူညီခဲ့တယ်လို့ အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ထုတ်ဖော်ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးအစီအစဥ္မွာ ပါဝင္ေဆာင္႐ြက္တာမ်ိဳးမရွိတဲ့ ယူကရိန္းသမၼတကို အနည္းငယ္စိတ္ပ်က္မိတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၉
႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔ အစီအစဥ္မွာ ပါဝင္ေဆာင္႐ြက္တာမ်ိဳးမရွိတဲ့ ယူကရိန္းသမၼတ ဇီလန္စကီးနဲ႔ပတ္သက္ၿပီး အနည္းငယ္စိတ္ပ်က္မိတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္ ႐ုရွားသမၼတပူတင္၊ ယူကရိန္းသမၼတဇီလန္စကီးတို႔နဲ႔ စကားေျပာဆိုခဲ့ပါတယ္။ ဇီလန္စကီးက ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ကို မဖတ္ရေသးတာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ နည္းနည္းစိတ္ပ်က္မိပါ တယ္” လို႔ ေျပာခဲ့ပါတယ္။
ဇီလန္စကီး အပါအဝင္ အေမရိကန္နဲ႔ ယူကရိန္းအရာရွိတို႔ၾကား ေဆြးေႏြးပြဲေတြဟာ သိသာထင္ရွားတဲ့ရလဒ္ေတြ မရွိဘဲ အဆုံးသတ္သြားခဲ့ေပမယ့္လည္း စစ္မွန္တဲ့ၿငိမ္းခ်မ္းေရးကို ရဖို႔အတြက္ ေနာက္ထပ္ေဆြးေႏြးပြဲေတြကို လုပ္ေဆာင္သြားမယ္လို႔ ဇီလန္စကီးက ကတိျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ အေမရိကန္အထူးသံတမန္ စတိဗ္ဝစ္ေအာ့ဖ္နဲ႔ ဂ်ဲကူရွနာတို႔ဟာ ယူကရိန္းစစ္ပြဲကိုအဆုံးသတ္မယ့္ အေမရိကန္ရဲ႕အစီအစဥ္ကို ေဆြးေႏြးဖို႔ အတြက္ ႐ုရွားသမၼတပူတင္နဲ႔ ေတြ႕ဆုံမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ အေမရိကန္နဲ႔ယူကရိန္းတို႔ရဲ႕ အရာရွိေတြၾကား ေတြ႕ဆုံမႈထြက္ေပၚလာတာျဖစ္ပါတယ္။
စစ္မွန္တဲ့တိုးတက္မႈေတြက ႐ုရွားရဲ႕စစ္ပြဲကို အဆုံးသတ္ဖို႔ လိုလားခ်က္အေပၚမွာ မူတည္တယ္ဆိုတာကို အေမရိကန္ နဲ႔ ယူကရိန္းတို႔က သေဘာတူညီခဲ့တယ္လို႔ အေမရိကန္အစိုးရက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ထုတ္ေဖာ္ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.