ထရမ့်၏ ကမ္ဘာလုံးဆိုင်ရာဝါဒကို လေ့လာခြင်း

 72

သန်းထိုက်စိုး (NP News) - ဒီဇင်ဘာ ၁ဝ

တောင်အာဖရိကရှိ လူဖြူလယ်သမားများကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ်ရှုမြင်သည့် ဘိုးဝါး (Boer)ပြဿနာကြောင့် နောက်လာမည့် G20 ထိပ်သီးအစည်းအဝေးတွင် တောင်အာဖရိကနိုင်ငံကို ဖိတ် ကြား မည်မဟုတ်ကြောင်း သမ္မတထရမ့်က မကြာသေးမီက ပင်အတည်ပြုခဲ့သည်။ ထိုသို့ အတည်မပြုမီ က ဒုတိယသမ္မတ ဂျေဒီဗန့်စ်(JD Vance) သည် G20 ထိပ်သီးအစည်းအဝေးသို့ သမ္မတထရမ့်၏ကိုယ်စား တက်ရောက်ရန်မျှော်လင့်ခဲ့သောကြောင့် အမေရိကန် သံတမန်များသည် အစည်းအဝေးအတွက်ပြင်ဆင် ရေးလုပ်ငန်းစဉ်များတွင်ပါဝင်ခဲ့ကြသည်။ G20 သည် ကမ္ဘာ့ထိပ်တန်းစီးပွားရေးနိုင်ငံများ၏ဖိုရမ်အဖြစ် ဆောင်ရွက်နေသောကြောင့် ဥပဒေအရ မည်သည့် ဆုံးဖြတ်ချက်မှအတည်မပြုနိုင်သော်လည်း ဆယ်စုနှစ် များစွာ ကမ္ဘာလုံးဆိုင်ရာဝါဒကိုဦးဆောင်ခဲ့သော အမေရိကန်ပြည်ထောင်စုက ကိစ္စရပ်များစွာတွင် သဘောတူညီမှုရရှိရေး တားဆီးနေခြင်း၏ သဘောတ ရားဆိုင်ရာအရေးပါမှုမှာကြီးမားသည်။ ၎င်း၏ ပထမသက်တမ်းအတွင်းကလည်း သမ္မတထရမ့်နှင့် ၎င်း၏ အဖွဲ့သည် အလားတူပိတ်ဆို့မှုပုံစံကို အသုံးပြု ခဲ့ဖူးသော်လည်း၊ ၎င်းတို့သည် ယခုဒုတိယသက် တမ်းစတင်ပြီး တစ်နှစ်မပြည့်သေးသည့်အချိန်အတွင်း ပထမသက်တမ်း လေးနှစ်တာကာလထက် ယခင် ကမ္ဘာလုံးဆိုင်ရာပုံစံကိုပြောင်းလဲရန် ပိုမိုလုပ်ဆောင် နေပြီဖြစ်သည်။
အမေရိကန်၏နှောင့်ယှက်မှု သို့မဟုတ် မတက်ရောက်ခြင်းကြားမှ G20 သည် ဆက်လက် လည် ပတ်နိုင်သေးသည်။ ယင်းမှာ အမေရိကန်သဘောမတူသည့်အချက်များကို ပူးတွဲကြေညာချက်တွင် ရိုး ရှင်းစွာ ထည့်သွင်းဖော်ပြရုံဖြင့် အရာအားလုံးကို ပျက်စီးစေမည်မဟုတ်သောကြောင့်ဖြစ်သည်။ ထရမ့် ၂.ဝ သည် G20 ကိုအခြေခံအားဖြင့် ဆန့်ကျင်ခြင်းမရှိပါ။ ထရမ့်သည် ၎င်းကိုယ်တိုင်က လာမည့်နှစ်တွင် မိုင်ယာမီမြို့ရှိ ၎င်း၏ Trump National Doral ၌ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပ ရမည့်အပေါ် အလွန်ဂုဏ်ယူနေသည်။ သို့သော်လည်း ယခုနှစ်အခမ်းအနားကိုသပိတ်မှောက်ရန်အတွက် ဘိုးဝါးပြဿနာသည် အမေရိကန်အတွက် အကြောင်းပြချက်တစ်ခုဖြစ်လာပြီး ၎င်း၏ ဒုတိယသက်တမ်း အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်နေသည်။
ထရမ့်သည် ယခုတစ်ကြိမ်တွင် ယခင်ကမ္ဘာလုံးဆိုင်ရာပုံစံကိုပြောင်းလဲရန်နှင့်ပတ်သက်၍ မည် သည့် ချန်လှပ်ထားခြင်းမှမရှိကြောင်း၊ တရုတ်အပေါ် ကုန်သွယ်ရေးစစ်ပွဲကို ပြန်လည်စတင်ပြီး ကမ္ဘာ တစ်ဝန်း လုံးသို့ချဲ့ထွင်လိုက်ခြင်းဖြင့်သက်သေပြခဲ့သည်။ စီးပွားရေးတော်လှန်ရေး၏အစိတ်အပိုင်း ဖြစ် ကြောင်း ထရမ့်ကကြေညာခဲ့သည်။ သူ၏ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံကိုဆန့်ကျင်ရာတွင် အမေရိကန် က အသာစီးရစေရန် သို့မဟုတ် အနည်းဆုံး တရုတ်နိုင်ငံ၏တိုးတက်မှုကိုနှေးကွေးစေရန်အတွက် ကမ္ဘာ့ စီးပွားရေးကို ပြန်လည်ဖွဲ့စည်းရန်ဖြစ်သည်။ ယင်းသည် တစ်စိတ်တစ်ပိုင်းအလုပ်ဖြစ်ခဲ့သည်။ အကြီးမား ဆုံးသော အောင်မြင်မှုမှာ ဥရောပသမဂ္ဂ(EU)နှင့်ရရှိခဲ့သော လုံးဝမမျှတသည့်သဘောတူညီချက်ဖြစ်ပြီး ယင်းတွင် အမေရိကန်က EU ထုတ်ကုန်များအပေါ် (၁၅)ရာခိုင်နှုန်း အခွန်ဆက်လက်ထားရှိသော်လည်း EU ဘက်က အမေရိကန်ထုတ်ကုန်အားလုံးနီးပါးအပေါ် ကောက်ခံသည့်အခွန်များကိုရုပ်သိမ်းရန် သဘော တူညီခဲ့သည်။ အလားတူ မမျှတသည့်သဘောတူညီချက်များကို ဂျပန်နှင့် အခြား အဓိက အမေရိကန် ကုန်သွယ်ဖက်နိုင်ငံများနှင့်လည်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံသည်သာ ခြွင်းချက်အဖြစ်ကျန်ရှိနေခဲ့ကာ ၎င်းသည် လွန်ခဲ့သည့် ခြောက်လအတွင်း ၎င်းတို့အကြား နိုင်ငံရေးတင်းမာမှု များဖြစ်ပေါ်လာရသည့် အကြောင်း ရင်းများထဲမှ တစ်ခုဖြစ်သည်။ ယင်းသဘောတူညီချက်များ၏ အကျိုးသက်ရောက်မှုအတွက် အချိန်ယူရ ဦးမည်ဖြစ်သော်လည်း ၎င်းတို့၏အရေးပါမှုကို လျှော့မတွက်သင့်ပါ။ ထရမ့်၏ အခွန်ကောက်ခံမှု မဟာ ဗျူဟာက အောင်မြင်ခဲ့သည်မှာ ၎င်း၏ ထိပ်တန်းကုန်သွယ်ရေးမိတ်ဖက်အများစုနှင့်ဆက်ဆံရေးတွင် အမေရိကန်ကို အသာစီးရစေခဲ့ခြင်းဖြစ်သည်။ ၎င်းက တရုတ်နိုင်ငံနှင့် အနည်းဆုံး မျှတသော သဘော တူညီချက် သို့မဟုတ် ၎င်း၏ရှုထောင့်အရ အမေရိကန်က တရုတ်ထက် အနည်းငယ် ပို၍အကျိုးရှိသော သဘောတူညီချက်ရရှိရန်မျှော်လင့်ထားသည်။ အကယ်၍ ၎င်းတို့၏ ကုန်သွယ်ရေးဆွေး နွေးပွဲများ ပျက် ပြားသွားပါက အမေရိကန်သည် ယခင်ကထက် ပိုမိုပြင်းထန်သည့်ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲ ရန်ပြင်ဆင် ထားပြီးသားဖြစ်နေမည်ဖြစ်သည်။ သို့သော် ယခုနှစ် APEC တွင် ကုန်သွယ်ရေးတင်းမာမှုများကို လျှော့ချ ရန်အတွက်ပြုလုပ်ခဲ့သည့် ထုံးတမ်းစဉ်လာသည် တစ်စုံတစ်ရာသောသဘောတူညီချက်အတွက် ကောင်း သောလက္ခဏာဖြစ်သည်။
ဆယ်စုနှစ်များစွာကြာအောင် အမေရိကန်ဗဟိုပြု သို့မဟုတ် အနည်းဆုံး အနောက်တိုင်း ဗဟိုပြု (ဂျပန်သည် ပထဝီနိုင်ငံရေးအကြောင်းများကြောင့် အ နောက်တိုင်းနိုင်ငံအဖြစ်ရပ်တည်ခဲ့သည်ကို သတိရ ပါ)ဖြစ်ခဲ့သော ကမ္ဘာလုံးဆိုင်ရာပုံစံသည် ယခုအခါ အမေရိကန်ဦးဆောင်သော အနောက်တိုင်းပုံစံနှင့် တရုတ်ပုံစံဟူ၍ နှစ်ခြမ်းကွဲသွားသောလမ်းကြောင်းကိုမြင်တွေ့ရသည်။ ယင်းအခြေအနေသည် ကြာမြင့် စွာကတည်းကဖြစ်ပေါ်နေသော်လည်း G20 ကို ဖန်တီးရန်လှုံ့ဆော်ခဲ့သော (၂၀ဝ၈)ခုနှစ် ဘဏ္ဍာရေးအ ကျပ်အတည်း၊ ထို့နောက် ထရမ့်၏ ပထမ ကုန်သွယ်ရေးစစ်ပွဲနှင့် COVID ကပ်ရောဂါ၏ ကမ္ဘာ့စီးပွားရေး အကျိုးဆက်များအပြီးတွင် ပိုမိုထင်ရှားလာခဲ့သည်။ ထို့ကြောင့် ထရမ့် ရာထူးပြန်လည်ရယူချိန်တွင် ယခင် ကမ္ဘာလုံးဆိုင်ရာပုံစံသည် ပြောင်းလဲနေပြီဖြစ်သည်။ သို့သော် ၎င်းနှင့် ၎င်း၏ ဒုတိယအစိုးရအဖွဲ့ သည် အမေရိကန်အတွက် ပိုမိုအကျိုးရှိသည်ဟု ၎င်းတို့ ယုံကြည်သည့်နည်းလမ်းများဖြင့်ပြောင်းလဲခဲ့ သည်။ ၎င်းတို့၏ချဉ်းကပ်ပုံမှာ အခွန်များမှတစ်ဆင့် အမေရိကန် ဈေးကွက်သို့ဝင်ရောက်ခွင့်ကို လက် နက်အဖြစ်အသုံး ပြု၍ ဆွေးနွေးပွဲများဖြစ်ပေါ်လာစေရန်နှင့် ထိုဆွေးနွေးပွဲများတွင် အခွန်လျှော့ချရန် အတွက် အမေရိကန်က ကုန်သွယ်ရေးဆိုင်ရာလိုက်လျောမှုများ တောင်းဆိုခြင်းဖြစ်သည်။ နောက်ဆုံးရ လဒ်မှာ အခွန်အခသည် လျှော့ချထားသည့်နှုန်းဖြင့် ဆက်လက်တည်ရှိနေသော်လည်း အမေရိကန်က ၎င်းတို့၏ဆက်ဆံရေးတွင် ပိုမိုလွှမ်းမိုးသောအခန်းကဏ္ဍမှ ပါဝင်လာခြင်းဖြစ်သည်။
ယင်းသို့သောရလဒ်မျိုးကို နှစ်နိုင်ငံအလိုက်သာရရှိနိုင်ပြီး ထရမ့် ၂.ဝ တွင် အမေရိကန်၏ ထိပ် တန်း ကုန်သွယ်ရေးဆက်ဆံမှုများကို ပြုပြင်ပြောင်းလဲမည့် အစီအစဉ်မှာ မပြီးဆုံးသေးပါ။ ထို့ကြောင့် ယခုနှစ် G20 တွင် ပါဝင်လိုခြင်းမရှိဘဲ ဘိုးဝါးပြဿနာကို ဆင်ခြေအဖြစ်အကြောင်းပြပြီး အခမ်းအနား ကိုသပိတ် မှောက်ခဲ့ခြင်းဖြစ်သည်ဟုနားလည်ရသည်။ အဖွဲ့၏သဘောတူညီချက်များသည် ဥပဒေအရ အတည်မပြုနိုင်သော်လည်း ထိပ်တန်းခေါင်းဆောင်အချို့၏ ထင်ရှား ကျော်ကြားသော အပြုအမူတစ်မျိုး မျိုး သို့မဟုတ် ခေါင်းဆောင်တစ်ဦးတည်း၏ ခပ်ရင့်ရင့်ဆက်ဆံမှုနှင့် ဒေါသထွက်အောင်လှုံ့ဆော်မှုမျိုး သည်ပင် အခြားသူများကို အမေရိကန်နှင့်ဆွေးနွေးရာတွင် ၎င်းတို့၏ရပ်တည်ချက်ကို ပိုမိုတင်းမာစေရန် လှုံ့ဆော်ပေးနိုင် သည်။ ထရမ့်၏နေရာတွင် ဗန့်စ်သာတက်ရောက်ခဲ့ပါက ထိုသို့လုပ်ဆောင်ခြင်းသည် ထိုမျှကြီးမားသည့် သင်္ကေတမဖြစ်နိုင်ပေ။ ထို့ကြောင့် ထရမ့်စိတ်ထဲတွင်ရှိ နေသည်မှာ လာမည့်နှစ်တွင် မိုင်ယာမီအပန်းဖြေစခန်း ရှိ G20 ထိပ်သီးအစည်းအဝေးတွင် အဆိုပါအစီအစဉ်ကို အပြီးသတ်ရန်နှင့် ၎င်း ၏ ကမ္ဘာလုံးဆိုင်ရာဝါဒပုံစံသစ်ကို ထုတ်ဖော်ပြသနိုင်ရေးအခမ်းအနားကို လွှမ်း မိုးချုပ်ကိုင်ရန်ဖြစ်သည်။
တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သည်ဖြစ်စေ၊ အပြည့်အဝပြိုင်ဆိုင်သည်ဖြစ်စေ ၎င်း၏ သွင်ပြင် လက္ခဏာများထဲမှတစ်ခုမှာ ယခင် ကမ္ဘာလုံးဆိုင်ရာ ပုံစံသည် အမေရိကန်ဦးဆောင်သော အနောက်တိုင်း ပုံစံနှင့်တရုတ်ပုံစံဟူ၍ နှစ်ခြမ်းကွဲသွားခြင်းကို အသိ အမှတ်ပြုမည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ အနောက် တိုင်းပုံစံကို “ကမ္ဘာလုံးဆိုင်ရာအနောက်နိုင်ငံ” (Gl­o­bal West)ဟု ပိုမိုတိကျစွာဖော်ပြနိုင်သည်။ အ ကြောင်းမှာ အရှေ့အာရှနှင့် လက်တင်အမေရိကနိုင်ငံ အချို့ကို စီးပွားရေးအရပေါင်းစည်းရန်စီစဉ်ထား သောကြောင့်ဖြစ်သည်။ ပထမအုပ်စုနှင့်ပတ်သက်၍(ဂျပန်၊ တောင်ကိုရီးယား စသည်)အများစုကို သဘောတူညီထားပြီးဖြစ်သော်လည်း ဒုတိယအုပ်စုသည် လုပ် ငန်းစဉ်အတွင်း ရှိနေဆဲဖြစ်သည်။
ထရမ့် ၂.ဝ က မွန်ရိုးဝါဒ (Monroe Doctri­ne)ကို အကောင်အထည်ဖော်ရန် အထင်ရှားဆုံးကြိုး ပမ်းမှုမှာ ကာရေဘီယံပင်လယ်၏တောင်ပိုင်းတွင် အမေရိကန်က မကြုံစဖူး စစ်ရေးအင်အားတည် ဆောက်မှုကြောင့်ဖြစ်ပေါ်လာသည့် နောက်ဆုံးပေါ် ကာရေဘီယံအကျပ်အတည်းပင်ဖြစ်သည်။ အကြောင်းပြဆင်ခြေမှာ မာဒူရို(Maduro)၏ မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် ပါဝင်ပတ်သက်မှုဖြစ်သော် လည်း စစ်မှန်သောအကြောင်းရင်းမှာ ကမ္ဘာပေါ်ရှိ အကြီးဆုံးရေနံသိုက်များကို အသုံးပြုခွင့်ရရှိရန် ဆို ရှယ်လစ်ခေါင်းဆောင်ထံမှ အမြင့်ဆုံးသောလိုက် လျောမှုများရယူရန် ထရမ့်၏စိတ်ဝင်စားမှုဖြစ်သည်။ ၎င်းတို့ကို အမေရိကန်၏ထိန်းချုပ်မှုအောက်သို့ယူဆောင်လာခြင်းသည် အမြတ်အစွန်းရှိစေသည့်အပြင် ကမ္ဘာ့ရေနံလုပ်ငန်းကိုလွှမ်းမိုးချုပ်ကိုင်သည့် မဟာဗျူဟာမြောက်လုပ်ဆောင်မှုလည်းဖြစ်သည်။ အောက် တိုဘာလလယ်တွင် ထရမ့်က ရုရှားအပေါ် နောက်ဆုံးထားရှိခဲ့သည့် စွမ်းအင်ဆိုင်ရာ ပိတ်ဆို့ အရေးယူမှု များသည် ယင်းလုပ်ငန်းနယ်ပယ်တွင် အာဏာပြခြင်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ ၎င်းတို့သည် ရုရှား ကို ဥရောပရှိ ၎င်း၏ပိုင်ဆိုင်မှုများ၊ အထူးသဖြင့် ဆာဘီးယားနှင့် ဘူလ်ဂေးရီးယားရှိပိုင်ဆိုင်မှုများကို ရောင်းချရန် သို့မဟုတ် နိုင်ငံပိုင်အဖြစ်သိမ်းယူခြင်းကိုလက်ခံ ရန်တွန်းအားပေးနေသည်။ ယင်း ကန့်သတ် ချက်များကြောင့် တရုတ်နှင့်အိန္ဒိယတို့သည် ၎င်းတို့၏ အလွန်အရေးကြီးသော ကုန်သွယ်ရေးဆွေးနွေးပွဲ များကြားတွင် ထရမ့်ကို ပိုမိုဒေါသထွက်စေခြင်းမှရှောင်ရှားရန် ရုရှားရေနံတင်သွင်းမှုကို ယာယီလျှော့ချခဲ့ ကြောင်း သတင်းများကဖော်ပြသည်။ သက်ရောက်မှုအနေဖြင့် ဈေးကွက်မတည်ငြိမ်မှုနှင့် ဈေးနှုန်းမြင့် တက်မှုများ ဖြစ်ပေါ်လာနိုင်သော်လည်း ကမ္ဘာ့ရေနံလုပ်ငန်းတွင် ရုရှား၏အခန်းကဏ္ဍကို ဖယ်ရှားပစ်ရန် ဖြစ်လာနိုင်သည်။ ရေရှည်ရည်မှန်းချက်မှာ ဗင်နီဇွဲလား၏ရေနံ သိုက်များကိုအသုံးပြု၍ အခြားနိုင်ငံများ စွာ၏ စွမ်းအင် မဟာဗျူဟာများတွင် ရုရှား၏အခန်းကဏ္ဍကို တ ဖြည်းဖြည်းအစားထိုးရန်၊ ထို့ကြောင့် ရုရှားကို ပိုမိုအထီးကျန်ဖြစ်စေခြင်းနှင့် ရုရှား၏ဘဏ္ဍာရေးကို ထိခိုက်စေခြင်းတို့ဖြစ်သည်။ ၎င်းသည် အောင်မြင်မည်ဟုမဆို လိုပါ။ သို့သော် တွန်းအားပေးသည့်လှုံ့ဆော်မှုဖြစ်နေပုံရကြောင်း ဖော်ပြလိုခြင်း သာဖြစ်သည်။
ဗင်နီဇွဲလားသည် ထရမ့် ၂.ဝ လက်အောက်တွင် အမေရိကန်၏ဖိအားပေးမှုကို ပြန်လည်ခံစားနေ ရသော အနောက်ကမ္ဘာခြမ်း၏ တစ်စိတ်တစ်ပိုင်းမျှသာ မဟုတ်ပါ။ BRICS ပူးတွဲတည်ထောင်သူများထဲမှ တစ်ဦးဖြစ်သည့် ဘရာဇီးသည်လည်း ဖိအားပေးမှုကို ခံစားနေရသည်။ ထရမ့်က ၎င်း၏ မိတ်ဆွေတစ်ဦး ဖြစ်သူ ခေါင်းဆောင်ဟောင်း ဘော်လ်ဆိုနာရို (Bolson­aro)ကိုနှိပ်စက်သည်ဟုယူဆသည့်အပေါ် တုံ့ပြန် သည့်အနေဖြင့်ဟုဆိုကာ ပြစ်ဒဏ်ခတ်အခွန်များ ကောက်ခံခဲ့သည်။ သို့သော် အဓိကအကြောင်းရင်းမှာ တရုတ်နှင့်ယှဉ်ပြိုင်နိုင်ရန်အတွက် အမေရိကန်က ရှိပြီးသားထက် ပိုမိုကြီးမားသောကုန်သွယ်ရေးနှင့် ရင်း နှီးမြှုပ်နှံမှုလမ်းကြောင်းများကိုထူထောင်ရန် စိတ်ဝင်စားမှုဖြစ်နိုင်သည်။ (အမေရိကန်က ဘရာဇီးနှင့် ကုန် သွယ်ရေးပိုလျှံနေသည်)မက္ကဆီကိုပင်လျှင် မလွတ်ခဲ့ ပါ။ နိုင်ငံအနှံ့ပျံ့နှံ့နေသည့် နောက်ဆုံးပေါ် မငြိမ်မ သက်မှုများကသက်သေပြနေသည်။ ဒေသခံ မြို့တော်ဝန်တစ်ဦးကို မူးယစ်ဂိုဏ်းကသတ်ဖြတ်ပြီးနောက် ပဋိပက္ခများစတင်ခဲ့ခြင်းဖြစ်ပြီး ယခုခေတ်တွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အဖြစ်အပျက်တစ်ခု ဖြစ် သည်။ သို့သော် လက်ဝဲယိမ်း မက္ကဆီကိုသမ္မတ(Sheinbaum)က နိုင်ငံခြားအဖွဲ့အစည်းများသည် အဓိက ရုဏ်းများကို စီစဉ်နေကြောင်းစွပ်စွဲခဲ့သည်။ မက္ကဆီကိုတွင် လုံးလုံးလျားလျား ဒေသခံများ၏ အလို အလျောက်ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့် မကျေနပ်ချက်များစွာရှိနေသည် မှာသေချာသော်လည်း ၎င်းတို့ ၏ ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် ဖိအားပေးမှုပုံစံတစ်ရပ်အဖြစ် အမေရိကန်က ပါဝင်ပတ်သက်နေ ခြင်းကိုလည်း ချန်လှပ်ထား ၍မရနိုင်ပေ။
အစောပိုင်းကထိတွေ့ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အနောက်နိုင်ငံသဘောတရားသည် မြောက် အမေရိကတွင် အမေရိကန်၏ အပြည့်အဝလွှမ်းမိုးချုပ်ကိုင်မှုကိုလိုအပ်သည်။ ထို့ကြောင့် ထရမ့် ၂.ဝ က ကနေဒါ နှင့်မက္ကဆီကိုအပေါ်ထားရှိသည့်ဖိအားကို ရှင်းပြနေ ခြင်းဖြစ်သည်။ ယင်းရည်ရွယ်ချက်အတွက် စီးပွားရေး ဖိအားများကို နိုင်ငံနှစ်ခုစလုံးအပေါ် အပြိုင်အဆိုင်ချ မှတ်နေပြီး စစ်ရေး-နိုင်ငံရေး ဖိအားများ လည်းရှိနေသည်။ ၎င်းတို့သည် ထရမ့်က ကနေဒါကိုသိမ်းပိုက် ခြင်းအကြောင်းပြောဆိုနေခြင်းနှင့် မက္ကဆီကို၏ခွင့် ပြုချက်မပါဘဲ မက္ကဆီကန်မူးယစ်ဂိုဏ်းများကိုဆန့် ကျင်ရန် အမေရိကန်တပ်ဖွဲ့များ အသုံးပြုခြင်းပုံစံများ ဖြစ်သည်။ အမေရိကန်၏ နောက်လာမည့် အမျိုးသား ကာကွယ်ရေးမဟာဗျူဟာ (National Defense Strategy)တွင် မူဝါဒအဖြစ်ထည့်သွင်းတော့မည့် အနောက်ကမ္ဘာခြမ်းအပေါ် အမေရိကန်၏ အာရုံစိုက် မှုအသစ်မှာ မြောက်အမေရိက၊ ကာရေဘီယံနှင့် တောင်အမေရိကတို့ဖြစ်ပြီး ယင်းတို့ကိုစုပေါင်း၍ “အ မေရိကန်ခံစစ်စည်း” (Fortress America)ဟု ခေါ်ဆိုနိုင်သည်။ အဆိုပါ ပထဝီ နိုင်ငံရေးတည်ဆောက် ပုံသည် “Global West” ၏ ဥရောပနှင့်အရှေ့အာရှ အတောင်ပံများအကြားတွင် တည်ရှိပြီး အမေရိကန် သည် အရှေ့ကမ္ဘာခြမ်းမှထွက်ခွာရခြင်း သို့မဟုတ် ထွက်ခွာခြင်းကဲ့သို့သော ဝေးလံသည့်အခြေအနေတွင် ပင် ရှင်သန်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်နိုင်ရန် အခွင့်အရေးပေးနိုင်သည်။ ထိုသို့ဖြစ်လာရန်အတွက် အမေရိ ကန်သည် အနောက်ကမ္ဘာခြမ်း၏သယံဇာတများ၊ ဈေးကွက်များ နှင့် လုပ်အားကို အထူးအခွင့်အရေး ရရှိ ရန်လိုအပ်သည်။ ထို့ကြောင့် ထရမ့် ၂.ဝ သည် မြောက်နှင့်တောင် အမေရိကကို အမေရိကန်၏ လွှမ်း မိုးမှုအောက်တွင် လုံးလုံးလျားလျား လက်အောက်ခံ ဖြစ်စေရန် ဖြစ် နိုင်သည့်နည်းလမ်းအားလုံးကို လုပ် ဆောင်နေခြင်းဖြစ်သည်။ ထိုသို့မလုပ်ဆောင်နိုင်ပါက အမေရိကန် သည် ၎င်း၏ ပိုမိုကျယ်ပြန့်သော တောင်ပိုင်းပတ်လည်တွင် တရုတ်၊ ရုရှားနှင့် အီရန်တို့၏ လက်ရှိ ထိန်းချုပ်ရေးစစ်ဆင်ရေးများအပေါ် ထိုသုံးနိုင်ငံ၏ မညီမျှသောတုံ့ပြန်မှုများကြောင့် ထိခိုက်ခံရမည် ဖြစ်သည်။
ယနေ့ကမ္ဘာတွင် အမေရိကန်အနေဖြင့် ၎င်း၏ကမ္ဘာခြမ်းရှိအရာအားလုံးကို တိုက်ရိုက် သို့မဟုတ် အာဏာရှင်ဆန်ဆန် ထိန်းချုပ်ရန်မဖြစ်နိုင်ပါ။ သို့သော် အမေရိကန်ရည်မှန်းထားသည်မှာ ဒေသဆိုင်ရာ အစိုးရများအား ၎င်းတို့၏ လက်ရှိလွှမ်းမိုးမှုကို အမေရိကန်၏လွှမ်းမိုးမှုဖြင့်အစားထိုးရန် ဖိအားပေးခြင်း ဖြင့် နောက်ဖေးခြံမှ အင်အားကြီးပြိုင်ဘက်မျိုးစုံကို ဖယ်ရှားရန်ဖြစ်သည်။ ဘရာဇီး၊ ဗင်နီဇွဲလားနှင့် မက္ကဆီကို တို့သည် တရုတ်နှင့်ကုန်သွယ်မှုကို မည်သည့်အခါမျှ ရပ်တန့်မည်မဟုတ်သော်လည်း အချိန် ကြာလာသည် နှင့်အမျှ အမေရိကန်သည် ၎င်း၏ အဓိကကုန်သွယ်ရေးအခန်းကဏ္ဍကို ပြန်လည် ထူထောင်နိုင်ပြီး ဒေသတွင်းရှိ ရုရှား၏အစဉ်အလာ မိတ်ဖက်အချို့ကိုလည်း သူ့ဘက်ရောက်လာအောင် စည်းရုံးနိုင်မည်ဖြစ်သည်။
အကယ်၍ အမေရိကန်သည် လာမည့်နှစ် မိုင်ယာမီ G20 မတိုင်မီတွင် တစ်ဖက်ကမ္ဘာခြမ်း ထိပ် တန်းနိုင်ငံများထံမှ အရေးပါသောလိုက်လျောမှုများ ရယူနိုင်ပါက Global West ပုံစံကိုဖော်ထုတ်ရန် အ ကောင်းဆုံးအနေအထားတွင်ရှိနေမည်ဖြစ်သည်။ ယင်းသို့လုပ်ဆောင်ရခြင်း၏ရည်ရွယ်ချက်မှာ လေ့လာ သူအချို့ထင်မြင်သည့်အတိုင်း မာနကြောင့်မဟုတ်ဘဲ၊ တရုတ်ကို တစ်ခုတည်းသောပြိုင်ဘက်အဖြစ် သဘောထားပြီး အမေရိကန်ဦးဆောင်သော Global West ပုံစံသစ်ကို ခိုင်မာအောင်လုပ်ဆောင်ခြင်း ဟူသော မဟာဗျူဟာမြောက်ရည်ရွယ်ချက်ကြောင့်ဖြစ်သည်။ မည်သည့်နိုင်ငံမှ တစ်နိုင်ငံတည်း အနေ ဖြင့်ပေါ်ထွန်းလာသော ကမ္ဘာ့စနစ်၏ခေါင်းဆောင်မှုအတွက် တရုတ်နှင့်ယှဉ်ပြိုင်နိုင်မည်မဟုတ်သော် လည်း အမေရိကန်၏ဦးဆောင်မှုအောက်ရှိ အနောက်တိုင်းနိုင်ငံများစုပေါင်းမှုသည် ၎င်းတို့ ပိုင်းခြားနေ မည်ဆိုပါက အတ္တလန္တိတ်ပုံစံ၏ကဏ္ဍများကို ပိုမိုကြာရှည်စွာထိန်းသိမ်းထားနိုင်သည်။ ထရမ့် ၂.ဝ လက် အောက်တွင် ကမ္ဘာ့စီးပွားရေးကို အရှိန်မြှင့် ပြန်လည်ဖွဲ့စည်းခြင်းသည် တရုတ်၏ တစ်ဦးတည်းသော စီးပွားရေးစူပါပါဝါအဖြစ် တက်လာခြင်းကိုတားဆီးရန် နှင့် ထိုသို့ဖြစ်လာပါက ကမ္ဘာလုံးဆိုင်ရာကိစ္စရပ် များတွင် အနောက်နိုင်ငံကို ကမ္ဘာ့တောင်ပိုင်းနိုင်ငံများဖြင့် မလွဲမသွေ အစားထိုးခံရခြင်းကို ကာကွယ်ရန် အချိန်လုံလုံလောက်လောက်ရရှိရန် အမေရိကန်ကမျှော်လင့်နေသည်။
ဝင်ရိုးစုံဖြစ်မှုသည် ယင်းအစီအစဉ် အောင်မြင် စွာ အကောင်အထည်ဖော်ပြီးနောက် ဖြစ်ပေါ်လာ မည်ဖြစ်ပြီး ၎င်းတွင် အင်အားကြီးနိုင်ငံအချို့လည်း ပါဝင်လာမည်ဖြစ်သည်။ ဥပမာအားဖြင့် ရုရှား၊ တူကီ ယဲ၊ အင်ဒိုနီးရှားနှင့် အိန္ဒိယတို့သည် ၎င်းတို့၏ ဒေသတွင်း ပေါင်းစည်းရေးကွန်ရက်များ၏ အဓိက နေရာ များဖြစ်လာနိုင်ပြီး ရုရှားသည် ယူရေးရှားသမဂ္ဂနှင့်အတူရှိနေပြီးဖြစ်သကဲ့သို့ ၎င်းတို့တွင် လွှမ်းမိုးမှု နယ် ပယ်များရှိလာနိုင်သည်။ ယင်းသည် နိုင်ငံတကာဆက်ဆံရေး၏ အဆင့်သုံးဆင့်ပါပုံစံကို ဖြစ်ပေါ်စေမည် ဖြစ်ပြီး ထိပ်ဆုံးတွင် တရုတ်-အမေရိကန် နှစ်ပါတီစနစ်သည် တစ်ခုတည်းသော စူပါပါဝါများအဖြစ် ရှိနေ မည်ဖြစ်သည်။ ၎င်းတို့အောက်တွင် အင်အားကြီးနိုင်ငံအချို့ (EU ကို ပထမအဆင့်တွင် အမေရိကန်၏ လက်အောက်ခံအဖြစ် သို့မဟုတ် ဒုတိယအဆင့်၏ အစိတ်အပိုင်းအဖြစ်သတ်မှတ်နိုင်သည်)နှင့် အခြား နိုင်ငံအားလုံးတို့ဖြစ်သည်။ အဆိုပါ ခွဲခြမ်းစိတ်ဖြာချက်၏ရည် ရွယ်ချက်မှာ ထရမ့် ၂.ဝ က ကမ္ဘာလုံးဆိုင် ရာအနောက် နိုင်ငံသဘောတရားဖြင့် ရှေ့ဆောင်လမ်းပြလိုသော ကမ္ဘာလုံးဆိုင်ရာဝါဒပုံစံသစ်၏ ပုံသဏ္ဌာန်များကို ပြသရန်သာဖြစ်သည်။ ထို့ကြောင့် ထရမ့်သည် ကမ္ဘာ လုံးဆိုင်ရာဝါဒကို အခြေခံ အားဖြင့် ဆန့်ကျင်ခြင်း မဟုတ်ဘဲ ပြောင်းလဲနေပြီးဖြစ်သော ယခင်ပုံစံကိုသာ ဆန့်ကျင်ခြင်းဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။ ၎င်း၏အဖွဲ့သည် ဥရောပ၊ အမေရိကနှင့် အရှေ့အာရှ တို့ကို အမေရိကန်၏ လွှမ်းမိုးမှုအောက်တွင်ထည့် သွင်းကာ တရုတ်နှင့်ယှဉ်ပြိုင်ရန်အတွက် ပုံစံသစ်တစ် ခုကိုဖော်ထုတ်ရန် အမှန်တကယ်ပင် ကြိုးစားလုပ် ဆောင်နေသည်။ ကမ္ဘာ့နည်းပညာလုပ်ငန်းကိုလည်း အမေရိကန်ဦး ဆောင်သော အနောက်တိုင်းနှင့်တရုတ် ဂေဟစနစ်များအဖြစ် အပြိုင်အဆိုင်ကွဲထွက်သွား ခြင်းသည် အင်အားကြီးနိုင်ငံများနှင့် ကျန်ကမ္ဘာ့နိုင်ငံ များအတွက်ပေါ်ထွန်းလာသော အုပ်စုနှစ်ခုအကြား ဟန်ချက် ညီအောင်ထိန်းထားရန် ယခင်ကထက် ပိုမိုခက်ခဲစေမည်ဖြစ်သည်။ ယင်းသည် ယခင် စစ်အေး ခေတ် ကာလ၏ပုံစံမျိုးကဲ့သို့နိုင်ငံများအကြား တင်းမာသောပိုင်းခြားမှုများ ပြန်လည်ရောက်ရှိလာမည်ဟု မဆို လိုပါ။ သို့သော် သံတမန်ရေးနှင့် ပြည်တွင်းနည်းပညာလုပ်ငန်းများတွင် ဆက်လက်ရင်းနှီးမြှုပ်နှံမှုများ သည် ကျန်ရှိသူအားလုံး၏အချုပ်အခြာအာဏာကို တတ်နိုင်သမျှ ထိန်းသိမ်းထားရန်အတွက် အဓိကကျ မည်ဖြစ်သည်။ ထို့ကြောင့် ပေါ်ပေါက်လာနေသည်မှာ ပြင်းထန်သော ပြိုင်ဆိုင်မှုရှိသည့် ကမ္ဘာတစ်ခု ဖြစ်ရာ ၎င်း၏ရွေ့လျားမှုများသည် ယခင် စစ်အေးခေတ်နှင့် (၁၉)ရာစုဥရောပတို့၏ ပေါင်းစပ်မှုနှင့် ဆင်တူပြီး ကမ္ဘာ့တည်ငြိမ်မှု သို့မဟုတ် တည်ငြိမ်မှုမရှိခြင်းတို့နှင့် အတူ ပါလာမည်ဖြစ်သည်။

Zawgyi Version:
ထရမ့္၏ ကမာၻလုံးဆိုင္ရာဝါဒကို ေလ့လာျခင္း
သန္းထိုက္စိုး (NP News) - ဒီဇင္ဘာ ၁ဝ
ေတာင္အာဖရိကရွိ လူျဖဴလယ္သမားမ်ားကို လူမ်ိဳးတုံးသတ္ျဖတ္မႈအျဖစ္ရႈျမင္သည့္ ဘိုးဝါး (Boer)ျပႆနာေၾကာင့္ ေနာက္လာမည့္ G20 ထိပ္သီးအစည္းအေဝးတြင္ ေတာင္အာဖရိကႏိုင္ငံကို ဖိတ္ ၾကား မည္မဟုတ္ေၾကာင္း သမၼတထရမ့္က မၾကာေသးမီက ပင္အတည္ျပဳခဲ့သည္။ ထိုသို႔ အတည္မျပဳမီ က ဒုတိယသမၼတ ေဂ်ဒီဗန႔္စ္(JD Vance) သည္ G20 ထိပ္သီးအစည္းအေဝးသို႔ သမၼတထရမ့္၏ကိုယ္စား တက္ေရာက္ရန္ေမွ်ာ္လင့္ခဲ့ေသာေၾကာင့္ အေမရိကန္ သံတမန္မ်ားသည္ အစည္းအေဝးအတြက္ျပင္ဆင္ ေရးလုပ္ငန္းစဥ္မ်ားတြင္ပါဝင္ခဲ့ၾကသည္။ G20 သည္ ကမာၻ႔ထိပ္တန္းစီးပြားေရးႏိုင္ငံမ်ား၏ဖိုရမ္အျဖစ္ ေဆာင္႐ြက္ေနေသာေၾကာင့္ ဥပေဒအရ မည္သည့္ ဆုံးျဖတ္ခ်က္မွအတည္မျပဳႏိုင္ေသာ္လည္း ဆယ္စုႏွစ္ မ်ားစြာ ကမာၻလုံးဆိုင္ရာဝါဒကိုဦးေဆာင္ခဲ့ေသာ အေမရိကန္ျပည္ေထာင္စုက ကိစၥရပ္မ်ားစြာတြင္ သေဘာတူညီမႈရရွိေရး တားဆီးေနျခင္း၏ သေဘာတ ရားဆိုင္ရာအေရးပါမႈမွာႀကီးမားသည္။ ၎၏ ပထမသက္တမ္းအတြင္းကလည္း သမၼတထရမ့္ႏွင့္ ၎၏ အဖြဲ႕သည္ အလားတူပိတ္ဆို႔မႈပုံစံကို အသုံးျပဳ ခဲ့ဖူးေသာ္လည္း၊ ၎တို႔သည္ ယခုဒုတိယသက္ တမ္းစတင္ၿပီး တစ္ႏွစ္မျပည့္ေသးသည့္အခ်ိန္အတြင္း ပထမသက္တမ္း ေလးႏွစ္တာကာလထက္ ယခင္ ကမာၻလုံးဆိုင္ရာပုံစံကိုေျပာင္းလဲရန္ ပိုမိုလုပ္ေဆာင္ ေနၿပီျဖစ္သည္။
အေမရိကန္၏ေႏွာင့္ယွက္မႈ သို႔မဟုတ္ မတက္ေရာက္ျခင္းၾကားမွ G20 သည္ ဆက္လက္ လည္ ပတ္ႏိုင္ေသးသည္။ ယင္းမွာ အေမရိကန္သေဘာမတူသည့္အခ်က္မ်ားကို ပူးတြဲေၾကညာခ်က္တြင္ ႐ိုး ရွင္းစြာ ထည့္သြင္းေဖာ္ျပ႐ုံျဖင့္ အရာအားလုံးကို ပ်က္စီးေစမည္မဟုတ္ေသာေၾကာင့္ျဖစ္သည္။ ထရမ့္ ၂.ဝ သည္ G20 ကိုအေျခခံအားျဖင့္ ဆန႔္က်င္ျခင္းမရွိပါ။ ထရမ့္သည္ ၎ကိုယ္တိုင္က လာမည့္ႏွစ္တြင္ မိုင္ယာမီၿမိဳ႕ရွိ ၎၏ Trump National Doral ၌ ထိပ္သီးအစည္းအေဝးကို အိမ္ရွင္အျဖစ္လက္ခံက်င္းပ ရမည့္အေပၚ အလြန္ဂုဏ္ယူေနသည္။ သို႔ေသာ္လည္း ယခုႏွစ္အခမ္းအနားကိုသပိတ္ေမွာက္ရန္အတြက္ ဘိုးဝါးျပႆနာသည္ အေမရိကန္အတြက္ အေၾကာင္းျပခ်က္တစ္ခုျဖစ္လာၿပီး ၎၏ ဒုတိယသက္တမ္း အစီအစဥ္အတိုင္း ဆက္လက္ေဆာင္႐ြက္ေနသည္။
ထရမ့္သည္ ယခုတစ္ႀကိမ္တြင္ ယခင္ကမာၻလုံးဆိုင္ရာပုံစံကိုေျပာင္းလဲရန္ႏွင့္ပတ္သက္၍ မည္ သည့္ ခ်န္လွပ္ထားျခင္းမွမရွိေၾကာင္း၊ တ႐ုတ္အေပၚ ကုန္သြယ္ေရးစစ္ပြဲကို ျပန္လည္စတင္ၿပီး ကမာၻ တစ္ဝန္း လုံးသို႔ခ်ဲ႕ထြင္လိုက္ျခင္းျဖင့္သက္ေသျပခဲ့သည္။ စီးပြားေရးေတာ္လွန္ေရး၏အစိတ္အပိုင္း ျဖစ္ ေၾကာင္း ထရမ့္ကေၾကညာခဲ့သည္။ သူ၏ရည္႐ြယ္ခ်က္မွာ တ႐ုတ္ႏိုင္ငံကိုဆန႔္က်င္ရာတြင္ အေမရိကန္ က အသာစီးရေစရန္ သို႔မဟုတ္ အနည္းဆုံး တ႐ုတ္ႏိုင္ငံ၏တိုးတက္မႈကိုေႏွးေကြးေစရန္အတြက္ ကမာၻ႔ စီးပြားေရးကို ျပန္လည္ဖြဲ႕စည္းရန္ျဖစ္သည္။ ယင္းသည္ တစ္စိတ္တစ္ပိုင္းအလုပ္ျဖစ္ခဲ့သည္။ အႀကီးမား ဆုံးေသာ ေအာင္ျမင္မႈမွာ ဥေရာပသမဂၢ(EU)ႏွင့္ရရွိခဲ့ေသာ လုံးဝမမွ်တသည့္သေဘာတူညီခ်က္ျဖစ္ၿပီး ယင္းတြင္ အေမရိကန္က EU ထုတ္ကုန္မ်ားအေပၚ (၁၅)ရာခိုင္ႏႈန္း အခြန္ဆက္လက္ထားရွိေသာ္လည္း EU ဘက္က အေမရိကန္ထုတ္ကုန္အားလုံးနီးပါးအေပၚ ေကာက္ခံသည့္အခြန္မ်ားကို႐ုပ္သိမ္းရန္ သေဘာ တူညီခဲ့သည္။ အလားတူ မမွ်တသည့္သေဘာတူညီခ်က္မ်ားကို ဂ်ပန္ႏွင့္ အျခား အဓိက အေမရိကန္ ကုန္သြယ္ဖက္ႏိုင္ငံမ်ားႏွင့္လည္းရွိခဲ့ၿပီး အိႏၵိယႏိုင္ငံသည္သာ ႁခြင္းခ်က္အျဖစ္က်န္ရွိေနခဲ့ကာ ၎သည္ လြန္ခဲ့သည့္ ေျခာက္လအတြင္း ၎တို႔အၾကား ႏိုင္ငံေရးတင္းမာမႈ မ်ားျဖစ္ေပၚလာရသည့္ အေၾကာင္း ရင္းမ်ားထဲမွ တစ္ခုျဖစ္သည္။ ယင္းသေဘာတူညီခ်က္မ်ား၏ အက်ိဳးသက္ေရာက္မႈအတြက္ အခ်ိန္ယူရ ဦးမည္ျဖစ္ေသာ္လည္း ၎တို႔၏အေရးပါမႈကို ေလွ်ာ့မတြက္သင့္ပါ။ ထရမ့္၏ အခြန္ေကာက္ခံမႈ မဟာ ဗ်ဴဟာက ေအာင္ျမင္ခဲ့သည္မွာ ၎၏ ထိပ္တန္းကုန္သြယ္ေရးမိတ္ဖက္အမ်ားစုႏွင့္ဆက္ဆံေရးတြင္ အေမရိကန္ကို အသာစီးရေစခဲ့ျခင္းျဖစ္သည္။ ၎က တ႐ုတ္ႏိုင္ငံႏွင့္ အနည္းဆုံး မွ်တေသာ သေဘာ တူညီခ်က္ သို႔မဟုတ္ ၎၏ရႈေထာင့္အရ အေမရိကန္က တ႐ုတ္ထက္ အနည္းငယ္ ပို၍အက်ိဳးရွိေသာ သေဘာတူညီခ်က္ရရွိရန္ေမွ်ာ္လင့္ထားသည္။ အကယ္၍ ၎တို႔၏ ကုန္သြယ္ေရးေဆြး ေႏြးပြဲမ်ား ပ်က္ ျပားသြားပါက အေမရိကန္သည္ ယခင္ကထက္ ပိုမိုျပင္းထန္သည့္ကုန္သြယ္ေရးစစ္ပြဲဆင္ႏႊဲ ရန္ျပင္ဆင္ ထားၿပီးသားျဖစ္ေနမည္ျဖစ္သည္။ သို႔ေသာ္ ယခုႏွစ္ APEC တြင္ ကုန္သြယ္ေရးတင္းမာမႈမ်ားကို ေလွ်ာ့ခ် ရန္အတြက္ျပဳလုပ္ခဲ့သည့္ ထုံးတမ္းစဥ္လာသည္ တစ္စုံတစ္ရာေသာသေဘာတူညီခ်က္အတြက္ ေကာင္း ေသာလကၡဏာျဖစ္သည္။
ဆယ္စုႏွစ္မ်ားစြာၾကာေအာင္ အေမရိကန္ဗဟိုျပဳ သို႔မဟုတ္ အနည္းဆုံး အေနာက္တိုင္း ဗဟိုျပဳ (ဂ်ပန္သည္ ပထဝီႏိုင္ငံေရးအေၾကာင္းမ်ားေၾကာင့္ အ ေနာက္တိုင္းႏိုင္ငံအျဖစ္ရပ္တည္ခဲ့သည္ကို သတိရ ပါ)ျဖစ္ခဲ့ေသာ ကမာၻလုံးဆိုင္ရာပုံစံသည္ ယခုအခါ အေမရိကန္ဦးေဆာင္ေသာ အေနာက္တိုင္းပုံစံႏွင့္ တ႐ုတ္ပုံစံဟူ၍ ႏွစ္ျခမ္းကြဲသြားေသာလမ္းေၾကာင္းကိုျမင္ေတြ႕ရသည္။ ယင္းအေျခအေနသည္ ၾကာျမင့္ စြာကတည္းကျဖစ္ေပၚေနေသာ္လည္း G20 ကို ဖန္တီးရန္လႈံ႕ေဆာ္ခဲ့ေသာ (၂၀ဝ၈)ခုႏွစ္ ဘ႑ာေရးအ က်ပ္အတည္း၊ ထို႔ေနာက္ ထရမ့္၏ ပထမ ကုန္သြယ္ေရးစစ္ပြဲႏွင့္ COVID ကပ္ေရာဂါ၏ ကမာၻ႔စီးပြားေရး အက်ိဳးဆက္မ်ားအၿပီးတြင္ ပိုမိုထင္ရွားလာခဲ့သည္။ ထို႔ေၾကာင့္ ထရမ့္ ရာထူးျပန္လည္ရယူခ်ိန္တြင္ ယခင္ ကမာၻလုံးဆိုင္ရာပုံစံသည္ ေျပာင္းလဲေနၿပီျဖစ္သည္။ သို႔ေသာ္ ၎ႏွင့္ ၎၏ ဒုတိယအစိုးရအဖြဲ႕ သည္ အေမရိကန္အတြက္ ပိုမိုအက်ိဳးရွိသည္ဟု ၎တို႔ ယုံၾကည္သည့္နည္းလမ္းမ်ားျဖင့္ေျပာင္းလဲခဲ့ သည္။ ၎တို႔၏ခ်ဥ္းကပ္ပုံမွာ အခြန္မ်ားမွတစ္ဆင့္ အေမရိကန္ ေဈးကြက္သို႔ဝင္ေရာက္ခြင့္ကို လက္ နက္အျဖစ္အသုံး ျပဳ၍ ေဆြးေႏြးပြဲမ်ားျဖစ္ေပၚလာေစရန္ႏွင့္ ထိုေဆြးေႏြးပြဲမ်ားတြင္ အခြန္ေလွ်ာ့ခ်ရန္ အတြက္ အေမရိကန္က ကုန္သြယ္ေရးဆိုင္ရာလိုက္ေလ်ာမႈမ်ား ေတာင္းဆိုျခင္းျဖစ္သည္။ ေနာက္ဆုံးရ လဒ္မွာ အခြန္အခသည္ ေလွ်ာ့ခ်ထားသည့္ႏႈန္းျဖင့္ ဆက္လက္တည္ရွိေနေသာ္လည္း အေမရိကန္က ၎တို႔၏ဆက္ဆံေရးတြင္ ပိုမိုလႊမ္းမိုးေသာအခန္းက႑မွ ပါဝင္လာျခင္းျဖစ္သည္။
ယင္းသို႔ေသာရလဒ္မ်ိဳးကို ႏွစ္ႏိုင္ငံအလိုက္သာရရွိႏိုင္ၿပီး ထရမ့္ ၂.ဝ တြင္ အေမရိကန္၏ ထိပ္ တန္း ကုန္သြယ္ေရးဆက္ဆံမႈမ်ားကို ျပဳျပင္ေျပာင္းလဲမည့္ အစီအစဥ္မွာ မၿပီးဆုံးေသးပါ။ ထို႔ေၾကာင့္ ယခုႏွစ္ G20 တြင္ ပါဝင္လိုျခင္းမရွိဘဲ ဘိုးဝါးျပႆနာကို ဆင္ေျခအျဖစ္အေၾကာင္းျပၿပီး အခမ္းအနား ကိုသပိတ္ ေမွာက္ခဲ့ျခင္းျဖစ္သည္ဟုနားလည္ရသည္။ အဖြဲ႕၏သေဘာတူညီခ်က္မ်ားသည္ ဥပေဒအရ အတည္မျပဳႏိုင္ေသာ္လည္း ထိပ္တန္းေခါင္းေဆာင္အခ်ိဳ႕၏ ထင္ရွား ေက်ာ္ၾကားေသာ အျပဳအမူတစ္မ်ိဳး မ်ိဳး သို႔မဟုတ္ ေခါင္းေဆာင္တစ္ဦးတည္း၏ ခပ္ရင့္ရင့္ဆက္ဆံမႈႏွင့္ ေဒါသထြက္ေအာင္လႈံ႕ေဆာ္မႈမ်ိဳး သည္ပင္ အျခားသူမ်ားကို အေမရိကန္ႏွင့္ေဆြးေႏြးရာတြင္ ၎တို႔၏ရပ္တည္ခ်က္ကို ပိုမိုတင္းမာေစရန္ လႈံ႕ေဆာ္ေပးႏိုင္ သည္။ ထရမ့္၏ေနရာတြင္ ဗန႔္စ္သာတက္ေရာက္ခဲ့ပါက ထိုသို႔လုပ္ေဆာင္ျခင္းသည္ ထိုမွ်ႀကီးမားသည့္ သေကၤတမျဖစ္ႏိုင္ေပ။ ထို႔ေၾကာင့္ ထရမ့္စိတ္ထဲတြင္ရွိ ေနသည္မွာ လာမည့္ႏွစ္တြင္ မိုင္ယာမီအပန္းေျဖစခန္း ရွိ G20 ထိပ္သီးအစည္းအေဝးတြင္ အဆိုပါအစီအစဥ္ကို အၿပီးသတ္ရန္ႏွင့္ ၎ ၏ ကမာၻလုံးဆိုင္ရာဝါဒပုံစံသစ္ကို ထုတ္ေဖာ္ျပသႏိုင္ေရးအခမ္းအနားကို လႊမ္း မိုးခ်ဳပ္ကိုင္ရန္ျဖစ္သည္။
တ႐ုတ္ႏွင့္ ပူးေပါင္းေဆာင္႐ြက္သည္ျဖစ္ေစ၊ အျပည့္အဝၿပိဳင္ဆိုင္သည္ျဖစ္ေစ ၎၏ သြင္ျပင္ လကၡဏာမ်ားထဲမွတစ္ခုမွာ ယခင္ ကမာၻလုံးဆိုင္ရာ ပုံစံသည္ အေမရိကန္ဦးေဆာင္ေသာ အေနာက္တိုင္း ပုံစံႏွင့္တ႐ုတ္ပုံစံဟူ၍ ႏွစ္ျခမ္းကြဲသြားျခင္းကို အသိ အမွတ္ျပဳမည္မွာ သံသယျဖစ္ဖြယ္မရွိပါ။ အေနာက္ တိုင္းပုံစံကို “ကမာၻလုံးဆိုင္ရာအေနာက္ႏိုင္ငံ” (Gl­o­bal West)ဟု ပိုမိုတိက်စြာေဖာ္ျပႏိုင္သည္။ အ ေၾကာင္းမွာ အေရွ႕အာရွႏွင့္ လက္တင္အေမရိကႏိုင္ငံ အခ်ိဳ႕ကို စီးပြားေရးအရေပါင္းစည္းရန္စီစဥ္ထား ေသာေၾကာင့္ျဖစ္သည္။ ပထမအုပ္စုႏွင့္ပတ္သက္၍(ဂ်ပန္၊ ေတာင္ကိုရီးယား စသည္)အမ်ားစုကို သေဘာတူညီထားၿပီးျဖစ္ေသာ္လည္း ဒုတိယအုပ္စုသည္ လုပ္ ငန္းစဥ္အတြင္း ရွိေနဆဲျဖစ္သည္။
ထရမ့္ ၂.ဝ က မြန္႐ိုးဝါဒ (Monroe Doctri­ne)ကို အေကာင္အထည္ေဖာ္ရန္ အထင္ရွားဆုံးႀကိဳး ပမ္းမႈမွာ ကာေရဘီယံပင္လယ္၏ေတာင္ပိုင္းတြင္ အေမရိကန္က မႀကဳံစဖူး စစ္ေရးအင္အားတည္ ေဆာက္မႈေၾကာင့္ျဖစ္ေပၚလာသည့္ ေနာက္ဆုံးေပၚ ကာေရဘီယံအက်ပ္အတည္းပင္ျဖစ္သည္။ အေၾကာင္းျပဆင္ေျခမွာ မာဒူ႐ို(Maduro)၏ မူးယစ္ေဆးဝါးကုန္သြယ္မႈတြင္ ပါဝင္ပတ္သက္မႈျဖစ္ေသာ္ လည္း စစ္မွန္ေသာအေၾကာင္းရင္းမွာ ကမာၻေပၚရွိ အႀကီးဆုံးေရနံသိုက္မ်ားကို အသုံးျပဳခြင့္ရရွိရန္ ဆို ရွယ္လစ္ေခါင္းေဆာင္ထံမွ အျမင့္ဆုံးေသာလိုက္ ေလ်ာမႈမ်ားရယူရန္ ထရမ့္၏စိတ္ဝင္စားမႈျဖစ္သည္။ ၎တို႔ကို အေမရိကန္၏ထိန္းခ်ဳပ္မႈေအာက္သို႔ယူေဆာင္လာျခင္းသည္ အျမတ္အစြန္းရွိေစသည့္အျပင္ ကမာၻ႔ေရနံလုပ္ငန္းကိုလႊမ္းမိုးခ်ဳပ္ကိုင္သည့္ မဟာဗ်ဴဟာေျမာက္လုပ္ေဆာင္မႈလည္းျဖစ္သည္။ ေအာက္ တိုဘာလလယ္တြင္ ထရမ့္က ႐ုရွားအေပၚ ေနာက္ဆုံးထားရွိခဲ့သည့္ စြမ္းအင္ဆိုင္ရာ ပိတ္ဆို႔ အေရးယူမႈ မ်ားသည္ ယင္းလုပ္ငန္းနယ္ပယ္တြင္ အာဏာျပျခင္းအျဖစ္ အဓိပၸာယ္ဖြင့္ဆိုႏိုင္သည္။ ၎တို႔သည္ ႐ုရွား ကို ဥေရာပရွိ ၎၏ပိုင္ဆိုင္မႈမ်ား၊ အထူးသျဖင့္ ဆာဘီးယားႏွင့္ ဘူလ္ေဂးရီးယားရွိပိုင္ဆိုင္မႈမ်ားကို ေရာင္းခ်ရန္ သို႔မဟုတ္ ႏိုင္ငံပိုင္အျဖစ္သိမ္းယူျခင္းကိုလက္ခံ ရန္တြန္းအားေပးေနသည္။ ယင္း ကန႔္သတ္ ခ်က္မ်ားေၾကာင့္ တ႐ုတ္ႏွင့္အိႏၵိယတို႔သည္ ၎တို႔၏ အလြန္အေရးႀကီးေသာ ကုန္သြယ္ေရးေဆြးေႏြးပြဲ မ်ားၾကားတြင္ ထရမ့္ကို ပိုမိုေဒါသထြက္ေစျခင္းမွေရွာင္ရွားရန္ ႐ုရွားေရနံတင္သြင္းမႈကို ယာယီေလွ်ာ့ခ်ခဲ့ ေၾကာင္း သတင္းမ်ားကေဖာ္ျပသည္။ သက္ေရာက္မႈအေနျဖင့္ ေဈးကြက္မတည္ၿငိမ္မႈႏွင့္ ေဈးႏႈန္းျမင့္ တက္မႈမ်ား ျဖစ္ေပၚလာႏိုင္ေသာ္လည္း ကမာၻ႔ေရနံလုပ္ငန္းတြင္ ႐ုရွား၏အခန္းက႑ကို ဖယ္ရွားပစ္ရန္ ျဖစ္လာႏိုင္သည္။ ေရရွည္ရည္မွန္းခ်က္မွာ ဗင္နီဇြဲလား၏ေရနံ သိုက္မ်ားကိုအသုံးျပဳ၍ အျခားႏိုင္ငံမ်ား စြာ၏ စြမ္းအင္ မဟာဗ်ဴဟာမ်ားတြင္ ႐ုရွား၏အခန္းက႑ကို တ ျဖည္းျဖည္းအစားထိုးရန္၊ ထို႔ေၾကာင့္ ႐ုရွားကို ပိုမိုအထီးက်န္ျဖစ္ေစျခင္းႏွင့္ ႐ုရွား၏ဘ႑ာေရးကို ထိခိုက္ေစျခင္းတို႔ျဖစ္သည္။ ၎သည္ ေအာင္ျမင္မည္ဟုမဆို လိုပါ။ သို႔ေသာ္ တြန္းအားေပးသည့္လႈံ႕ေဆာ္မႈျဖစ္ေနပုံရေၾကာင္း ေဖာ္ျပလိုျခင္း သာျဖစ္သည္။
ဗင္နီဇြဲလားသည္ ထရမ့္ ၂.ဝ လက္ေအာက္တြင္ အေမရိကန္၏ဖိအားေပးမႈကို ျပန္လည္ခံစားေန ရေသာ အေနာက္ကမာၻျခမ္း၏ တစ္စိတ္တစ္ပိုင္းမွ်သာ မဟုတ္ပါ။ BRICS ပူးတြဲတည္ေထာင္သူမ်ားထဲမွ တစ္ဦးျဖစ္သည့္ ဘရာဇီးသည္လည္း ဖိအားေပးမႈကို ခံစားေနရသည္။ ထရမ့္က ၎၏ မိတ္ေဆြတစ္ဦး ျဖစ္သူ ေခါင္းေဆာင္ေဟာင္း ေဘာ္လ္ဆိုနာ႐ို (Bolson­aro)ကိုႏွိပ္စက္သည္ဟုယူဆသည့္အေပၚ တုံ႔ျပန္ သည့္အေနျဖင့္ဟုဆိုကာ ျပစ္ဒဏ္ခတ္အခြန္မ်ား ေကာက္ခံခဲ့သည္။ သို႔ေသာ္ အဓိကအေၾကာင္းရင္းမွာ တ႐ုတ္ႏွင့္ယွဥ္ၿပိဳင္ႏိုင္ရန္အတြက္ အေမရိကန္က ရွိၿပီးသားထက္ ပိုမိုႀကီးမားေသာကုန္သြယ္ေရးႏွင့္ ရင္း ႏွီးျမႇဳပ္ႏွံမႈလမ္းေၾကာင္းမ်ားကိုထူေထာင္ရန္ စိတ္ဝင္စားမႈျဖစ္ႏိုင္သည္။ (အေမရိကန္က ဘရာဇီးႏွင့္ ကုန္ သြယ္ေရးပိုလွ်ံေနသည္)မကၠဆီကိုပင္လွ်င္ မလြတ္ခဲ့ ပါ။ ႏိုင္ငံအႏွံ႔ပ်ံ႕ႏွံ႔ေနသည့္ ေနာက္ဆုံးေပၚ မၿငိမ္မ သက္မႈမ်ားကသက္ေသျပေနသည္။ ေဒသခံ ၿမိဳ႕ေတာ္ဝန္တစ္ဦးကို မူးယစ္ဂိုဏ္းကသတ္ျဖတ္ၿပီးေနာက္ ပဋိပကၡမ်ားစတင္ခဲ့ျခင္းျဖစ္ၿပီး ယခုေခတ္တြင္ မၾကာခဏ ျဖစ္ပြားေလ့ရွိသည့္အျဖစ္အပ်က္တစ္ခု ျဖစ္ သည္။ သို႔ေသာ္ လက္ဝဲယိမ္း မကၠဆီကိုသမၼတ(Sheinbaum)က ႏိုင္ငံျခားအဖြဲ႕အစည္းမ်ားသည္ အဓိက ႐ုဏ္းမ်ားကို စီစဥ္ေနေၾကာင္းစြပ္စြဲခဲ့သည္။ မကၠဆီကိုတြင္ လုံးလုံးလ်ားလ်ား ေဒသခံမ်ား၏ အလို အေလ်ာက္ပဋိပကၡ ျဖစ္ေပၚေစႏိုင္သည့္ မေက်နပ္ခ်က္မ်ားစြာရွိေနသည္ မွာေသခ်ာေသာ္လည္း ၎တို႔ ၏ ကုန္သြယ္ေရးေဆြးေႏြးပြဲမ်ားတြင္ ဖိအားေပးမႈပုံစံတစ္ရပ္အျဖစ္ အေမရိကန္က ပါဝင္ပတ္သက္ေန ျခင္းကိုလည္း ခ်န္လွပ္ထား ၍မရႏိုင္ေပ။
အေစာပိုင္းကထိေတြ႕ခဲ့သည့္ ကမာၻလုံးဆိုင္ရာ အေနာက္ႏိုင္ငံသေဘာတရားသည္ ေျမာက္ အေမရိကတြင္ အေမရိကန္၏ အျပည့္အဝလႊမ္းမိုးခ်ဳပ္ကိုင္မႈကိုလိုအပ္သည္။ ထို႔ေၾကာင့္ ထရမ့္ ၂.ဝ က ကေနဒါ ႏွင့္မကၠဆီကိုအေပၚထားရွိသည့္ဖိအားကို ရွင္းျပေန ျခင္းျဖစ္သည္။ ယင္းရည္႐ြယ္ခ်က္အတြက္ စီးပြားေရး ဖိအားမ်ားကို ႏိုင္ငံႏွစ္ခုစလုံးအေပၚ အၿပိဳင္အဆိုင္ခ် မွတ္ေနၿပီး စစ္ေရး-ႏိုင္ငံေရး ဖိအားမ်ား လည္းရွိေနသည္။ ၎တို႔သည္ ထရမ့္က ကေနဒါကိုသိမ္းပိုက္ ျခင္းအေၾကာင္းေျပာဆိုေနျခင္းႏွင့္ မကၠဆီကို၏ခြင့္ ျပဳခ်က္မပါဘဲ မကၠဆီကန္မူးယစ္ဂိုဏ္းမ်ားကိုဆန႔္ က်င္ရန္ အေမရိကန္တပ္ဖြဲ႕မ်ား အသုံးျပဳျခင္းပုံစံမ်ား ျဖစ္သည္။ အေမရိကန္၏ ေနာက္လာမည့္ အမ်ိဳးသား ကာကြယ္ေရးမဟာဗ်ဴဟာ (National Defense Strategy)တြင္ မူဝါဒအျဖစ္ထည့္သြင္းေတာ့မည့္ အေနာက္ကမာၻျခမ္းအေပၚ အေမရိကန္၏ အာ႐ုံစိုက္ မႈအသစ္မွာ ေျမာက္အေမရိက၊ ကာေရဘီယံႏွင့္ ေတာင္အေမရိကတို႔ျဖစ္ၿပီး ယင္းတို႔ကိုစုေပါင္း၍ “အ ေမရိကန္ခံစစ္စည္း” (Fortress America)ဟု ေခၚဆိုႏိုင္သည္။ အဆိုပါ ပထဝီ ႏိုင္ငံေရးတည္ေဆာက္ ပုံသည္ “Global West” ၏ ဥေရာပႏွင့္အေရွ႕အာရွ အေတာင္ပံမ်ားအၾကားတြင္ တည္ရွိၿပီး အေမရိကန္ သည္ အေရွ႕ကမာၻျခမ္းမွထြက္ခြာရျခင္း သို႔မဟုတ္ ထြက္ခြာျခင္းကဲ့သို႔ေသာ ေဝးလံသည့္အေျခအေနတြင္ ပင္ ရွင္သန္ႏိုင္ရန္ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ႏိုင္ရန္ အခြင့္အေရးေပးႏိုင္သည္။ ထိုသို႔ျဖစ္လာရန္အတြက္ အေမရိ ကန္သည္ အေနာက္ကမာၻျခမ္း၏သယံဇာတမ်ား၊ ေဈးကြက္မ်ား ႏွင့္ လုပ္အားကို အထူးအခြင့္အေရး ရရွိ ရန္လိုအပ္သည္။ ထို႔ေၾကာင့္ ထရမ့္ ၂.ဝ သည္ ေျမာက္ႏွင့္ေတာင္ အေမရိကကို အေမရိကန္၏ လႊမ္း မိုးမႈေအာက္တြင္ လုံးလုံးလ်ားလ်ား လက္ေအာက္ခံ ျဖစ္ေစရန္ ျဖစ္ ႏိုင္သည့္နည္းလမ္းအားလုံးကို လုပ္ ေဆာင္ေနျခင္းျဖစ္သည္။ ထိုသို႔မလုပ္ေဆာင္ႏိုင္ပါက အေမရိကန္ သည္ ၎၏ ပိုမိုက်ယ္ျပန႔္ေသာ ေတာင္ပိုင္းပတ္လည္တြင္ တ႐ုတ္၊ ႐ုရွားႏွင့္ အီရန္တို႔၏ လက္ရွိ ထိန္းခ်ဳပ္ေရးစစ္ဆင္ေရးမ်ားအေပၚ ထိုသုံးႏိုင္ငံ၏ မညီမွ်ေသာတုံ႔ျပန္မႈမ်ားေၾကာင့္ ထိခိုက္ခံရမည္ ျဖစ္သည္။
ယေန႔ကမာၻတြင္ အေမရိကန္အေနျဖင့္ ၎၏ကမာၻျခမ္းရွိအရာအားလုံးကို တိုက္႐ိုက္ သို႔မဟုတ္ အာဏာရွင္ဆန္ဆန္ ထိန္းခ်ဳပ္ရန္မျဖစ္ႏိုင္ပါ။ သို႔ေသာ္ အေမရိကန္ရည္မွန္းထားသည္မွာ ေဒသဆိုင္ရာ အစိုးရမ်ားအား ၎တို႔၏ လက္ရွိလႊမ္းမိုးမႈကို အေမရိကန္၏လႊမ္းမိုးမႈျဖင့္အစားထိုးရန္ ဖိအားေပးျခင္း ျဖင့္ ေနာက္ေဖးၿခံမွ အင္အားႀကီးၿပိဳင္ဘက္မ်ိဳးစုံကို ဖယ္ရွားရန္ျဖစ္သည္။ ဘရာဇီး၊ ဗင္နီဇြဲလားႏွင့္ မကၠဆီကို တို႔သည္ တ႐ုတ္ႏွင့္ကုန္သြယ္မႈကို မည္သည့္အခါမွ် ရပ္တန႔္မည္မဟုတ္ေသာ္လည္း အခ်ိန္ ၾကာလာသည္ ႏွင့္အမွ် အေမရိကန္သည္ ၎၏ အဓိကကုန္သြယ္ေရးအခန္းက႑ကို ျပန္လည္ ထူေထာင္ႏိုင္ၿပီး ေဒသတြင္းရွိ ႐ုရွား၏အစဥ္အလာ မိတ္ဖက္အခ်ိဳ႕ကိုလည္း သူ႔ဘက္ေရာက္လာေအာင္ စည္း႐ုံးႏိုင္မည္ျဖစ္သည္။
အကယ္၍ အေမရိကန္သည္ လာမည့္ႏွစ္ မိုင္ယာမီ G20 မတိုင္မီတြင္ တစ္ဖက္ကမာၻျခမ္း ထိပ္ တန္းႏိုင္ငံမ်ားထံမွ အေရးပါေသာလိုက္ေလ်ာမႈမ်ား ရယူႏိုင္ပါက Global West ပုံစံကိုေဖာ္ထုတ္ရန္ အ ေကာင္းဆုံးအေနအထားတြင္ရွိေနမည္ျဖစ္သည္။ ယင္းသို႔လုပ္ေဆာင္ရျခင္း၏ရည္႐ြယ္ခ်က္မွာ ေလ့လာ သူအခ်ိဳ႕ထင္ျမင္သည့္အတိုင္း မာနေၾကာင့္မဟုတ္ဘဲ၊ တ႐ုတ္ကို တစ္ခုတည္းေသာၿပိဳင္ဘက္အျဖစ္ သေဘာထားၿပီး အေမရိကန္ဦးေဆာင္ေသာ Global West ပုံစံသစ္ကို ခိုင္မာေအာင္လုပ္ေဆာင္ျခင္း ဟူေသာ မဟာဗ်ဴဟာေျမာက္ရည္႐ြယ္ခ်က္ေၾကာင့္ျဖစ္သည္။ မည္သည့္ႏိုင္ငံမွ တစ္ႏိုင္ငံတည္း အေန ျဖင့္ေပၚထြန္းလာေသာ ကမာၻ႔စနစ္၏ေခါင္းေဆာင္မႈအတြက္ တ႐ုတ္ႏွင့္ယွဥ္ၿပိဳင္ႏိုင္မည္မဟုတ္ေသာ္ လည္း အေမရိကန္၏ဦးေဆာင္မႈေအာက္ရွိ အေနာက္တိုင္းႏိုင္ငံမ်ားစုေပါင္းမႈသည္ ၎တို႔ ပိုင္းျခားေန မည္ဆိုပါက အတၱလႏၲိတ္ပုံစံ၏က႑မ်ားကို ပိုမိုၾကာရွည္စြာထိန္းသိမ္းထားႏိုင္သည္။ ထရမ့္ ၂.ဝ လက္ ေအာက္တြင္ ကမာၻ႔စီးပြားေရးကို အရွိန္ျမႇင့္ ျပန္လည္ဖြဲ႕စည္းျခင္းသည္ တ႐ုတ္၏ တစ္ဦးတည္းေသာ စီးပြားေရးစူပါပါဝါအျဖစ္ တက္လာျခင္းကိုတားဆီးရန္ ႏွင့္ ထိုသို႔ျဖစ္လာပါက ကမာၻလုံးဆိုင္ရာကိစၥရပ္ မ်ားတြင္ အေနာက္ႏိုင္ငံကို ကမာၻ႔ေတာင္ပိုင္းႏိုင္ငံမ်ားျဖင့္ မလြဲမေသြ အစားထိုးခံရျခင္းကို ကာကြယ္ရန္ အခ်ိန္လုံလုံေလာက္ေလာက္ရရွိရန္ အေမရိကန္ကေမွ်ာ္လင့္ေနသည္။
ဝင္႐ိုးစုံျဖစ္မႈသည္ ယင္းအစီအစဥ္ ေအာင္ျမင္ စြာ အေကာင္အထည္ေဖာ္ၿပီးေနာက္ ျဖစ္ေပၚလာ မည္ျဖစ္ၿပီး ၎တြင္ အင္အားႀကီးႏိုင္ငံအခ်ိဳ႕လည္း ပါဝင္လာမည္ျဖစ္သည္။ ဥပမာအားျဖင့္ ႐ုရွား၊ တူကီ ယဲ၊ အင္ဒိုနီးရွားႏွင့္ အိႏၵိယတို႔သည္ ၎တို႔၏ ေဒသတြင္း ေပါင္းစည္းေရးကြန္ရက္မ်ား၏ အဓိက ေနရာ မ်ားျဖစ္လာႏိုင္ၿပီး ႐ုရွားသည္ ယူေရးရွားသမဂၢႏွင့္အတူရွိေနၿပီးျဖစ္သကဲ့သို႔ ၎တို႔တြင္ လႊမ္းမိုးမႈ နယ္ ပယ္မ်ားရွိလာႏိုင္သည္။ ယင္းသည္ ႏိုင္ငံတကာဆက္ဆံေရး၏ အဆင့္သုံးဆင့္ပါပုံစံကို ျဖစ္ေပၚေစမည္ ျဖစ္ၿပီး ထိပ္ဆုံးတြင္ တ႐ုတ္-အေမရိကန္ ႏွစ္ပါတီစနစ္သည္ တစ္ခုတည္းေသာ စူပါပါဝါမ်ားအျဖစ္ ရွိေန မည္ျဖစ္သည္။ ၎တို႔ေအာက္တြင္ အင္အားႀကီးႏိုင္ငံအခ်ိဳ႕ (EU ကို ပထမအဆင့္တြင္ အေမရိကန္၏ လက္ေအာက္ခံအျဖစ္ သို႔မဟုတ္ ဒုတိယအဆင့္၏ အစိတ္အပိုင္းအျဖစ္သတ္မွတ္ႏိုင္သည္)ႏွင့္ အျခား ႏိုင္ငံအားလုံးတို႔ျဖစ္သည္။ အဆိုပါ ခြဲျခမ္းစိတ္ျဖာခ်က္၏ရည္ ႐ြယ္ခ်က္မွာ ထရမ့္ ၂.ဝ က ကမာၻလုံးဆိုင္ ရာအေနာက္ ႏိုင္ငံသေဘာတရားျဖင့္ ေရွ႕ေဆာင္လမ္းျပလိုေသာ ကမာၻလုံးဆိုင္ရာဝါဒပုံစံသစ္၏ ပုံသဏၭာန္မ်ားကို ျပသရန္သာျဖစ္သည္။ ထို႔ေၾကာင့္ ထရမ့္သည္ ကမာၻ လုံးဆိုင္ရာဝါဒကို အေျခခံ အားျဖင့္ ဆန႔္က်င္ျခင္း မဟုတ္ဘဲ ေျပာင္းလဲေနၿပီးျဖစ္ေသာ ယခင္ပုံစံကိုသာ ဆန႔္က်င္ျခင္းျဖစ္ေၾကာင္း ေကာက္ခ်က္ခ်ႏိုင္သည္။ ၎၏အဖြဲ႕သည္ ဥေရာပ၊ အေမရိကႏွင့္ အေရွ႕အာရွ တို႔ကို အေမရိကန္၏ လႊမ္းမိုးမႈေအာက္တြင္ထည့္ သြင္းကာ တ႐ုတ္ႏွင့္ယွဥ္ၿပိဳင္ရန္အတြက္ ပုံစံသစ္တစ္ ခုကိုေဖာ္ထုတ္ရန္ အမွန္တကယ္ပင္ ႀကိဳးစားလုပ္ ေဆာင္ေနသည္။ ကမာၻ႔နည္းပညာလုပ္ငန္းကိုလည္း အေမရိကန္ဦး ေဆာင္ေသာ အေနာက္တိုင္းႏွင့္တ႐ုတ္ ေဂဟစနစ္မ်ားအျဖစ္ အၿပိဳင္အဆိုင္ကြဲထြက္သြား ျခင္းသည္ အင္အားႀကီးႏိုင္ငံမ်ားႏွင့္ က်န္ကမာၻ႔ႏိုင္ငံ မ်ားအတြက္ေပၚထြန္းလာေသာ အုပ္စုႏွစ္ခုအၾကား ဟန္ခ်က္ ညီေအာင္ထိန္းထားရန္ ယခင္ကထက္ ပိုမိုခက္ခဲေစမည္ျဖစ္သည္။ ယင္းသည္ ယခင္ စစ္ေအး ေခတ္ ကာလ၏ပုံစံမ်ိဳးကဲ့သို႔ႏိုင္ငံမ်ားအၾကား တင္းမာေသာပိုင္းျခားမႈမ်ား ျပန္လည္ေရာက္ရွိလာမည္ဟု မဆို လိုပါ။ သို႔ေသာ္ သံတမန္ေရးႏွင့္ ျပည္တြင္းနည္းပညာလုပ္ငန္းမ်ားတြင္ ဆက္လက္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား သည္ က်န္ရွိသူအားလုံး၏အခ်ဳပ္အျခာအာဏာကို တတ္ႏိုင္သမွ် ထိန္းသိမ္းထားရန္အတြက္ အဓိကက် မည္ျဖစ္သည္။ ထို႔ေၾကာင့္ ေပၚေပါက္လာေနသည္မွာ ျပင္းထန္ေသာ ၿပိဳင္ဆိုင္မႈရွိသည့္ ကမာၻတစ္ခု ျဖစ္ရာ ၎၏ေ႐ြ႕လ်ားမႈမ်ားသည္ ယခင္ စစ္ေအးေခတ္ႏွင့္ (၁၉)ရာစုဥေရာပတို႔၏ ေပါင္းစပ္မႈႏွင့္ ဆင္တူၿပီး ကမာၻ႔တည္ၿငိမ္မႈ သို႔မဟုတ္ တည္ၿငိမ္မႈမရွိျခင္းတို႔ႏွင့္ အတူ ပါလာမည္ျဖစ္သည္။

Related news

© 2021. All rights reserved.