ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ရုရှားနဲ့အမေရိကန်ကြား ဆွေးနွေးမှုတွေ ထပ်မံလုပ်ဆောင်

 415

Pika(NP News)ဒီဇင်ဘာ ၂၂
အမေရိကန်အရာရှိတွေနဲ့ ရုရှားအရာရှိတွေဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေကို ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရက ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် နှစ်ဘက်စလုံးဆီကနေ သဘောတူညီချက်တစ်ခုရရှိဖို့ ကြိုးပမ်းနေချိန်မှာပဲ ယခုလိုတွေ့ဆုံမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။အမေရိကန်အရာရှိတွေဟာ ယူကရိန်းအပါအဝင် ဥရောပအရာရှိ‌တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ရုရှားအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ထပ်မံလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါ့ပြင်တွေ့ဆုံဆွေးနွေးမှုတွေက အပြုသဘောဆောင်တဲ့ရလဒ်တွေရှိခဲ့ကြောင်းနဲ့ နောက်ထပ်ဆွေးနွေးမှုတွေကိုလည်း ထပ်မံလုပ်ဆောင်သွားမယ်လို့ ရုရှားအစိုးရရဲ့ အထူးသံတမန်ကီရေးဒီမစ်ထရိဗ်က ပြောကြားခဲ့ပါတယ်။ကီရေးဒီမစ်ထရိဗ်က”ကျွန်တော်တို့နဲ့ အမေရိကန်အရာရှိတွေကြားလုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲတွေဟာ အပြုသဘောဆောင်တဲ့ ရလဒ်တွေရှိခဲ့ပါတယ်။ဒီလိုမျိုး အပြုသဘောဆောင်တဲ့ဆွေးနွေးပွဲတွေကို ထပ်မံလုပ်ဆောင်သွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ရုရှားနဲ့နောက်ထပ်လုပ်ဆောင်မယ့်ဆွေးနွေးပွဲတွေမှာ ၎င်းကိုယ်တိုင်ပါဝင်လာနိုင်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ႐ုရွားနဲ႔အေမရိကန္ၾကား ေဆြးေႏြးမႈေတြ ထပ္မံလုပ္ေဆာင္
Pika(NP News)ဒီဇင္ဘာ ၂၂
အေမရိကန္အရာရွိေတြနဲ႔ ႐ုရွားအရာရွိေတြဟာ အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္မွာ ေတြ႕ဆုံခဲ့ၿပီး ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ရည္႐ြယ္တဲ့ ေဆြးေႏြးပြဲေတြကို ထပ္မံလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။အေမရိကန္သမၼတေဒၚနယ္ထရမ့္အစိုးရက ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ႏွစ္ဘက္စလုံးဆီကေန သေဘာတူညီခ်က္တစ္ခုရရွိဖို႔ ႀကိဳးပမ္းေနခ်ိန္မွာပဲ ယခုလိုေတြ႕ဆုံမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။အေမရိကန္အရာရွိေတြဟာ ယူကရိန္းအပါအဝင္ ဥေရာပအရာရွိ‌ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ ႐ုရွားအရာရွိေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြကို ထပ္မံလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ဒါ့ျပင္ေတြ႕ဆုံေဆြးေႏြးမႈေတြက အျပဳသေဘာေဆာင္တဲ့ရလဒ္ေတြရွိခဲ့ေၾကာင္းနဲ႔ ေနာက္ထပ္ေဆြးေႏြးမႈေတြကိုလည္း ထပ္မံလုပ္ေဆာင္သြားမယ္လို႔ ႐ုရွားအစိုးရရဲ႕ အထူးသံတမန္ကီေရးဒီမစ္ထရိဗ္က ေျပာၾကားခဲ့ပါတယ္။ကီေရးဒီမစ္ထရိဗ္က”ကြၽန္ေတာ္တို႔နဲ႔ အေမရိကန္အရာရွိေတြၾကားလုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲေတြဟာ အျပဳသေဘာေဆာင္တဲ့ ရလဒ္ေတြရွိခဲ့ပါတယ္။ဒီလိုမ်ိဳး အျပဳသေဘာေဆာင္တဲ့ေဆြးေႏြးပြဲေတြကို ထပ္မံလုပ္ေဆာင္သြားမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ႐ုရွားနဲ႔ေနာက္ထပ္လုပ္ေဆာင္မယ့္ေဆြးေႏြးပြဲေတြမွာ ၎ကိုယ္တိုင္ပါဝင္လာႏိုင္တယ္လို႔လည္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.