အိန္ဒိယက ရုရှားရေနံတွေကို ဆက်လက်ဝယ်ယူသွားလိမ့်မယ်လို့ ရုရှားအစိုးရပြော

79

Pika (NP News) - ဒီဇင်ဘာ ၁ဝ
အိန္ဒိယနိုင်ငံဟာ ၎င်းရဲ့ကိုယ်ပိုင်စီးပွားရေးအကျိုးစီးပွားတွေကို သေချာစေဖို့အတွက် အကျိုးအမြတ်ရှိတဲ့နေရာ တိုင်းမှာ ရေနံဝယ်ယူမှုကို ဆက်လက်လုပ်ဆောင်လိမ့်မယ်လို့ ရုရှားအစိုးရ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ရုရှားရေနံတွေကို ဆက်လက်ဝယ်ယူမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ဩဂုတ်လမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အိန္ဒိယကုန်စည်တွေအပေါ် အခွန်ကောက်ခံမှုကို (၅ဝ)ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ရုရှားသမ္မတပူတင်ဟာ အိန္ဒိယကိုသွားရောက်လည်ပတ်ခဲ့ပြီး အိန္ဒိယအတွက် စဉ်ဆက် မပြတ်လောင်စာဆီထောက်ပံ့မှုကို လုပ်ဆောင်ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်လို့လည်း သိရပါတယ်။
ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က “အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ သူတို့အတွက် အကျိုးရှိစေမယ့်နေရာတွေမှာ နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းတွေနဲ့ စွမ်းအင် အရင်းအမြစ်တွေဝယ်ယူမှုကို ဆက်လက်လုပ်ဆောင်ပါလိ့မ်မယ်။ ကျွန်တော်တို့ သိထားသလောက်ကတော့ အိန္ဒိယနိုင်ငံဟာ သူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးအကျိုးစီးပွားတွေကို သေချာစေဖို့အတွက် ဒီမူဝါဒကို ဆက်လက်လုပ်ဆောင်သွားပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အိႏၵိယက ႐ုရွားေရနံေတြကို ဆက္လက္ဝယ္ယူသြားလိမ့္မယ္လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ဒီဇင္ဘာ ၁ဝ
အိႏၵိယႏိုင္ငံဟာ ၎ရဲ႕ကိုယ္ပိုင္စီးပြားေရးအက်ိဳးစီးပြားေတြကို ေသခ်ာေစဖို႔အတြက္ အက်ိဳးအျမတ္ရွိတဲ့ေနရာ တိုင္းမွာ ေရနံဝယ္ယူမႈကို ဆက္လက္လုပ္ေဆာင္လိမ့္မယ္လို႔ ႐ုရွားအစိုးရ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
႐ုရွားေရနံေတြကို ဆက္လက္ဝယ္ယူမႈနဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့ဩဂုတ္လမွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အိႏၵိယကုန္စည္ေတြအေပၚ အခြန္ေကာက္ခံမႈကို (၅ဝ)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက ႐ုရွားသမၼတပူတင္ဟာ အိႏၵိယကိုသြားေရာက္လည္ပတ္ခဲ့ၿပီး အိႏၵိယအတြက္ စဥ္ဆက္ မျပတ္ေလာင္စာဆီေထာက္ပံ့မႈကို လုပ္ေဆာင္ေပးမယ္လို႔ ကမ္းလွမ္းခဲ့တယ္လို႔လည္း သိရပါတယ္။
႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က “အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ အိႏၵိယဟာ သူတို႔အတြက္ အက်ိဳးရွိေစမယ့္ေနရာေတြမွာ ႏိုင္ငံျခားကုန္သြယ္ေရးလုပ္ငန္းေတြနဲ႔ စြမ္းအင္ အရင္းအျမစ္ေတြဝယ္ယူမႈကို ဆက္လက္လုပ္ေဆာင္ပါလိ့မ္မယ္။ ကြၽန္ေတာ္တို႔ သိထားသေလာက္ကေတာ့ အိႏၵိယႏိုင္ငံဟာ သူတို႔ရဲ႕ကိုယ္ပိုင္စီးပြားေရးအက်ိဳးစီးပြားေတြကို ေသခ်ာေစဖို႔အတြက္ ဒီမူဝါဒကို ဆက္လက္လုပ္ေဆာင္သြားပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။