PDF ကင်းစင်လုနီးပါး ဖြစ်လာသဖြင့် စစ်ကိုင်း-မင်းကွန်းလမ်းကို ပုံမှန်အတိုင်း စိတ်အေးချမ်းသာစွာ သွားလာနိုင်ပြီဟုဆို

344

သုတကျော် (NP News) - ဒီဇင်ဘာ ၁ဝ
စစ်ကိုင်း - မင်းကွန်းလမ်း ကို ပုံမှန်အတိုင်း စိတ်အေးချမ်းသာစွာ သွားလာနိုင်ပြီဖြစ်ပြီး စစ်ကိုင်း မြို့နယ်တွင် PDF ကင်းစင်လုနီးပါးအခြေအနေဖြစ်နေပြီဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦး က NP News သို့ ပြောသည်။
မင်းကွန်းသည် စစ်ကိုင်းမြို့နှင့်များစွာ မဝေးလှသော်လည်း မင်းကွန်းအထိ PDF များက တိုက်ပွဲ ဖော်ဆောင်ခြင်းများရှိခဲ့သည့်အပြင် စစ်ကိုင်း နှင့် မင်းကွန်းသွားလာရာ လမ်းကို PDF အဖွဲ့များက ထိန်း ချုပ်နိုင်ရေး ကြိုးပမ်းခဲ့သည်။ မန္တလေးငလျင် အပြီးတွင်လည်း PDF တို့က ယင်းလမ်းပိုင်းတွင် ရှိနေသည့် အတွက် လူသားချင်းစာနာမှုအကူအညီများ ပေးရန်၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန်အတွက် အခက်အခဲများ ကြုံခဲ့ရသည်။
PDF များအနေဖြင့် မင်းကွန်းကို ထိန်းချုပ်နိုင်လျှင် တစ်ဖက်ကမ်းမှ မန္တလေးမြို့သို့ စစ်ရေးအရ ခြိမ်းခြောက်နိုင်မည်ဟုမျှော်လင့်ခဲ့သော်လည်း တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှု ကြောင့် စစ်ကိုင်းမြို့နယ်အတွင်းမှ ဆုတ်ခွာထွက်ပြေးနေရပြီဖြစ်သည်။ စစ်ကိုင်း - မင်းကွန်းလမ်းသည် စပွင့်စဉ်က မလုံခြုံသောအခြေအနေဖြစ်ခဲ့သော်လည်း ယခုအခါ စိတ်ချလက်ချ သွားနိုင်သောအခြေ အနေကို ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။
“အေးအေးဆေးဆေး သွားလို့ရပြီ။ လုံခြုံရေးတပ်ဖွဲ့တွေလည်း ချထားပါတယ်။ အေးအေးဆေး ဆေးသွားလာလို့ရနေပြီ။ စစ်ဘေးရှောင်တွေကိုလည်း လှူနေကြတယ်။ စစ်ကိုင်းမှာ စစ်ကြောင်းက ပတ် ထိုးနေတယ်။ စစ်ကိုင်းမြို့နယ်မှာ PDF က မရှိသလောက်ဖြစ်သွားပြီ” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
လက်ရှိ စစ်ကိုင်းမြို့နယ် နှင့် နီးစပ်သည့် ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာ၊ ဇီးတော ကျေးရွာ၊ အောင်ချမ်းသာကျေးရွာနှင့် ဘုန်းဘွဲကျေးရွာဘက်တွင် တပ်မတော် နှင့် PDF အဖွဲ့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းများရှိနေကြောင်းလည်း သိရသည်။
လက်ရှိတွင်လည်း အဆိုပါဒေသဘက်တွင် PDF တို့က လယ်ယာမြေများအတွင်း မိုင်းထောင်ခဲ့ သည့်အတွက် တောင်သူ၊ လယ်သမားများ စပါးရိတ်သိမ်းရန် အခက်တွေ့နေကြရကြောင်း သိရ သည်။ “ဧက ရာကျော်ကျော်တယ်။ ငါးရာ၊ ခြောက်ရာလောက်ရှိမယ်။ ဒါက အဲဒီ ဒေသတင်နော်။ တစ်နယ်လုံး PDF မိုင်းထောင်တာက ဧကထောင်ကျော်လိမ့်မယ်။ မိုင်း စိုးရိမ်တော့ စပါးမရိတ်ရဲတာပေါ့” ဟု ရွှေဘို ဒေသခံတစ်ဦးက ဆိုသည်။

Zawgyi Version:
PDF ကင္းစင္လုနီးပါး ျဖစ္လာသျဖင့္ စစ္ကိုင္း-မင္းကြန္းလမ္းကို ပုံမွန္အတိုင္း စိတ္ေအးခ်မ္းသာစြာ သြားလာႏိုင္ၿပီဟုဆို
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၁ဝ
စစ္ကိုင္း - မင္းကြန္းလမ္း ကို ပုံမွန္အတိုင္း စိတ္ေအးခ်မ္းသာစြာ သြားလာႏိုင္ၿပီျဖစ္ၿပီး စစ္ကိုင္း ၿမိဳ႕နယ္တြင္ PDF ကင္းစင္လုနီးပါးအေျခအေနျဖစ္ေနၿပီျဖစ္ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦး က NP News သို႔ ေျပာသည္။
မင္းကြန္းသည္ စစ္ကိုင္းၿမိဳ႕ႏွင့္မ်ားစြာ မေဝးလွေသာ္လည္း မင္းကြန္းအထိ PDF မ်ားက တိုက္ပြဲ ေဖာ္ေဆာင္ျခင္းမ်ားရွိခဲ့သည့္အျပင္ စစ္ကိုင္း ႏွင့္ မင္းကြန္းသြားလာရာ လမ္းကို PDF အဖြဲ႕မ်ားက ထိန္း ခ်ဳပ္ႏိုင္ေရး ႀကိဳးပမ္းခဲ့သည္။ မႏၲေလးငလ်င္ အၿပီးတြင္လည္း PDF တို႔က ယင္းလမ္းပိုင္းတြင္ ရွိေနသည့္ အတြက္ လူသားခ်င္းစာနာမႈအကူအညီမ်ား ေပးရန္၊ ျပန္လည္ထူေထာင္ေရးေဆာင္႐ြက္ရန္အတြက္ အခက္အခဲမ်ား ႀကဳံခဲ့ရသည္။
PDF မ်ားအေနျဖင့္ မင္းကြန္းကို ထိန္းခ်ဳပ္ႏိုင္လွ်င္ တစ္ဖက္ကမ္းမွ မႏၲေလးၿမိဳ႕သို႔ စစ္ေရးအရ ၿခိမ္းေျခာက္ႏိုင္မည္ဟုေမွ်ာ္လင့္ခဲ့ေသာ္လည္း တပ္မေတာ္ႏွင့္လုံၿခဳံေရးတပ္ဖြဲ႕မ်ား၏ တိုက္ခိုက္မႈ ေၾကာင့္ စစ္ကိုင္းၿမိဳ႕နယ္အတြင္းမွ ဆုတ္ခြာထြက္ေျပးေနရၿပီျဖစ္သည္။ စစ္ကိုင္း - မင္းကြန္းလမ္းသည္ စပြင့္စဥ္က မလုံၿခဳံေသာအေျခအေနျဖစ္ခဲ့ေသာ္လည္း ယခုအခါ စိတ္ခ်လက္ခ် သြားႏိုင္ေသာအေျခ အေနကို ေရာက္ရွိသြားျခင္းျဖစ္ေၾကာင္း သိရသည္။
“ေအးေအးေဆးေဆး သြားလို႔ရၿပီ။ လုံၿခဳံေရးတပ္ဖြဲ႕ေတြလည္း ခ်ထားပါတယ္။ ေအးေအးေဆး ေဆးသြားလာလို႔ရေနၿပီ။ စစ္ေဘးေရွာင္ေတြကိုလည္း လႉေနၾကတယ္။ စစ္ကိုင္းမွာ စစ္ေၾကာင္းက ပတ္ ထိုးေနတယ္။ စစ္ကိုင္းၿမိဳ႕နယ္မွာ PDF က မရွိသေလာက္ျဖစ္သြားၿပီ” ဟု လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူ တစ္ဦးက ဆိုသည္။
လက္ရွိ စစ္ကိုင္းၿမိဳ႕နယ္ ႏွင့္ နီးစပ္သည့္ ေ႐ႊဘိုၿမိဳ႕နယ္၊ တဂဏန္းေက်း႐ြာ၊ ဇီးေတာ ေက်း႐ြာ၊ ေအာင္ခ်မ္းသာေက်း႐ြာႏွင့္ ဘုန္းဘြဲေက်း႐ြာဘက္တြင္ တပ္မေတာ္ ႏွင့္ PDF အဖြဲ႕ၾကား ထိေတြ႕တိုက္ပြဲ ျဖစ္ပြားျခင္းမ်ားရွိေနေၾကာင္းလည္း သိရသည္။
လက္ရွိတြင္လည္း အဆိုပါေဒသဘက္တြင္ PDF တို႔က လယ္ယာေျမမ်ားအတြင္း မိုင္းေထာင္ခဲ့ သည့္အတြက္ ေတာင္သူ၊ လယ္သမားမ်ား စပါးရိတ္သိမ္းရန္ အခက္ေတြ႕ေနၾကရေၾကာင္း သိရ သည္။ “ဧက ရာေက်ာ္ေက်ာ္တယ္။ ငါးရာ၊ ေျခာက္ရာေလာက္ရွိမယ္။ ဒါက အဲဒီ ေဒသတင္ေနာ္။ တစ္နယ္လုံး PDF မိုင္းေထာင္တာက ဧကေထာင္ေက်ာ္လိမ့္မယ္။ မိုင္း စိုးရိမ္ေတာ့ စပါးမရိတ္ရဲတာေပါ့” ဟု ေ႐ႊဘို ေဒသခံတစ္ဦးက ဆိုသည္။