မူးယစ်ဆေးဝါးထုတ်လုပ်သူများထံသို့ ဓာတုပစ္စည်းများ မရောက်ရှိစေရေးအတွက် Single Port Entry စနစ်တစ်ခု ထူထောင်ရန် လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးပြော

 415

သုတကျော် (NP News) – ဒီဇင်ဘာ ၁၁

ဓာတုပစ္စည်းများ လမ်းလွဲရောက်ရှိမှုမှ မူးယစ်ဆေးဝါးထုတ်လုပ်သူများထံသို့ မရောက်ရှိစေရေးအတွက် ဆိပ်ကမ်း တစ်ခုတည်းမှသာ ဝင်/ထွက်ခွင့်ပြုသည့် စနစ်တစ်ခု (Single Port Entry) ထူထောင်ရန် လိုအပ်မည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ပြောကြားသည်။
အဆိုပါစကားကို ဒီဇင်ဘာလ ၁ဝ ရက် က ပြုလုပ်သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဖြစ်ပေါ်နေသော အခြေအနေအပေါ်အခွင့်ကောင်း ယူပြီး ၎င်းတို့၏ ဝင်ငွေရလမ်းဖြစ်သော မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့်သယ်ဆောင်ရောင်းဝယ်မှုများကို တိုးမြှင့် လုပ်ဆောင်နေကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြု သည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အခြားနိုင်ငံများမှ နည်းလမ်းမျိုးစုံဖြင့် မြန်မာနိုင်ငံအတွင်းသို့ ချိတ်ဆက်သယ်ဆောင်ပြီး မူးယစ်ဆေးဝါးများကို ၎င်းတို့နယ်မြေအတွင်း ထုတ်လုပ်လျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။
ဘိန်းခင်းဖျက်ဆီးမှုကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆက်စပ်ဦးစီးဌာနများ ပူးပေါင်းပြီး နယ်မြေခံပြည်သူ့စစ် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ နှစ်စဉ်ဖျက်ဆီးလျက်ရှိရာ ယခုနှစ်တွင်လည်း ယခင်ကထက် တိုးမြှင့်ဖျက်ဆီးနိုင်ရန် အင်တိုက်အားတိုက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ် (မဲနယ်တောင်တန်းနှင့် ပွန်ချောင်းကြားဒေသ) တွင် ကျေးရွာ ၆၅ ရွာ၊ ထိုင်းနိုင်ငံ ONCB နှင့် ပူးပေါင်း ၍ မယ့်ဖားလုံဖောင်ဒေးရှင်းမှ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားဒေသတွင် ကျေးရွာ ၉၉ ရွာ၊ UNODC နှင့် ပူးပေါင်း၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံး၊ လွိုင်လင်နှင့် တောင်ကြီးမြို့နယ်တို့တွင် ကျေးရွာ ၇၅ ရွာတို့၌ ဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်းလည်း ပြောကြားသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်မှု၊ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုနှင့် အလွဲသုံးမှုများကို ပိုမိုထိန်းချုပ်နိုင်ရေးအတွက် စိစစ်ကြပ်မတ်ရာတွင် ထိန်းချုပ်ဓာတုပစ္စည်းနှင့် ထိန်းချုပ်ထားခြင်း မရှိသည့် အခြားဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာတွင် အစားထိုးအသုံးပြုနိုင်သော ဓာတုပစ္စည်းမျိုးကွဲများ၊ ကြားခံဓာတုပစ္စည်းများကို ပြဋ္ဌာန်းဥပဒေများမှ ရှောင်လွဲပြီး နည်းလမ်းမျိုးစုံအသုံးပြုကာ ချက်လုပ်လာသည့်အတွက် သေချာစွာ စိစစ်ကြပ်မတ်ရန်လိုကြောင်း၊ ဓာတုပစ္စည်းများ လမ်းလွဲရောက်ရှိမှုမှ မူးယစ် ဆေးဝါးထုတ်လုပ်သူများထံသို့ မရောက်ရှိစေရေးအတွက် ဓာတုပစ္စည်းတင်သွင်းမှုကို ယခုထက်ပိုမိုပြီး စနစ်တကျ ထိန်းချုပ်ဆောင်ရွက်နိုင်မည့် ဆိပ်ကမ်းတစ်ခုတည်းမှသာ ဝင်/ထွက်ခွင့်ပြုသည့်စနစ်တစ်ခု (Single Port Entry) ထူထောင်ရန် လိုအပ်သည်ကို သုံးသပ်တွေ့ရှိရကြောင်း။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့ အခြေစိုက်မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် UNODC ၊ AFP ၊ DEA ၊ NNCC ၊ ONCB တို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Zawgyi Version:
မူးယစ္ေဆးဝါးထုတ္လုပ္သူမ်ားထံသို႔ ဓာတုပစၥည္းမ်ား မေရာက္ရွိေစေရးအတြက္ Single Port Entry စနစ္တစ္ခု ထူေထာင္ရန္ လိုအပ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးေျပာ
သုတေက်ာ္ (NP News) – ဒီဇင္ဘာ ၁၁
ဓာတုပစၥည္းမ်ား လမ္းလြဲေရာက္ရွိမႈမွ မူးယစ္ေဆးဝါးထုတ္လုပ္သူမ်ားထံသို႔ မေရာက္ရွိေစေရးအတြက္ ဆိပ္ကမ္း တစ္ခုတည္းမွသာ ဝင္/ထြက္ခြင့္ျပဳသည့္ စနစ္တစ္ခု (Single Port Entry) ထူေထာင္ရန္ လိုအပ္မည္ျဖစ္ေၾကာင္း မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၲရာယ္တားဆီး ကာကြယ္ေရးဗဟိုအဖြဲ႕ ဥကၠ႒ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ က ေျပာၾကားသည္။
အဆိုပါစကားကို ဒီဇင္ဘာလ ၁ဝ ရက္ က ျပဳလုပ္ေသာ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား အႏၲရာယ္တားဆီးကာကြယ္ေရးဗဟိုအဖြဲ႕အစည္းအေဝးတြင္ မိန႔္ခြန္းေျပာၾကားရာ အထက္ပါအတိုင္း ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားသည္ ျဖစ္ေပၚေနေသာ အေျခအေနအေပၚအခြင့္ေကာင္း ယူၿပီး ၎တို႔၏ ဝင္ေငြရလမ္းျဖစ္ေသာ မူးယစ္ေဆးဝါးထုတ္လုပ္မႈႏွင့္သယ္ေဆာင္ေရာင္းဝယ္မႈမ်ားကို တိုးျမႇင့္ လုပ္ေဆာင္ေနေၾကာင္း၊ အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားသည္ မူးယစ္ေဆးဝါးထုတ္လုပ္ရာတြင္ အသုံးျပဳ သည့္ ဓာတုပစၥည္းႏွင့္ ဆက္စပ္ပစၥည္းမ်ားကို အျခားႏိုင္ငံမ်ားမွ နည္းလမ္းမ်ိဳးစုံျဖင့္ ျမန္မာႏိုင္ငံအတြင္းသို႔ ခ်ိတ္ဆက္သယ္ေဆာင္ၿပီး မူးယစ္ေဆးဝါးမ်ားကို ၎တို႔နယ္ေျမအတြင္း ထုတ္လုပ္လ်က္ရွိေၾကာင္း ျပည္ေထာင္စု ဝန္ႀကီးက ေျပာသည္။
ဘိန္းခင္းဖ်က္ဆီးမႈကို တပ္မေတာ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ သစ္ေတာဦးစီးဌာန၊ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၊ ဆက္စပ္ဦးစီးဌာနမ်ား ပူးေပါင္းၿပီး နယ္ေျမခံျပည္သူ႔စစ္ အဖြဲ႕ဝင္မ်ား၊ ေဒသခံတိုင္းရင္းသားမ်ား ပူးေပါင္း၍ ႏွစ္စဥ္ဖ်က္ဆီးလ်က္ရွိရာ ယခုႏွစ္တြင္လည္း ယခင္ကထက္ တိုးျမႇင့္ဖ်က္ဆီးႏိုင္ရန္ အင္တိုက္အားတိုက္ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။
ဘိန္းစိုက္ပ်ိဳးမႈပေပ်ာက္ေရးအတြက္ အစားထိုးဖြံ႕ၿဖိဳးမႈ အေကာင္အထည္ေဖာ္ေရးစီမံခန႔္ခြဲမႈအဖြဲ႕အေနျဖင့္ အစားထိုးဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို ႏိုင္ငံေတာ္အစိုးရရန္ပုံေငြျဖင့္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ဟိုပုံးႏွင့္ ဆီဆိုင္ၿမိဳ႕နယ္ (မဲနယ္ေတာင္တန္းႏွင့္ ပြန္ေခ်ာင္းၾကားေဒသ) တြင္ ေက်း႐ြာ ၆၅ ႐ြာ၊ ထိုင္းႏိုင္ငံ ONCB ႏွင့္ ပူးေပါင္း ၍ မယ့္ဖားလုံေဖာင္ေဒးရွင္းမွ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ပင္ေလာင္းၿမိဳ႕နယ္၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေနာင္တရားေဒသတြင္ ေက်း႐ြာ ၉၉ ႐ြာ၊ UNODC ႏွင့္ ပူးေပါင္း၍ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ဟိုပုံး၊ လြိဳင္လင္ႏွင့္ ေတာင္ႀကီးၿမိဳ႕နယ္တို႔တြင္ ေက်း႐ြာ ၇၅ ႐ြာတို႔၌ ဖြံ႕ၿဖိဳးေရးစီမံကိန္းမ်ား ေရးဆြဲအေကာင္အထည္ေဖာ္ေဆာင္႐ြက္ လ်က္ရွိေၾကာင္းလည္း ေျပာၾကားသည္။
မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား ထုတ္လုပ္မႈ၊ တရားမဝင္ေရာင္းဝယ္ေဖာက္ကားမႈႏွင့္ အလြဲသုံးမႈမ်ားကို ပိုမိုထိန္းခ်ဳပ္ႏိုင္ေရးအတြက္ စိစစ္ၾကပ္မတ္ရာတြင္ ထိန္းခ်ဳပ္ဓာတုပစၥည္းႏွင့္ ထိန္းခ်ဳပ္ထားျခင္း မရွိသည့္ အျခားဓာတုပစၥည္းမ်ား၊ မူးယစ္ေဆးဝါးခ်က္လုပ္သည့္ေနရာတြင္ အစားထိုးအသုံးျပဳႏိုင္ေသာ ဓာတုပစၥည္းမ်ိဳးကြဲမ်ား၊ ၾကားခံဓာတုပစၥည္းမ်ားကို ျပ႒ာန္းဥပေဒမ်ားမွ ေရွာင္လြဲၿပီး နည္းလမ္းမ်ိဳးစုံအသုံးျပဳကာ ခ်က္လုပ္လာသည့္အတြက္ ေသခ်ာစြာ စိစစ္ၾကပ္မတ္ရန္လိုေၾကာင္း၊ ဓာတုပစၥည္းမ်ား လမ္းလြဲေရာက္ရွိမႈမွ မူးယစ္ ေဆးဝါးထုတ္လုပ္သူမ်ားထံသို႔ မေရာက္ရွိေစေရးအတြက္ ဓာတုပစၥည္းတင္သြင္းမႈကို ယခုထက္ပိုမိုၿပီး စနစ္တက် ထိန္းခ်ဳပ္ေဆာင္႐ြက္ႏိုင္မည့္ ဆိပ္ကမ္းတစ္ခုတည္းမွသာ ဝင္/ထြက္ခြင့္ျပဳသည့္စနစ္တစ္ခု (Single Port Entry) ထူေထာင္ရန္ လိုအပ္သည္ကို သုံးသပ္ေတြ႕ရွိရေၾကာင္း။
ျမန္မာႏိုင္ငံအေနျဖင့္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို ကုလသမဂၢ အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံမ်ား၊ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၊ မဲေခါင္ေဒသတြင္းႏိုင္ငံမ်ား၊ ဘင္းမ္စတက္အဖြဲ႕ဝင္ႏိုင္ငံမ်ား၊ ႏိုင္ငံတကာမူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိၿပီး ရန္ကုန္ၿမိဳ႕ အေျခစိုက္မိတ္ဖက္အဖြဲ႕အစည္းမ်ားျဖစ္သည့္ UNODC ၊ AFP ၊ DEA ၊ NNCC ၊ ONCB တို႔ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈကို ပိုမိုတိုးျမႇင့္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.