တရုတ်(တိုင်ပေ)အရေးနဲ့ပတ်သက်ပြီး အချုပ်အခြာအာဏာကို ပြတ်ပြတ်သားသား ကာကွယ်သွားမယ်လို့ တရုတ် ကတိပြု

155

Pika (NP News) - ဒီဇင်ဘာ ၁ဝ
တရုတ်နိုင်ငံဟာ ၎င်းရဲ့ကိုယ်ပိုင်အချုပ်အခြာအာဏာကို ကာကွယ်သွားမှာဖြစ်ကြောင်း တရုတ်အစိုးရက ကတိပြု ပြောဆိုခဲ့ပြီး ပြင်ပဝင်ရောက်စွက်မှုတွေနဲ့ပတ်သက်ပြီး သတိပေးခဲ့တယ်လို့ သိရပါတယ်။
တရုတ်(တိုင်ပေ)ကျွန်းအပေါ်လုပ်ဆောင်မယ့် အလားအလာရှိတဲ့ တရုတ်ရဲ့စစ်ပွဲကို တားဆီးဖို့အတွက် စစ်ရေး အင်အား တည်ဆောက်ဖို့ရည်ရွယ်တဲ့ လုံခြုံရေးဗျူဟာအသစ်ကို အမေရိကန်အစိုးရက ထုတ်ဖော်ပြသခဲ့ပြီးနောက် တရုတ်အစိုးရရဲ့ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ရေကြောင်းအင်အားပြသမှုအဖြစ် အရှေ့အာရှရေပြင် တစ်လျှောက်မှာ ရေတပ်နဲ့ကမ်းခြေစောင့်သင်္ဘောအများအပြားကို ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ဖြန့်ကျက်ချထားခဲ့ ပြီးနောက် အမေရိကန်အစိုးရရဲ့လုံခြုံရေးဗျူဟာအသစ်နဲ့ပတ်သက်တဲ့ စာတမ်းထွက်ပေါ်လာတာဖြစ်ပါတယ်။
အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့တဲ့စာရွက်စာတမ်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဟာ ပြင်ပဝင်ရောက်စွက်ဖက်မှု တွေကို လုံးဝ လက်ခံမှာမဟုတ်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ ဂူအိုဂျီယာ ကွန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဂူအိုဂျီယာကွန်းက “အမေရိကန်ဟာ တရုတ်(တိုင်ပေ)ပြဿနာကို သတိကြီးကြီးထားပြီး ကိုင်တွယ်သင့်ပါတယ်။ တရုတ်(တိုင်ပေ)ကျွန်းရဲ့လွတ်လပ်ရေး ခွဲထွက်ရေးအဖွဲ့တွေကို ထောက်ခံနေတာတွေကို အမေရိကန်က ရပ်တန့်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္(တိုင္ေပ)အေရးနဲ႔ပတ္သက္ၿပီး အခ်ဳပ္အျခာအာဏာကို ျပတ္ျပတ္သားသား ကာကြယ္သြားမယ္လို႔ တ႐ုတ္ ကတိျပဳ
Pika (NP News) - ဒီဇင္ဘာ ၁ဝ
တ႐ုတ္ႏိုင္ငံဟာ ၎ရဲ႕ကိုယ္ပိုင္အခ်ဳပ္အျခာအာဏာကို ကာကြယ္သြားမွာျဖစ္ေၾကာင္း တ႐ုတ္အစိုးရက ကတိျပဳ ေျပာဆိုခဲ့ၿပီး ျပင္ပဝင္ေရာက္စြက္မႈေတြနဲ႔ပတ္သက္ၿပီး သတိေပးခဲ့တယ္လို႔ သိရပါတယ္။
တ႐ုတ္(တိုင္ေပ)ကြၽန္းအေပၚလုပ္ေဆာင္မယ့္ အလားအလာရွိတဲ့ တ႐ုတ္ရဲ႕စစ္ပြဲကို တားဆီးဖို႔အတြက္ စစ္ေရး အင္အား တည္ေဆာက္ဖို႔ရည္႐ြယ္တဲ့ လုံၿခဳံေရးဗ်ဴဟာအသစ္ကို အေမရိကန္အစိုးရက ထုတ္ေဖာ္ျပသခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရရဲ႕ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံဟာ သမိုင္းတစ္ေလွ်ာက္ အႀကီးမားဆုံး ေရေၾကာင္းအင္အားျပသမႈအျဖစ္ အေရွ႕အာရွေရျပင္ တစ္ေလွ်ာက္မွာ ေရတပ္နဲ႔ကမ္းေျခေစာင့္သေဘၤာအမ်ားအျပားကို ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက ျဖန႔္က်က္ခ်ထားခဲ့ ၿပီးေနာက္ အေမရိကန္အစိုးရရဲ႕လုံၿခဳံေရးဗ်ဴဟာအသစ္နဲ႔ပတ္သက္တဲ့ စာတမ္းထြက္ေပၚလာတာျဖစ္ပါတယ္။
အေမရိကန္အစိုးရက ထုတ္ျပန္ခဲ့တဲ့စာ႐ြက္စာတမ္းနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံဟာ ျပင္ပဝင္ေရာက္စြက္ဖက္မႈ ေတြကို လုံးဝ လက္ခံမွာမဟုတ္တဲ့အေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဂူအိုဂ်ီယာ ကြန္းက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဂူအိုဂ်ီယာကြန္းက “အေမရိကန္ဟာ တ႐ုတ္(တိုင္ေပ)ျပႆနာကို သတိႀကီးႀကီးထားၿပီး ကိုင္တြယ္သင့္ပါတယ္။ တ႐ုတ္(တိုင္ေပ)ကြၽန္းရဲ႕လြတ္လပ္ေရး ခြဲထြက္ေရးအဖြဲ႕ေတြကို ေထာက္ခံေနတာေတြကို အေမရိကန္က ရပ္တန႔္သင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။