တောင်ငူတွင် မြို့ရှောင်ရထားလမ်းဖောက်ရန် နှင့် မြို့ကွက်သစ်တိုးချဲ့ ရန် အတွက် မလွတ်ကင်းသော ဓာတ်အား လိုင်းများကို နေရာရွေ့မည်

 502

စိမ့် (NP News)-ဒီဇင်ဘာ ၂၅
တောင်ငူတွင် မြို့ရှောင်ရထားလမ်းဖောက်ရန် နှင့် မြို့ကွက်သစ်တိုးချဲ့ ရန် အတွက် မလွတ်ကင်းသော ဓာတ်အား လိုင်းများကို နေရာရွေ့မည် ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ပြောင်းရွေ့မည့် အခြေအနေနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ (ဒီဇင်ဘာ ၂၄) နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
ထိုသို့ သွားရောက်စဉ် တောင်ငူမြို့ရှောင်ရထားလမ်းဖောက်လုပ်ရာတွင် လွတ်ကင်းမှုမရှိသည့် ၂၃၀ ကေဗွီ နှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည့် အခြေအနေနှင့် မြို့ကွက်သစ်တိုးချဲ့စီမံကိန်းဧရိယာနှင့် လွတ်ကင်းမှုမရှိသည့် ၃၃ ကေဗွီဓာတ်အားလိုင်း၊ ၁၁ ကေဗွီ နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ရမည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ ဆောလျင်စွာပြီးစီးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် ပြည်ထောင်စု ဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။
လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံနှုန်းပြည့်မီစေရေး၊ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်းဟောင်းပြန်လည်ဖြုတ်သိမ်းခြင်းမှ ဆယ်တင်ပစ္စည်းများကို စနစ်တကျစာရင်းပြုစုသိမ်းဆည်းထားရှိရန် မှာကြားပြီး လိုအပ်သည်များကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ်ရှိ ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building နှင့် Switch Yard တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထရန်စဖော်မာများ၊ Shunt Reactor နှင့် Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးနေမှုအခြေအနေတို့ကို ပြည်ထောင်စု ဝန်ကြီး က ကြည့်ရှု့စစ်ဆေးခဲ့ပြီး အဆိုပါ စီမံကိန်းသည် လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၉၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Zawgyi Version:
ေတာင္ငူတြင္ ၿမိဳ႕ေရွာင္ရထားလမ္းေဖာက္ရန္ ႏွင့္ ၿမိဳ႕ကြက္သစ္တိုးခ်ဲ႕ ရန္ အတြက္ မလြတ္ကင္းေသာ ဓာတ္အား လိုင္းမ်ားကို ေနရာေ႐ြ႕မည္
စိမ့္ (NP News)-ဒီဇင္ဘာ ၂၅
ေတာင္ငူတြင္ ၿမိဳ႕ေရွာင္ရထားလမ္းေဖာက္ရန္ ႏွင့္ ၿမိဳ႕ကြက္သစ္တိုးခ်ဲ႕ ရန္ အတြက္ မလြတ္ကင္းေသာ ဓာတ္အား လိုင္းမ်ားကို ေနရာေ႐ြ႕မည္ ျဖစ္ေၾကာင္း လွ်ပ္စစ္ဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ေျပာင္းေ႐ြ႕မည့္ အေျခအေနႏွင့္ ပတ္သက္၍ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဉာဏ္ထြန္းသည္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္အတူ ယမန္ေန႔ (ဒီဇင္ဘာ ၂၄) နံနက္ပိုင္းက ကြင္းဆင္းၾကည့္ရႈခဲ့ေၾကာင္းသိရသည္။
ထိုသို႔ သြားေရာက္စဥ္ ေတာင္ငူၿမိဳ႕ေရွာင္ရထားလမ္းေဖာက္လုပ္ရာတြင္ လြတ္ကင္းမႈမရွိသည့္ ၂၃၀ ေကဗြီ ႏွင့္ ၃၃ ေကဗြီ ဓာတ္အားလိုင္းမ်ား ေျပာင္းေ႐ႊ႕တည္ေဆာက္ျခင္းလုပ္ငန္း ေဆာင္႐ြက္ရမည့္ အေျခအေနႏွင့္ ၿမိဳ႕ကြက္သစ္တိုးခ်ဲ႕စီမံကိန္းဧရိယာႏွင့္ လြတ္ကင္းမႈမရွိသည့္ ၃၃ ေကဗြီဓာတ္အားလိုင္း၊ ၁၁ ေကဗြီ ႏွင့္ ၄၀၀ ဗို႔ ဓာတ္အားလိုင္းမ်ား ေျပာင္းေ႐ႊ႕တည္ေဆာက္ရမည့္ အေျခအေနတို႔ကို လွည့္လည္ၾကည့္ရႈစစ္ေဆးၿပီး ဓာတ္အားလိုင္းမ်ား ေျပာင္းေ႐ႊ႕တည္ေဆာက္ျခင္းလုပ္ငန္းမ်ား ေဆာလ်င္စြာၿပီးစီးႏိုင္ေရး အားလုံးဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္သြားရန္ ျပည္ေထာင္စု ဝန္ႀကီးက မွာၾကားခဲ့ေၾကာင္း သိရသည္။
လုပ္ငန္းခြင္သုံးပစၥည္းမ်ား စံခ်ိန္စံႏႈန္းျပည့္မီေစေရး၊ ေလလြင့္ဆုံးရႈံးမႈမရွိေစေရးႏွင့္ သတ္မွတ္ခ်ိန္အတြင္း အခ်ိန္မီၿပီးစီးႏိုင္ေရး အေလးထားေဆာင္႐ြက္သြားရန္၊ ဓာတ္အားလိုင္းေဟာင္းျပန္လည္ျဖဳတ္သိမ္းျခင္းမွ ဆယ္တင္ပစၥည္းမ်ားကို စနစ္တက်စာရင္းျပဳစုသိမ္းဆည္းထားရွိရန္ မွာၾကားၿပီး လိုအပ္သည္မ်ားကိုလည္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ပဲခူးၿမိဳ႕နယ္ရွိ ၅၀၀ ေကဗြီ ဘုရားႀကီးဓာတ္အားခြဲ႐ုံစီမံကိန္းသို႔ ေရာက္ရွိၿပီး စီမံကိန္းလုပ္ငန္းခြင္အတြင္း Control Building ႏွင့္ Switch Yard တည္ေဆာက္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈ၊ ထရန္စေဖာ္မာမ်ား၊ Shunt Reactor ႏွင့္ Hybrid Gas Insulated Switchgear (HGIS) တပ္ဆင္ၿပီးစီးေနမႈအေျခအေနတို႔ကို ျပည္ေထာင္စု ဝန္ႀကီး က ၾကည့္ရႈ႕စစ္ေဆးခဲ့ၿပီး အဆိုပါ စီမံကိန္းသည္ လက္ရွိအခ်ိန္တြင္ စီမံကိန္းတစ္ခုလုံးအေနျဖင့္ ၉၂ ရာခိုင္ႏႈန္း ေဆာင္႐ြက္ၿပီးစီးေနၿပီျဖစ္ကာ စီမံကိန္းတစ္ခုလုံး ရာႏႈန္းျပည့္ၿပီးစီးႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.