လေဘာပါတီမှ ကိုယ်စားလှယ်‌လောင်း ဦးကျော်သူရ(ခ)မာမတ်အာနီဆူရာမန်နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင်တို့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရ

 2480

သန့်ဇင် (NP News) - ဒီဇင်ဘာ ၁ဝ

ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော်မဲဆန္ဒနယ်(FPTP) တွင် ယှဉ်ပြိုင်မည့် လေဘာပါတီမှ ကိုယ်စားလှယ်‌လောင်း ဦးကျော်သူရ(ခ)မာမတ်အာနီဆူရာမန် နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံခဲ့ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ၏ ပြောကြားချက်အရ သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေတို့တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည့် ပြဋ္ဌာန်းချက်များ နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိခြင်း ပြဋ္ဌာန်းချက်များအတိုင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စိစစ်ရကြောင်း UEC က ဆိုသည်။
ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာန၏ စိစစ်ပြန်ကြားချက်အရ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ ( ဎ ) နှင့် ငြိစွန်းသဖြင့် လေဘာပါတီမှ ကိုယ်စားလှယ်‌လောင်း ဦးကျော်သူရ(ခ)မာမတ်အာနီဆူရာမန် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင်သည်လည်း အထက်ပါဥပဒေပုဒ်မနှင့်ငြိစွန်းသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
ရခိုင်တိုင်းရင်းသားဝန်ကြီးနေရာအတွက် ရန်ကုန်တိုင်းတွင် ပါတီ(၅)ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၇) ဦးတို့က ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၃၆ တွင် လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် အမည်စာရင်း ထုတ်ပြန်ကြေညာပြီးနောက် အမည်စာရင်း တင်သွင်းသူတစ်ဦးသည် ရွေးကောက်ပွဲမကျင်းပမီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးသွားလျှင်ဖြစ်စေ၊ ကွယ်လွန်သွားလျှင်ဖြစ်စေ ထိုသူ၏ အမည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းမှ ပယ်ဖျက်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းချက်အရ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းမှ ပယ်ဖျက်ခွင့်ရှိကြောင်း UEC ၏ ဖြေကြားချက်အရ သိရသည်။
ကိုယ်စားလှယ်အရည်အချင်းမကိုက်ညီ၍ လွှတ်တော်ကိုယ်စားလှယ်လောင်း (၈၆) ဦးကို UEC ကပယ်ဖျက်ထားပြီး ထပ်မံပယ်ဖျက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများရှိကြောင်းလည်း သိရသည်။

Zawgyi Version:
ေလဘာပါတီမွ ကိုယ္စားလွယ္‌ေလာင္း ဦးေက်ာ္သူရ(ခ)မာမတ္အာနီဆူရာမန္ႏွင့္ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္း ဦးတင္ထူးေအာင္တို႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္မွ ပယ္ဖ်က္ခံရ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁ဝ

ရန္ကုန္တိုင္းေဒသႀကီးအမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္(FPTP) တြင္ ယွဥ္ၿပိဳင္မည့္ ေလဘာပါတီမွ ကိုယ္စားလွယ္‌ေလာင္း ဦးေက်ာ္သူရ(ခ)မာမတ္အာနီဆူရာမန္ ႏွင့္ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္း ဦးတင္ထူးေအာင္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္မွ ပယ္ဖ်က္ခံခဲ့ရေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC) ၏ ေျပာၾကားခ်က္အရ သိရသည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္) ႏွင့္ သက္ဆိုင္ရာလႊတ္ေတာ္ေ႐ြးေကာက္ပြဲဥပေဒတို႔တြင္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံပိုင္ခြင့္ရွိသည့္ ျပ႒ာန္းခ်က္မ်ား ႏွင့္ ေ႐ြးေကာက္တင္ေျမႇာက္ခံပိုင္ခြင့္မရွိျခင္း ျပ႒ာန္းခ်က္မ်ားအတိုင္း လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားကို စိစစ္ရေၾကာင္း UEC က ဆိုသည္။
ထို႔ေၾကာင့္ ျပည္ထဲေရးဝန္ႀကီးဌာန၏ စိစစ္ျပန္ၾကားခ်က္အရ လႊတ္ေတာ္ေ႐ြးေကာက္ပြဲဥပေဒပုဒ္မ ၁၀ ( ဎ ) ႏွင့္ ၿငိစြန္းသျဖင့္ ေလဘာပါတီမွ ကိုယ္စားလွယ္‌ေလာင္း ဦးေက်ာ္သူရ(ခ)မာမတ္အာနီဆူရာမန္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အမည္စာရင္းမွ ပယ္ဖ်က္ျခင္းျဖစ္ေၾကာင္း သိရသည္။
အလားတူ ရန္ကုန္တိုင္းေဒသႀကီး၊ ရခိုင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္း ဦးတင္ထူးေအာင္သည္လည္း အထက္ပါဥပေဒပုဒ္မႏွင့္ၿငိစြန္းသျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အမည္စာရင္းမွ ပယ္ဖ်က္ခဲ့ေၾကာင္း သိရသည္။
ရခိုင္တိုင္းရင္းသားဝန္ႀကီးေနရာအတြက္ ရန္ကုန္တိုင္းတြင္ ပါတီ(၅)ပါတီႏွင့္ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္း (၇) ဦးတို႔က ယွဥ္ၿပိဳင္ၾကမည္ျဖစ္ေၾကာင္း သိရသည္။
သက္ဆိုင္ရာလႊတ္ေတာ္ေ႐ြးေကာက္ပြဲ နည္းဥပေဒ ၃၆ တြင္ လႊတ္ေတာ္ကိုယ္ စားလွယ္ေလာင္းအျဖစ္ အမည္စာရင္း ထုတ္ျပန္ေၾကညာၿပီးေနာက္ အမည္စာရင္း တင္သြင္းသူတစ္ဦးသည္ ေ႐ြးေကာက္ပြဲမက်င္းပမီ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ေ႐ြးေကာက္ တင္ေျမႇာက္ခံပိုင္ခြင့္ ဆုံးရႈံးသြားလွ်င္ျဖစ္ေစ၊ ကြယ္လြန္သြားလွ်င္ျဖစ္ေစ ထိုသူ၏ အမည္ကို လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏ အမည္စာရင္းမွ ပယ္ဖ်က္ရမည္ျဖစ္ေၾကာင္း ျပ႒ာန္းခ်က္အရ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏ အမည္စာရင္းမွ ပယ္ဖ်က္ခြင့္ရွိေၾကာင္း UEC ၏ ေျဖၾကားခ်က္အရ သိရသည္။
ကိုယ္စားလွယ္အရည္အခ်င္းမကိုက္ညီ၍ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း (၈၆) ဦးကို UEC ကပယ္ဖ်က္ထားၿပီး ထပ္မံပယ္ဖ်က္ခံရသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.