စဥ့်ကူးမြို့နယ်တစ်ခုလုံး တပ်မတော်ထိန်းချုပ်နိုင်ခဲ့ပြီး မန္တလေးမှသပိတ်ကျင်း လမ်းပေါက်တော့မည်

4083

Pearl (NP News) - ဒီဇင်ဘာ ၂၁
မန္တလေးမှ သပိတ်ကျင်းတစ်လျှောက် တပ်မတော်က (၈၀)ရာခိုင်နှုန်းထက်မနည်း ထိန်းချုပ် ထားနိုင်ပြီး စစ်ရေးအသာရနေကြောင်း လုံခြုံရေးတပ် ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။
ပြီးခဲ့သည့်ဇူလိုင်လက တပ်မတော်စစ် ကြောင်းများ သပိတ်ကျင်းမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး နောက် မန္တလေးမြို့နှင့် သပိတ်ကျင်းမြို့ကြားရှိ MDY – PDF တို့ရှိရာ စဉ့်ကူးမြို့နယ်နှင့် မတ္တရာ မြို့နယ်တို့ကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ လက်ရှိတွင် စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်အားလုံးကို တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်ထားနိုင်ပြီး စစ်ရေးအသာ ရရှိနေကြောင်း သိရသည်။
“လက်ပံလှရပြီ၊ လက်ပံလှကျော်ပြီး နွယ်ရုံကျည်တောက်ပေါက်အထိ တပ်က ရောက်သွားပြီ။ စဉ့်ကူးနယ်က အကုန်ရသွားပြီ။ မတ္တရာ နယ်က အကုန်ရသွားပြီ။ ဧရာဝတီမြစ်ကမ်းဘေးက ဇက်ဆိပ်တွေ အကုန်လုံးကိုလည်း တပ်က သိမ်းပြီး သွားပြီ။ မတ္တရာကတော့ ရာနှုန်းပြည့်။ စဉ့်ကူးကတော့ (၉၀)ရာခိုင်နှုန်း ၊ သပိတ်ကျင်းဆိုရင် (၈၀) ရာခိုင်နှုန်း လောက်ပေါ့။ မန္တလေးကနေ သပိတ်ကျင်းအထိတစ် လျှောက်ဆိုရင် (၈၀) ရာခိုင်နှုန်းလောက် ထိန်းချုပ် ထားနိုင်ပြီလို့ ပြောလို့ရတယ်။ ဒီဇင်ဘာလ (၁၉) ရက်အထိကို သပိတ်ကျင်းနယ်အဆုံး (၂)ရွာ လောက်ပဲကျန်တယ်”ဟု လုံခြုံရေး အဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။ ထို့ပြင် မန္တလေးမှ သပိတ်ကျင်းအထိ လမ်းကြောင်း တစ်လျှောက် ရာနှုန်းပြည့် ပြန်လည်စိုးမိုး နိုင်ရေးနှင့် ပြည်သူများ ပြန်လည်သွားလာနိုင်ရေး အတွက်လည်း တပ်မတော် က နယ်မြေရှင်းလင်း ရေးများ ဆက်လက်ဆောင်ရွက်နေရာ အလင်းဝင် ရောက်လိုသူအများအပြား ရှိနေကြောင်းလည်း သိရသည်။
‘လက်ပံလှဘက်ကလူတွေ ထွက်ပြေးတာက လက်ပံလှရဲ့ ရှေ့မြောက်ထောင့်က သရက်ချောင်းနားမှာ ခေါင်းကြီး ပိုင်းတွေ စုနေတာ အဲဒီဘက်ကို ပြေးသွားကြပြီ။ (၃၀ဝ)ကျော်လောက်ရှိတယ်။ အလင်းဝင်တဲ့အဖွဲ့တွေ တောက်လျှောက် ဆက်သွယ် နေတယ်။ အလင်းဝင်မယ့်လူတွေ အများကြီးရှိတယ်’ ဟု ၎င်းက ဆက်ပြောသည်။

Zawgyi Version:
စဥ့္ကူးၿမိဳ႕နယ္တစ္ခုလုံး တပ္မေတာ္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး မႏၲေလးမွ သပိတ္က်င္း လမ္းေပါက္ေတာ့မည္
Pearl (NP News) - ဒီဇင္ဘာ ၂၁
မႏၲေလးမွ သပိတ္က်င္းတစ္ေလွ်ာက္ တပ္မေတာ္က (၈၀)ရာခိုင္ႏႈန္းထက္မနည္း ထိန္းခ်ဳပ္ ထားႏိုင္ၿပီး စစ္ေရးအသာရေနေၾကာင္း လုံၿခဳံေရးတပ္ ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
ၿပီးခဲ့သည့္ဇူလိုင္လက တပ္မေတာ္စစ္ ေၾကာင္းမ်ား သပိတ္က်င္းၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ေနာက္ မႏၲေလးၿမိဳ႕ႏွင့္ သပိတ္က်င္းၿမိဳ႕ၾကားရွိ MDY – PDF တို႔ရွိရာ စဥ့္ကူးၿမိဳ႕နယ္ႏွင့္ မတၱရာ ၿမိဳ႕နယ္တို႔ကို ပိတ္ဆို႔တိုက္ခိုက္ခဲ့ရာ လက္ရွိတြင္ စဥ့္ကူးၿမိဳ႕နယ္ႏွင့္ မတၱရာၿမိဳ႕နယ္အားလုံးကို တပ္မေတာ္က အျပည့္အဝ ျပန္လည္ထိန္းခ်ဳပ္ထားႏိုင္ၿပီး စစ္ေရးအသာ ရရွိေနေၾကာင္း သိရသည္။
“လက္ပံလွရၿပီ၊ လက္ပံလွေက်ာ္ၿပီး ႏြယ္႐ုံက်ည္ေတာက္ေပါက္အထိ တပ္က ေရာက္သြားၿပီ။ စဥ့္ကူးနယ္က အကုန္ရသြားၿပီ။ မတၱရာ နယ္က အကုန္ရသြားၿပီ။ ဧရာဝတီျမစ္ကမ္းေဘးက ဇက္ဆိပ္ေတြ အကုန္လုံးကိုလည္း တပ္က သိမ္းၿပီး သြားၿပီ။ မတၱရာကေတာ့ ရာႏႈန္းျပည့္။ စဥ့္ကူးကေတာ့ (၉၀)ရာခိုင္ႏႈန္း ၊ သပိတ္က်င္းဆိုရင္ (၈၀) ရာခိုင္ႏႈန္း ေလာက္ေပါ့။ မႏၲေလးကေန သပိတ္က်င္းအထိတစ္ ေလွ်ာက္ဆိုရင္ (၈၀) ရာခိုင္ႏႈန္းေလာက္ ထိန္းခ်ဳပ္ ထားႏိုင္ၿပီလို႔ ေျပာလို႔ရတယ္။ ဒီဇင္ဘာလ (၁၉) ရက္အထိကို သပိတ္က်င္းနယ္အဆုံး (၂)႐ြာ ေလာက္ပဲက်န္တယ္”ဟု လုံၿခဳံေရး အဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ ေျပာသည္။ ထို႔ျပင္ မႏၲေလးမွ သပိတ္က်င္းအထိ လမ္းေၾကာင္း တစ္ေလွ်ာက္ ရာႏႈန္းျပည့္ ျပန္လည္စိုးမိုး ႏိုင္ေရးႏွင့္ ျပည္သူမ်ား ျပန္လည္သြားလာႏိုင္ေရး အတြက္လည္း တပ္မေတာ္ က နယ္ေျမရွင္းလင္း ေရးမ်ား ဆက္လက္ေဆာင္႐ြက္ေနရာ အလင္းဝင္ ေရာက္လိုသူအမ်ားအျပား ရွိေနေၾကာင္းလည္း သိရသည္။
‘လက္ပံလွဘက္ကလူေတြ ထြက္ေျပးတာက လက္ပံလွရဲ႕ ေရွ႕ေျမာက္ေထာင့္က သရက္ေခ်ာင္းနားမွာ ေခါင္းႀကီး ပိုင္းေတြ စုေနတာ အဲဒီဘက္ကို ေျပးသြားၾကၿပီ။ (၃၀ဝ)ေက်ာ္ေလာက္ရွိတယ္။ အလင္းဝင္တဲ့အဖြဲ႕ေတြ ေတာက္ေလွ်ာက္ ဆက္သြယ္ ေနတယ္။ အလင္းဝင္မယ့္လူေတြ အမ်ားႀကီးရွိတယ္’ ဟု ၎က ဆက္ေျပာသည္။