နိုင်ငံ၏နျူကလီးယားရေငုပ်သင်္ဘောစက်ရုံသို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း သွားရောက်လည်ပတ်

3598

Pika (NP News) - ဒီဇင်ဘာ ၂၆
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် နျူကလီးယားရေငုပ်သင်္ဘောစက်ရုံသို့သွားရောက်လည်ပတ်ခဲ့ပြီး နိုင်ငံ၏ နျူကလီးယားစွမ်းရည်ပိုမိုကောင်းမွန်လာမှုကို ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ထို့ပြင် ရုရှားနှင့်မြောက်ကိုရီးယားတို့ကြား ရင်းနှီးသည့်ချစ်ကြည်ရေးကို ချီးကျူးဂုဏ်ပြုသည့် စာတစ်စောင်ကို ရုရှား သမ္မတပူတင်က ကင်ဂျုံအန်းထံ ပေးပို့ခဲ့ကြောင်းလည်း သိရသည်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည့် (၂ဝ၂၂)ခုနှစ် ဖေဖော်ဝါရီလမှစတင်ပြီး မြောက်ကိုရီးယားသည် ရုရှားအတွက် တိုက်ပွဲဝင်ရန်နှင့် အသက်ပေးရန်အတွက် ၎င်း၏ စစ်သားများကို ရုရှားသို့ ပေးပို့ခဲ့ကြောင်း သိရသည်။ အပြန်အလှန်အနေဖြင့် ရုရှားက မြောက်ကိုရီးယားကို ငွေကြေးအကူအညီ၊ စစ်ရေးနည်းပညာ၊ အစားအစာ နှင့် စွမ်းအင်ထောက်ပံ့မှုများ ပေးပို့ခဲ့ကြောင်း ကျွမ်းကျင်သူများက ထုတ်ပြန် ပြောကြားထားသည်။
ရုရှားနိုင်ငံ ကာ့စ်ဒေသရှိ မြောက်ကိုရီးယားစစ်သားများ၏ သူရဲကောင်းဆန်သော ကြိုးပမ်းအားထုတ်မှုများသည် ရုရှားနှင့် မြောက်ကိုရီးယားတို့ကြား ရင်းနှီးသည့်ချစ်ကြည်ရေးကို ရှင်းရှင်းလင်းလင်း သက်သေပြခဲ့သည်ဟု ပူတင်က ကင်ဂျုံအန်းထံ ပေးပို့သည့်စာတွင် ရေးသားဖော်ပြထားကြောင်း သိရသည်။
ထို့ပြင် မြောက်ကိုရီးယားစစ်သားများ၏ လုပ်ဆောင်ချက်များသည် နှစ်နိုင်ငံကြားစစ်ရေးဆိုင်ရာဆက်ဆံရေး တိုးတက်လာမှုများကို ရှင်းရှင်းလင်းလင်း သရုပ်ပြနိုင်ခဲ့ကြောင်း ပူတင်က ထပ်မံပြောကြားခဲ့သည်။ အပြန်အလှန် ကာကွယ်ရေးဆိုင်ရာပြဌာန်းချက်တစ်ခု အပါအဝင် ပြီးခဲ့သည့်နှစ်တွင် ကင်ဂျုံအန်းနှင့် လက်မှတ်ရေးထိုးခဲ့သော သမိုင်းဝင်စာချုပ်၏ ပြဌာန်းချက်များကိုလည်း နှစ်နိုင်ငံကြား ပူးတွဲကြိုးပမ်းမှုများကြောင့် အကောင်းဆုံး ဖြည့်ဆည်းနိုင်ခဲ့ကြောင်းလည်း ပူတင်က ပြောကြားခဲ့သည်။

Zawgyi Version:
ႏိုင္ငံ၏န်ဴကလီးယားေရငုပ္သေဘၤာစက္႐ုံသို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္း သြားေရာက္လည္ပတ္
Pika (NP News) - ဒီဇင္ဘာ ၂၆
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းသည္ န်ဴကလီးယားေရငုပ္သေဘၤာစက္႐ုံသို႔သြားေရာက္လည္ပတ္ခဲ့ၿပီး ႏိုင္ငံ၏ န်ဴကလီးယားစြမ္းရည္ပိုမိုေကာင္းမြန္လာမႈကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ႐ုရွားႏွင့္ေျမာက္ကိုရီးယားတို႔ၾကား ရင္းႏွီးသည့္ခ်စ္ၾကည္ေရးကို ခ်ီးက်ဴးဂုဏ္ျပဳသည့္ စာတစ္ေစာင္ကို ႐ုရွား သမၼတပူတင္က ကင္ဂ်ဳံအန္းထံ ေပးပို႔ခဲ့ေၾကာင္းလည္း သိရသည္။
႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ခဲ့သည့္ (၂ဝ၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလမွစတင္ၿပီး ေျမာက္ကိုရီးယားသည္ ႐ုရွားအတြက္ တိုက္ပြဲဝင္ရန္ႏွင့္ အသက္ေပးရန္အတြက္ ၎၏ စစ္သားမ်ားကို ႐ုရွားသို႔ ေပးပို႔ခဲ့ေၾကာင္း သိရသည္။ အျပန္အလွန္အေနျဖင့္ ႐ုရွားက ေျမာက္ကိုရီးယားကို ေငြေၾကးအကူအညီ၊ စစ္ေရးနည္းပညာ၊ အစားအစာ ႏွင့္ စြမ္းအင္ေထာက္ပံ့မႈမ်ား ေပးပို႔ခဲ့ေၾကာင္း ကြၽမ္းက်င္သူမ်ားက ထုတ္ျပန္ ေျပာၾကားထားသည္။
႐ုရွားႏိုင္ငံ ကာ့စ္ေဒသရွိ ေျမာက္ကိုရီးယားစစ္သားမ်ား၏ သူရဲေကာင္းဆန္ေသာ ႀကိဳးပမ္းအားထုတ္မႈမ်ားသည္ ႐ုရွားႏွင့္ ေျမာက္ကိုရီးယားတို႔ၾကား ရင္းႏွီးသည့္ခ်စ္ၾကည္ေရးကို ရွင္းရွင္းလင္းလင္း သက္ေသျပခဲ့သည္ဟု ပူတင္က ကင္ဂ်ဳံအန္းထံ ေပးပို႔သည့္စာတြင္ ေရးသားေဖာ္ျပထားေၾကာင္း သိရသည္။
ထို႔ျပင္ ေျမာက္ကိုရီးယားစစ္သားမ်ား၏ လုပ္ေဆာင္ခ်က္မ်ားသည္ ႏွစ္ႏိုင္ငံၾကားစစ္ေရးဆိုင္ရာဆက္ဆံေရး တိုးတက္လာမႈမ်ားကို ရွင္းရွင္းလင္းလင္း သ႐ုပ္ျပႏိုင္ခဲ့ေၾကာင္း ပူတင္က ထပ္မံေျပာၾကားခဲ့သည္။ အျပန္အလွန္ ကာကြယ္ေရးဆိုင္ရာျပဌာန္းခ်က္တစ္ခု အပါအဝင္ ၿပီးခဲ့သည့္ႏွစ္တြင္ ကင္ဂ်ဳံအန္းႏွင့္ လက္မွတ္ေရးထိုးခဲ့ေသာ သမိုင္းဝင္စာခ်ဳပ္၏ ျပဌာန္းခ်က္မ်ားကိုလည္း ႏွစ္ႏိုင္ငံၾကား ပူးတြဲႀကိဳးပမ္းမႈမ်ားေၾကာင့္ အေကာင္းဆုံး ျဖည့္ဆည္းႏိုင္ခဲ့ေၾကာင္းလည္း ပူတင္က ေျပာၾကားခဲ့သည္။