ကရင်ပြည်နယ်အတွင်း CIA ခြေရှုပ်နေပြီး ရွေးကောက်ပွဲမဖြစ်ရေး ကုလားဖန်ထိုးရန် ကြိုးပမ်းနေ

 637

သုတကျော်၊ Pearl (NP News) - ဒီဇင်ဘာ ၁ဝ

ကရင်ပြည်နယ်အတွင်း CIA ခြေရှုပ်နေပြီး ရွေးကောက်ပွဲ မဖြစ်ရေး ကုလားဖန်ထိုးရန် ကြိုးပမ်း နေကြောင်း ကရင်ပြည်နယ်အရေးနှင့်ပတ်သက်၍ နှံ့စပ်သိရှိသူတစ်ဦးထံ NP News က ဆက်သွယ်မေး မြန်းချက်အရ သိရသည်။
ကရင်ပြည်နယ်အတွင်း အဓိကလက်နက်ကိုင်အဖွဲ့များအနေဖြင့် KNU ၊DKBA ၊ BGF နှင့် KNU/ KNLA PC တို့ကဲ့သို့ လက်နက်ကိုင်အဖွဲ့အပြင် KNU နောက်လိုက်အဖြစ် လုပ်နေသည့် PDF များလည်း ရှိနေသည်။
လက်ရှိတွင် တပ်မတော်က KNU နှင့် PDF များကိုတိုက်ခိုက်ကာ အာရှလမ်းမကြီးကို ထိန်းချုပ် ထားနိုင်ပြီဖြစ်သည့်အပြင် ထိုးစစ်ဆင်တိုက်ခိုက်မှုများဆောင်ရွက်နေရာ ကျားဖျန့်ကိုအကြောင်းပြု၍ အမေရိကန်ဘက်က ဝင်ရောက်ရန် ကြိုးပမ်းလာနေ ခြင်းဖြစ်သည်။
KNU / KNLA PC သည် အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသော အဖွဲ့အစည်းဖြစ်ပြီး DKBA နှင့် BGF တို့က ရွေးကောက်ပွဲကို သဘောတူထားကာ KNU က တပ်မတော်နှင့် ဆက်လက် တိုက်ခိုက်နေ သော်လည်း တပ်မတော်ဘက်က အောင်ပွဲရနေသော အနေအထားဖြစ်သည်။ CIA အကူအညီဖြင့် KNU က အခြားလက်နက်ကိုင်အဖွဲ့များမှ တပ်ဖွဲ့ဝင်များကို ၎င်းတို့နှင့် ပူးပေါင်းရန် ဆွယ်ခြင်းများရှိလာနေ ကြောင်း ၎င်းကဆိုသည်။
“အမေရိကန် နည်းနည်းခြေရှုပ်နေတာ။ ရောက်လာပြီးတော့ ကမ်းလှမ်းတာတွေ ရှိလာတယ်။ နေရာရတဲ့အောက်ခြေအရာရှိတွေကိုတောင် ငွေအ မြောက်အမြားပေးပြီး ကမ်းလှမ်းတာတွေ ရှိလာ တယ်။ ခေါင်းဆောင်တွေဆိုရင်တော့ အများကြီးကမ်းလှမ်း တာမျိုးရှိနိုင်တယ်” ဟု ၎င်းကဆိုသည်။
KNU က ကျားဖျန့်လုပ်ငန်းအချို့တွင် ပါဝင်၊ အကျိုးအမြတ်ရနေသည့်တိုင် မင်းလက်ပံတွင် ကျား ဖျန့်များကို တိုက်ဖျက်သည်ဆိုခြင်းမှာ အမေရိကန်အလိုကျ KNU က ဆောင်ရွက်ခြင်း ဖြစ်သော် လည်း အခြားလက်နက်ကိုင်များက KNU နောက် မပါခဲ့ကြကြောင်း ၎င်းကဆိုသည်။ “KNU သူ့ဘာသာ ‌ရှေ့က နေလုပ်။ နောက်ကနေ သူလုပ်သလို ဘယ်သူမှလိုက်မပါဘူး။ KNU က နိုင်ငံရေးအရသာ အား တစ်ခုရှိနေ တာ။ ဒါပေမဲ့ အခုလို ကမ်းလှမ်းတာတောင် ဘယ်သူမှမပါဘူး” ဟု ၎င်းကဆိုသည်။
DKBA မှ စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်း အပါအဝင် (၄) ဦးကို အမေရိကန်က Sanction ချမှတ်ရာတွင် ထည့်သွင်းခြင်းမှာ CIA ခြေရှုပ်နေခြင်း၏ ပြယုဂ်တစ်ခု ဖြစ်ကြောင်းလည်း ၎င်းက ပြော သည်။ “သူ့ (DKBA စစ်ရေးချုပ် စောစိန်ဝင်း) ကို ဘာကြောင့် အမေရိကန်က Sanction ထည့်လဲ။ တစ်ခု တွေးလိုက်တာပေါ့။ တပ်နဲ့ပေါင်းပြီးတော့ ‌ရွေး ကောက်ပွဲကိစ္စအတွက် လုပ်ပေးဖို့ဆိုတဲ့အချိန်မှာ အချင်း ချင်းပတ်မွှေတဲ့သဘော လုပ်လာတယ်။ Sanction နဲ့ ပြန်ကစားတယ်လေ။ ကျားဖျန့်နှိမ်နင်းတဲ့ အတွက် မင်းတို့စီးပွားရေးတွေ ပျက်ပြီ။ သူပုန်ပဲ ပြန် လုပ်တော့။ လိုအပ်တဲ့ပိုက်ဆံထုတ်ပေးမယ်။ US က လာညှိ ပြီ။ လိုအပ်တဲ့ လက်နက်ခဲယမ်းကအစ ပေး မယ်ပေါ့။ နောက်ငွေကြေး။ အခုလာပြီလေ။ ဘယ်လို မြင် အောင်ဖန်တီးလဲဆိုရင် တရုတ်က မြန်မာနဲ့ပေါင်းပြီး မင်းတို့ကို အပြီးနှိပ်ကွပ်ပြီဆိုတဲ့အမြင်ဖြစ်အောင် လုပ်တာ” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ CIA က ဝင်မွှေနေခြင်းသည် ရွေးကောက်ပွဲကို မဖြစ်စေရန်အတွက်ဦးတည်ပြီး နယ်မြေ မငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်နေခြင်းမျိုး ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ လက်ရှိ ကရင်ပြည် နယ်က လက်နက်ကိုင်အဖွဲ့များကြားတွင် ယူနီ ဖောင်းပြောင်းဝတ်လိုက်ရုံဖြင့် အခြားတပ်ဖွဲ့ဝင်ဖြစ်သွား တတ်သည့်အခြေအနေလည်း ဖြစ်နေသည်။ “ပွဲ က ရှုပ်နေပြီ။ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ။ သိပြီး ပြင် ဆင်လို့မရဘူးဖြစ်နေတယ်။ ရွေးကောက်ပွဲအ တွက် ပူးပေါင်းပေးဖို့လည်း အခုထိကို ရွေးကောက်ပွဲ ထောက်ခံထားတဲ့အဖွဲ့တွေက ဆုံးဖြတ်ထားပြီးသား။ ဒါကြီးကို မြန်မြန်ပြီးသွားဖို့။ တက်လာမယ့် အစိုးရ ကလည်း ဦးနှောက်ကို မှန်မှန်ကန်ကန်နဲ့အသုံးချပြီးတော့ လုပ်ရမှာ” ဟု ၎င်းကဆိုသည်။

Zawgyi Version:
ကရင္ျပည္နယ္အတြင္း CIA ေျခရႈပ္ေနၿပီး ေ႐ြးေကာက္ပြဲမျဖစ္ေရး ကုလားဖန္ထိုးရန္ ႀကိဳးပမ္းေန
သုတေက်ာ္၊ Pearl (NP News) - ဒီဇင္ဘာ ၁ဝ

ကရင္ျပည္နယ္အတြင္း CIA ေျခရႈပ္ေနၿပီး ေ႐ြးေကာက္ပြဲ မျဖစ္ေရး ကုလားဖန္ထိုးရန္ ႀကိဳးပမ္း ေနေၾကာင္း ကရင္ျပည္နယ္အေရးႏွင့္ပတ္သက္၍ ႏွံ႔စပ္သိရွိသူတစ္ဦးထံ NP News က ဆက္သြယ္ေမး ျမန္းခ်က္အရ သိရသည္။
ကရင္ျပည္နယ္အတြင္း အဓိကလက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ KNU ၊DKBA ၊ BGF ႏွင့္ KNU/ KNLA PC တို႔ကဲ့သို႔ လက္နက္ကိုင္အဖြဲ႕အျပင္ KNU ေနာက္လိုက္အျဖစ္ လုပ္ေနသည့္ PDF မ်ားလည္း ရွိေနသည္။
လက္ရွိတြင္ တပ္မေတာ္က KNU ႏွင့္ PDF မ်ားကိုတိုက္ခိုက္ကာ အာရွလမ္းမႀကီးကို ထိန္းခ်ဳပ္ ထားႏိုင္ၿပီျဖစ္သည့္အျပင္ ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားေဆာင္႐ြက္ေနရာ က်ားဖ်န႔္ကိုအေၾကာင္းျပဳ၍ အေမရိကန္ဘက္က ဝင္ေရာက္ရန္ ႀကိဳးပမ္းလာေန ျခင္းျဖစ္သည္။
KNU / KNLA PC သည္ အစိုးရႏွင့္ ၿငိမ္းခ်မ္းေရးရယူထားေသာ အဖြဲ႕အစည္းျဖစ္ၿပီး DKBA ႏွင့္ BGF တို႔က ေ႐ြးေကာက္ပြဲကို သေဘာတူထားကာ KNU က တပ္မေတာ္ႏွင့္ ဆက္လက္ တိုက္ခိုက္ေန ေသာ္လည္း တပ္မေတာ္ဘက္က ေအာင္ပြဲရေနေသာ အေနအထားျဖစ္သည္။ CIA အကူအညီျဖင့္ KNU က အျခားလက္နက္ကိုင္အဖြဲ႕မ်ားမွ တပ္ဖြဲ႕ဝင္မ်ားကို ၎တို႔ႏွင့္ ပူးေပါင္းရန္ ဆြယ္ျခင္းမ်ားရွိလာေန ေၾကာင္း ၎ကဆိုသည္။
“အေမရိကန္ နည္းနည္းေျခရႈပ္ေနတာ။ ေရာက္လာၿပီးေတာ့ ကမ္းလွမ္းတာေတြ ရွိလာတယ္။ ေနရာရတဲ့ေအာက္ေျခအရာရွိေတြကိုေတာင္ ေငြအ ေျမာက္အျမားေပးၿပီး ကမ္းလွမ္းတာေတြ ရွိလာ တယ္။ ေခါင္းေဆာင္ေတြဆိုရင္ေတာ့ အမ်ားႀကီးကမ္းလွမ္း တာမ်ိဳးရွိႏိုင္တယ္” ဟု ၎ကဆိုသည္။
KNU က က်ားဖ်န႔္လုပ္ငန္းအခ်ိဳ႕တြင္ ပါဝင္၊ အက်ိဳးအျမတ္ရေနသည့္တိုင္ မင္းလက္ပံတြင္ က်ား ဖ်န႔္မ်ားကို တိုက္ဖ်က္သည္ဆိုျခင္းမွာ အေမရိကန္အလိုက် KNU က ေဆာင္႐ြက္ျခင္း ျဖစ္ေသာ္ လည္း အျခားလက္နက္ကိုင္မ်ားက KNU ေနာက္ မပါခဲ့ၾကေၾကာင္း ၎ကဆိုသည္။ “KNU သူ႔ဘာသာ ‌ေရွ႕က ေနလုပ္။ ေနာက္ကေန သူလုပ္သလို ဘယ္သူမွလိုက္မပါဘူး။ KNU က ႏိုင္ငံေရးအရသာ အား တစ္ခုရွိေန တာ။ ဒါေပမဲ့ အခုလို ကမ္းလွမ္းတာေတာင္ ဘယ္သူမွမပါဘူး” ဟု ၎ကဆိုသည္။
DKBA မွ စစ္ေရးခ်ဳပ္ ဗိုလ္မႉးႀကီး ေစာစိန္ဝင္း အပါအဝင္ (၄) ဦးကို အေမရိကန္က Sanction ခ်မွတ္ရာတြင္ ထည့္သြင္းျခင္းမွာ CIA ေျခရႈပ္ေနျခင္း၏ ျပယုဂ္တစ္ခု ျဖစ္ေၾကာင္းလည္း ၎က ေျပာ သည္။ “သူ႔ (DKBA စစ္ေရးခ်ဳပ္ ေစာစိန္ဝင္း) ကို ဘာေၾကာင့္ အေမရိကန္က Sanction ထည့္လဲ။ တစ္ခု ေတြးလိုက္တာေပါ့။ တပ္နဲ႔ေပါင္းၿပီးေတာ့ ‌ေ႐ြး ေကာက္ပြဲကိစၥအတြက္ လုပ္ေပးဖို႔ဆိုတဲ့အခ်ိန္မွာ အခ်င္း ခ်င္းပတ္ေမႊတဲ့သေဘာ လုပ္လာတယ္။ Sanction နဲ႔ ျပန္ကစားတယ္ေလ။ က်ားဖ်န႔္ႏွိမ္နင္းတဲ့ အတြက္ မင္းတို႔စီးပြားေရးေတြ ပ်က္ၿပီ။ သူပုန္ပဲ ျပန္ လုပ္ေတာ့။ လိုအပ္တဲ့ပိုက္ဆံထုတ္ေပးမယ္။ US က လာညႇိ ၿပီ။ လိုအပ္တဲ့ လက္နက္ခဲယမ္းကအစ ေပး မယ္ေပါ့။ ေနာက္ေငြေၾကး။ အခုလာၿပီေလ။ ဘယ္လို ျမင္ ေအာင္ဖန္တီးလဲဆိုရင္ တ႐ုတ္က ျမန္မာနဲ႔ေပါင္းၿပီး မင္းတို႔ကို အၿပီးႏွိပ္ကြပ္ၿပီဆိုတဲ့အျမင္ျဖစ္ေအာင္ လုပ္တာ” ဟု ၎က ရွင္းျပသည္။
လက္ရွိ CIA က ဝင္ေမႊေနျခင္းသည္ ေ႐ြးေကာက္ပြဲကို မျဖစ္ေစရန္အတြက္ဦးတည္ၿပီး နယ္ေျမ မၿငိမ္မသက္ျဖစ္ေစရန္ ေဆာင္႐ြက္ေနျခင္းမ်ိဳး ျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။ လက္ရွိ ကရင္ျပည္ နယ္က လက္နက္ကိုင္အဖြဲ႕မ်ားၾကားတြင္ ယူနီ ေဖာင္းေျပာင္းဝတ္လိုက္႐ုံျဖင့္ အျခားတပ္ဖြဲ႕ဝင္ျဖစ္သြား တတ္သည့္အေျခအေနလည္း ျဖစ္ေနသည္။ “ပြဲ က ရႈပ္ေနၿပီ။ ဒါေတြကို ဘယ္လိုေျဖရွင္းမလဲ။ သိၿပီး ျပင္ ဆင္လို႔မရဘူးျဖစ္ေနတယ္။ ေ႐ြးေကာက္ပြဲအ တြက္ ပူးေပါင္းေပးဖို႔လည္း အခုထိကို ေ႐ြးေကာက္ပြဲ ေထာက္ခံထားတဲ့အဖြဲ႕ေတြက ဆုံးျဖတ္ထားၿပီးသား။ ဒါႀကီးကို ျမန္ျမန္ၿပီးသြားဖို႔။ တက္လာမယ့္ အစိုးရ ကလည္း ဦးေႏွာက္ကို မွန္မွန္ကန္ကန္နဲ႔အသုံးခ်ၿပီးေတာ့ လုပ္ရမွာ” ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.