မအူပင်မြို့၌ တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမှုတွင် မဲစာရင်းလာရောက်ကြည့်ရှုသူများလာ

519
ပြည့်ဖြိုးပိုင် (မအူပင်) ဒီဇင်ဘာ - ၂၅
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒီဇင်ဘာလ (၂၃)ရက်နေ့၌ ထပ်မံကြေညာခဲ့သော တတိယအကြိမ်မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းအား လာရောက်ကြည့်ရှုသူများလာကြောင်း ဒေသခံ များဆီမှ သိရသည်။
"ကျွန်တော်လည်းအခုဘဲမဲစာရင်းကြည့်ပြီးပြန်လာတာ ၊ အခုတစ်ခေါက်တော့ အရင်ပထမအကြိမ် ၊ ဒုတိယအကြိမ် မဲစာရင်းကြေညာတုန်းက လာရောက်ကြည့်ရှုသူ ထက်ပိုများလာတယ် ၊ ရွေးကောက်ပွဲကိုစိတ်ဝင်စားမှုများလာတဲ့သဘောပေါ့ " ဟု မအူပင်ဒေသခံပြည်သူတစ်ဦးက NP News သတင်းဌာနသို့ ပြောသည်။
မအူပင်မြို့သည် ၂၀၂၅ခုနှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်ကြေညာ ချက်အရရွေးကောက်ပွဲ အပိုင်း(၁) ၌ပါဝင်နေပြီး လာမည့် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကာ မအူပင်မြို့နယ်တွင်
ပါတီပေါင်း (၈)ပါတီမှ က်ိုယ်စားလှယ်လောင်းများဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ မဲပေးနိုင်ခွင့်ရှိသူမှာ (၂)သိန်းကျော်ရှိကြောင်းလည်းသိရသည်။
သတင်းဓါတ်ပုံ - ပြည့်ဖြိုးပိုင် (NP News)

Zawgyi Version:
မအူပင္ၿမိဳ႕၌ တတိယအႀကိမ္ မဲစာရင္းကပ္ထားေၾကညာမႈတြင္ မဲစာရင္းလာေရာက္ၾကည့္ရႈသူမ်ားလာ
ျပည့္ၿဖိဳးပိုင္ (မအူပင္) ဒီဇင္ဘာ - ၂၅
ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕တြင္ ၂၀၂၅ခုႏွစ္ ဒီဇင္ဘာလ (၂၈)ရက္ေန႔တြင္စတင္က်င္းပမည့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲအတြက္ ဒီဇင္ဘာလ (၂၃)ရက္ေန႔၌ ထပ္မံေၾကညာခဲ့ေသာ တတိယအႀကိမ္မဲဆႏၵရွင္ျပည္သူမ်ား၏ မဲစာရင္းအား လာေရာက္ၾကည့္ရႈသူမ်ားလာေၾကာင္း ေဒသခံ မ်ားဆီမွ သိရသည္။
"ကြၽန္ေတာ္လည္းအခုဘဲမဲစာရင္းၾကည့္ၿပီးျပန္လာတာ ၊ အခုတစ္ေခါက္ေတာ့ အရင္ပထမအႀကိမ္ ၊ ဒုတိယအႀကိမ္ မဲစာရင္းေၾကညာတုန္းက လာေရာက္ၾကည့္ရႈသူ ထက္ပိုမ်ားလာတယ္ ၊ ေ႐ြးေကာက္ပြဲကိုစိတ္ဝင္စားမႈမ်ားလာတဲ့သေဘာေပါ့ " ဟု မအူပင္ေဒသခံျပည္သူတစ္ဦးက NP News သတင္းဌာနသို႔ ေျပာသည္။
မအူပင္ၿမိဳ႕သည္ ၂၀၂၅ခုႏွစ္ ပါတီစုံ ဒီမိုကေရစီေ႐ြးေကာက္ပြဲ၌ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ထုတ္ျပန္ေၾကညာ ခ်က္အရေ႐ြးေကာက္ပြဲ အပိုင္း(၁) ၌ပါဝင္ေနၿပီး လာမည့္ ဒီဇင္ဘာလ (၂၈)ရက္ေန႔တြင္ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္သြားမည္ျဖစ္ကာ မအူပင္ၿမိဳ႕နယ္တြင္
ပါတီေပါင္း (၈)ပါတီမွ က္ိုယ္စားလွယ္ေလာင္းမ်ားဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ကာ မဲေပးႏိုင္ခြင့္ရွိသူမွာ (၂)သိန္းေက်ာ္ရွိေၾကာင္းလည္းသိရသည္။
သတင္းဓါတ္ပုံ - ျပည့္ၿဖိဳးပိုင္ (NP News)