ရေဖြူမြို့အတွင်းရှိ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ဒေသခံများ ပိုင်ဆိုင်သည့်အဆောက်အအုံများကို အကြမ်းဖက်သောင်းကျန်းသူများက မီးရှို့

 434

ပီယ (NP News) - ဒီဇင်ဘာ ၁၃
KNU နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ရေဖြူမြို့အတွင်းရှိဌာနဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ဒေသခံပြည်သူများ ပိုင်ဆိုင်သည့်အဆောက်အအုံများအား ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာလ ၁၂ ရက်) နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ရေဖြူမြို့၏ အနောက်ဘက်ခြမ်းရှိ မြို့မရဲစခန်းအား ခေါင်းဆောင် နှင့် အင်အားစိစစ်ဆဲ KNU နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တို့မှ မြို့၏ မြောက်ဘက်ခြမ်းမှနေ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်၍လည်းကောင်း၊ မြို့၏ တောင်ဘက်ခြမ်း နှင့် တံတားနေရာရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စစ်ကူ မလာရောက်နိုင်ရေးပူးပေါင်းအဖွဲ့ နှစ်ဖွဲ့ ဖြင့် နှောင့်ယှက်ပစ်ခတ်၍လည်းကောင်း၊ မြို့မရဲစခန်းအား သိမ်းပိုက်နိုင်ရေး ဆောင်ရွက်လာခဲ့ရာ မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခြင်း၊ ရေဖြူမြို့၏ အရှေ့တောင်ဘက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက် ကြီး ပစ်ကူပေးခြင်းတို့ ကြောင့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်ခန့်တွင် မြို့၏ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဆုတ်ခွာထွက်ပြေးသွားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့၏ နောက်သို့ ထပ်ကြပ်လိုက်လံ တိုက်ခိုက်ချေမှုန်းနိုင်ခြင်းမရှိစေရန်နှင့် တပ်မတော်အပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန်အတွက် ၎င်းတို့ဆုတ်ခွာရာ လမ်းတစ်လျှောက်ရှိ ဌာနဆိုင်ရာ အဆောက်အအုံများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ သစ်တော ဦးစီးမှူးရုံး၊ စုပေါင်းဌာနဆိုင်ရာရုံး၊ ပြည်သူ့ဆေးရုံ၊ ဘဏ် နှင့် ဝန်ထမ်းအိမ်ရာများအား မီးရှို့ ထွက်ပြေး သွားခဲ့သည်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပြီး ဝန်ထမ်းများ နှင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုအား စိစစ်ဆဲဖြစ်ကြောင်း သိရသည်။
အထက်ပါ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ဌာနဆိုင်ရာ ရုံးအဆောက် အအုံများ၊ ရုံးသုံးပရိဘောဂပစ္စည်းများနှင့် အရေးကြီးစာရွက်/စာတမ်းများ မီးလောင်ပျက်စီးခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ လိုအပ်သည့် မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက် ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဆုတ်ခွာထွက်ပြေးသွားခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်း သူများအား လိုက်လံချေမှုန်းကာ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Zawgyi Version:
ေရျဖဴၿမိဳ႕အတြင္းရွိ ဌာနဆိုင္ရာအေဆာက္အအုံမ်ား၊ ဝန္ထမ္းအိမ္ရာမ်ားႏွင့္ ေဒသခံမ်ား ပိုင္ဆိုင္သည့္အေဆာက္ အအုံမ်ားကို အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက မီးရႈိ႕
ပီယ (NP News) - ဒီဇင္ဘာ ၁၃
KNU ႏွင့္ PDF အမည္ခံအၾကမ္းဖက္ေသာင္းက်န္းသူပူးေပါင္းအဖြဲ႕မ်ားက ေရျဖဴၿမိဳ႕အတြင္းရွိဌာနဆိုင္ရာ အေဆာက္အအုံမ်ား၊ ဝန္ထမ္းအိမ္ရာမ်ားႏွင့္ ေဒသခံျပည္သူမ်ား ပိုင္ဆိုင္သည့္အေဆာက္အအုံမ်ားအား ဝင္ေရာက္ မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဒီဇင္ဘာလ ၁၂ ရက္) နံနက္ ၉ နာရီ ၅၀ မိနစ္ခန႔္တြင္ ေရျဖဴၿမိဳ႕၏ အေနာက္ဘက္ျခမ္းရွိ ၿမိဳ႕မရဲစခန္းအား ေခါင္းေဆာင္ ႏွင့္ အင္အားစိစစ္ဆဲ KNU ႏွင့္ PDF အမည္ခံ အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕တို႔မွ ၿမိဳ႕၏ ေျမာက္ဘက္ျခမ္းမွေန၍ လက္နက္ႀကီး/လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္၍လည္းေကာင္း၊ ၿမိဳ႕၏ ေတာင္ဘက္ျခမ္း ႏွင့္ တံတားေနရာရွိ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား စစ္ကူ မလာေရာက္ႏိုင္ေရးပူးေပါင္းအဖြဲ႕ ႏွစ္ဖြဲ႕ ျဖင့္ ေႏွာင့္ယွက္ပစ္ခတ္၍လည္းေကာင္း၊ ၿမိဳ႕မရဲစခန္းအား သိမ္းပိုက္ႏိုင္ေရး ေဆာင္႐ြက္လာခဲ့ရာ ၿမိဳ႕မရဲစခန္းရွိ ရဲတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ပစ္ခတ္ျခင္း၊ ေရျဖဴၿမိဳ႕၏ အေရွ႕ေတာင္ဘက္ရွိ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လက္နက္ ႀကီး ပစ္ကူေပးျခင္းတို႔ ေၾကာင့္ အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားသည္ မြန္းလြဲ ၁၂ နာရီ ၃ဝ မိနစ္ခန႔္တြင္ ၿမိဳ႕၏ ေျမာက္ဘက္သို႔ ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဆုတ္ခြာထြက္ေျပးသြားစဥ္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ၎တို႔၏ ေနာက္သို႔ ထပ္ၾကပ္လိုက္လံ တိုက္ခိုက္ေခ်မႈန္းႏိုင္ျခင္းမရွိေစရန္ႏွင့္ တပ္မေတာ္အေပၚ ျပည္သူလူထုက အထင္အျမင္လြဲမွားေစရန္အတြက္ ၎တို႔ဆုတ္ခြာရာ လမ္းတစ္ေလွ်ာက္ရွိ ဌာနဆိုင္ရာ အေဆာက္အအုံမ်ားျဖစ္သည့္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံး၊ သစ္ေတာ ဦးစီးမႉး႐ုံး၊ စုေပါင္းဌာနဆိုင္ရာ႐ုံး၊ ျပည္သူ႔ေဆး႐ုံ၊ ဘဏ္ ႏွင့္ ဝန္ထမ္းအိမ္ရာမ်ားအား မီးရႈိ႕ ထြက္ေျပး သြားခဲ့သည္။ ျဖစ္စဥ္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ထိခိုက္ဒဏ္ရာရရွိမႈ မရွိေၾကာင္း သိရွိရၿပီး ဝန္ထမ္းမ်ား ႏွင့္ အျပစ္မဲ့ျပည္သူမ်ား ထိခိုက္ဒဏ္ရာရရွိမႈအား စိစစ္ဆဲျဖစ္ေၾကာင္း သိရသည္။
အထက္ပါ PDF အမည္ခံအၾကမ္းဖက္ေသာင္းက်န္းသူမ်ား မီးရႈိ႕ဖ်က္ဆီးခဲ့မႈေၾကာင့္ ဌာနဆိုင္ရာ ႐ုံးအေဆာက္ အအုံမ်ား၊ ႐ုံးသုံးပရိေဘာဂပစၥည္းမ်ားႏွင့္ အေရးႀကီးစာ႐ြက္/စာတမ္းမ်ား မီးေလာင္ပ်က္စီးခဲ့သျဖင့္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ား ပူးေပါင္း၍ လိုအပ္သည့္ မီးၿငိမ္းသတ္ေရးလုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္လ်က္ ရွိၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အဆိုပါဆုတ္ခြာထြက္ေျပးသြားခဲ့သည့္ PDF အမည္ခံ အၾကမ္းဖက္ေသာင္းက်န္း သူမ်ားအား လိုက္လံေခ်မႈန္းကာ လိုအပ္သည့္ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.