မအူပင်မြို့တွင် ကြိုတင်မဲများ စတင်ပေး

2897
ပြည့်ဖြိုးပိုင် (မအူပင်) (NP News) - ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ဒီဇင်ဘာလ ၂၅ ရက်မှစတင်ကာ မဲရုံ တာဝန်ကျဝန်ထမ်းများ နှင့် သက်ကြီးရွယ်အိုများ၏ ကြိုတင်မဲများအား စတင်ပေးနေကြပြီဖြစ်ကြောင်း သိရသည်။
"ကျွန်မတို့က ရွေးကောက်ပွဲနေ့ကျရင် တာဝန်ကျဒေသသွားရမှာမလို့ ဒီနေ့ကြိုတင်မဲလာပေးတာပါ" ဟု မဲရုံတာဝန်ကျဆရာမတစ်ဦးက NP News သို့ ပြောသည်။
မအူပင်မြို့အမှတ် (၈)ရပ်ကွက် ရှိ ဘိုးဘွားရိပ်သာတွင်လည်း ဒီဇင်ဘာလ (၂၅)ရက် မနက်ပိုင်းက အဘိုးအဘွားများ၏ ကြိုတင်မဲများအား အမှတ်(၈)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့များက သွားရောက် ကောက်ခံခဲ့ကြသည်။
မအူပင်မြို့သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် အပိုင်း(၁)၌ ပါဝင်သောမြို့နယ်ဖြစ်ပြီး လာမည့် ဒီဇင်ဘာလ (၂၈)ရက်တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကာ ရပ်ကွက် (၁၂)ရပ်ကွက်နှင့်ကျေးရွာပေါင်း (၈၈)အုပ်စုမှ မဲပေးပိုင်ခွင့်ရှိသူ (၂)သိန်းကျော်ရှိကြောင်းလည်း သိရသည်။
သတင်းဓါတ်ပုံ - ပြည့်ဖြိုးပိုင် (NP News)
Zawgyi Version:
မအူပင္ၿမိဳ႕တြင္ ႀကိဳတင္မဲမ်ား စတင္ေပး
ျပည့္ၿဖိဳးပိုင္ (မအူပင္) (NP News) - ဒီဇင္ဘာ ၂၆
ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕နယ္တြင္ ဒီဇင္ဘာလ ၂၅ ရက္မွစတင္ကာ မဲ႐ုံ တာဝန္က်ဝန္ထမ္းမ်ား ႏွင့္ သက္ႀကီး႐ြယ္အိုမ်ား၏ ႀကိဳတင္မဲမ်ားအား စတင္ေပးေနၾကၿပီျဖစ္ေၾကာင္း သိရသည္။
"ကြၽန္မတို႔က ေ႐ြးေကာက္ပြဲေန႔က်ရင္ တာဝန္က်ေဒသသြားရမွာမလို႔ ဒီေန႔ႀကိဳတင္မဲလာေပးတာပါ" ဟု မဲ႐ုံတာဝန္က်ဆရာမတစ္ဦးက NP News သို႔ ေျပာသည္။
မအူပင္ၿမိဳ႕အမွတ္ (၈)ရပ္ကြက္ ရွိ ဘိုးဘြားရိပ္သာတြင္လည္း ဒီဇင္ဘာလ (၂၅)ရက္ မနက္ပိုင္းက အဘိုးအဘြားမ်ား၏ ႀကိဳတင္မဲမ်ားအား အမွတ္(၈)ရပ္ကြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္မွ အဖြဲ႕မ်ားက သြားေရာက္ ေကာက္ခံခဲ့ၾကသည္။
မအူပင္ၿမိဳ႕သည္ ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလ (၂၈)ရက္တြင္ စတင္က်င္းပျပဳလုပ္မည့္ ပါတီစုံအေထြေထြ ေ႐ြးေကာက္ပြဲတြင္ အပိုင္း(၁)၌ ပါဝင္ေသာၿမိဳ႕နယ္ျဖစ္ၿပီး လာမည့္ ဒီဇင္ဘာလ (၂၈)ရက္တြင္ ေ႐ြးေကာက္ပြဲ က်င္းပျပဳလုပ္မည္ျဖစ္ကာ ရပ္ကြက္ (၁၂)ရပ္ကြက္ႏွင့္ေက်း႐ြာေပါင္း (၈၈)အုပ္စုမွ မဲေပးပိုင္ခြင့္ရွိသူ (၂)သိန္းေက်ာ္ရွိေၾကာင္းလည္း သိရသည္။
သတင္းဓါတ္ပုံ - ျပည့္ၿဖိဳးပိုင္ (NP News)