လက်တင်အမေရိကမှာ အမေရိကန် ဖန်တီးတဲ့စစ်ပွဲတစ်ခု စတင်တော့မလား

 147

တင်ဇာ (NP News) - ဒီဇင်ဘာလ ၁၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ လ (၂၉)ရက်မှာ ဗင်နီဇွဲလားလေပိုင်နက်ကိုပိတ်ထား ကြောင်းကြေညာခဲ့ပေမယ့် အသေးစိတ်အချက်အ လက် တစ်စုံတစ်ရာပေးအပ်ခဲ့ခြင်းမရှိပါ။ ဒီကြေညာ ချက်ဟာ ကာရေဘီယံပင်လယ်အတွင်း လပေါင်းများ စွာကြာအောင် စစ်ရေးအင်အားဖြည့်တင်းထားတဲ့အ ချိန်မှာပဲ အမေရိကန်နဲ့ဗင်နီဇွဲလားအကြား တင်းမာ မှုတွေကို တစ်ဟုန်ထိုးတိုးမြင့်တက်လာစေခဲ့ပါတယ်။ ဗင်နီဇွဲလားက အမေရိကန်ကို လက်တင် အမေရိက မှာ " ကိုလိုနီနယ်ချဲ့ ခြိမ်းခြောက်မှု " မျိုးလုပ်ဆောင်နေ တယ်လို့စွပ်စွဲခဲ့ပါတယ်။ သမ္မတ နီကိုလပ်စ်မာဒူရိုက အမေရိကန်ဟာ ဗင်နီဇွဲလားမှာ စစ်ရေးအရဝင်ရောက် စွက်ဖက်ဖို့အတွက် ဆင်ခြေအဖြစ် သတင်းမှားတွေ ဖန်တီးနေတယ်လို့သတိပေးခဲ့ပါတယ်။
ဗင်နီဇွဲလားဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်း ငယ်အတွင်း ပုံမှန် စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ် နေပြီး ဖြစ်နိုင်ခြေရှိတဲ့ မည်သည့်တိုက်ခိုက်မှုကိုမဆို ကြိုတင်ပြင်ဆင်ဖို့အတွက် အကြီးစား စစ်အင်အားစု ဆောင်းမှုတွေကိုလုပ်ဆောင်နေတယ်လို့ ကြေညာခဲ့ပါ တယ်။ ထရမ့်အစိုးရအဖွဲ့ဟာ စက်တင်ဘာလအစော ပိုင်းမှာ မူးယစ်ဆေးဝါးကုန်သွယ်သင်္ဘောတွေကို တိုက်ခိုက်ဖို့အတွက်ဆိုပြီး ကာရေဘီယံတောင်ပိုင်းမှာ ကြီးမားတဲ့ရေတပ်အင်အားကို ဖြန့်ကြက်ထားခဲ့ပါ တယ်။ ဒါပေမဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့သင်္ဘော တွေဟာ မူးယစ်ဆေးဝါးမှောင်ခိုကူးရာမှာပါဝင်ခဲ့ ကြောင်း ဝါရှင်တန်က မည်သည့် သက်သေအထောက် အထားမှ ပေးအပ်နိုင်ခြင်းမရှိသေးပါဘူး။ အဆိုပါ တိုက်ခိုက်မှုတွေမှာ အနည်းဆုံး လူ(၈၃)ဦးအထိ သေ ဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်က မာဒူရိုအပေါ် ဖိအား ပေးမှုတွေကိုတိုးမြှင့်တဲ့အနေနဲ့ ဝါရှင်တန်ဟာ ဗင်နီဇွဲ လားလူမျိုးတွေကြားမှာ Cartel de los Soles (သို့) အင်္ဂလိပ်လို Cartel of the Suns လို့လူသိများတဲ့အ ဖွဲ့ကို " နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်း"အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ထရမ့်အစိုးရအဖွဲ့က မူးယစ် ဆေးဝါးတိုက်ဖျက်ရေးရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ဗင်နီဇွဲလားကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဆို ပါတယ်။ သို့သော် နိုင်ငံရေး လေ့လာသုံးသပ်သူတွေနဲ့ လူ့အခွင့်အရေးစောင့်ကြည့်သူတွေက ဝါရှင်တန်အ နေနဲ့ မာဒူရိုကို ရာထူးကနေဖယ်ရှားဖို့အတွက် အခြေ ခံအုတ်မြစ်တွေ ချမှတ်နေခြင်းသာဖြစ်တယ်လို့ သုံး သပ်ကြပါတယ်။
ဒါဆိုရင် ဗင်နီဇွဲလားလေပိုင်နက်ပိတ်ကြောင်း ကြေညာပြီးနောက် သမ္မတထရမ့်ဟာ တကယ်ပဲတိုက် ခိုက်တော့မလား။ အမေရိကန်ရဲ့ စစ်ရေးလုပ်ဆောင် မှုတွေက ဥပဒေအရ တရားမျှတမှုရှိပါ့မလား။ ထရမ့် က မာဒူရိုအပေါ် ဘာကြောင့် ရန်လိုတဲ့မူဝါဒကို ကျင့် သုံးနေရတာလဲ။ ဒီမေးခွန်းတွေက အမေရိကန်နဲ့ဗင် နီဇွဲလားကြား တင်းမာမှုတွေရဲ့နောက်ကွယ်ရှိအကြောင်း ရင်းတွေကိုနားလည်စေမယ့် အဓိကသော့ချက်တွေ ဖြစ်ကြပါတယ်။
ဇန်နဝါရီလမှာ သမ္မတထရမ့် ရာထူးကိုပြန်လည် ရောက်ရှိလာချိန်ကစပြီး မာဒူရိုအပေါ် စကားလုံးပြင်း ပြင်းတွေသုံးပြီး ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ မူးယစ် ဆေးဝါးမှောင်ခိုကူးမှုနဲ့ ဗင်နီဇွဲလားကနေ ရွှေ့ပြောင်း အခြေချသူတွေစီးဆင်းမှုအတွက် ကာရာကပ်စ်ကို သူက ပြစ်တင်ပုံချခဲ့ပါတယ်။ သူရဲ့ဒုတိယသက်တမ်း စတင်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ထရမ့်ဟာ ယခင်သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်က ပေးထားတဲ့ ဗင်နီဇွဲလားရေနံလုပ်ပိုင်ခွင့်တွေကို ပယ် ဖျက်ခဲ့ပါတယ်။ ဗင်နီဇွဲလားဆီကနေ ရေနံဝယ်ယူတဲ့ နိုင်ငံတွေအပေါ် (၂၅)ရာခိုင်နှုန်းအခွန်စည်းကြပ်ခဲ့ ပြီး မာဒူရိုကိုဖမ်းဆီးနိုင်ဖို့အတွက် ဆုကြေးငွေကို ဒေါ် လာသန်း(၅၀)အထိနှစ်ဆတိုးပေးခဲ့ကာ သူ့ကို"ကမ္ဘာ လုံးဆိုင်ရာ အကြမ်းဖက်ခေါင်းဆောင်"အဖြစ် သတ် မှတ်ခဲ့ပါတယ်။
မကြာသေးမီရက်သတ္တပတ်တွေအတွင်းမှာ ထရမ့်က ဗင်နီဇွဲလားမှာ လျှို့ဝှက်စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့အတွက် CIA ကို လုပ်ပိုင်ခွင့်ပေးထား ကြောင်းအတည်ပြုခဲ့ပါတယ်။ သူရဲ့အစိုးရအဖွဲ့ဟာ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော USS Ger­ald R Ford ၊ တခြားစစ်သင်္ဘောတွေ၊ စစ်သား ထောင်ပေါင်းများစွာနဲ့ F-35 လျှို့ဝှက်တိုက်လေယာဉ် တွေကို ကာရေဘီယံပင်လယ်ထဲ ချထားခဲ့ပါတယ်။ နိုဝင်ဘာလ (၂၇)ရက်မှာ ထရမ့်က ဗင်နီဇွဲလားနိုင်ငံ အတွင်း မကြာခင်မှာပဲ မြေပြင်တိုက်ခိုက်မှုတွေပြုလုပ် လာနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။ စစ်ရေးတင်းမာ မှုတွေမြင့်တက်နေချိန်မှာပဲ The New York Times နဲ့ The Wall Street Journal သတင်း တွေအရ Cartel de los Soles အပေါ် ပိတ်ဆို့မှုတွေ မစတင်မီ ပြီးခဲ့တဲ့ရက်သတ္တပတ်က ထရမ့်ဟာ မာဒူရို နဲ့ စကားပြောခဲ့တယ်လို့သတင်းရရှိပါတယ်။
နိုဝင်ဘာလ (၂၅)ရက်က Air Force One လေယာဉ်ပေါ်မှာရှိနေတဲ့ထရမ့်ကို မာဒူရိုနဲ့စကားပြော ဖို့အစီအစဉ်ရှိမရှိ သတင်းထောက်တွေကမေးမြန်းခဲ့ ပါတယ်။ " သူနဲ့ကျွန်တော် စကားပြောချင်ရင်ပြောဖြစ် မယ်။ စောင့်ကြည့်ရဦးမယ်။ ဒါပေမဲ့ ကျွန်တော့်အဖွဲ့ တွေနဲ့တော့တိုင်ပင်နေပါတယ်။ ကျွန်တော်တို့ စကား ပြောဖြစ်ကောင်းပြောဖြစ်မယ်" လို့ ထရမ့်က သတင်း ထောက်တွေကိုပြောကြားခဲ့ပါတယ်။
နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းခေါင်းဆောင် အဖြစ်သတ်မှတ်ထားသူနဲ့ ဘာကြောင့် စကားပြောချင် တာလဲလို့မေးမြန်းတဲ့အခါ ထရမ့်က "ကျွန်တော်တို့ အသက်တွေကိုကယ်တင်နိုင်ဖို့ လွယ်ကူတဲ့နည်းလမ်း နဲ့လုပ်နိုင်မယ်ဆိုရင် ကောင်းပါတယ်။ ခက်ခဲတဲ့နည်း လမ်းနဲ့လုပ်ရမယ်ဆိုရင်လည်း ဒါက ကောင်းပါတယ်" လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။ ဝေဖန်သုံးသပ်သူ တွေက ထရမ့်အစိုးရရဲ့ စစ်ရေးလုပ်ဆောင်ချက်တွေအ ပေါ် နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်သလို အမေ ရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပါ ချိုးဖောက်နေ တယ်လို့ အငြင်းပွားခဲ့ကြပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်သူတွေနဲ့ ဥပဒေပညာရှင်တွေက အမေရိ ကန်ရဲ့ ဗင်နီဇွဲလားသင်္ဘောတွေအပေါ်တိုက်ခိုက်မှု တွေဟာ ဥပဒေမဲ့သတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေအဖြစ်ရည်န်းခဲ့ပါတယ်။ The Was­hington Post ရဲ့ သတင်းတစ်ပုဒ်မှာ အမေရိကန် ကာ ကွယ်ရေးဝန်ကြီး Pete Hegsethက မူးယစ် ဆေးဝါး သယ်ဆောင်လာတယ်လို့သံသယရှိတဲ့ လှေပေါ်က ခရီးသည်အားလုံးကိုသတ်ပစ်ဖို့ စစ်တပ် ကိုအမိန့်ပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။Hegseth ကတော့ ဒီစွပ်စွဲချက်တွေကိုငြင်းပယ်ပြီး အဆိုပါသတင်းကို "သတင်းအတု"အဖြစ်သတ်မှတ်ခဲ့ ပါတယ်။ ဒါ့ပြင် ကာကွယ်ရေးဝန်ကြီးက ကာရေဘီယံ မှာလုပ်ဆောင်တဲ့ တိုက်ခိုက်မှုတွေဟာ ဥပဒေနဲ့ညီ ကြောင်းလည်းပြော ဆိုခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်ကွန်ဂရက်က နိုဝင်ဘာ (၂၉)မှာ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံ စမ်းစစ်ဆေးဖို့အမိန့်ပေးခဲ့ပါတယ်။ "ဒီအခြေအနေ မှာတော့ ကျွန်တော် ဒါတွေကို တရားစီရင်မှုပြင်ပက သတ်ဖြတ်မှုတွေလို့ခေါ်ဆိုချင်ပါတယ်"လို့ ရီပတ်ဘ လစ်ကန်အထက်လွှတ်တော်အမတ် ရန်ပေါလ်က အောက်တိုဘာလမှာ Fox News Sunday ကိုပြော ကြားခဲ့ပါတယ်။ အမေရိကန်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာကျွမ်းကျင်သူ ဘရုစ်ဖိန်းကလည်း ပေါလ်နဲ့ ထပ်တူသဘောတူခဲ့ပါတယ်။ ဖိန်းက "ထရမ့်ဟာ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ပကနေလှုပ်ရှားနေပြီး လူ သတ်မှုကျူးလွန်နေတာပါ"လို့ပြောပါတယ်။ " တိုက် ခိုက်ရေးအတွက် စစ်ဘက်သုံးစွဲမှုကို ကွန်ဂရက်ကသာ ခွင့်ပြုနိုင်ပါတယ်"လို့ ဖိန်းကပြောကြားခဲ့ပြီး၊ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ထရမ့်ရဲ့ အုပ်ချုပ်ရေးအမိန့်တွေဟာ ဥပဒေအရ အတည်မဖြစ်ဘူးလို့လည်း ဖြည့်စွက်ပြော ဆိုခဲ့ပါတယ်။ Cartel de los Solesကို " နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်း" အဖြစ် သတ်မှတ်ခြင်းအား ဖြင့် ထရမ့်အစိုးရဟာ နိုင်ငံမဟုတ်တဲ့အဖွဲ့အစည်းကို တန်ပြန်စစ်ဆင်ရေးဆင်နွှဲနေတာမျိုးအဖြစ် သတ်မှတ် နိုင်ပါတယ်။
ထရမ့်ရဲ့ ဗင်နီဇွဲလားအစိုးရအပေါ် ရန်လိုတဲ့မူဝါ ဒတွေဟာ ဗင်နီဇွဲလားမှာ ကမ္ဘာ့အကြီးဆုံးရေနံသိုက် တွေရှိနေတာနဲ့ အနောက်ကမ္ဘာ့ခြမ်းမှာ အမေရိကန်ရဲ့ အချုပ်အခြာအာဏာကိုထူထောင်လိုတာတွေမှာ အခြေခံနေတယ်လို့ နိုင်ငံခြားရေးရာမူဝါဒ လေ့လာ ဆန်းစစ်သူတွေကဆိုကြပါတယ်။ (၁၉၇၀) ပြည့်လွန် နှစ်များအတွင်း ဗင်နီဇွဲလားဟာ အမေရိကန်ရဲ့ ယုံ ကြည်စိတ်ချရတဲ့ စစ်အေးခေတ် မဟာမိတ်အဖြစ်ရှု မြင်ခံခဲ့ရပါတယ်။ ဒါပေမဲ့ United Socialist Party ကိုထူထောင်သူဖြစ်တဲ့ သမ္မတဟောင်း ဟူဂို ချာဗက်ဇ် (၁၉၉၈)ခုနှစ်မှာရွေးကောက်ခံရပြီးတဲ့နောက် ဝါရှင် တန်နဲ့ဆက်ဆံရေးတွေ စတင်တင်းမာလာခဲ့ပါတယ်။ (၂၀ဝ၂) ခုနှစ်မှာ မအောင်မြင်တဲ့ အာဏာသိမ်းမှုတစ်ခု ဖြစ်ပြီးနောက် ချာဗက်ဇ်ဟာ အမေရိကန်ရဲ့မူးယစ်ဆေး ဝါး တားဆီးနှိမ်နင်းရေးအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင် ရွက်မှုတွေကိုရပ်ဆိုင်းခဲ့ပြီး အမေရိကန် စစ်ရေးအကြံ ပေးတွေကိုပါနှင်ထုတ်ခဲ့ပါတယ်။ ရေနံကဏ္ဍကို နိုင်ငံ ပိုင်ပြုလုပ်ပြီးနောက် အမေရိကန် ရေနံကုမ္ပဏီကြီး တွေဖြစ်တဲ့ ExxonMobil နဲ့ ConocoPhillips တို့ကိုလည်းတွန်းထုတ်ခဲ့ရာ ဆက်ဆံရေးတွေ ပိုပြီး တင်းမာခဲ့ပါတယ်။ နောက်ထပ် အမေရိကန် ရေနံကုမ္ပ ဏီကြီးတစ်ခုဖြစ်တဲ့ Chevron ကတော့ ဗင်နီဇွဲလား မှာ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ဒါ့ပြင် ချာ ဗက်ဇ်ဟာ ရုရှားနဲ့တရုတ်တို့နဲ့ စီးပွားရေးအရ ပိုမိုနီး ကပ်တဲ့ဆက်ဆံရေးတွေကိုလည်း ထူထောင်ခဲ့ပါ တယ်။
(၂၀၁၃)ခုနှစ်မှာ ချာဗက်ဇ်ဆီကနေ မာဒူရို တာ ဝန်ယူပြီးနောက် ဆက်ဆံရေးတွေ ပိုမိုဆိုးရွားလာခဲ့ပါ တယ်။ ထရမ့်ဟာ သူရဲ့ ပထမသက်တမ်းအတွင်း (၂၀၁၉)ခုနှစ်မှာ အတိုက်အခံခေါင်းဆောင် Juan Guaidoကို ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြု ကာ မာဒူရိုရဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို ထောက်ခံခဲ့ ပါတယ်။ ဒါ့ပြင် အမေရိကန်ဟာ ဗင်နီဇွဲလားကို မူး ယစ်ဆေးဝါးကုန်သွယ်မှုပြုလုပ်နေတဲ့နိုင်ငံအဖြစ် ပုံ ဖော်ခြင်းအားဖြင့် အစိုးရကိုသာမကဘဲ ဗင်နီဇွဲလားရဲ့ နိုင်ငံရေး-စီးပွားရေး မော်ဒယ်တစ်ခုလုံးကိုပါ တရားမ ဝင်ဖြစ်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ထရမ့် ရဲ့ရည်ရွယ်ချက်က ဘယ်လိုနည်းနဲ့မဆို မာဒူရိုကို ဖြုတ်ချဖို့ပဲဖြစ်ပါတယ်။ ထရမ့်အစိုးရဟာ ဗင်နီဇွဲလား ကို " မူးယစ်-အကြမ်းဖက်" (narco-terrorist) ကွန် ရက်တွေနဲ့ဆက်စပ်နေတယ်ဆိုတဲ့ပုံရိပ်ကို ပုံဖော်ပေး ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံသား အများဆုံး သေဆုံးရတဲ့ ဖန်တာနေးလ်(fentanyl)နဲ့ ဗင်နီဇွဲလား တို့ကြားမှာ ဆက်စပ်မှုနည်းပါးပါတယ်။
ထရမ့်ရဲ့ လေပိုင်နက်ပိတ်တဲ့ကြေညာချက်တွေ၊ Cartel de los Soles အပေါ် " အကြမ်းဖက်အဖွဲ့အစည်း" အဖြစ် သတ်မှတ်မှုတွေ၊ ကြီးမားတဲ့စစ်အင်အား ဖြန့်ကြက်မှုတွေနဲ့ မာဒူရိုကို ဆုကြေးပေးဖမ်းဆီးဖို့ ကြိုးပမ်းမှုတွေဟာ စစ်ရေးတင်းမာမှုကို အထွတ်အ ထိပ်ဆီရောက်စေခဲ့ပါတယ်။ အမေရိကန်ရဲ့ စစ်ရေး လုပ်ဆောင်ချက်တွေက နိုင်ငံတကာဥပဒေနဲ့ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ ချိုးဖောက်နေ တယ်လို့ ဝေဖန်မှုတွေထွက်ပေါ်နေသလို ထရမ့်က မာဒူရိုနဲ့စကားပြောဖို့အသင့်ရှိကြောင်း အရိပ်အမြွက် ပြခြင်းကလည်း နိုင်ငံရေးရှုပ်ထွေးမှုကို ပိုမိုဖြစ်ပေါ်စေ ပါတယ်။ လက်ရှိမှာ လက်တင်အမေရိကကို စိုးရိမ်ပူ ပန်စေတဲ့မေးခွန်းက အမေရိကန် ရေနံအကျိုးစီးပွားနဲ့ အနောက်ကမ္ဘာခြမ်း အချုပ်အခြာအာဏာထူထောင် ရေးအပေါ်အခြေခံတယ်လို့ယူဆရတဲ့ ထရမ့်က ဗင်နီ ဇွဲလားမှာ သူလိုချင်တဲ့အစိုးရ ရရှိဖို့အတွက် အင်အား သုံးမလားဆိုတာပဲဖြစ်ပါတယ်။

Zawgyi Version:
လက္တင္အေမရိကမွာ အေမရိကန္ ဖန္တီးတဲ့စစ္ပြဲတစ္ခု စတင္ေတာ့မလား
တင္ဇာ (NP News) - ဒီဇင္ဘာလ ၁၁

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ႏိုဝင္ဘာ လ (၂၉)ရက္မွာ ဗင္နီဇြဲလားေလပိုင္နက္ကိုပိတ္ထား ေၾကာင္းေၾကညာခဲ့ေပမယ့္ အေသးစိတ္အခ်က္အ လက္ တစ္စုံတစ္ရာေပးအပ္ခဲ့ျခင္းမရွိပါ။ ဒီေၾကညာ ခ်က္ဟာ ကာေရဘီယံပင္လယ္အတြင္း လေပါင္းမ်ား စြာၾကာေအာင္ စစ္ေရးအင္အားျဖည့္တင္းထားတဲ့အ ခ်ိန္မွာပဲ အေမရိကန္နဲ႔ဗင္နီဇြဲလားအၾကား တင္းမာ မႈေတြကို တစ္ဟုန္ထိုးတိုးျမင့္တက္လာေစခဲ့ပါတယ္။ ဗင္နီဇြဲလားက အေမရိကန္ကို လက္တင္ အေမရိက မွာ " ကိုလိုနီနယ္ခ်ဲ႕ ၿခိမ္းေျခာက္မႈ " မ်ိဳးလုပ္ေဆာင္ေန တယ္လို႔စြပ္စြဲခဲ့ပါတယ္။ သမၼတ နီကိုလပ္စ္မာဒူ႐ိုက အေမရိကန္ဟာ ဗင္နီဇြဲလားမွာ စစ္ေရးအရဝင္ေရာက္ စြက္ဖက္ဖို႔အတြက္ ဆင္ေျခအျဖစ္ သတင္းမွားေတြ ဖန္တီးေနတယ္လို႔သတိေပးခဲ့ပါတယ္။
ဗင္နီဇြဲလားဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္း ငယ္အတြင္း ပုံမွန္ စစ္ေရးေလ့က်င့္မႈေတြကို ျပဳလုပ္ ေနၿပီး ျဖစ္ႏိုင္ေျခရွိတဲ့ မည္သည့္တိုက္ခိုက္မႈကိုမဆို ႀကိဳတင္ျပင္ဆင္ဖို႔အတြက္ အႀကီးစား စစ္အင္အားစု ေဆာင္းမႈေတြကိုလုပ္ေဆာင္ေနတယ္လို႔ ေၾကညာခဲ့ပါ တယ္။ ထရမ့္အစိုးရအဖြဲ႕ဟာ စက္တင္ဘာလအေစာ ပိုင္းမွာ မူးယစ္ေဆးဝါးကုန္သြယ္သေဘၤာေတြကို တိုက္ခိုက္ဖို႔အတြက္ဆိုၿပီး ကာေရဘီယံေတာင္ပိုင္းမွာ ႀကီးမားတဲ့ေရတပ္အင္အားကို ျဖန႔္ၾကက္ထားခဲ့ပါ တယ္။ ဒါေပမဲ့ ပစ္မွတ္ထားတိုက္ခိုက္ခံရတဲ့သေဘၤာ ေတြဟာ မူးယစ္ေဆးဝါးေမွာင္ခိုကူးရာမွာပါဝင္ခဲ့ ေၾကာင္း ဝါရွင္တန္က မည္သည့္ သက္ေသအေထာက္ အထားမွ ေပးအပ္ႏိုင္ျခင္းမရွိေသးပါဘူး။ အဆိုပါ တိုက္ခိုက္မႈေတြမွာ အနည္းဆုံး လူ(၈၃)ဦးအထိ ေသ ဆုံးခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္သတၱပတ္က မာဒူ႐ိုအေပၚ ဖိအား ေပးမႈေတြကိုတိုးျမႇင့္တဲ့အေနနဲ႔ ဝါရွင္တန္ဟာ ဗင္နီဇြဲ လားလူမ်ိဳးေတြၾကားမွာ Cartel de los Soles (သို႔) အဂၤလိပ္လို Cartel of the Suns လို႔လူသိမ်ားတဲ့အ ဖြဲ႕ကို " ႏိုင္ငံျခား အၾကမ္းဖက္အဖြဲ႕အစည္း"အျဖစ္ သတ္မွတ္ခဲ့ပါတယ္။ ထရမ့္အစိုးရအဖြဲ႕က မူးယစ္ ေဆးဝါးတိုက္ဖ်က္ေရးရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ ဗင္နီဇြဲလားကို ပစ္မွတ္ထားတိုက္ခိုက္ေနတယ္လို႔ ဆို ပါတယ္။ သို႔ေသာ္ ႏိုင္ငံေရး ေလ့လာသုံးသပ္သူေတြနဲ႔ လူ႔အခြင့္အေရးေစာင့္ၾကည့္သူေတြက ဝါရွင္တန္အ ေနနဲ႔ မာဒူ႐ိုကို ရာထူးကေနဖယ္ရွားဖို႔အတြက္ အေျခ ခံအုတ္ျမစ္ေတြ ခ်မွတ္ေနျခင္းသာျဖစ္တယ္လို႔ သုံး သပ္ၾကပါတယ္။
ဒါဆိုရင္ ဗင္နီဇြဲလားေလပိုင္နက္ပိတ္ေၾကာင္း ေၾကညာၿပီးေနာက္ သမၼတထရမ့္ဟာ တကယ္ပဲတိုက္ ခိုက္ေတာ့မလား။ အေမရိကန္ရဲ႕ စစ္ေရးလုပ္ေဆာင္ မႈေတြက ဥပေဒအရ တရားမွ်တမႈရွိပါ့မလား။ ထရမ့္ က မာဒူ႐ိုအေပၚ ဘာေၾကာင့္ ရန္လိုတဲ့မူဝါဒကို က်င့္ သုံးေနရတာလဲ။ ဒီေမးခြန္းေတြက အေမရိကန္နဲ႔ဗင္ နီဇြဲလားၾကား တင္းမာမႈေတြရဲ႕ေနာက္ကြယ္ရွိအေၾကာင္း ရင္းေတြကိုနားလည္ေစမယ့္ အဓိကေသာ့ခ်က္ေတြ ျဖစ္ၾကပါတယ္။
ဇန္နဝါရီလမွာ သမၼတထရမ့္ ရာထူးကိုျပန္လည္ ေရာက္ရွိလာခ်ိန္ကစၿပီး မာဒူ႐ိုအေပၚ စကားလုံးျပင္း ျပင္းေတြသုံးၿပီး ေဝဖန္တိုက္ခိုက္ခဲ့ပါတယ္။ မူးယစ္ ေဆးဝါးေမွာင္ခိုကူးမႈနဲ႔ ဗင္နီဇြဲလားကေန ေ႐ႊ႕ေျပာင္း အေျခခ်သူေတြစီးဆင္းမႈအတြက္ ကာရာကပ္စ္ကို သူက ျပစ္တင္ပုံခ်ခဲ့ပါတယ္။ သူရဲ႕ဒုတိယသက္တမ္း စတင္ၿပီး ရက္သတၱပတ္အနည္းငယ္အတြင္းမွာပဲ ထရမ့္ဟာ ယခင္သမၼတ ဂ်ိဳးဘိုင္ဒန္လက္ထက္က ေပးထားတဲ့ ဗင္နီဇြဲလားေရနံလုပ္ပိုင္ခြင့္ေတြကို ပယ္ ဖ်က္ခဲ့ပါတယ္။ ဗင္နီဇြဲလားဆီကေန ေရနံဝယ္ယူတဲ့ ႏိုင္ငံေတြအေပၚ (၂၅)ရာခိုင္ႏႈန္းအခြန္စည္းၾကပ္ခဲ့ ၿပီး မာဒူ႐ိုကိုဖမ္းဆီးႏိုင္ဖို႔အတြက္ ဆုေၾကးေငြကို ေဒၚ လာသန္း(၅၀)အထိႏွစ္ဆတိုးေပးခဲ့ကာ သူ႔ကို"ကမာၻ လုံးဆိုင္ရာ အၾကမ္းဖက္ေခါင္းေဆာင္"အျဖစ္ သတ္ မွတ္ခဲ့ပါတယ္။
မၾကာေသးမီရက္သတၱပတ္ေတြအတြင္းမွာ ထရမ့္က ဗင္နီဇြဲလားမွာ လွ်ိဳ႕ဝွက္စစ္ဆင္ေရးေတြ လုပ္ေဆာင္ဖို႔အတြက္ CIA ကို လုပ္ပိုင္ခြင့္ေပးထား ေၾကာင္းအတည္ျပဳခဲ့ပါတယ္။ သူရဲ႕အစိုးရအဖြဲ႕ဟာ ကမာၻ႔အႀကီးဆုံး ေလယာဥ္တင္သေဘၤာ USS Ger­ald R Ford ၊ တျခားစစ္သေဘၤာေတြ၊ စစ္သား ေထာင္ေပါင္းမ်ားစြာနဲ႔ F-35 လွ်ိဳ႕ဝွက္တိုက္ေလယာဥ္ ေတြကို ကာေရဘီယံပင္လယ္ထဲ ခ်ထားခဲ့ပါတယ္။ ႏိုဝင္ဘာလ (၂၇)ရက္မွာ ထရမ့္က ဗင္နီဇြဲလားႏိုင္ငံ အတြင္း မၾကာခင္မွာပဲ ေျမျပင္တိုက္ခိုက္မႈေတြျပဳလုပ္ လာႏိုင္တယ္လို႔ေျပာၾကားခဲ့ပါတယ္။ စစ္ေရးတင္းမာ မႈေတြျမင့္တက္ေနခ်ိန္မွာပဲ The New York Times နဲ႔ The Wall Street Journal သတင္း ေတြအရ Cartel de los Soles အေပၚ ပိတ္ဆို႔မႈေတြ မစတင္မီ ၿပီးခဲ့တဲ့ရက္သတၱပတ္က ထရမ့္ဟာ မာဒူ႐ို နဲ႔ စကားေျပာခဲ့တယ္လို႔သတင္းရရွိပါတယ္။
ႏိုဝင္ဘာလ (၂၅)ရက္က Air Force One ေလယာဥ္ေပၚမွာရွိေနတဲ့ထရမ့္ကို မာဒူ႐ိုနဲ႔စကားေျပာ ဖို႔အစီအစဥ္ရွိမရွိ သတင္းေထာက္ေတြကေမးျမန္းခဲ့ ပါတယ္။ " သူနဲ႔ကြၽန္ေတာ္ စကားေျပာခ်င္ရင္ေျပာျဖစ္ မယ္။ ေစာင့္ၾကည့္ရဦးမယ္။ ဒါေပမဲ့ ကြၽန္ေတာ့္အဖြဲ႕ ေတြနဲ႔ေတာ့တိုင္ပင္ေနပါတယ္။ ကြၽန္ေတာ္တို႔ စကား ေျပာျဖစ္ေကာင္းေျပာျဖစ္မယ္" လို႔ ထရမ့္က သတင္း ေထာက္ေတြကိုေျပာၾကားခဲ့ပါတယ္။
ႏိုင္ငံျခားအၾကမ္းဖက္အဖြဲ႕အစည္းေခါင္းေဆာင္ အျဖစ္သတ္မွတ္ထားသူနဲ႔ ဘာေၾကာင့္ စကားေျပာခ်င္ တာလဲလို႔ေမးျမန္းတဲ့အခါ ထရမ့္က "ကြၽန္ေတာ္တို႔ အသက္ေတြကိုကယ္တင္ႏိုင္ဖို႔ လြယ္ကူတဲ့နည္းလမ္း နဲ႔လုပ္ႏိုင္မယ္ဆိုရင္ ေကာင္းပါတယ္။ ခက္ခဲတဲ့နည္း လမ္းနဲ႔လုပ္ရမယ္ဆိုရင္လည္း ဒါက ေကာင္းပါတယ္" လို႔ အေၾကာင္းျပခ်က္ေပးခဲ့ပါတယ္။ ေဝဖန္သုံးသပ္သူ ေတြက ထရမ့္အစိုးရရဲ႕ စစ္ေရးလုပ္ေဆာင္ခ်က္ေတြအ ေပၚ ႏိုင္ငံတကာဥပေဒေတြကိုခ်ိဳးေဖာက္သလို အေမ ရိကန္ဖြဲ႕စည္းပုံ အေျခခံဥပေဒကိုပါ ခ်ိဳးေဖာက္ေန တယ္လို႔ အျငင္းပြားခဲ့ၾကပါတယ္။ လူ႔အခြင့္အေရး ေစာင့္ၾကည့္သူေတြနဲ႔ ဥပေဒပညာရွင္ေတြက အေမရိ ကန္ရဲ႕ ဗင္နီဇြဲလားသေဘၤာေတြအေပၚတိုက္ခိုက္မႈ ေတြဟာ ဥပေဒမဲ့သတ္ျဖတ္မႈနဲ႔ လူ႔အခြင့္အေရးခ်ိဳး ေဖာက္မႈေတြအျဖစ္ရည္န္းခဲ့ပါတယ္။ The Was­hington Post ရဲ႕ သတင္းတစ္ပုဒ္မွာ အေမရိကန္ ကာ ကြယ္ေရးဝန္ႀကီး Pete Hegsethက မူးယစ္ ေဆးဝါး သယ္ေဆာင္လာတယ္လို႔သံသယရွိတဲ့ ေလွေပၚက ခရီးသည္အားလုံးကိုသတ္ပစ္ဖို႔ စစ္တပ္ ကိုအမိန႔္ေပးခဲ့တယ္လို႔ေဖာ္ျပထားပါတယ္။Hegseth ကေတာ့ ဒီစြပ္စြဲခ်က္ေတြကိုျငင္းပယ္ၿပီး အဆိုပါသတင္းကို "သတင္းအတု"အျဖစ္သတ္မွတ္ခဲ့ ပါတယ္။ ဒါ့ျပင္ ကာကြယ္ေရးဝန္ႀကီးက ကာေရဘီယံ မွာလုပ္ေဆာင္တဲ့ တိုက္ခိုက္မႈေတြဟာ ဥပေဒနဲ႔ညီ ေၾကာင္းလည္းေျပာ ဆိုခဲ့ပါတယ္။
တစ္ခ်ိန္တည္းမွာပဲ အေမရိကန္ကြန္ဂရက္က ႏိုဝင္ဘာ (၂၉)မွာ အဆိုပါျဖစ္ရပ္နဲ႔ပတ္သက္ၿပီး စုံ စမ္းစစ္ေဆးဖို႔အမိန႔္ေပးခဲ့ပါတယ္။ "ဒီအေျခအေန မွာေတာ့ ကြၽန္ေတာ္ ဒါေတြကို တရားစီရင္မႈျပင္ပက သတ္ျဖတ္မႈေတြလို႔ေခၚဆိုခ်င္ပါတယ္"လို႔ ရီပတ္ဘ လစ္ကန္အထက္လႊတ္ေတာ္အမတ္ ရန္ေပါလ္က ေအာက္တိုဘာလမွာ Fox News Sunday ကိုေျပာ ၾကားခဲ့ပါတယ္။ အေမရိကန္ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ဆိုင္ရာကြၽမ္းက်င္သူ ဘ႐ုစ္ဖိန္းကလည္း ေပါလ္နဲ႔ ထပ္တူသေဘာတူခဲ့ပါတယ္။ ဖိန္းက "ထရမ့္ဟာ ဖြဲ႕ စည္းပုံအေျခခံဥပေဒျပင္ပကေနလႈပ္ရွားေနၿပီး လူ သတ္မႈက်ဴးလြန္ေနတာပါ"လို႔ေျပာပါတယ္။ " တိုက္ ခိုက္ေရးအတြက္ စစ္ဘက္သုံးစြဲမႈကို ကြန္ဂရက္ကသာ ခြင့္ျပဳႏိုင္ပါတယ္"လို႔ ဖိန္းကေျပာၾကားခဲ့ၿပီး၊ ဒီကိစၥနဲ႔ ပတ္သက္တဲ့ ထရမ့္ရဲ႕ အုပ္ခ်ဳပ္ေရးအမိန႔္ေတြဟာ ဥပေဒအရ အတည္မျဖစ္ဘူးလို႔လည္း ျဖည့္စြက္ေျပာ ဆိုခဲ့ပါတယ္။ Cartel de los Solesကို " ႏိုင္ငံျခား အၾကမ္းဖက္အဖြဲ႕အစည္း" အျဖစ္ သတ္မွတ္ျခင္းအား ျဖင့္ ထရမ့္အစိုးရဟာ ႏိုင္ငံမဟုတ္တဲ့အဖြဲ႕အစည္းကို တန္ျပန္စစ္ဆင္ေရးဆင္ႏႊဲေနတာမ်ိဳးအျဖစ္ သတ္မွတ္ ႏိုင္ပါတယ္။
ထရမ့္ရဲ႕ ဗင္နီဇြဲလားအစိုးရအေပၚ ရန္လိုတဲ့မူဝါ ဒေတြဟာ ဗင္နီဇြဲလားမွာ ကမာၻ႔အႀကီးဆုံးေရနံသိုက္ ေတြရွိေနတာနဲ႔ အေနာက္ကမာၻ႔ျခမ္းမွာ အေမရိကန္ရဲ႕ အခ်ဳပ္အျခာအာဏာကိုထူေထာင္လိုတာေတြမွာ အေျခခံေနတယ္လို႔ ႏိုင္ငံျခားေရးရာမူဝါဒ ေလ့လာ ဆန္းစစ္သူေတြကဆိုၾကပါတယ္။ (၁၉၇၀) ျပည့္လြန္ ႏွစ္မ်ားအတြင္း ဗင္နီဇြဲလားဟာ အေမရိကန္ရဲ႕ ယုံ ၾကည္စိတ္ခ်ရတဲ့ စစ္ေအးေခတ္ မဟာမိတ္အျဖစ္ရႈ ျမင္ခံခဲ့ရပါတယ္။ ဒါေပမဲ့ United Socialist Party ကိုထူေထာင္သူျဖစ္တဲ့ သမၼတေဟာင္း ဟူဂို ခ်ာဗက္ဇ္ (၁၉၉၈)ခုႏွစ္မွာေ႐ြးေကာက္ခံရၿပီးတဲ့ေနာက္ ဝါရွင္ တန္နဲ႔ဆက္ဆံေရးေတြ စတင္တင္းမာလာခဲ့ပါတယ္။ (၂၀ဝ၂) ခုႏွစ္မွာ မေအာင္ျမင္တဲ့ အာဏာသိမ္းမႈတစ္ခု ျဖစ္ၿပီးေနာက္ ခ်ာဗက္ဇ္ဟာ အေမရိကန္ရဲ႕မူးယစ္ေဆး ဝါး တားဆီးႏွိမ္နင္းေရးေအဂ်င္စီေတြနဲ႔ ပူးေပါင္းေဆာင္ ႐ြက္မႈေတြကိုရပ္ဆိုင္းခဲ့ၿပီး အေမရိကန္ စစ္ေရးအႀကံ ေပးေတြကိုပါႏွင္ထုတ္ခဲ့ပါတယ္။ ေရနံက႑ကို ႏိုင္ငံ ပိုင္ျပဳလုပ္ၿပီးေနာက္ အေမရိကန္ ေရနံကုမၸဏီႀကီး ေတြျဖစ္တဲ့ ExxonMobil နဲ႔ ConocoPhillips တို႔ကိုလည္းတြန္းထုတ္ခဲ့ရာ ဆက္ဆံေရးေတြ ပိုၿပီး တင္းမာခဲ့ပါတယ္။ ေနာက္ထပ္ အေမရိကန္ ေရနံကုမၸ ဏီႀကီးတစ္ခုျဖစ္တဲ့ Chevron ကေတာ့ ဗင္နီဇြဲလား မွာ ဆက္လက္လုပ္ကိုင္ေနဆဲျဖစ္ပါတယ္။ ဒါ့ျပင္ ခ်ာ ဗက္ဇ္ဟာ ႐ုရွားနဲ႔တ႐ုတ္တို႔နဲ႔ စီးပြားေရးအရ ပိုမိုနီး ကပ္တဲ့ဆက္ဆံေရးေတြကိုလည္း ထူေထာင္ခဲ့ပါ တယ္။
(၂၀၁၃)ခုႏွစ္မွာ ခ်ာဗက္ဇ္ဆီကေန မာဒူ႐ို တာ ဝန္ယူၿပီးေနာက္ ဆက္ဆံေရးေတြ ပိုမိုဆိုး႐ြားလာခဲ့ပါ တယ္။ ထရမ့္ဟာ သူရဲ႕ ပထမသက္တမ္းအတြင္း (၂၀၁၉)ခုႏွစ္မွာ အတိုက္အခံေခါင္းေဆာင္ Juan Guaidoကို ၾကားျဖတ္သမၼတအျဖစ္ အသိအမွတ္ျပဳ ကာ မာဒူ႐ိုရဲ႕ ႏိုင္ငံေရးၿပိဳင္ဘက္ေတြကို ေထာက္ခံခဲ့ ပါတယ္။ ဒါ့ျပင္ အေမရိကန္ဟာ ဗင္နီဇြဲလားကို မူး ယစ္ေဆးဝါးကုန္သြယ္မႈျပဳလုပ္ေနတဲ့ႏိုင္ငံအျဖစ္ ပုံ ေဖာ္ျခင္းအားျဖင့္ အစိုးရကိုသာမကဘဲ ဗင္နီဇြဲလားရဲ႕ ႏိုင္ငံေရး-စီးပြားေရး ေမာ္ဒယ္တစ္ခုလုံးကိုပါ တရားမ ဝင္ျဖစ္ေအာင္ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ထရမ့္ ရဲ႕ရည္႐ြယ္ခ်က္က ဘယ္လိုနည္းနဲ႔မဆို မာဒူ႐ိုကို ျဖဳတ္ခ်ဖို႔ပဲျဖစ္ပါတယ္။ ထရမ့္အစိုးရဟာ ဗင္နီဇြဲလား ကို " မူးယစ္-အၾကမ္းဖက္" (narco-terrorist) ကြန္ ရက္ေတြနဲ႔ဆက္စပ္ေနတယ္ဆိုတဲ့ပုံရိပ္ကို ပုံေဖာ္ေပး ခဲ့ပါတယ္။ ဒါေပမဲ့ အေမရိကန္ႏိုင္ငံသား အမ်ားဆုံး ေသဆုံးရတဲ့ ဖန္တာေနးလ္(fentanyl)နဲ႔ ဗင္နီဇြဲလား တို႔ၾကားမွာ ဆက္စပ္မႈနည္းပါးပါတယ္။
ထရမ့္ရဲ႕ ေလပိုင္နက္ပိတ္တဲ့ေၾကညာခ်က္ေတြ၊ Cartel de los Soles အေပၚ " အၾကမ္းဖက္အဖြဲ႕အစည္း" အျဖစ္ သတ္မွတ္မႈေတြ၊ ႀကီးမားတဲ့စစ္အင္အား ျဖန႔္ၾကက္မႈေတြနဲ႔ မာဒူ႐ိုကို ဆုေၾကးေပးဖမ္းဆီးဖို႔ ႀကိဳးပမ္းမႈေတြဟာ စစ္ေရးတင္းမာမႈကို အထြတ္အ ထိပ္ဆီေရာက္ေစခဲ့ပါတယ္။ အေမရိကန္ရဲ႕ စစ္ေရး လုပ္ေဆာင္ခ်က္ေတြက ႏိုင္ငံတကာဥပေဒနဲ႔ အေမရိကန္ဖြဲ႕စည္းပုံအေျခခံဥပေဒကိုပါ ခ်ိဳးေဖာက္ေန တယ္လို႔ ေဝဖန္မႈေတြထြက္ေပၚေနသလို ထရမ့္က မာဒူ႐ိုနဲ႔စကားေျပာဖို႔အသင့္ရွိေၾကာင္း အရိပ္အႁမြက္ ျပျခင္းကလည္း ႏိုင္ငံေရးရႈပ္ေထြးမႈကို ပိုမိုျဖစ္ေပၚေစ ပါတယ္။ လက္ရွိမွာ လက္တင္အေမရိကကို စိုးရိမ္ပူ ပန္ေစတဲ့ေမးခြန္းက အေမရိကန္ ေရနံအက်ိဳးစီးပြားနဲ႔ အေနာက္ကမာၻျခမ္း အခ်ဳပ္အျခာအာဏာထူေထာင္ ေရးအေပၚအေျခခံတယ္လို႔ယူဆရတဲ့ ထရမ့္က ဗင္နီ ဇြဲလားမွာ သူလိုခ်င္တဲ့အစိုးရ ရရွိဖို႔အတြက္ အင္အား သုံးမလားဆိုတာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.