ရုရှားက ဒရုန်းအစင်းရေ(၆ဝဝ)ကျော်၊ ဒုံးကျည်ဒါဇင်ပေါင်းများစွာနဲ့ ယူကရိန်းစွမ်းအင်ကဏ္ဍကို ပစ်ခတ်တိုက်ခိုက်

 2117

Pika (NP News) - ဒီဇင်ဘာ ၂၄

ယူကရိန်းရဲ့စွမ်းအင်ကဏ္ဍကို ပစ်မှတ်ထားတိုက်ခိုက်ဖို့အတွက် ရုရှားက ဒရုန်းအစင်းရေ(၆၀၀)ကျော်နဲ့ ဒုံးကျည် ဒါဇင်ပေါင်းများစွာကို ပစ်လွှတ်ခဲ့တယ်လို့ ယူကရိန်းဝန်ကြီးချုပ်ယူလီယာက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ရုရှားရဲ့ ကြီးမားတဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ စွမ်းအင်အဆောက်အဦးအများအပြား ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ယူလီယာကပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ရုရှားရဲ့ယူကရိန်းစွမ်းအင်ကဏ္ဍအပေါ် ကြီးမားတဲ့တိုက်ခိုက်မှုကြောင့် အရေးပေါ်ပြတ်တောက်မှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့လည်း ယူလီယာက ပြောကြားခဲ့ပါတယ်။ ရုရှားကိုယ်စားလှယ်အဖွဲ့က အမေရိကန် မိုင်ယာမီ မြို့မှာ အမေရိကန်အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် (၂)ရက်အကြာမှာ ယခုလိုကြီးမားတဲ့တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်အရာရှိတွေဟာ ယူကရိန်း အပါအဝင် ဥရောပအရာရှိ‌တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ရုရှားအရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို ထပ်မံလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင်တွေ့ဆုံဆွေးနွေးမှုတွေက အပြုသဘောဆောင်တဲ့ရလဒ်တွေရှိခဲ့ကြောင်း နဲ့ နောက်ထပ်ဆွေးနွေးမှုတွေကို လည်း ထပ်မံလုပ်ဆောင်သွားမယ်လို့ ရုရှားအစိုးရရဲ့အထူးသံတမန်ကီရေးဒီမစ်ထရိဗ်က ပြောကြားခဲ့ပါတယ်။ ကီရေးဒီမစ်ထရိဗ်က “ကျွန်တော်တို့နဲ့ အမေရိကန်အရာရှိတွေကြားလုပ်ဆောင်ခဲ့တဲ့ဆွေးနွေးပွဲတွေဟာ အပြုသဘောဆောင်တဲ့ ရလဒ်တွေရှိခဲ့ပါတယ်။ ဒီလိုမျိုး အပြုသဘောဆောင်တဲ့ဆွေးနွေးပွဲတွေကို ထပ်မံ လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားက ဒ႐ုန္းအစင္းေရ(၆ဝဝ)ေက်ာ္၊ ဒုံးက်ည္ဒါဇင္ေပါင္းမ်ားစြာနဲ႔ ယူကရိန္းစြမ္းအင္က႑ကို ပစ္ခတ္တိုက္ခိုက္
Pika (NP News) - ဒီဇင္ဘာ ၂၄
ယူကရိန္းရဲ႕စြမ္းအင္က႑ကို ပစ္မွတ္ထားတိုက္ခိုက္ဖို႔အတြက္ ႐ုရွားက ဒ႐ုန္းအစင္းေရ(၆၀၀)ေက်ာ္နဲ႔ ဒုံးက်ည္ ဒါဇင္ေပါင္းမ်ားစြာကို ပစ္လႊတ္ခဲ့တယ္လို႔ ယူကရိန္းဝန္ႀကီးခ်ဳပ္ယူလီယာက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
႐ုရွားရဲ႕ ႀကီးမားတဲ့တိုက္ခိုက္မႈေၾကာင့္ ယူကရိန္းႏိုင္ငံ အေနာက္ပိုင္းမွာရွိတဲ့ စြမ္းအင္အေဆာက္အဦးအမ်ားအျပား ထိခိုက္ပ်က္စီးသြားခဲ့တယ္လို႔ ယူလီယာကေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ႐ုရွားရဲ႕ယူကရိန္းစြမ္းအင္က႑အေပၚ ႀကီးမားတဲ့တိုက္ခိုက္မႈေၾကာင့္ အေရးေပၚျပတ္ေတာက္မႈေတြကို ျဖစ္ေပၚေစခဲ့တယ္လို႔လည္း ယူလီယာက ေျပာၾကားခဲ့ပါတယ္။ ႐ုရွားကိုယ္စားလွယ္အဖြဲ႕က အေမရိကန္ မိုင္ယာမီ ၿမိဳ႕မွာ အေမရိကန္အစိုးရတာဝန္ရွိသူေတြနဲ႔ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ (၂)ရက္အၾကာမွာ ယခုလိုႀကီးမားတဲ့တိုက္ခိုက္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အေမရိကန္အရာရွိေတြဟာ ယူကရိန္း အပါအဝင္ ဥေရာပအရာရွိ‌ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ ႐ုရွားအရာရွိေတြနဲ႔ ေတြ႕ဆုံ ေဆြးေႏြးမႈေတြကို ထပ္မံလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။
ဒါ့ျပင္ေတြ႕ဆုံေဆြးေႏြးမႈေတြက အျပဳသေဘာေဆာင္တဲ့ရလဒ္ေတြရွိခဲ့ေၾကာင္း နဲ႔ ေနာက္ထပ္ေဆြးေႏြးမႈေတြကို လည္း ထပ္မံလုပ္ေဆာင္သြားမယ္လို႔ ႐ုရွားအစိုးရရဲ႕အထူးသံတမန္ကီေရးဒီမစ္ထရိဗ္က ေျပာၾကားခဲ့ပါတယ္။ ကီေရးဒီမစ္ထရိဗ္က “ကြၽန္ေတာ္တို႔နဲ႔ အေမရိကန္အရာရွိေတြၾကားလုပ္ေဆာင္ခဲ့တဲ့ေဆြးေႏြးပြဲေတြဟာ အျပဳသေဘာေဆာင္တဲ့ ရလဒ္ေတြရွိခဲ့ပါတယ္။ ဒီလိုမ်ိဳး အျပဳသေဘာေဆာင္တဲ့ေဆြးေႏြးပြဲေတြကို ထပ္မံ လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.