သံရည်ကျို၊ သံနန်းဆွဲလုပ်ငန်းရှင်များ နည်းပညာပိုင်းလိုအပ်ပါက ပံ့ပိုးကူညီပေးမည်

2622

Pearl (NP News) - ဒီဇင်ဘာလ ၂၆
သံရည်ကျို၊ သံနန်းဆွဲလုပ်ငန်းရှင်များ နည်းပညာပိုင်းလိုအပ်ပါက ကူညီပံ့ပိုးပေးမည်ဖြစ် ကြောင်း စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
ထိုသို့ မန္တလေးငလျင်ကြီးဖြစ်ပွားပြီး နောက် ဆက်လက်လည်ပတ်နေသည့် သံရည်ကျို၊ သံနန်းဆွဲစက်ရုံများမှ ထုတ်လုပ်မှုများနှင့် ပတ် သက်၍ တာဝန်ရှိသူများက လိုအပ်သည့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးရန် ကွင်းဆင်းစစ်ဆေးမှုများဆောင် ရွက်ခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းများနှင့် ထုတ်လုပ် သင့်ကြောင်း အသိပညာပေးမှုများဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
" ငလျင်ပြီးနောက် လည်ပတ်နေတဲ့ စက်ရုံရှိပါတယ်။ အဲဒီနောက် စက်မှုကြီးကြပ်က ဦးဆောင်ပြီးတော့ ကွင်းဆင်းပြီး ကြည့်ရှုကြတယ်။ ကြည့်ရှုတဲ့အချိန် စံချိန်စံနှုန်းနဲ့ ကိုက်ညီလားဆိုတာ ထက် လက်ရှိ အနေအထားက ဘယ်လိုလဲ၊ ကျွန် တော်တို့ဘက်က ပံ့ပိုးမှု ဘယ်လို လုပ်ပေးရမလဲဆို တာ ကွင်းဆင်းတယ်။ အခု ပြန်လည်တည်ထောင်ရေး တွေ စတဲ့အချိန်မှာ အထပ်မြင့်တွေ ဆောက်ရင်သော် လည်းကောင်း အဓိကကတော့ လူနေ အဆောက် အအုံတွေ ဆောက်တဲ့အချိန်မှာ ပစ္စည်းလေးတွေမှာ ကျွန်တော်တို့နဲ့တစ်ခန်း တစ်ကဏ္ဍ သက်ဆိုင်တဲ့ သံချောင်းလုံးတွေနဲ့ပတ်သက်ရင်တော့ စံချိန်စံနှုန်းတွေ ကို လိုက်နာသင့်ပါတယ်ဆိုပြီး Knowledge Sharing လိုက်လုပ်တယ်" ဟု ၎င်းက ပြောသည်။
လက်ရှိတွင်လည်း သံ၊ သံမဏိ၏ အရည် အသွေး၊ စံသတ်မှတ်ချက်များနှင့် ပတ်သက်၍ နည်း ပညာများ ဖြန့်ဝေပေးမှုများ၊ သင်ကြားပေးမှုများ ဆောင်ရွက်နေကာ စက်မှုဇုန်အလိုက်သော်လည်း ကောင်း၊ လုပ်ငန်းရှင် တစ်ဦးချင်းစီအလိုက်သော် လည်းကောင်း နည်းပညာလိုအပ်ပါက ပံ့ပိုးကူညီမှုများ ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရ သည်။
" အခုဆိုရင် စက်မှုဇုန်တွေက ASTM A615 နဲ့ပတ်သက်တဲ့စာအုပ်တွေကို ထုတ်ဝေ ဖြန့်ချိတာတွေလုပ်နေတယ်။ size ဆိုရင် ဘယ်လို ရှိရမယ်ဆိုတာ အတတ်နိုင်ဆုံး နည်းပညာတွေ ဖြန့်ဝေတာတွေလည်း လုပ်ခဲ့ပါတယ်။ သံရည်ကျို လုပ်ငန်းတွေ ဆိုရင်လည်း ပဲခူးတိုင်းဒေသကြီးထဲမှာ ကိုယ်တိုင်သွားသင်တာတွေ လုပ်ခဲ့ပါတယ်။ SME နဲ့ဆိုင်တဲ့ လုပ်ငန်းတွေမှာလည်း သင်ခဲ့ပါတယ်။ နောက်လည်း လိုအပ်တဲ့ လူရှိရင် စက်မှုန်ဇုန်အလိုက်ပဲ ဖြစ်ဖြစ် တစ်ဦးချင်းပုဂ္ဂိုလ်ချင်းအလိုက်ပဲဖြစ်ဖြစ် နည်းပညာပိုင်း လိုအပ်ချက်ရှိရင် ဆက်ပြီးတော့လည်း နည်းပညာပိုင်း ပံ့ပိုးကူညီမှုတွေ ဆက်လက်ဆောင် ရွက်သွားမှာဖြစ်ပါတယ်" ဟု ၎င်းက ဆက်ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် သံရည်ကျို၊ သံနန်းဆွဲစက်ရုံ စုစု ပေါင်း (၂၂၀)ရှိကာ မန္တလေး ငလျင်ကြီး လှုပ်ခတ်ပြီး နောက် အဆိုပါစက်ရုံများအနက် ဝယ်လိုအားနည်းပါး မှု၊ လုပ်သားရှားပါးမှု ၊ လျှပ်စစ်မီးမရရှိမှုကဲ့သို့သော အခက်အခဲအချို့ကြောင့် လက်ရှိတွင် အသေးစား စက်ရုံ (၆၀)ခန့် ရပ်တန့်နေကြောင်း သိရသည်။

Zawgyi Version:
သံရည္က်ိဳ၊ သံနန္းဆြဲလုပ္ငန္းရွင္မ်ား နည္းပညာပိုင္းလိုအပ္ပါက ပံ့ပိုးကူညီေပးမည္
Pearl (NP News) - ဒီဇင္ဘာလ ၂၆
သံရည္က်ိဳ၊ သံနန္းဆြဲလုပ္ငန္းရွင္မ်ား နည္းပညာပိုင္းလိုအပ္ပါက ကူညီပံ့ပိုးေပးမည္ျဖစ္ ေၾကာင္း စက္မႈဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။
ထိုသို႔ မႏၲေလးငလ်င္ႀကီးျဖစ္ပြားၿပီး ေနာက္ ဆက္လက္လည္ပတ္ေနသည့္ သံရည္က်ိဳ၊ သံနန္းဆြဲစက္႐ုံမ်ားမွ ထုတ္လုပ္မႈမ်ားႏွင့္ ပတ္ သက္၍ တာဝန္ရွိသူမ်ားက လိုအပ္သည့္ ပံ့ပိုးမႈမ်ား ေဆာင္႐ြက္ေပးရန္ ကြင္းဆင္းစစ္ေဆးမႈမ်ားေဆာင္ ႐ြက္ခဲ့ၿပီး သတ္မွတ္စံခ်ိန္စံႏႈန္းမ်ားႏွင့္ ထုတ္လုပ္ သင့္ေၾကာင္း အသိပညာေပးမႈမ်ားေဆာင္႐ြက္ခဲ့ ေၾကာင္းသိရသည္။
" ငလ်င္ၿပီးေနာက္ လည္ပတ္ေနတဲ့ စက္႐ုံရွိပါတယ္။ အဲဒီေနာက္ စက္မႈႀကီးၾကပ္က ဦးေဆာင္ၿပီးေတာ့ ကြင္းဆင္းၿပီး ၾကည့္ရႈၾကတယ္။ ၾကည့္ရႈတဲ့အခ်ိန္ စံခ်ိန္စံႏႈန္းနဲ႔ ကိုက္ညီလားဆိုတာ ထက္ လက္ရွိ အေနအထားက ဘယ္လိုလဲ၊ ကြၽန္ ေတာ္တို႔ဘက္က ပံ့ပိုးမႈ ဘယ္လို လုပ္ေပးရမလဲဆို တာ ကြင္းဆင္းတယ္။ အခု ျပန္လည္တည္ေထာင္ေရး ေတြ စတဲ့အခ်ိန္မွာ အထပ္ျမင့္ေတြ ေဆာက္ရင္ေသာ္ လည္းေကာင္း အဓိကကေတာ့ လူေန အေဆာက္ အအုံေတြ ေဆာက္တဲ့အခ်ိန္မွာ ပစၥည္းေလးေတြမွာ ကြၽန္ေတာ္တို႔နဲ႔တစ္ခန္း တစ္က႑ သက္ဆိုင္တဲ့ သံေခ်ာင္းလုံးေတြနဲ႔ပတ္သက္ရင္ေတာ့ စံခ်ိန္စံႏႈန္းေတြ ကို လိုက္နာသင့္ပါတယ္ဆိုၿပီး Knowledge Sharing လိုက္လုပ္တယ္" ဟု ၎က ေျပာသည္။
လက္ရွိတြင္လည္း သံ၊ သံမဏိ၏ အရည္ အေသြး၊ စံသတ္မွတ္ခ်က္မ်ားႏွင့္ ပတ္သက္၍ နည္း ပညာမ်ား ျဖန႔္ေဝေပးမႈမ်ား၊ သင္ၾကားေပးမႈမ်ား ေဆာင္႐ြက္ေနကာ စက္မႈဇုန္အလိုက္ေသာ္လည္း ေကာင္း၊ လုပ္ငန္းရွင္ တစ္ဦးခ်င္းစီအလိုက္ေသာ္ လည္းေကာင္း နည္းပညာလိုအပ္ပါက ပံ့ပိုးကူညီမႈမ်ား ဆက္လက္ ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း သိရ သည္။
" အခုဆိုရင္ စက္မႈဇုန္ေတြက ASTM A615 နဲ႔ပတ္သက္တဲ့စာအုပ္ေတြကို ထုတ္ေဝ ျဖန႔္ခ်ိတာေတြလုပ္ေနတယ္။ size ဆိုရင္ ဘယ္လို ရွိရမယ္ဆိုတာ အတတ္ႏိုင္ဆုံး နည္းပညာေတြ ျဖန႔္ေဝတာေတြလည္း လုပ္ခဲ့ပါတယ္။ သံရည္က်ိဳ လုပ္ငန္းေတြ ဆိုရင္လည္း ပဲခူးတိုင္းေဒသႀကီးထဲမွာ ကိုယ္တိုင္သြားသင္တာေတြ လုပ္ခဲ့ပါတယ္။ SME နဲ႔ဆိုင္တဲ့ လုပ္ငန္းေတြမွာလည္း သင္ခဲ့ပါတယ္။ ေနာက္လည္း လိုအပ္တဲ့ လူရွိရင္ စက္မႈန္ဇုန္အလိုက္ပဲ ျဖစ္ျဖစ္ တစ္ဦးခ်င္းပုဂၢိဳလ္ခ်င္းအလိုက္ပဲျဖစ္ျဖစ္ နည္းပညာပိုင္း လိုအပ္ခ်က္ရွိရင္ ဆက္ၿပီးေတာ့လည္း နည္းပညာပိုင္း ပံ့ပိုးကူညီမႈေတြ ဆက္လက္ေဆာင္ ႐ြက္သြားမွာျဖစ္ပါတယ္" ဟု ၎က ဆက္ေျပာသည္။
စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ မႏၲေလးတိုင္း ေဒသႀကီးတို႔တြင္ သံရည္က်ိဳ၊ သံနန္းဆြဲစက္႐ုံ စုစု ေပါင္း (၂၂၀)ရွိကာ မႏၲေလး ငလ်င္ႀကီး လႈပ္ခတ္ၿပီး ေနာက္ အဆိုပါစက္႐ုံမ်ားအနက္ ဝယ္လိုအားနည္းပါး မႈ၊ လုပ္သားရွားပါးမႈ ၊ လွ်ပ္စစ္မီးမရရွိမႈကဲ့သို႔ေသာ အခက္အခဲအခ်ိဳ႕ေၾကာင့္ လက္ရွိတြင္ အေသးစား စက္႐ုံ (၆၀)ခန႔္ ရပ္တန႔္ေနေၾကာင္း သိရသည္။