ပြည်သူ့ပါတီ၏ ရန်ကုန်တိုင်းရုံးအနီး လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုမှ ပြစ်မှုကျူးလွန်သူ (၂) ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

5123

သုတကျော် (NP News) - ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရှိ ပြည်သူ့ပါတီ၏ ရန်ကုန်တိုင်းရုံးအနီး
လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုမှ ပြစ်မှုကျူးလွန်သူ (၂) ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ (၂၁) ရက်နေ့ ည (၇) နာရီ (၂၅) မိနစ်ကမင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး(အနောက်)ရပ်ကွက်၊ အထက်ပန်းဆိုးတန်းလမ်း၊ တိုက်အမှတ် (၈၄) နှင့် (၈၆) ကြားတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးသူများက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်လုပ်မိုင်းအား အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လမ်းဘေး၌ ရပ်တန့်ထားသော YGN-18 1E/7972 NISSAN TIIDA LATIO မော်တော်ယာဉ်တွင် ဝဲ/ယာဘက်မှန်တံခါး (၄) ချပ်နှင့် ယာဘက်ခြမ်းတံခါးများတွင် မိုင်းပေါက်ကွဲစများထိမှန်ခဲ့ရာ တန်ဖိုး ကျပ် ၁၈ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးသူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက စဉ်ဆက်မပြတ် စုံစမ်းဖော်ထုတ်ခဲ့ရာ အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူ များ၏ သတင်းပေးပို့ချက်အရ ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၅)ရပ်ကွက်၊ စွယ်တော်လမ်း၊ အမှတ်(၁၉၈)နေ ကြည်ကြည်ရွှေ (၃၇)နှစ် (ဘ)ဦးစိန်မြင့်နှင့် အခင်းဖြစ်ရပ်သို့ လိုက်ပါလာသည့် ၎င်း၏သားဖြစ်သူ မောင်လင်းလတ်ဟိန်း(ဘ)ဦးနိုင်လင်းတို့ ၂ ဦးအား ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ဗုံးဖောက်ခွဲရန် ခိုင်းစေသူ ကိုလင်း(ဖမ်းဆီးရန်ကျန်)မှ Kpay Account ဖြင့် ပေးအပ်သည့်ငွေ ၃၅၀,၀၀၀ ကျပ်မှ သုံးစွဲပြီးကျန်ငွေ ၂၄၅,၀၀၀ ၊ ဖုန်းအမှတ် ၀၉-၇၅၁၁၄၂၈၄၁ နှင့် ၀၉-၆၉၄၂၂၅၄၄၀ နံပါတ်ပါ itel P65 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ ပြစ်မှုကျူးလွန်စဉ်က ကြည်ကြည်ရွှေ ဝတ်ဆင်ခဲ့သည့် ရှပ်အင်္ကျီလက်ရှည် ၁ ထည်၊ အနက်ရောင် လက်တိုတီရှပ်အင်္ကျီ ၁ ထည်၊ CONVERSE စာတမ်းပါ ခဲရောင်ဘောင်းဘီအရှည် ၁ ထည်၊ XAVIER DANAUD စာတမ်းပါ အနက်ရောင် အမျိုးသမီးကိုင်ဘေးလွယ်အိတ် ၁ လုံး၊ ပန်းရောင်ကွင်းထိုးဖိနပ် ၁ ရံ၊ ပြစ်မှုကျူးလွန်စဉ်က မောင်လင်းလတ်ဟိန်း ဝတ်ဆင်ခဲ့သည့် တီရှပ်အင်္ကျီလက်တို ၁ ထည်၊ ဂျင်းဘောင်းဘီအရှည် ၁ ထည်၊ ကွင်းထိုးအပြာရောင်ဖိနပ် ၁ ရံ တို့နှင့်အတူ ၎င်းတို့၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၉၄၃/၂၀၂၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ) ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ကြည်ကြည်ရွှေသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၄အမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ်(၂၀)ကျခံနေသည့် ဒုတိယခင်ပွန်းဖြစ်သူ ဇော်လင်း(ခ)ဇော်ကြီးအား ထောင်ဝင်စာသွားရောက်တွေ့ ဆုံစဉ် ဇော်လင်း(ခ)ဇော်ကြီး၏ ဆက်သွယ် ပေးမှုအရ ကိုလင်း(ဖမ်းဆီးရန်ကျန်)ထံ Telegram မှတဆင့် ဆက်သွယ်ခဲ့ရာ ကိုလင်း(ဖမ်းဆီးရန်ကျန်) ၏ခိုင်းစေချက်အရ မင်္ဂလာဒုံမြို့ နယ်၊ ထောက်ကြန့်လမ်းဆုံသို့သွားရောက်ကာ မနွေ(ဖမ်းဆီးရန်ကျန်) ထံမှ လက်လုပ်ဗုံးပါအထုပ်(၁)ထုပ်အား ယူဆောင်ခဲ့ကြောင်း၊ အဆိုပါ လက်လုပ်ဗုံးအား မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး(အနောက်)ရပ်ကွက်၊ အထက်ပန်းဆိုးတန်းလမ်း၊ တိုက်အမှတ်(၈၄) နှင့် (၈၆) တိုက်(၂)နှစ်လုံးကြားတွင် ချထားခဲ့ပြီး ကိုလင်း(ဖမ်းဆီးရန်ကျန်)ထံ Telegram မှတစ်ဆင့် ဆက်သွယ်ပြီးနောက် ဗုံးမှာ ပေါက်ကွဲသွားခဲ့ကြောင်း၊ ထို့နောက် kpay Account ဖြင့် ၎င်းထံသို့ ငွေကျပ် (၃၅၀,၀၀၀)အား (၃)ကြိမ်ခွဲ၍ လွှဲပို့ပေးခဲ့ကြောင်းစစ်ဆေးသိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင် ပူးပေါင်းပါဝင်သူ ဖမ်းဆီးရန်ကျန် တရားခံများအား ဖမ်းဆီးရမိရေးနှင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

zawgyi version
ျပည္သူ႔ပါတီ၏ ရန္ကုန္တိုင္း႐ုံးအနီး လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲခဲ့မႈမွ ျပစ္မႈက်ဴးလြန္သူ (၂) ဦးအား သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ
ဒီဇင္ဘာ ၂၅
ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ ရွိ ျပည္သူ႔ပါတီ၏ ရန္ကုန္တိုင္း႐ုံးအနီး
လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲခဲ့မႈမွ ျပစ္မႈက်ဴးလြန္သူ (၂) ဦးအား သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဒီဇင္ဘာလ (၂၁) ရက္ေန႔ ည (၇) နာရီ (၂၅) မိနစ္ကမဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ကန္ေတာ္ကေလး(အေနာက္)ရပ္ကြက္၊ အထက္ပန္းဆိုးတန္းလမ္း၊ တိုက္အမွတ္ (၈၄) ႏွင့္ (၈၆) ၾကားတြင္ အၾကမ္းဖက္ေဖာက္ခြဲဖ်က္ဆီးသူမ်ားက အမ်ားျပည္သူ ထိခိုက္ေစရန္ ရည္႐ြယ္၍ လက္လုပ္မိုင္းအား အေဝးထိန္းစနစ္ျဖင့္ ေဖာက္ခြဲဖ်က္ဆီးခဲ့သျဖင့္ လမ္းေဘး၌ ရပ္တန႔္ထားေသာ YGN-18 1E/7972 NISSAN TIIDA LATIO ေမာ္ေတာ္ယာဥ္တြင္ ဝဲ/ယာဘက္မွန္တံခါး (၄) ခ်ပ္ႏွင့္ ယာဘက္ျခမ္းတံခါးမ်ားတြင္ မိုင္းေပါက္ကြဲစမ်ားထိမွန္ခဲ့ရာ တန္ဖိုး က်ပ္ ၁၈ သိန္းခန႔္ ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွ အၾကမ္းဖက္ေဖာက္ခြဲဖ်က္ဆီးသူမ်ားအား ဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက စဥ္ဆက္မျပတ္ စုံစမ္းေဖာ္ထုတ္ခဲ့ရာ အၾကမ္းဖက္မႈကိုမလိုလားသည့္ ျပည္သူ မ်ား၏ သတင္းေပးပို႔ခ်က္အရ ျပစ္မႈက်ဴးလြန္သူ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၁၀၅)ရပ္ကြက္၊ စြယ္ေတာ္လမ္း၊ အမွတ္(၁၉၈)ေန ၾကည္ၾကည္ေ႐ႊ (၃၇)ႏွစ္ (ဘ)ဦးစိန္ျမင့္ႏွင့္ အခင္းျဖစ္ရပ္သို႔ လိုက္ပါလာသည့္ ၎၏သားျဖစ္သူ ေမာင္လင္းလတ္ဟိန္း(ဘ)ဦးႏိုင္လင္းတို႔ ၂ ဦးအား ဒီဇင္ဘာလ ၂၄ ရက္ေန႔ မြန္းလြဲ ၂ နာရီခြဲအခ်ိန္တြင္ ဗုံးေဖာက္ခြဲရန္ ခိုင္းေစသူ ကိုလင္း(ဖမ္းဆီးရန္က်န္)မွ Kpay Account ျဖင့္ ေပးအပ္သည့္ေငြ ၃၅၀,၀၀၀ က်ပ္မွ သုံးစြဲၿပီးက်န္ေငြ ၂၄၅,၀၀၀ ၊ ဖုန္းအမွတ္ ၀၉-၇၅၁၁၄၂၈၄၁ ႏွင့္ ၀၉-၆၉၄၂၂၅၄၄၀ နံပါတ္ပါ itel P65 အမ်ိဳးအစား လက္ကိုင္ဖုန္း ၁ လုံး၊ ျပစ္မႈက်ဴးလြန္စဥ္က ၾကည္ၾကည္ေ႐ႊ ဝတ္ဆင္ခဲ့သည့္ ရွပ္အက်ႌလက္ရွည္ ၁ ထည္၊ အနက္ေရာင္ လက္တိုတီရွပ္အက်ႌ ၁ ထည္၊ CONVERSE စာတမ္းပါ ခဲေရာင္ေဘာင္းဘီအရွည္ ၁ ထည္၊ XAVIER DANAUD စာတမ္းပါ အနက္ေရာင္ အမ်ိဳးသမီးကိုင္ေဘးလြယ္အိတ္ ၁ လုံး၊ ပန္းေရာင္ကြင္းထိုးဖိနပ္ ၁ ရံ၊ ျပစ္မႈက်ဴးလြန္စဥ္က ေမာင္လင္းလတ္ဟိန္း ဝတ္ဆင္ခဲ့သည့္ တီရွပ္အက်ႌလက္တို ၁ ထည္၊ ဂ်င္းေဘာင္းဘီအရွည္ ၁ ထည္၊ ကြင္းထိုးအျပာေရာင္ဖိနပ္ ၁ ရံ တို႔ႏွင့္အတူ ၎တို႔၏ ေနအိမ္၌ ဖမ္းဆီးရမိခဲ့သျဖင့္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕မရဲစခန္း(ပ)၉၄၃/၂၀၂၅၊ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၀(ဈ) ျဖင့္ အမႈဖြင့္အေရးယူခဲ့သည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ ၾကည္ၾကည္ေ႐ႊသည္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕မရဲစခန္း ရာဇသတ္ႀကီးပုဒ္မ ၃၉၄/၃၄အမႈျဖင့္ အလုပ္ႏွင့္ေထာင္ဒဏ္ႏွစ္(၂၀)က်ခံေနသည့္ ဒုတိယခင္ပြန္းျဖစ္သူ ေဇာ္လင္း(ခ)ေဇာ္ႀကီးအား ေထာင္ဝင္စာသြားေရာက္ေတြ႕ ဆုံစဥ္ ေဇာ္လင္း(ခ)ေဇာ္ႀကီး၏ ဆက္သြယ္ ေပးမႈအရ ကိုလင္း(ဖမ္းဆီးရန္က်န္)ထံ Telegram မွတဆင့္ ဆက္သြယ္ခဲ့ရာ ကိုလင္း(ဖမ္းဆီးရန္က်န္) ၏ခိုင္းေစခ်က္အရ မဂၤလာဒုံၿမိဳ႕ နယ္၊ ေထာက္ၾကန႔္လမ္းဆုံသို႔သြားေရာက္ကာ မေႏြ(ဖမ္းဆီးရန္က်န္) ထံမွ လက္လုပ္ဗုံးပါအထုပ္(၁)ထုပ္အား ယူေဆာင္ခဲ့ေၾကာင္း၊ အဆိုပါ လက္လုပ္ဗုံးအား မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ကန္ေတာ္ကေလး(အေနာက္)ရပ္ကြက္၊ အထက္ပန္းဆိုးတန္းလမ္း၊ တိုက္အမွတ္(၈၄) ႏွင့္ (၈၆) တိုက္(၂)ႏွစ္လုံးၾကားတြင္ ခ်ထားခဲ့ၿပီး ကိုလင္း(ဖမ္းဆီးရန္က်န္)ထံ Telegram မွတစ္ဆင့္ ဆက္သြယ္ၿပီးေနာက္ ဗုံးမွာ ေပါက္ကြဲသြားခဲ့ေၾကာင္း၊ ထို႔ေနာက္ kpay Account ျဖင့္ ၎ထံသို႔ ေငြက်ပ္ (၃၅၀,၀၀၀)အား (၃)ႀကိမ္ခြဲ၍ လႊဲပို႔ေပးခဲ့ေၾကာင္းစစ္ေဆးသိရွိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ အၾကမ္းဖက္ေဖာက္ခြဲဖ်က္ဆီးရာတြင္ ပူးေပါင္းပါဝင္သူ ဖမ္းဆီးရန္က်န္ တရားခံမ်ားအား ဖမ္းဆီးရမိေရးႏွင့္ ထိေရာက္စြာအေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။