မဲရွေးကောက်ပွဲနဲ့ ဆန္ဒခံယူပွဲ သတ်မှတ်ပြီးနောက် ပေါ်ပေါက်လာနိုင်တဲ့ ပဋိပက္ခများ

 461

တင်ဇာ (NP News) - ဒီဇင်ဘာ ၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ (၁၃)ကြိမ်မြောက်ရွေးကောက်ပွဲကို (၂၀၂၆)ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက် မှာကျင်းပသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်နာချုပ် A.M.M. Nasir Uddin က (၂၀၂၅)ခုနှစ် ဒီဇင် ဘာလ (၁၁)ရက်မှာကြေညာခဲ့ပါတယ်။ (၂၆) လအတွင်း နိုင်ငံရဲ့ ဒုတိယမြောက်ရွေးကောက်ပွဲအချိန် ဇယားကိုကြေညာရင်း မစ္စတာ Nasir Uddin က ဘင်္ဂလားဒေ့ရှ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ ရည်ရွယ်ထားတဲ့ မူဝါဒတွေဖြစ်တဲ့ ဇူလိုင်ပဋိညာဉ် (July Charter) နဲ့ပတ်သက်တဲ့ ဆန္ဒခံယူပွဲကိုလည်း အဲဒီနေ့မှာပဲကျင်းပသွားမယ်လို့ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပမယ်ဆိုသည့်တိုင် ဘင်္ဂလား ဒေ့ရှ် ရဲ့ နိုင်ငံရေးအနာဂတ်ဟာ ခုချိန်ထိ မရေရာမှုတွေရှိနေပါသေးတယ်။ ဒါ့ပြင် ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဆန္ဒခံယူမယ့်အရေးမှာလည်း သဘောထားကွဲလွဲမှုတွေ ရှိနေပါသေးတယ်။
ဇူလိုင်ပဋိညာဉ်ကို အမျိုးသားသဘောတူညီမှု ကော်မရှင် (National Consensus Commission) နဲ့ နိုင်ငံရေးပါတီ (၂၅)ခုတို့ကလက်မှတ်ရေးထိုးပြီး (၂၀၂၄) ခုနှစ် အောက်တိုဘာလမှာချမှတ်ခဲ့တာဖြစ်ပါ တယ်။ ဇူလိုင်ပဋိညာဉ်က (၁၉၇၂)ခုနှစ် ဘင်္ဂလားဒေ့ရှ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ၎င်းက နိုင်ငံရဲ့ နိုင်ငံရေးအာဏာခွဲဝေမှုကို သိသိသာသာပြောင်းလဲပေးမယ့် အနေအထားမှာရှိနေတယ်လို့သိရပါတယ်။ ဇူလိုင်ပဋိညာဉ် ကို ဖေဖော်ဝါရီလ(၁၂)ရက် ဆန္ဒခံယူပွဲမှာ အတည်ပြု ခဲ့မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်သမ္မတရဲ့အာဏာတွေ တိုး ချဲ့လာမှာဖြစ်ပြီး ဝန်ကြီးချုပ်ရဲ့ အာဏာတချို့ကတော့ လျှော့ချခံရမှာဖြစ်ပါတယ်။ ပါမောက္ခယူနွတ်ဦးဆောင်တဲ့ ကြားဖြတ်အစိုးရ ရဲ့ရည်ရွယ်ချက်တွေထဲကတစ်ခုကတော့ အနာဂတ်မှာ နိုင်ငံရေးအရ အာဏာအလွန်အကျွံ သုံးတာမျိုး တွေကိုကာကွယ်ဖို့အတွက် ဝန်ကြီးချုပ် ရာထူးအပေါ်မှာ ထိန်းညှိကန့်သတ်မှုတွေ(checks and balances) ထည့်သွင်းဖို့ပဲဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နောက်ဆုံးရွေးကောက်ပွဲကို (၂၀၂၄)ခုနှစ် ဇန်နဝါရီလမှာ ကျင်းပခဲ့တာ ဖြစ် ပြီး အဓိကအတိုက်အခံပါတီဖြစ်တဲ့ BNP က သပိတ်မှောက်ခဲ့ပါတယ်။ သူတို့က အဝါမီလိဂ်ပါတီကို မဲမသ မာမှုတွေလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့တာပါ။ အဲဒီနောက် ဇူလိုင်နဲ့ဩဂုတ်လအတွင်း လူထုအုံကြွမှုတွေဖြစ်ပေါ် ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာရဲ့အစိုးရ ပြုတ်ကျသွားခဲ့ပြီးနောက်မှာ ဘင်္ဂလားဒေ့ရှ် ကြားဖြတ် အစိုးရဟာ နိုင်ငံတော်ယန္တရားကို ပြုပြင်ပြောင်း လဲ ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီရည်ရွယ်ချက်နဲ့အတူ ပြုပြင် ပြောင်းလဲရေးကော်မရှင်အတော်များများကို ဖွဲ့ စည်းခဲ့ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲ ရေးကော်မရှင် (Constitution Reform Comm­ission-CRC) လည်းပါဝင်ပြီး ဒီကော်မရှင်က (၂၀၂၅) ခုနှစ် ဇန်နဝါရီလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြင်ဆင်ရေးဆွဲနိုင်ဖို့ အကြံပြုချက်တွေတင်သွင်းခဲ့ပါ တယ်။ အဲဒီနောက် ဖေဖော်ဝါရီလမှာ အဓိက ပြုပြင် ပြောင်းလဲရေးကော်မရှင်ခြောက်ခုရဲ့ဥက္ကဋ္ဌတွေစု ပေါင်းပြီး အမျိုးသားသဘောတူညီမှုကော်မရှင် (National Consensus Commission -NCC) ကိုဖွဲ့စည်း ခဲ့ကြပါတယ်။ ဒီကော်မရှင်ရဲ့တာဝန်က တော့ “ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲစနစ်၊ တရားစီ ရင်ရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့နဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး မူဘောင်တွေနဲ့ပတ်သက်လို့ ပြုပြင်ပြောင်းလဲရေးအဆိုပြုချက်တွေကို အတည်ပြုဖို့အတွက်ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဒီလုပ် ငန်းစဉ်ဟာ ဇူလိုင်ပဋိညာဉ်ကိုပေါ်ပေါက်စေ ခဲ့ပါတယ်။ ဒီပဋိညာဉ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဆိုပြုချက် (၅၀)နီးပါးအပါအဝင် ပြုပြင်ပြောင်းလဲရေးအဆိုပြုချက် (၈၀)ကျော်ပါဝင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ကိစ္စရပ်များစွာမှာတော့ ပါတီတွေက သဘောထားကွဲလွဲမှုတွေရှိနေသေးတယ်လို့ မှတ်ချက် ပြုခဲ့ကြတဲ့အတွက် ဒီပဋိညာဉ်ရဲ့အောင်မြင်မှုက မရေရာသေးပါဘူး။
(၂၀၂၆)ခုနှစ် အထွေထွေရွေးကောက်ပွဲကို ကြားဖြတ်အစိုးရကကြီးကြပ်တဲ့စနစ်အသစ်အောက် မှာ ကျင်းပသွားမှာပါ။ မဲပေးခွင့်ရှိသူ (၁၂၇ ဒသမ ၆) သန်းခန့်ဟာ မဲဆန္ဒနယ် (၃၀ဝ)မှာ ဆန္ဒမဲပေးရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်သမိုင်းမှာ ပထမဆုံး အကြိမ်အနေနဲ့ ပြည်ပရောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ သားတွေဟာ စာတိုက်မဲ (postal ballots) တွေကနေတစ်ဆင့် ရွေးကောက်ပွဲမှာ ပါဝင်နိုင်ကြမှာဖြစ်ပါ တယ်။ ဒီလုပ်ဆောင်ချက်က နိုင်ငံရဲ့နယ်နိမိတ်တွေကိုကျော်လွန်ပြီး မဲဆန္ဒရှင်တွေရဲ့ ပါဝင်ပတ်သက်မှုကို ချဲ့ထွင်ဖို့ ဦးတည်တဲ့ခြေလှမ်းတစ်ခုအဖြစ်သတ်မှတ်နိုင်ပါတယ်။ ဒါ့ပြင် လာမယ့်ရွေးကောက်ပွဲအတွက် မဲပေးချိန်ကို ရှစ်နာရီကနေကိုးနာရီအထိတိုးမြှင့်ခဲ့ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုတွေဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် လူထုရဲ့ ယုံကြည်စိတ်ချမှုကို ပြန်လည်ရယူဖို့နဲ့ ရွေးကောက်ပွဲရဲ့လုံခြုံရေးနဲ့ ပေါင်း စည်းညီညွတ်မှုကို သေချာစေဖို့ဆိုပြီး ရည်ရွယ်ထားပုံရပါတယ်။ ရွေးကောက်ပွဲလုံခြုံရေးကို ပိုမိုအားဖြည့် ဖို့အတွက် ပုံမှန်တပ်ဖွဲ့တွေနဲ့အတူ စစ်သည်တွေကိုပါ ချထားမှာဖြစ်ကြောင်းသိရပါတယ်။
ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ(BNP) ၊ Jamaat-e-Islami (JI) နဲ့ အမျိုးသားနိုင်ငံသားပါတီ (NCP) အပါအဝင် အဓိကနိုင်ငံရေးပါတီတွေက ဖေဖော်ဝါရီလမှာကျင်းပမယ့် ရွေးကောက်ပွဲကြေညာချက်ကို ထောက်ခံကြောင်းဖော်ပြခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာနဲ့ သူရဲ့သား တာရစ် ရာမန်တို့ဦး ဆောင်တဲ့ BNP ကို လာမယ့်ရွေးကောက်ပွဲမှာ အဓိကယှဉ်ပြိုင်ဘက်အဖြစ်ရှုမြင်ထားကြပါတယ်။ ဟာစီ နာလက်အောက်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်ခွင့်ပိတ်ပင်ခံထားရတဲ့ အစ္စလာမ္မစ်ပါတီဖြစ်တဲ့ Jamaat-e-Islami ဟာလည်း နိုင်ငံရေးနယ်ပယ်ကို ပြန်လည်ဝင်ရောက်ဖို့ပြင်ဆင်နေပါတယ်။
NCP ကတော့ (၂၀၂၄)ခုနှစ် လူထုအုံကြွမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ ဖွဲ့ စည်းထားတဲ့ ပါတီအသစ်တစ်ခုဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေ မှာထင်ရှားတဲ့ အင်အားစုဖြစ်ပေမယ့် ဒီပါတီ ဟာ မဲဆန္ဒရှင်တွေကြားမှာ သူတို့ရဲ့အနေအထားကို ခိုင်မာအောင်လုပ်ဆောင်ရာမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လမ်းပေါ်ကအင်အားကို ရွေးကောက်ပွဲဆိုင် ရာထောက်ခံမှုအဖြစ်ပြောင်းလဲဖို့ ရုန်းကန်ရမယ်လို့ မျှော်လင့်ရပါတယ်။
ဟာစီနာရဲ့အဝါမီလိဂ်ပါတီကတော့ ရွေးကောက်ပွဲ ကြေညာချက်ကိုမထောက်ခံခဲ့ပါဘူး။ တစ်ဖန် ကြားဖြတ်အစိုးရကလည်း နှစ်ပေါင်းများစွာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးနယ်ပယ်ကိုလွှမ်းမိုးခဲ့တဲ့ အဝါမီလိဂ် ပါတီကို ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ကန့်သတ်ထားပါတယ်။ ဒါ့ပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICT) က ကျောင်းသားအုံကြွမှုအတွင်း ဖြစ်ပွားခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပါအဝင် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာစွပ်စွဲချက်တွေနဲ့အတူ ဟာစီနာကို သေဒဏ်ချမှတ် ခဲ့ပါတယ်။
ဟာစီနာကို ထောက်ခံသူတွေ၊ အထူးသဖြင့် သူရဲ့ အဝါမီလိဂ်ပါတီဝင်တွေဟာ သူ့ကို သေဒဏ်ချ မှတ်ပြီးနောက်မှာ ဒေါသတကြီးဖြစ်နေကြပါတယ်။ ဟာစီနာရဲ့သားနဲ့ အဓိကအကြံပေးဖြစ်သူ Sajeeb Wazed က ပါတီအပေါ်ပိတ်ပင်ထားတာကို ဖေဖော်ဝါရီရွေးကောက်ပွဲမတိုင်ခင် အချိန်မီ ပြန်မရုပ်သိမ်း ဘူးဆိုရင် အဝါမီလိဂ်ထောက်ခံသူတွေဟာ လမ်းပေါ် ထွက်ပြီး ရွေးကောက်ပွဲကိုပိတ်ဆို့ကြလိမ့်မယ်လို့ အရင်ကပြောဆိုခဲ့ဖူးပါတယ်။ Wazed က သူနဲ့ ဟာစီနာတို့ဟာ နိုင်ငံတွင်းမှာရှိတဲ့ ပါတီခေါင်းဆောင်တွေ အပါအဝင် တက်ြွကလှုပ်ရှားသူအားလုံးနဲ့ အဆက်အ သွယ်ရှိတယ်လို့ အခိုင်အမာပြောကြားရင်း ဆန္ဒပြပွဲ ကြီးတွေဖြစ်လာနိုင်ကြောင်းသတိပေးခဲ့ပါတယ်။ ပါတီ ရဲ့ “သိန်းနဲ့ချီတဲ့တက်ကြွလှုပ်ရှားသူတွေ”၊ “သန်းနဲ့ ချီတဲ့ထောက်ခံသူတွေ” ဟာ စုဝေးဖို့အသင့်ရှိနေတယ်လို့ သူကဆိုပါတယ်။
ဒီခြိမ်းခြောက်မှုတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တင်းမာနေပြီးသားနိုင်ငံရေးအခြေအနေအတွက် ရှုပ်ထွေးမှုအလွှာသစ်တစ်ခုကို ထပ်ပေါင်းထည့်လိုက်တာ ပဲဖြစ်ပါတယ်။ နိုင်ငံဟာ လာမယ့်ရွေးကောက်ပွဲ ဆီ ပိုပြီးနီးကပ်လာတာနဲ့အမျှ တင်းမာမှုတွေဟာ ပုံစံမျိုးစုံ နဲ့တိုးပွားလာနေပါတယ်။ ဒါကြောင့် အဝါမီ လိဂ်နဲ့ အစိုးရအေဂျင်စီတွေကြားမှာသာမက အဝါမီလိဂ်နဲ့ တခြားနိုင်ငံရေးပါတီတွေဖြစ်တဲ့ BNP, JI နဲ့ NCP တို့ ကြားမှာပါ ပဋိပက္ခတွေ ဖြစ်လာနိုင်ခြေရှိနေပါတယ်။
တစ်ချိန်တည်းမှာပဲ ဟာစီနာရဲ့အဝါမီလိဂ်ပါတီကို ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင် ထားတဲ့အတွက် နိုင်ငံရေးမှာ ဖြစ်ပေါ်လာမယ့်လစ်ဟာမှုက BNP နဲ့ JI တို့ကြား တင်းမာမှုတွေမြင့်တက် လာစေ နိုင်ပါတယ်။ ဒီပါတီနှစ်ခုစလုံးဟာ အာဝါမီလိဂ်ကို နှစ်ရှည်လများ မုန်းတီးခဲ့တဲ့သမိုင်းကြောင်းရှိ ကြတာပါ။ အရင်က ဟာစီနာကိုဆန့်ကျင်ရာမှာ တူညီတဲ့အချက်တွေတွေ့ခဲ့ရပေမယ့် အခုတော့ ဒီပါတီ တွေဟာ အာဏာနဲ့ဩဇာလွှမ်းမိုးမှုအတွက် ယှဉ်ပြိုင်နေကြပါပြီ။ ဒါ့ပြင် BNP နဲ့ JI တို့ရဲ့ ပါတီတွင်း အကွဲ အပြဲတွေကလည်း မငြိမ်မသက်မှုတွေကို ထပ်မံတိုးပွားစေနိုင်ပါတယ်။
ဒီလိုဖြစ်ပေါ်နေတဲ့ ပဋိပက္ခအလွှာပေါင်းစုံဟာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို မတည်မငြိမ်ဖြစ်စေဖို့ဦးတည်နေပြီး တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုပြီး တာဝန်ယူ ထားတဲ့ကြားဖြတ်အစိုးရအတွက် အရေးပါတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ နိုင်ငံရေးကွဲပြားမှု တွေ ပို မိုနက်ရှိုင်းလာမှုနဲ့ အဝါမီလိဂ်ရဲ့ ထိပ်တိုက်ရင်ဆိုင်မှု သတိပေးချက်က မတည်ငြိမ်မှုကိုထပ်တိုးစေ တဲ့အတွက် ကြားဖြတ်အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းဖို့၊ အားပြိုင်နေတဲ့ အဖွဲ့အစည်း တွေကြားမှာ ကြားဝင်ညှိနှိုင်းပေးဖို့နဲ့ ငြိမ်းချမ်းတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို သေချာစေဖို့ဆိုတဲ့လုပ် ဆောင်ချက်တွေက ကြားဖြတ်အစိုးရဖြတ်ကျော်ရမယ့် အတားအဆီးတွေပါ။ ဒီတင်းမာမှုတွေကို ဂရုတ စိုက် စီမံခန့်ခွဲခြင်းမရှိဘူးဆိုရင် ဒါတွေဟာ ရွေးကောက်ပွဲအတွက် အဟန့်အတားဖြစ်စေရုံသာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရေရှည်တည်ငြိမ်မှုကိုပါခြိမ်းခြောက်လာနိုင်တယ်ဆိုတာ သတိချပ်စေလိုပါတယ်။

Zawgyi Version:
ဘဂၤလားေဒ့ရွ္ေ႐ြးေကာက္ပြဲနဲ႔ ဆႏၵခံယူပြဲ သတ္မွတ္ၿပီးေနာက္ေပၚေပါက္လာႏိုင္တဲ့ ပဋိပကၡ စိန္ေခၚမႈမ်ား
တင္ဇာ (NP News) - ဒီဇင္ဘာ ၂၅
ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ (၁၃)ႀကိမ္ေျမာက္ေ႐ြးေကာက္ပြဲကို (၂၀၂၆)ခုႏွစ္ ေဖေဖာ္ဝါရီလ(၁၂)ရက္ မွာက်င္းပသြားမယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္နာခ်ဳပ္ A.M.M. Nasir Uddin က (၂၀၂၅)ခုႏွစ္ ဒီဇင္ ဘာလ (၁၁)ရက္မွာေၾကညာခဲ့ပါတယ္။ (၂၆) လအတြင္း ႏိုင္ငံရဲ႕ ဒုတိယေျမာက္ေ႐ြးေကာက္ပြဲအခ်ိန္ ဇယားကိုေၾကညာရင္း မစၥတာ Nasir Uddin က ဘဂၤလားေဒ့ရွ္ဖြဲ႕စည္းပုံအေျခခံဥပေဒကိုျပင္ဆင္ဖို႔ ရည္႐ြယ္ထားတဲ့ မူဝါဒေတြျဖစ္တဲ့ ဇူလိုင္ပဋိညာဥ္ (July Charter) နဲ႔ပတ္သက္တဲ့ ဆႏၵခံယူပြဲကိုလည္း အဲဒီေန႔မွာပဲက်င္းပသြားမယ္လို႔ေျပာၾကားခဲ့ပါတယ္။ ေ႐ြးေကာက္ပြဲက်င္းပမယ္ဆိုသည့္တိုင္ ဘဂၤလား ေဒ့ရွ္ ရဲ႕ ႏိုင္ငံေရးအနာဂတ္ဟာ ခုခ်ိန္ထိ မေရရာမႈေတြရွိေနပါေသးတယ္။ ဒါ့ျပင္ ဖြဲ႕စည္းပုံျပင္ဆင္ဖို႔ ဆႏၵခံယူမယ့္အေရးမွာလည္း သေဘာထားကြဲလြဲမႈေတြ ရွိေနပါေသးတယ္။
ဇူလိုင္ပဋိညာဥ္ကို အမ်ိဳးသားသေဘာတူညီမႈ ေကာ္မရွင္ (National Consensus Commission) နဲ႔ ႏိုင္ငံေရးပါတီ (၂၅)ခုတို႔ကလက္မွတ္ေရးထိုးၿပီး (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာလမွာခ်မွတ္ခဲ့တာျဖစ္ပါ တယ္။ ဇူလိုင္ပဋိညာဥ္က (၁၉၇၂)ခုႏွစ္ ဘဂၤလားေဒ့ရွ္ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပဳျပင္ေျပာင္းလဲဖို႔ ရည္႐ြယ္ထားတာျဖစ္ၿပီး ၎က ႏိုင္ငံရဲ႕ ႏိုင္ငံေရးအာဏာခြဲေဝမႈကို သိသိသာသာေျပာင္းလဲေပးမယ့္ အေနအထားမွာရွိေနတယ္လို႔သိရပါတယ္။ ဇူလိုင္ပဋိညာဥ္ ကို ေဖေဖာ္ဝါရီလ(၁၂)ရက္ ဆႏၵခံယူပြဲမွာ အတည္ျပဳ ခဲ့မယ္ဆိုရင္ ဘဂၤလားေဒ့ရွ္သမၼတရဲ႕အာဏာေတြ တိုး ခ်ဲ႕လာမွာျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္ရဲ႕ အာဏာတခ်ိဳ႕ကေတာ့ ေလွ်ာ့ခ်ခံရမွာျဖစ္ပါတယ္။ ပါေမာကၡယူႏြတ္ဦးေဆာင္တဲ့ ၾကားျဖတ္အစိုးရ ရဲ႕ရည္႐ြယ္ခ်က္ေတြထဲကတစ္ခုကေတာ့ အနာဂတ္မွာ ႏိုင္ငံေရးအရ အာဏာအလြန္အကြၽံ သုံးတာမ်ိဳး ေတြကိုကာကြယ္ဖို႔အတြက္ ဝန္ႀကီးခ်ဳပ္ ရာထူးအေပၚမွာ ထိန္းညႇိကန႔္သတ္မႈေတြ(checks and balances) ထည့္သြင္းဖို႔ပဲျဖစ္ပါတယ္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ ေနာက္ဆုံးေ႐ြးေကာက္ပြဲကို (၂၀၂၄)ခုႏွစ္ ဇန္နဝါရီလမွာ က်င္းပခဲ့တာ ျဖစ္ ၿပီး အဓိကအတိုက္အခံပါတီျဖစ္တဲ့ BNP က သပိတ္ေမွာက္ခဲ့ပါတယ္။ သူတို႔က အဝါမီလိဂ္ပါတီကို မဲမသ မာမႈေတြလုပ္ခဲ့တယ္လို႔ စြပ္စြဲခဲ့တာပါ။ အဲဒီေနာက္ ဇူလိုင္နဲ႔ဩဂုတ္လအတြင္း လူထုအုံႂကြမႈေတြျဖစ္ေပၚ ခဲ့ၿပီး ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာရဲ႕အစိုးရ ျပဳတ္က်သြားခဲ့ၿပီးေနာက္မွာ ဘဂၤလားေဒ့ရွ္ ၾကားျဖတ္ အစိုးရဟာ ႏိုင္ငံေတာ္ယႏၲရားကို ျပဳျပင္ေျပာင္း လဲ ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။ ဒီရည္႐ြယ္ခ်က္နဲ႔အတူ ျပဳျပင္ ေျပာင္းလဲေရးေကာ္မရွင္အေတာ္မ်ားမ်ားကို ဖြဲ႕ စည္းခဲ့ရာမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပဳျပင္ေျပာင္းလဲ ေရးေကာ္မရွင္ (Constitution Reform Comm­ission-CRC) လည္းပါဝင္ၿပီး ဒီေကာ္မရွင္က (၂၀၂၅) ခုႏွစ္ ဇန္နဝါရီလမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒအသစ္ ျပင္ဆင္ေရးဆြဲႏိုင္ဖို႔ အႀကံျပဳခ်က္ေတြတင္သြင္းခဲ့ပါ တယ္။ အဲဒီေနာက္ ေဖေဖာ္ဝါရီလမွာ အဓိက ျပဳျပင္ ေျပာင္းလဲေရးေကာ္မရွင္ေျခာက္ခုရဲ႕ဥကၠ႒ေတြစု ေပါင္းၿပီး အမ်ိဳးသားသေဘာတူညီမႈေကာ္မရွင္ (National Consensus Commission -NCC) ကိုဖြဲ႕စည္း ခဲ့ၾကပါတယ္။ ဒီေကာ္မရွင္ရဲ႕တာဝန္က ေတာ့ “ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ ေ႐ြးေကာက္ပြဲစနစ္၊ တရားစီ ရင္ေရး၊ ျပည္သူ႔အုပ္ခ်ဳပ္ေရး၊ ရဲတပ္ဖြဲ႕နဲ႔ အဂတိ လိုက္စားမႈတိုက္ဖ်က္ေရး မူေဘာင္ေတြနဲ႔ပတ္သက္လို႔ ျပဳျပင္ေျပာင္းလဲေရးအဆိုျပဳခ်က္ေတြကို အတည္ျပဳဖို႔အတြက္ျဖစ္ပါတယ္။ ေနာက္ဆုံးမွာေတာ့ ဒီလုပ္ ငန္းစဥ္ဟာ ဇူလိုင္ပဋိညာဥ္ကိုေပၚေပါက္ေစ ခဲ့ပါတယ္။ ဒီပဋိညာဥ္မွာ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ အဆိုျပဳခ်က္ (၅၀)နီးပါးအပါအဝင္ ျပဳျပင္ေျပာင္းလဲေရးအဆိုျပဳခ်က္ (၈၀)ေက်ာ္ပါဝင္ပါတယ္။ ဒါေပမဲ့ အေရးႀကီးတဲ့ကိစၥရပ္မ်ားစြာမွာေတာ့ ပါတီေတြက သေဘာထားကြဲလြဲမႈေတြရွိေနေသးတယ္လို႔ မွတ္ခ်က္ ျပဳခဲ့ၾကတဲ့အတြက္ ဒီပဋိညာဥ္ရဲ႕ေအာင္ျမင္မႈက မေရရာေသးပါဘူး။
(၂၀၂၆)ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲကို ၾကားျဖတ္အစိုးရကႀကီးၾကပ္တဲ့စနစ္အသစ္ေအာက္ မွာ က်င္းပသြားမွာပါ။ မဲေပးခြင့္ရွိသူ (၁၂၇ ဒသမ ၆) သန္းခန႔္ဟာ မဲဆႏၵနယ္ (၃၀ဝ)မွာ ဆႏၵမဲေပးရမွာ ျဖစ္ပါတယ္။ ဒါ့ျပင္ ဘဂၤလားေဒ့ရွ္သမိုင္းမွာ ပထမဆုံး အႀကိမ္အေနနဲ႔ ျပည္ပေရာက္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံ သားေတြဟာ စာတိုက္မဲ (postal ballots) ေတြကေနတစ္ဆင့္ ေ႐ြးေကာက္ပြဲမွာ ပါဝင္ႏိုင္ၾကမွာျဖစ္ပါ တယ္။ ဒီလုပ္ေဆာင္ခ်က္က ႏိုင္ငံရဲ႕နယ္နိမိတ္ေတြကိုေက်ာ္လြန္ၿပီး မဲဆႏၵရွင္ေတြရဲ႕ ပါဝင္ပတ္သက္မႈကို ခ်ဲ႕ထြင္ဖို႔ ဦးတည္တဲ့ေျခလွမ္းတစ္ခုအျဖစ္သတ္မွတ္ႏိုင္ပါတယ္။ ဒါ့ျပင္ လာမယ့္ေ႐ြးေကာက္ပြဲအတြက္ မဲေပးခ်ိန္ကို ရွစ္နာရီကေနကိုးနာရီအထိတိုးျမႇင့္ခဲ့ပါတယ္။ ဒီျပဳျပင္ေျပာင္းလဲမႈေတြဟာ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္အေပၚ လူထုရဲ႕ ယုံၾကည္စိတ္ခ်မႈကို ျပန္လည္ရယူဖို႔နဲ႔ ေ႐ြးေကာက္ပြဲရဲ႕လုံၿခဳံေရးနဲ႔ ေပါင္း စည္းညီၫြတ္မႈကို ေသခ်ာေစဖို႔ဆိုၿပီး ရည္႐ြယ္ထားပုံရပါတယ္။ ေ႐ြးေကာက္ပြဲလုံၿခဳံေရးကို ပိုမိုအားျဖည့္ ဖို႔အတြက္ ပုံမွန္တပ္ဖြဲ႕ေတြနဲ႔အတူ စစ္သည္ေတြကိုပါ ခ်ထားမွာျဖစ္ေၾကာင္းသိရပါတယ္။
ဘဂၤလားေဒ့ရွ္အမ်ိဳးသားပါတီ(BNP) ၊ Jamaat-e-Islami (JI) နဲ႔ အမ်ိဳးသားႏိုင္ငံသားပါတီ (NCP) အပါအဝင္ အဓိကႏိုင္ငံေရးပါတီေတြက ေဖေဖာ္ဝါရီလမွာက်င္းပမယ့္ ေ႐ြးေကာက္ပြဲေၾကညာခ်က္ကို ေထာက္ခံေၾကာင္းေဖာ္ျပခဲ့ၾကပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္း ခါလီဒါဇီယာနဲ႔ သူရဲ႕သား တာရစ္ ရာမန္တို႔ဦး ေဆာင္တဲ့ BNP ကို လာမယ့္ေ႐ြးေကာက္ပြဲမွာ အဓိကယွဥ္ၿပိဳင္ဘက္အျဖစ္ရႈျမင္ထားၾကပါတယ္။ ဟာစီ နာလက္ေအာက္မွာ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ ၿပိဳင္ခြင့္ပိတ္ပင္ခံထားရတဲ့ အစၥလာမၼစ္ပါတီျဖစ္တဲ့ Jamaat-e-Islami ဟာလည္း ႏိုင္ငံေရးနယ္ပယ္ကို ျပန္လည္ဝင္ေရာက္ဖို႔ျပင္ဆင္ေနပါတယ္။
NCP ကေတာ့ (၂၀၂၄)ခုႏွစ္ လူထုအုံႂကြမႈမွာ ပါဝင္ခဲ့တဲ့ ေက်ာင္းသားေခါင္းေဆာင္ေတြ ဖြဲ႕ စည္းထားတဲ့ ပါတီအသစ္တစ္ခုျဖစ္ပါတယ္။ ဆႏၵျပပြဲေတြ မွာထင္ရွားတဲ့ အင္အားစုျဖစ္ေပမယ့္ ဒီပါတီ ဟာ မဲဆႏၵရွင္ေတြၾကားမွာ သူတို႔ရဲ႕အေနအထားကို ခိုင္မာေအာင္လုပ္ေဆာင္ရာမွာ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ လမ္းေပၚကအင္အားကို ေ႐ြးေကာက္ပြဲဆိုင္ ရာေထာက္ခံမႈအျဖစ္ေျပာင္းလဲဖို႔ ႐ုန္းကန္ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
ဟာစီနာရဲ႕အဝါမီလိဂ္ပါတီကေတာ့ ေ႐ြးေကာက္ပြဲ ေၾကညာခ်က္ကိုမေထာက္ခံခဲ့ပါဘူး။ တစ္ဖန္ ၾကားျဖတ္အစိုးရကလည္း ႏွစ္ေပါင္းမ်ားစြာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံေရးနယ္ပယ္ကိုလႊမ္းမိုးခဲ့တဲ့ အဝါမီလိဂ္ ပါတီကို ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ကန႔္သတ္ထားပါတယ္။ ဒါ့ျပင္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး (ICT) က ေက်ာင္းသားအုံႂကြမႈအတြင္း ျဖစ္ပြားခဲ့တဲ့ ရက္စက္ၾကမ္းၾကဳတ္မႈေတြအပါအဝင္ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈဆိုင္ရာစြပ္စြဲခ်က္ေတြနဲ႔အတူ ဟာစီနာကို ေသဒဏ္ခ်မွတ္ ခဲ့ပါတယ္။
ဟာစီနာကို ေထာက္ခံသူေတြ၊ အထူးသျဖင့္ သူရဲ႕ အဝါမီလိဂ္ပါတီဝင္ေတြဟာ သူ႔ကို ေသဒဏ္ခ် မွတ္ၿပီးေနာက္မွာ ေဒါသတႀကီးျဖစ္ေနၾကပါတယ္။ ဟာစီနာရဲ႕သားနဲ႔ အဓိကအႀကံေပးျဖစ္သူ Sajeeb Wazed က ပါတီအေပၚပိတ္ပင္ထားတာကို ေဖေဖာ္ဝါရီေ႐ြးေကာက္ပြဲမတိုင္ခင္ အခ်ိန္မီ ျပန္မ႐ုပ္သိမ္း ဘူးဆိုရင္ အဝါမီလိဂ္ေထာက္ခံသူေတြဟာ လမ္းေပၚ ထြက္ၿပီး ေ႐ြးေကာက္ပြဲကိုပိတ္ဆို႔ၾကလိမ့္မယ္လို႔ အရင္ကေျပာဆိုခဲ့ဖူးပါတယ္။ Wazed က သူနဲ႔ ဟာစီနာတို႔ဟာ ႏိုင္ငံတြင္းမွာရွိတဲ့ ပါတီေခါင္းေဆာင္ေတြ အပါအဝင္ တက္ျြကလႈပ္ရွားသူအားလုံးနဲ႔ အဆက္အ သြယ္ရွိတယ္လို႔ အခိုင္အမာေျပာၾကားရင္း ဆႏၵျပပြဲ ႀကီးေတြျဖစ္လာႏိုင္ေၾကာင္းသတိေပးခဲ့ပါတယ္။ ပါတီ ရဲ႕ “သိန္းနဲ႔ခ်ီတဲ့တက္ႂကြလႈပ္ရွားသူေတြ”၊ “သန္းနဲ႔ ခ်ီတဲ့ေထာက္ခံသူေတြ” ဟာ စုေဝးဖို႔အသင့္ရွိေနတယ္လို႔ သူကဆိုပါတယ္။
ဒီၿခိမ္းေျခာက္မႈေတြက ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ တင္းမာေနၿပီးသားႏိုင္ငံေရးအေျခအေနအတြက္ ရႈပ္ေထြးမႈအလႊာသစ္တစ္ခုကို ထပ္ေပါင္းထည့္လိုက္တာ ပဲျဖစ္ပါတယ္။ ႏိုင္ငံဟာ လာမယ့္ေ႐ြးေကာက္ပြဲ ဆီ ပိုၿပီးနီးကပ္လာတာနဲ႔အမွ် တင္းမာမႈေတြဟာ ပုံစံမ်ိဳးစုံ နဲ႔တိုးပြားလာေနပါတယ္။ ဒါေၾကာင့္ အဝါမီ လိဂ္နဲ႔ အစိုးရေအဂ်င္စီေတြၾကားမွာသာမက အဝါမီလိဂ္နဲ႔ တျခားႏိုင္ငံေရးပါတီေတြျဖစ္တဲ့ BNP, JI နဲ႔ NCP တို႔ ၾကားမွာပါ ပဋိပကၡေတြ ျဖစ္လာႏိုင္ေျခရွိေနပါတယ္။
တစ္ခ်ိန္တည္းမွာပဲ ဟာစီနာရဲ႕အဝါမီလိဂ္ပါတီကို ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္ ထားတဲ့အတြက္ ႏိုင္ငံေရးမွာ ျဖစ္ေပၚလာမယ့္လစ္ဟာမႈက BNP နဲ႔ JI တို႔ၾကား တင္းမာမႈေတြျမင့္တက္ လာေစ ႏိုင္ပါတယ္။ ဒီပါတီႏွစ္ခုစလုံးဟာ အာဝါမီလိဂ္ကို ႏွစ္ရွည္လမ်ား မုန္းတီးခဲ့တဲ့သမိုင္းေၾကာင္းရွိ ၾကတာပါ။ အရင္က ဟာစီနာကိုဆန႔္က်င္ရာမွာ တူညီတဲ့အခ်က္ေတြေတြ႕ခဲ့ရေပမယ့္ အခုေတာ့ ဒီပါတီ ေတြဟာ အာဏာနဲ႔ဩဇာလႊမ္းမိုးမႈအတြက္ ယွဥ္ၿပိဳင္ေနၾကပါၿပီ။ ဒါ့ျပင္ BNP နဲ႔ JI တို႔ရဲ႕ ပါတီတြင္း အကြဲ အၿပဲေတြကလည္း မၿငိမ္မသက္မႈေတြကို ထပ္မံတိုးပြားေစႏိုင္ပါတယ္။
ဒီလိုျဖစ္ေပၚေနတဲ့ ပဋိပကၡအလႊာေပါင္းစုံဟာ ေ႐ြးေကာက္ပြဲနီးလာတာနဲ႔အမွ် ဘဂၤလားေဒ့ရွ္ႏိုင္ငံ ကို မတည္မၿငိမ္ျဖစ္ေစဖို႔ဦးတည္ေနၿပီး တရားမွ်တတဲ့ေ႐ြးေကာက္ပြဲက်င္းပေပးမယ္ဆိုၿပီး တာဝန္ယူ ထားတဲ့ၾကားျဖတ္အစိုးရအတြက္ အေရးပါတဲ့ စိန္ေခၚမႈတစ္ရပ္ျဖစ္လာႏိုင္ပါတယ္။ ႏိုင္ငံေရးကြဲျပားမႈ ေတြ ပို မိုနက္ရႈိင္းလာမႈနဲ႔ အဝါမီလိဂ္ရဲ႕ ထိပ္တိုက္ရင္ဆိုင္မႈ သတိေပးခ်က္က မတည္ၿငိမ္မႈကိုထပ္တိုးေစ တဲ့အတြက္ ၾကားျဖတ္အစိုးရအေနနဲ႔ တရားဥပေဒစိုးမိုးမႈကို ထိန္းသိမ္းဖို႔၊ အားၿပိဳင္ေနတဲ့ အဖြဲ႕အစည္း ေတြၾကားမွာ ၾကားဝင္ညႇိႏႈိင္းေပးဖို႔နဲ႔ ၿငိမ္းခ်မ္းတဲ့ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္ကို ေသခ်ာေစဖို႔ဆိုတဲ့လုပ္ ေဆာင္ခ်က္ေတြက ၾကားျဖတ္အစိုးရျဖတ္ေက်ာ္ရမယ့္ အတားအဆီးေတြပါ။ ဒီတင္းမာမႈေတြကို ဂ႐ုတ စိုက္ စီမံခန႔္ခြဲျခင္းမရွိဘူးဆိုရင္ ဒါေတြဟာ ေ႐ြးေကာက္ပြဲအတြက္ အဟန႔္အတားျဖစ္ေစ႐ုံသာမက ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ ေရရွည္တည္ၿငိမ္မႈကိုပါၿခိမ္းေျခာက္လာႏိုင္တယ္ဆိုတာ သတိခ်ပ္ေစလိုပါတယ္။

Related news

© 2021. All rights reserved.