အီရန်သို့ ဦးတည်ခုတ်မောင်းလာသည့် တရုတ်သင်္ဘောကို အမေရိကန်ရေတပ်က အိန္ဒိယသမုဒ္ဒရာအရောက်၌ တက်ရောက်စီးနင်းခဲ့ဟုဆို

 322

Htay Oung (NP News) - ဒီဇင်ဘာ ၁၃

အိန္ဒိယသမုဒ္ဒရာအတွင်း လှုပ်ရှားနေတဲ့ အမေရိကန်အထူးစစ်ဆင်ရေးအဖွဲ့ဟာ တရုတ်မှ ထွက်ခွာလာပြီး အီရန် နိုင်ငံသိူ့ ဦးတည်ခုတ်မောင်းလာတဲ့ သင်္ဘောတစ်စင်းကို ပြီးခဲ့တဲ့လမှာ ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ရေးနဲ့သက်ဆိုင် တဲ့ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း အမေရိကန်အရာရှိများကို ကိုးကားပြီး ဝေါလ်စထရိဂျာနယ်က ရေး သားတယ်လို့ ရိုက်တာသတင်းအေဂျင်စီ ၂ဝ၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်က ဖော်ပြပါတယ်။
တင်ဆောင်လာတဲ့ ကုန်ပစ္စည်းများမှာ အီရန်ရဲ့သမားရိုးကျ လက်နက်များအတွက် အသုံးဝင်နိုင်တဲ့ အစိတ် အပိုင်းများ ပါဝင်တယ်လို့ အရာရှိတစ်ဦးက ပြောကြားခဲ့ပြီး အဲ့ဒီပစ္စည်းတွေကို ဖျက်ဆီးလိုက်ကြောင်း ထပ်မံသိ ရှိရပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာ သီရိလင်္ကာကမ်းရိုးတန်းမှ မိုင်ရာပေါင်းများစွာအကွာမှာ သင်္ဘောပေါ်သို့ တက် ရောက်ခဲ့ကြောင်း ဝေါလ်စထရိက ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာ သင်္ဘောကို ဆက်လက်သွားလာခွင့် ပြုခဲ့တယ်လို့ ဆိုပါတယ်။
(သတင်းဖော်ပြချက်အားလုံးမှာ ဒီလောက်ပဲ သိရပါတယ်။ တရုတ်မှ ထွက်ခွာလာတဲ့တယ်ဆိုတဲ့ သင်္ဘောဟာ တရုတ်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ တရုတ်အလံတင်သင်္ဘော ဟုတ်/မဟုတ်၊ စစ်လက်နက်နဲ့ ပတ်သက်တယ် ဆိုတဲ့ ပစ္စည်းတွေဟာ တရုတ်က အီရန်ကို တရားဝင်တင်ပို့ခြင်း မှန်-မမှန် ဖော်ပြထားခြင်း မရှိပါ။
အခင်းဖြစ်ပွားရာ ရေပြင်ဟာ သီရိလင်္ကာကမ်းရိုးတန်းမှ မိုင်ရာပေါင်းများစွာအကွာ အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ် ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာရေးဥပဒေအရ ကုန်သွယ်ရေကြောင်းသင်္ဘောများ သ ဘောရိုးဖြင့် လွတ်လပ်စွာ ခုတ်မောင်းသွားလာခွင့် ရှိတဲ့ ရေလမ်ကြောင်းဖြစ်နေကြောင်း ကိုယ်တိုင် အကြိမ်ကြိမ် သွားလာဖူးတဲ့အတွက် ကျွန်တော် ယုံကြည်ပါတယ်။
သီရိလင်္ကာမှ မိုင်ရာပေါင်းများစွာအကွာဆိုတာ အိန္ဒိယ သမုဒ္ဒရာ ( မြန်မာနိုင်ငံဘက်) ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပါလိမ့်မယ်။ ဟိုဘက်ဆိုလျင် အိန္ဒိယသမုဒ္ဒရာ အာရေဗျ ပင်လယ်ဖြစ်သွားပြီး အိန္ဒိယနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းလို့ သတင်းမှာ ဖော်ပြခြင်း မရှိပါ။
ဒါ့အပြင် အမေရိကန်ဟာ အီရန်ကို တရားဝင် စစ်ကြေညာထားခြင်း မရှိပါ။ အထက်ပါ အချက်များ အမှန်ဖြစ် လျင် တရားဝင် စစ်သင်္ဘောနဲ့ ဆောင်ရွက်ခြင်း ဖြစ်သည့်တိုင် အမေရိကန်ရဲ့ လုပ်ရပ်ဟာ " ရန်စရာ ရောက်တဲ့ ပင်လယ်ဒါးပြ တိုက်မှု” ဖြစ်နေပါတယ်။
အမေရိကန်နဲ့ အီရန်ကျောထောက်နောက်ခံပြု ဟူသီ (ယီမင်) တို့ဟာ ပင်လယ်နီရေပြင်မှာ စစ်ရေးပဋိပက္ခဖြစ် ပွားနေပါတယ်။ အစ္စရေး-ဟားမတ်စ်စစ်ပွဲ ကျယ်ပြန့်လာခြင်းရဲ့ စစ်မီးပွားတစ်ခုဖြစ်ပြီး နှစ်ဖက်အပြန်အလှန် လေကြောင်း တိုက်ခိုက်ခြင်းနဲ့ နိုင်ငံတကာကုန်သွယ်ရေကြောင်း သွားလာမှုအပေါ် သိသာထင်ရှားတဲ့ နှောက် ယှက်မှုများ ဖြစ်ပေါ်နေပါတယ်။
ယီမင်မြောက်ပိုင်းကို သိမ်းယူထားတဲ့ ဟူသီတို့က ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ရှိ ကုန်သွယ်ရေးနဲ့ ရေ တပ်သင်္ဘောများကို ဒရုန်းများ ဒုံးကျည်များနဲ့ တိုက်ခိုက်နေပြီး ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲတဲ့ အထိ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ ဗြိတိန်တို့ဦးဆောင်တဲ့ နိုင်ငံစုံ မဟာမိတ်အဖွဲ့က ယီမင်နိုင်ငံ အတွင်းရှိ ဟူသီပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်နေပါတယ်။
စူးအက်တူးမြောင်းအဝင်အထွက် ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးအချက်အချာရေပြင်မှာ ပဋိပက္ခဖြစ်ပွားနေ ခြင်းကြောင့် ကုန်တင်သင်္ဘောများအနေနဲ့ လမ်းကြောင်းပြောင်းလဲ ခုတ်မောင်းရန် ဖြစ်ပေါ်လာရပြီး ကုန်ကျ စရိတ်နဲ့ သယ်ယူပို့ဆောင်ချိန်များ မြင့်တက်နေပါတယ်။
ဟူသီတို့ကို အဓိက ထောက်ပံ့သူ အီရန်ဟာ ဟူသီတို့လှုပ်ရှားမှုများမှာ တိုက်ရိုက်ကွပ်ကဲခြင်း၊ ထိန်းချုပ်ခြင်း ရှိ-မရှိ အတိအကျ သက်သေမပြနိုင်ပေမယ့် တီဟီရန်မှာ တာဝန်ရှိတယ်လို့ ဝါရှင်တန်က ယူဆပါတယ်။ အီရန်-အစ္စရေး ကိုယ်စားပြုစစ်ပွဲမှာ အမေရိကန်အနေနဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းဖြစ်တယ်လို့ ဆိုသည့်တိုင် တတိယနိုင်ငံဖြစ်တဲ့ တရုတ်ရဲ့ အရပ်ဖက် ကုန်တင်သင်္ဘောကို ယခုလို ကြားဖြတ်ဟန့်တားခြင်းဟာ နောက် ဆက်တွဲ အလွန်ရှုတ်ထွေးတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လမှာ ဖြစ်ပွားခဲ့တယ်လို့ ယခုမှ သတင်းဖော်ပြခြင်းဖြစ်ပြီး ဒီကိစ္စအတွက် တရုတ်ဘက်က ဘယ်လို ဆင်ခြေပေးပြီး အမေရိကန်က ဘယ်လိုပြောဆိုကြောင်း သတင်း မတွေ့ရှိရသေးပါဘူး
#HtayOung #OungMarine

Zawgyi Version:
အီရန္သို႔ ဦးတည္ခုတ္ေမာင္းလာသည့္ တ႐ုတ္သေဘၤာကို အေမရိကန္ေရတပ္က အိႏၵိယသမုဒၵရာအေရာက္၌ တက္ေရာက္စီးနင္းခဲ့ဟုဆို
Htay Oung (NP News) - ဒီဇင္ဘာ ၁၃

အိႏၵိယသမုဒၵရာအတြင္း လႈပ္ရွားေနတဲ့ အေမရိကန္အထူးစစ္ဆင္ေရးအဖြဲ႕ဟာ တ႐ုတ္မွ ထြက္ခြာလာၿပီး အီရန္ ႏိုင္ငံသိူ႔ ဦးတည္ခုတ္ေမာင္းလာတဲ့ သေဘၤာတစ္စင္းကို ၿပီးခဲ့တဲ့လမွာ ဝင္ေရာက္စီးနင္းခဲ့ၿပီး စစ္ေရးနဲ႔သက္ဆိုင္ တဲ့ ပစၥည္းမ်ားကို သိမ္းဆည္းရမိခဲ့ေၾကာင္း အေမရိကန္အရာရွိမ်ားကို ကိုးကားၿပီး ေဝါလ္စထရိဂ်ာနယ္က ေရး သားတယ္လို႔ ႐ိုက္တာသတင္းေအဂ်င္စီ ၂ဝ၂၅ ခုႏွစ္ ဒီဇင္ဘာလ ၁၃ ရက္က ေဖာ္ျပပါတယ္။
တင္ေဆာင္လာတဲ့ ကုန္ပစၥည္းမ်ားမွာ အီရန္ရဲ႕သမား႐ိုးက် လက္နက္မ်ားအတြက္ အသုံးဝင္ႏိုင္တဲ့ အစိတ္ အပိုင္းမ်ား ပါဝင္တယ္လို႔ အရာရွိတစ္ဦးက ေျပာၾကားခဲ့ၿပီး အဲ့ဒီပစၥည္းေတြကို ဖ်က္ဆီးလိုက္ေၾကာင္း ထပ္မံသိ ရွိရပါတယ္။
အေမရိကန္တပ္ဖြဲ႕ေတြဟာ သီရိလကၤာကမ္း႐ိုးတန္းမွ မိုင္ရာေပါင္းမ်ားစြာအကြာမွာ သေဘၤာေပၚသို႔ တက္ ေရာက္ခဲ့ေၾကာင္း ေဝါလ္စထရိက ေဖာ္ျပခဲ့ၿပီး ေနာက္ပိုင္းမွာ သေဘၤာကို ဆက္လက္သြားလာခြင့္ ျပဳခဲ့တယ္လို႔ ဆိုပါတယ္။
(သတင္းေဖာ္ျပခ်က္အားလုံးမွာ ဒီေလာက္ပဲ သိရပါတယ္။ တ႐ုတ္မွ ထြက္ခြာလာတဲ့တယ္ဆိုတဲ့ သေဘၤာဟာ တ႐ုတ္ႏိုင္ငံမွာ မွတ္ပုံတင္ထားတဲ့ တ႐ုတ္အလံတင္သေဘၤာ ဟုတ္/မဟုတ္၊ စစ္လက္နက္နဲ႔ ပတ္သက္တယ္ ဆိုတဲ့ ပစၥည္းေတြဟာ တ႐ုတ္က အီရန္ကို တရားဝင္တင္ပို႔ျခင္း မွန္-မမွန္ ေဖာ္ျပထားျခင္း မရွိပါ။
အခင္းျဖစ္ပြားရာ ေရျပင္ဟာ သီရိလကၤာကမ္း႐ိုးတန္းမွ မိုင္ရာေပါင္းမ်ားစြာအကြာ အိႏၵိယသမုဒၵရာအတြင္း ျဖစ္ ျခင္းေၾကာင့္ အျပည္ျပည္ဆိုင္ရာ ေရေၾကာင္းသြားလာေရးဥပေဒအရ ကုန္သြယ္ေရေၾကာင္းသေဘၤာမ်ား သ ေဘာ႐ိုးျဖင့္ လြတ္လပ္စြာ ခုတ္ေမာင္းသြားလာခြင့္ ရွိတဲ့ ေရလမ္ေၾကာင္းျဖစ္ေနေၾကာင္း ကိုယ္တိုင္ အႀကိမ္ႀကိမ္ သြားလာဖူးတဲ့အတြက္ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။
သီရိလကၤာမွ မိုင္ရာေပါင္းမ်ားစြာအကြာဆိုတာ အိႏၵိယ သမုဒၵရာ ( ျမန္မာႏိုင္ငံဘက္) ဘဂၤလားပင္လယ္ေအာ္အတြင္း ျဖစ္ပါလိမ့္မယ္။ ဟိုဘက္ဆိုလ်င္ အိႏၵိယသမုဒၵရာ အာေရဗ် ပင္လယ္ျဖစ္သြားၿပီး အိႏၵိယႏိုင္ငံအေနာက္ဘက္ကမ္း႐ိုးတန္းလို႔ သတင္းမွာ ေဖာ္ျပျခင္း မရွိပါ။
ဒါ့အျပင္ အေမရိကန္ဟာ အီရန္ကို တရားဝင္ စစ္ေၾကညာထားျခင္း မရွိပါ။ အထက္ပါ အခ်က္မ်ား အမွန္ျဖစ္ လ်င္ တရားဝင္ စစ္သေဘၤာနဲ႔ ေဆာင္႐ြက္ျခင္း ျဖစ္သည့္တိုင္ အေမရိကန္ရဲ႕ လုပ္ရပ္ဟာ " ရန္စရာ ေရာက္တဲ့ ပင္လယ္ဒါးျပ တိုက္မႈ” ျဖစ္ေနပါတယ္။
အေမရိကန္နဲ႔ အီရန္ေက်ာေထာက္ေနာက္ခံျပဳ ဟူသီ (ယီမင္) တို႔ဟာ ပင္လယ္နီေရျပင္မွာ စစ္ေရးပဋိပကၡျဖစ္ ပြားေနပါတယ္။ အစၥေရး-ဟားမတ္စ္စစ္ပြဲ က်ယ္ျပန႔္လာျခင္းရဲ႕ စစ္မီးပြားတစ္ခုျဖစ္ၿပီး ႏွစ္ဖက္အျပန္အလွန္ ေလေၾကာင္း တိုက္ခိုက္ျခင္းနဲ႔ ႏိုင္ငံတကာကုန္သြယ္ေရေၾကာင္း သြားလာမႈအေပၚ သိသာထင္ရွားတဲ့ ေႏွာက္ ယွက္မႈမ်ား ျဖစ္ေပၚေနပါတယ္။
ယီမင္ေျမာက္ပိုင္းကို သိမ္းယူထားတဲ့ ဟူသီတို႔က ပင္လယ္နီနဲ႔ ေအဒင္ပင္လယ္ေကြ႕ရွိ ကုန္သြယ္ေရးနဲ႔ ေရ တပ္သေဘၤာမ်ားကို ဒ႐ုန္းမ်ား ဒုံးက်ည္မ်ားနဲ႔ တိုက္ခိုက္ေနၿပီး ဂါဇာကမ္းေျမႇာင္မွာ အပစ္အခတ္ရပ္စဲတဲ့ အထိ လုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။ အေမရိကန္နဲ႔ ၿဗိတိန္တို႔ဦးေဆာင္တဲ့ ႏိုင္ငံစုံ မဟာမိတ္အဖြဲ႕က ယီမင္ႏိုင္ငံ အတြင္းရွိ ဟူသီပစ္မွတ္မ်ားကို ေလေၾကာင္းမွ တိုက္ခိုက္ေနပါတယ္။
စူးအက္တူးေျမာင္းအဝင္အထြက္ ကမာၻ႔ေရေၾကာင္းကုန္သြယ္ေရးအခ်က္အခ်ာေရျပင္မွာ ပဋိပကၡျဖစ္ပြားေန ျခင္းေၾကာင့္ ကုန္တင္သေဘၤာမ်ားအေနနဲ႔ လမ္းေၾကာင္းေျပာင္းလဲ ခုတ္ေမာင္းရန္ ျဖစ္ေပၚလာရၿပီး ကုန္က် စရိတ္နဲ႔ သယ္ယူပို႔ေဆာင္ခ်ိန္မ်ား ျမင့္တက္ေနပါတယ္။
ဟူသီတို႔ကို အဓိက ေထာက္ပံ့သူ အီရန္ဟာ ဟူသီတို႔လႈပ္ရွားမႈမ်ားမွာ တိုက္႐ိုက္ကြပ္ကဲျခင္း၊ ထိန္းခ်ဳပ္ျခင္း ရွိ-မရွိ အတိအက် သက္ေသမျပႏိုင္ေပမယ့္ တီဟီရန္မွာ တာဝန္ရွိတယ္လို႔ ဝါရွင္တန္က ယူဆပါတယ္။ အီရန္-အစၥေရး ကိုယ္စားျပဳစစ္ပြဲမွာ အေမရိကန္အေနနဲ႔ မိမိကိုယ္မိမိ ခုခံကာကြယ္ျခင္းျဖစ္တယ္လို႔ ဆိုသည့္တိုင္ တတိယႏိုင္ငံျဖစ္တဲ့ တ႐ုတ္ရဲ႕ အရပ္ဖက္ ကုန္တင္သေဘၤာကို ယခုလို ၾကားျဖတ္ဟန႔္တားျခင္းဟာ ေနာက္ ဆက္တြဲ အလြန္ရႈတ္ေထြးတဲ့ စိန္ေခၚမႈ တစ္ခုျဖစ္ပါတယ္။

လြန္ခဲ့တဲ့ လမွာ ျဖစ္ပြားခဲ့တယ္လို႔ ယခုမွ သတင္းေဖာ္ျပျခင္းျဖစ္ၿပီး ဒီကိစၥအတြက္ တ႐ုတ္ဘက္က ဘယ္လို ဆင္ေျခေပးၿပီး အေမရိကန္က ဘယ္လိုေျပာဆိုေၾကာင္း သတင္း မေတြ႕ရွိရေသးပါဘူး
#HtayOung #OungMarine

Related news

© 2021. All rights reserved.